အခန်း ၉၀
Vol. 9 Ch. 90
90 01
အပိုင်း ၉၀ သေလမ်းရှာခြင်း
မူချီမိုင်က ကားကို ခြံထဲသို့ မောင်းဝင်လိုက်ချိန်တွင် ကားထဲမှ ကျားဖြူနှင့် နှင်းဝံပုလွေ တို့ကလည်း သူစိမ်းအနံ့ကို ရကာ ကိုယ်ကို ငုံ့ကိုင်း၍ ခြိမ်းခြောက်သော နှာမှုတ်သံများကို ပြုသည်။ အတွင်းသို့ မဝင်ခင်ကတည်းက ထိုကလေးများ၏တုံ့ပြန်ပုံကတဆင့် အတွင်းဘက်မှ အခြေအနေကို သိနိုင်သည်။
“လိမ္မာတယ် ရတယ် ရတယ်”
ရှုရှင်းကပင် ထိုကလေးများကို ချော့ရသည်။
“ဟမ့် အချို့လူတွေက ကိုယ့်ကိုယ်ကို သတ်သေဖို့ မစောင့်နိုင်ကြတော့ဘူးဘဲ”
ယန်မော့၏ မျက်လုံးထဲတွင် အေးစက်သော အလင်းက လက်သွား၏။
“မော့ကော ငါတို့ ပိုင်မိသားစုကို သင်ခန်းစာ မပေးသင့်ဘူးလား၊ ငါတို့ကသာ အပြင်မသွားခင် မရီးကို ပစ္စည်းတွေကို သိမ်းထားခိုင်းတာကြောင့်သာ မဟုတ်ရင် သေချာပေါက် …”
ကားထဲမှ လူလေးယောက်ကလည်း ပုရှန်းဝမ်၏ မဆုံးသော စကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်သည်။
ယန်မော့ကသာ သူတို့ မထွက်သွားခင် သတိမပေးခဲ့လျှင် စံအိမ်ထဲမှ ပစ္စည်းများ အားလုံးက ပျောက်သွားနိုင်သည်။ ဒီနည်းအားဖြင့် ထိုပစ္စည်းများကတင် ဒီအခြေစိုက်စခန်း တစ်ခုလုံးတွင် ပွက်လောရိုက်သွား စေလောက်ပြီး သူတို့သည်လည်း လူအများ အရှေ့မှ ဝတုတ်နေသော သိုး ဖြစ်သွားပေလိမ့်မည်။
ပိုင်မိသားစု၏ သူတို့၏ စံအိမ်ကို ဖောက်ဝင်သော အပြုအမူက သူတို့ အထိမခံသော နေရာသို့ လာထိသွားသည်။
သူတို့သည် ယခင်က ပိုင်မိသားစုကို မသတ်ချင်ခဲ့သေးလျှင် ယခုလို စံအိမ်ထဲသို့ ဖောက်ဝင်ခဲ့ပြီးနောက် သူတို့အကြားတွင် သေသည်အထိ တိုက်ခိုက်ရုံသာ ကျန်တော့သည်ဟု ပြောရပေမည်။
“ဆောင်းဦးရဲ့ ဓါးခုတ်ကောင်က ရက်အနည်းငယ်ထက် ပိုပြီးမခုန်နိုင်ဘူး၊ ဒီလိုလူမျိုးတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံး နည်းလမ်းက သူတို့ရဲ့မာန အမြင့်ဆုံးရောက်တဲ့ အချိန်မျိုးမှာ ရိုက်ချတာပဲ၊ သူတို့ရဲ့ နှလုံးသားကို အတွင်းဘက်ကနေ အရင် တွန်းထုတ်ပြီး အပြင်ကို ထွက်လာပြီးမှ ခြေမွပစ်ရမယ်။ ဖိနပ်အောက်မှာပေါ့”
ယန်မော့နှင့်အတူ ရှိသည်မှာ အချိန်ကြာလာသည်နှင့်အမျှ မူချီမိုင်ကလည်း လူပေါင်းများစွာနှင့် ဆုံဖူးပြီးလေပြီ။ ပိုင်ကျန်းချူ၊ ပိုင်ရို့ချင်တို့၏ ပြောစကား အပြုအမူကတဆင့် ပိုင်မိသားစုက ဂရုအစိုက်ဆုံး အလုပ်လုပ်ပုံကို နားလည်လိုက်သည်။ အလားတူစွာပင် မူချီမိုင်ကလည်း ယန်မော့၏ ကိစ္စများကို သိသည်။ ကိစ္စများကို လုပ်ဆောင်ရာတွင် သူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကိုလည်း နားလည်သည်။ ထို့ကြောင့် သူသည် သစ္စာအရှိဆုံး နောက်လိုက် ဖြစ်လာသည်။
ယန်မော့က ဘာကိုမှ မပြောတော့ချေ။ မူချီမိုင်၏ စကားကို သဘောတူဟန် ပြသည်။
“မူကော သူက တစ်ကွက်လောက် ကံကောင်းပြီး လုပ်သွားနိုင်တာနဲ့ပဲ၊ မူကောက တန်းပြောနိုင်မှာပဲ၊ မင်းက အရမ်း ရက်စက်တာပဲ ငါ ကြိုက်တယ်”
ပုရှန်းဝမ်က မျက်ခုံးကိုပင့်ပြီး လက်နှစ်ဖက်လုံးဖြင့် လက်မထောင်ပြကာ မူချီမိုင်၏ စကားကို သဘောတူသည်။
ရှုရှင်းကလည်း လက်မထောင်ပြပြီး ခေါင်းကို တဆတ်ဆတ် ညိတ်သည်။ သူသည်လည်း မူချီမိုင်၏အကြံကို သဘောတူသည်။ ထို့ကြောင့် သူမ၏ မိသားစုဘက်မှ အကာအကွယ်ကိုလည်း လက်ခံလိုက်သည်။
သူမကလည်း ကျေးဇူး မသိတတ်သောသူ မဟုတ်ပါချေ။ သူမက အနိုင်ကျင့် ခံရသောအခါ အခြားသော သူများအတွက် ကောင်းကြောင်း ပြောပေးနေပြီး ကိုယ်ပိုင်လူများ၏ အတွေးများကို ရှုံ့ချစရာအကြောင်း မရှိပါပေ။
သူမသည် မူလခန္ဓာကိုယ် ပိုင်ရှင်၏ မှတ်ဉာဏ်နှင့်စေ့စပ်ပွဲ ပျက်သွားပြီးချိန် ကတည်းက ပိုင်မိသားစုကို အလွန်အမင်း ရှုံ့ချနေခဲ့ပြီးသား ဖြစ်သည်။ ထိုအချိန်တွင် သူမသည် စေ့စပ်ပွဲ ပျက်သွားခဲ့ပြီး ကျောက်စိမ်းတံဆိပ်ကို ပြန်ယူနိုင်ခဲ့သည်။ ထို့ကြောင့် အနာဂါတ်တွင်လည်း အချင်းချင်း အဆက်အသွယ် မလုပ်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ပိုင်မိသားစုနှင့် အဆက်အသွယ် လုပ်စရာအကြောင်း မရှိပါပေ။
နောက်ဆုံးတစ်ခေါက် အခြေစိုက်စခန်းတွင် ပိုင်ကျန်းချူနှင့် ဆုံပြီးနောက် သူက သူမကို ထပ်လာရှာပြီး ရှင်းပြရ ခက်ခဲသော စကားလုံးများကိုပင် ပြောသွားခဲ့သေးသည်။ သူမ၏ အဆူအပူ ခံရပြီး ထပ်ခါတလဲလဲ အခွင့်ကောင်း မယူနိုင်ခဲ့သည့်အခါ သူတို့ မရှိသည့်အချိန်ကို အခွင့်ကောင်းယူပြီး စံအိမ်ထဲသို့ ဝင်ကာ ပစ္စည်းများကို ရိုက်ခွဲထားသည်။
90 02
သေလမ်းရှာသည်ဆိုသော စကားလုံးက ပိုင်မိသားစုအတွက် ဖန်တီးထားသည်နှင့် တူသည်။
“ပိုင်မိသားစုကို ကာကွယ်ဖို့ အလျင်လိုစရာ မလိုဘူး၊ စံအိမ်ကို အရင် ဝင်ပြီး သန့်ရှင်းရေး လုပ်ရမယ်၊ အထဲမှာ ချန်ထားခဲ့တဲ့ ပစ္စည်းတွေ အကုန် ကုန်ပြီလို့ ငါ ခန့်မှန်းမိတယ်၊ ဒီနေ့ နေ့လည် ကောင်းကောင်းနားတာပေါ့၊ ညနေကျမှ လူရှာပြီး စံအိမ် အပြင်ဘက်မှာ နံရံဆောက်ပြီး လျှပ်စီးဓါတ်အား ထုတ်လွှတ်ထားရမယ်”
ယန်မော့က ရှုရှင်း၏ တဆတ်ဆတ် ငုံ့နေသော ခေါင်းလေးကို အသာ ပုတ်ပေးလိုက်ပြီး ညနေ လုပ်ရမည့် ကိစ္စများကို တစ်ခါတည်း စီစဉ်သည်။
ယခုအခါ သူတို့တွင်လည်း အစီအစဉ် အတိအကျ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ရှုရှင်းတို့ကလည်း အလွန်အမင်း တက်ကြွနေကြ၏။ နေ့လည်စာ စားခါနီးမှသာ ထရန် ဆုံးဖြတ်လိုက်ပြီးနောက် လူစုခွဲကြသည်။
ယန်မော့နှင့် ရှုရှင်းတို့က ဝန်ဆောင်မှုခန်းမသို့ သွားပြီး ဝယ်ယူရမည့် နံရံတိုင်များအကြောင်း ဆွေးနွေးနေချိန်တွင် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကမူ သာမန်လူများ နေထိုင်သောဘက်သို့ သွားကာ နံရံတည်ဆောက်ရေး လက်သမား သွားငှားသည်။
မနက်က တာဝန်သွားအပ်သောကြောင့် လူအများစုက သူတို့အသင်း လှုပ်ရှားမှုများကို အာရုံစိုက်နေပြီးသား ဖြစ်သည်။ ဒီနေ့လည်မှ သူတို့ လှုပ်ရှားမှုများက လျှို့ဝှက်ပြီး လုပ်နေခြင်း မဟုတ်ချေ။ အလုပ်သမား ငှားသည်။ အုတ်များ ဝယ်သည်ဆိုသော သတင်းလည်း လူများစွာ၏ နားသို့ ပေါက်ကြားသည်။
အခြားသော စံအိမ်နယ်မြေတွင် နေထိုင်သည့် သဘာဝလွန်စွမ်းအား အသင်းများက ယန်မော့နှင့် အသင်းလှုပ်ရှားမှုအကြောင်း ကြားသောအခါ သေချာ တွေးတောကြည့်ပြီးနောက် နံပါတ် ၆ သဘာဝလွန်အသင်း၏ လုပ်ဆောင်မှု၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ စံအိမ်ထဲမှ ဉာဏ်ကောင်းသော လူများကလည်း လျင်မြန်စွာ တုံ့ပြန်ကြပြီး သူတို့သည်လည်း အလားတူ ပစ္စည်းဝယ်ကာ လူငှား ခိုင်းလိုက်သည်။
ထိုစံအိမ်နယ်မြေတွင် စံအိမ် တစ်ခုချင်းစီ နံရံများက လူတစ်ယောက်၏ တစ်ဝက်ခန့်သာ မြင့်လေသည်။ အရပ်နည်းနည်း ပိုရှည်သော လူများကသာ ဆိုလျှင် အထူးစွမ်းအားကို သုံးစရာ မလိုဘဲ ဟိုလှည့်သည်လှည့် လုပ်ရုံဖြင့် အတွင်းမှ အခြေအနေများကို မြင်နိုင်သည်။ ထို့ကြောင့် လုံခြုံမှုက ပို၍နိမ့်ကျလေသည်။ ပို၍ဆိုးသည်မှာ စွမ်းရည်ကောင်းသော လူများကလည်း အတွင်းမှ လူများကို အထိတ်တလန့် မဖြစ်စေဘဲ အလွယ်တကူ ခိုးဝင်နိုင်စွမ်းရည် ရှိလေသည်။ ထို့ကြောင့် လုံခြုံရေးက အလွန်နိမ့်ကျသည်ဟု ပြောရပေမည်။
စံအိမ်၏ နံရံများကို မြှင့်လိုက်ခြင်းအားဖြင့် အသင်းမှ လျှို့ဝှက်ချက်များကို ကာကွယ်နိုင်ရုံသာ မကသေးလေဘဲ ကိုယ်ပိုင် လုံခြုံမှုကိုလည်း အပိုတစ်လွှာ ထပ်ထည့်လိုက်သကဲ့သို့ ကာကွယ်ထားနိုင်ပေလိမ့်မည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ထူးချွန်စွာ လုပ်ဆောင်နိုင်သော အလေးအနက်ထား လုပ်ဆောင်နိုင်သော လူများကိုသာ အထူးတလည် ရှာဖွေခြင်းဖြစ်သည်။ သူတို့ ပေးသော လခကလည်း အခြေစိုက်စခန်းက ပေးသော တန်ကြေး၏ နှစ်ဆဖြစ်သည်။ ထို့ကြောင့် ထိုလူများက တက်တက်ကြွကြွ လုပ်ကြသည်။
အလုပ် လာလုပ်သောလူ များသောကြောင့် အလုပ်ကလည်း ခပ်မြန်မြန် ပြီးသွားသည်။ ညနေ နှစ်နာရီခွဲမှ စတင်ပြီး ည ခုနှစ်နာရီတွင်ပင် နံရံအသစ်၏ အမြင့်က သုံးမီတာခန့်နီးပါး မြင့်သွားပြီဖြစ်သည်။
အပြင်ဘက်မှ ကြည့်သော် အတွင်းဘက်မှ မြင်ကွင်းများကို မမြင်နိုင်တော့ချေ။ စံအိမ်၏ ထိပ်ပိုင်းကိုသာ မြင်ရတော့မည် ဖြစ်သည်။
*****