အခန်း ၉၁
Vol. 10 Ch. 91
91 01
အပိုင်း (၉၁) ဖြားယောင်းမှု
ဗို့အားမြင့်မားသော လျှပ်စီးအားထုတ်လွှတ်ရန် ခြံစည်းရိုးဆောက်ခြင်း သံမဏိပိုက်ကို တပ်ဆင်ခြင်းတို့က တစ်ရက်နှင့် တစ်ညခန့်တွင် ပြီးသွားလေသည်။ အခြားသော သဘာဝလွန်အသင်းများက အလားတူ လိုက်လုပ်ကြသည်။ သူတို့၏ စံအိမ်များကိုလည်း နံပါတ်ခြောက်အသင်းနှင့်အတူ လိုက်ပြင်ကြလေရာ စံအိမ်နယ်မြေအတောအတွင်း ပြင်ဆင်မှုပေါင်းများစွာ ပြည့်နှက်သွားသည်။
သဘာဝလွန်အသင်းများ ကမ်းလှမ်းသော လခကလည်း အခြေစိုက်စခန်းက ကမ်းလှမ်းထားသော ပုံမှန်ပမာဏထက် မြင့်နေပြီးသား ဖြစ်သည်။ နှိုင်းယှဉ်ကြည့်သောအခါ သဘာဝလွန်စွမ်းအား အသင်းများအတွက် အလုပ်လုပ်ပေးချင်ကြသည်။ ထိုအချိန်တွင် အခြေစိုက်စခန်းမှ စီမံကိန်းများ၏ တိုးတက်မှုက သိသိသာထိုးကျသွားသည်။
“ကျန်းချူ”
“အဘိုး ကျွန်တော့်ကို ဘာပြောချင်လို့လဲ”
အပြင်ထွက်တော့မည် ပိုင်ကျန်းချူက အဘိုးဖြစ် ပိုင်ရှန်းတိ၏ ခေါ်သံကို ကြားသော အခါ တစ်ဖက်သို့လှည့်လာပြီး ဧည့်ခန်းထဲသို့ပြန်လျှောက်လာလေသည်။
“ယန်မော့ရဲ့ အသင်းပြန်လာတာကို မင်းသိပြီးပြီလို့ ငါယုံတယ်။ မင်းအခုတလော အပြင်ထွက်တဲ့အခါ တစ်ယောက်ယောက်ကို အဖော်ခေါ်ပြီးမှထွက်”
“အဖိုး အဖိုးက စိတ်ပူတာ တအားများနေတာ မဟုတ်ဘူးလား သူတို့ပြန်လာတာကြာပြီလေ။ သူတို့ ကျွန်တော်တို့အိမ်ကိုတောင် မလာသေးဘူးဆိုတော့ သူတို့ ကျွန်တော်တို့လုပ်မှန်း မသိလောက်ပါဘူး။ ကျွန်တော်တို့မှန်းသိနေရင်တောင်မှ သူတို့မှာ သက်သေမှ မရှိတာ သက်သေမရှိဘဲ ဘာမှ မလုပ်နိုင်ဘူး”
ပိုင်ကျန်းချူကလည်း ပိုင်ရှန်းတိ၏ အကြံပြုချက်ကို မကျေမနပ်ဖြစ်သွားပြီး သူ၏ကိုယ်ပိုင် ထင်မြင်ချက်ကို ဖော်ပြသည်။
“ဟင်း မင်းအကြံက အရမ်းတုံးတယ်။ ယန်မော့လိုမျိုး ယန်မိသားစုထဲမှာ ထင်းထွက်နိုင်တဲ့သူမျိုးက ထင်သလောက် ရိုးရှင်းမယ်လို့ မင်းက ထင်နေတာများလား။ သူတို့ကသာ တစ်ယောက်ယောက်ကို ကလဲ့စားချေချင်ရင် သက်သေရှိစရာ မလိုဘူး။ ဆိုတော့ လုံခြုံဖို့က ပိုအရေးကြီးတယ် မှတ်ထား”
ပိုင်ရှန်းတိကလည်း သူက အရာအားလုံးကို စိုးရိမ်ပေးနေရသည်။ မြေးဖြစ်သူက အသုံးမကျသောကြောင့် အမှန်တကယ် စိတ်ပျက်နေသည်။
“အဘိုး ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် အခုတလော အပြင်ထွက်တဲ့အခါ သက်တော်စောင့်တွေ ခေါ်သွားမယ်”
ပိုင်ရှန်းတိသည် ပိုင်မိသားစုထဲမှ အင်အားအများအပြားကို ကိုင်ဆောင်ထားသေးသည်။ ပိုင်ကျန်းချူက ထိုအဘိုးကို ကြောက်လည်းကြောက် လေးလည်းလေးစားသည်။ ထို့ကြောင့် အဘိုးဖြစ်သူ၏ စကားလုံးကို မနာခံဘဲ မနေရဲချေ။
အခြေစိုက်စခန်းထဲမှ လူများက သူတို့ကို ရှောင်နေကြောင်း သိသည့် ရှုရှင်းတို့လည်း စံအိမ်ထဲတွင်သာနေပြီး ရက်ပေါင်းများစွာ စိတ်ဓာတ်ကျနေရသည်။ ထို့နောက် နေ့တိုင်းလိုလို အပြင်ဘက်သို့ လမ်းလျှောက်ထွက်ကာ လူတိုင်း၏ သူတို့ကို တွေ့သည်နှင့် ချက်ချင်းထရပ်ရမည်ဆိုသောခံစားချက်မျိုးကို ဖြေလျော့ရန် ကြိုးစားကြသည်။ သို့ရာတွင် သူတို့ကို ပေးနေသော အာရုံစိုက်မှုများက အချိန်ကြာသည့် တိုင်အောင် မလျော့ကျသွားခဲ့ပါပေ။
ယခင်က သူတို့ကို အတတ်နိုင်ဆုံး ရှောင်ရှားသူများက တဆင့် သူတို့ကို အတတ်နိုင်ဆုံး လာရောက်ဖိတ်ခေါ်ကာ ယှဉ်ပြိုင်လိုသော သူများက ပြည့်နှက်လာလေသည်။
“ဘုရားရေ ဒီလူတွေရဲ့ဦးနှောက် ဆားကစ်က ခြားနားတာမှန်း ငါသိထားပြီးသား။ ငါတို့ကို မရှောင်တော့ဘဲနဲ့ တိုက်ခိုက်တော့မယ်ပေါ့”
91 02
အရှေ့မှ အထပ်လိုက် ပုံနေသော စာရွက်များကို ကြည့်ပြီး သူဟာ အပြင်ထွက်လိုက်သည်နှင့် တစ်စုံတစ်ယောက်ဟာ လာဆွဲခေါ်တော့မည်ဟု ခံစားရသောကြောင့် ပုရှန်းဝမ်ကလည်း ခေါင်းကိုသာ စိတ်ပျက်လက်ပျက် ကုတ်နေသည်။ သူသည်လည်း ကောင်းကင်ကိုပင် မော့ကြည့်ကာ အော်ဟစ်ချင်နေသည်။
အပြင်ကို ထွက်တိုင်းလိုလို အခြားသူတွေရဲ့ စောင့်ကြည့်တာကို ခံနေရတဲ့ ခံစားချက်က အတော်ဆိုးတယ်။
“ငါ့အထင် ပိုင်မိသားစုလည်း ပါလောက်တယ်။ ငါတို့က ဒီတလောအတွင်း သူတို့ကို ပြဿနာသွားမရှာသေးတော့ မနေနိုင်တော့ဘူးဖြစ်နေတာ။ နောက်ဆုံးတော့ ငါတို့ကို စမ်းသပ်ဖို့ လှုပ်ရှားလာတာလေ”
ယန်မော့၏နှုတ်ခမ်းတွင် ညင်သာသော အပြုံးက ပေါ်လာသည်။ သူ၏ အကြည့်ကလည်း အရှေ့မှ စစ်တုရင် ကစားဘုတ်က မရွေ့သွားခဲ့ချေ။
“ဒီလိုနည်းလမ်းနဲ့ ငါတို့ရဲ့အင်အားကို စမ်းသပ်မဲ့သူက ပိုင်ရှန်းတိဖြစ်လိမ့်မယ်”
ရှုရှင်းက နှာခေါင်းရှုံ့သည်။
“အာ မရီး မရီးက ဘာလို့ ပိုင်ရှန်းတိလို့ ပြောတာလဲ”
“ပိုင်ကျန်းချူ မဖြစ်နိုင်ဘူးလား”
“ကျွတ် ငါ ပိုင်ကျန်းချူကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဦးနှောက်မရှိတဲ့ ပုံစံမျိုးနဲ့ဆိုရင် ဒီလို အကြံကောင်းကို မရနိုင်ဘူး။ ဒါ့အပြင် ဓားငှားပြီး လူသတ်တာက ပိုင်းရှန်းတိ အထူးကျွမ်းကျင်တာလေ”
ရှုရှင်းကပင် အနက်ရောင် စစ်တုရင်ပြားကို ချရင်းပြန်ဖြေသည်။
“ဟားဟား ဟားဟား ဟားဟား ဟားဟား ဟားဟား ဦးနှောက်က လိုအပ်ချက် ရှိတာ ဟားဟား ဟားဟား မရီး မရီးက စကားလုံးတွေကို တိုက်ရိုက်ဖော်ပြနိုင်တာပဲ”
ပုရှန်းဝမ်ကလည်း ပေါင်ကို တစ်ဖက်ဖက် ရိုက်ရင်း အော်ရယ်နေသည်။ မျက်ရည်များပင် ထွက်လာသည်။
“ငါ့ရဲ့ စကားလုံးတွေက အမှန်တရားပဲ ရယ်စရာလဲ မပါဘူး”
ပုရှန်းဝမ်က အသားကုန်ရယ်နေကြာင်း မြင်သောအခါ ရှုရှင်းကလည်း သူမ၏ စကားများမှ မျှတမှုကို အသားပေးဖော်ပြသည်။
“ရှင်းပေါင်က ပိုင်ကျန်းချူကို ကောင်းကောင်းသိနေသလိုပဲနော်”
ယန်မော့၏ ပေါ့ပါးသော စကားလုံးများက ရှုရှင်းအားနှလုံးခုန်သံ မြန်သွားစေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ သူ့အကြောင်း ဘာမှ မသိဘူး။ ဒီအတိုင်း သူ့ရဲ့ ရုပ်ရည်က ငါ့ရဲ့ ငယ်ရွယ်တဲ့ နှလုံးသားကို နာကျင်စေတဲ့ အလှတရားမျိုး ဖြစ်ခဲ့ရုံပဲ။ ဒါကြောင့် သူ့အပေါ် နက်ရှိုင်းတဲ့ ထင်မြင်ချက် ရှိနေတာ”
“အို ဆိုတော့ ဒီလိုကိုး ဒါဆိုရင် ငါက ရှင်းပေါင်ရဲ့ မျက်လုံးထဲမှာ ဘယ်လိုပုံစံများလဲ သိချင်မိသား တကယ်ကို သိချင်ရုံပါ”
ယန်မော့ကလည်း လက်တစ်ဖက်ဖြင့် မေးကို ထောက်ထားပြီး မျက်လုံးထောင့်ကို အသာဝင့်ကာ ခေါင်းစောင်း၍ ကြည့်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှုရှင်း၏ နှလုံးသားထဲမှ ထုံထိုင်းသော ခံစားချက်ကို ရလိုက်သည်။ သူ၏ ယန်မော့ကို ကြည့်သော အကြည့်ကလည်း အံ့အားသင့်မှု မှင်သက်မှု ချစ်မြတ်နိုးမှုများ ပြည့်နှက်နေပြီး မြွေဟောက်မ၏ အဖျားယောင်းခံထားရသော အာဏာရှင်ကြီးနှင့်ပင် တူသေးသည်။
“ငါ့ရဲ့မျက်လုံးထဲမှာနင်က …မကောင်းဆိုးရွား”
ရုတ်တရက် စိတ်မကြည်နေသော ရှုရှင်းကလည်းစိတ်ထဲမှ အရာကို ထုတ်ပြောသည်။
91 03
“အိုး မကောင်းဆိုးရွား မိစ္ဆာပေါ့ မင်းကြိုက်မလားတော့ မသိဘူး”
“အင်း…ငါကြိုက်တာပေါ့”
“အင်း…ရှင်းပေါင်ကြိုက်ရင် ပြီးတာပဲ”
သူလိုချင်သော အဖြေကို ရသည်နှင့် ယန်မော့က ခပ်ဟဟရယ်သည်။ ထို့နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ အတော်လေး ပျော်နေသည်။
“နင် ငါ့ကို ဖြားယောင်းပြန်ပြီ”
ရှုရှင်းက တုန့်ပြန်လိုက်နိုင်ချိန်တွင် ရှက်သွားပြီး မျက်နှာလည်း ပူသွားသည်။ အချိန်တန်ကြာအောင် အသုံးမကျသော ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေတော့သည်။
အချိန်တိုင်းလိုလို ယန်မော့ ဖြားယောင်းတာကိုပဲ ခံနေရတယ်။
ယန်မော့သည် သူ၏ ခုခံမှု ကင်းမဲ့သော မျက်နှာကို သုံး၍ အစစ်အမှန် ခံစားချက်အတိုင်းကို ရအောင် ထုတ်ပြောခိုင်းတတ်သည်။
မုန်းစရားကောင်းသော ကိစ္စကမူ ထိုအချိန်တိုင်းလိုလို ထိုမျက်နှာအောက်တွင် ကျရှုံးသွားတတ်သည်။ ထိုမျက်နှာ၏ ဖြားယောင်းမှုကြောင့် အရှက်မဲ့သော အရာများကို လုပ်ခဲ့သည်မှာ ဒီတစ်ကြိမ်ပင် မကတော့ပေ။
ကံဆိုးစွာပင် ရှုရှင်းတွင် လုံးဝ တွန်းလှန်နိုင်စွမ်းရည်ပင် မရှိပါပေ။ ယန်မော့၏ ပျားရည်ထောင်ချောက်က အချိန်တိုင်းလိုလို အောင်မြင်သည်။
“ရှင်းပေါင် ငါ နိုင်သွားပြန်ပြီ”
ယန်မော့က လက်ထဲမှ အဖြူရောင့်အစေ့လေးကို ချလိုက်ပြီးစစ်တုရင် ဘုတ်ပြားပေါ်သို့ တင်သည်။ အဖြူရောင် အစေ့လေးငါးစေ့က တန်းလျှက်သာ ဖြစ်သွားပြီး အနက်ရောင် စေ့များ၏ လိုက်လံ ဖမ်းဆုပ်မှု အောက်တွင်ပင် လွတ်မြောက်သွားခဲ့သည်။
“!!!”
“ဒီတစ်ခေါက် ထည့်မတွက်ဘူး။ နင်အခုလေးတင် ငါ့ကို ပျားရည်ထောင်ချောက် သုံးလိုက်တာကြောင့်လေ။ ဒါကြောင့် ငါ အတွေးမှားသွားတာ ပြန်လုပ်မယ်။ မရဘူး ပြန်လုပ်မယ်”
ရှုရှင်းက ထိုသို့ ပြောပြီး ထိုစစ်တုရင် အပိုင်းအစများကို ကောက်ယူသည်။
“မရီး မရီးရှုံးတာကို အတည်ပြုဖို့အတွက် အကြောင်းပြချက် အမျိုးမျိုးပေးနေတာ နာရီဝက်တောင် ကြာပြီနော်။ ဆိုတော့ ရုန်းကန်တာကို လက်လျော့လိုက်ရင် ကောင်းမယ်ထင်တယ်။ မော့ကောကို နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒီအတိုင်း ကိုယ်ပိုင်ဦးနှောက်ကို မှီခိုတာမျိုးကမှ မဖြစ်နိုင်တာ”
ရင်းနှီးကျွမ်းဝင်သော လှည့်ကွက်အကြောင်း ထပ်ကြားရပြန်သောအခါ ပုရှန်းဝမ်ကလည်း မနေနိုင်တော့ဘဲ အကြံပေးလိုက်သည်။
သူသည်လည်းရှုရှင်းအား မော့ကော၏ ရက်စက်သော တိုက်ကွက်များ အောက်တွင် တောင့်ခံနိုင်သည်အား အမှန်တကယ် လေးစားသည်။
“နင်ပြောတာလဲ ဟုတ်သားပဲ ဆိုတော့ ပြန်တန်းခြင်း စစ်တုရင် ကစားမယ်။ ဒါက ကံနဲ့ဆိုင်တယ်”
ရှုရှင်းကလည်း ကော့ကို စားပွဲပေါ်သို့ တင်ပြီး အသစ်စက်စက်ပြန်တန်းခြင်း စစ်တုရင် တစ်ဗူးထုတ်သည်။
လူသုံးယောက် “…”
91 04
“အဟမ်း ဆိုတော့ ပြဿနာရှာတာလေးရပ်ပြီး အလုပ်အကြောင်း ပြောကြရအောင်။ ပိုင်မိသားစုက ဒီအခွင့်အရေးကို သုံးပြီး ငါတို့ကို စမ်းသပ်ဖို့ လုပ်နေတယ်လို့ ပြေထားတယ်မလား”
ဧည့်ခန်းထဲမှ ထူးဆန်းသော လေထုအ ခြေအနေက ရှုရှင်းအား ထိုစစ်တုရင်များကို တိတ်တဆိတ်ပြန်သိမ်းစေပြီး အကြောင်းအရာကို ပြောင်းစေသည်။
“အင်း ပိုင်မိသားစုက ဒီလိုနည်းလမ်းကို သုံးပြီး ငါတို့ရဲ့ အင်အားကို စမ်းသပ်လို့ ငါတို့ရဲ့ ထောင်လွှားမှုကို ဖိနှိပ်နိုင်မယ်လို့ ထင်နေတာ၊ ဒါမှ ငါတို့က ဘယ်သူ့နေရာကို ရောက်နေလဲဆိုတာကို သိမယ်လို့ ယုံကြည့်နေကြတာပေါ့။ ပိုင်ရှန်းတိရဲ အကွက်က အခြားလူတွေအတွက်တော့ ဒုက္ခများလောက်တယ်။ ဒါပေမဲ့ ငါတို့အတွက်ကတော့ ကောင်းတဲ့ ကိစ္စပဲ”
အရည်အချင်းရှိသော ယောက်ျားတစ်ယောက်အနေနှင့် ယန်မော့ကလည်း သူ့ဇနီးလေး၏ အရှက်ရမည့် အခြေအနေမျိုးကို လျော့ချရန် အလို့ငှာ ချော့မြူသည့် စကားလုံးများကို ဝင်ပြောပေးရသည်။
“ငါတို့က ဒီအခွင့်ကောင်းကို အရယူပြီး မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ရမယ်”
“အခြားသူတွေက ငါတို့အတွက် စင်ဆောက်ပေးထားတယ် ဆိုတော့ မတက်မှ စိတ်ပျက်စေမိတော့မှာပေါ့”
မူချီမိုင်ကလည်း လက်ကိုပိုက်ရင်း ဆိုဖာအနောက်ဖက်သို့ အသာမှီရင်း ပြောသည်။
“ချီမိုင် သိုင်းပြိုင်ဖို့ ဖိတ်ကြားတဲ့အထဲက အင်အားအကြီးဆုံး ပြိုင်ဘက်သုံးယောက်ကို ရွေးလိုက် နောက်ပြီးသူတို့ ဖိတ်ကြားတာကို လက်ခံလိုက် ငါတို့ သုံးရက်နေရင်း စိတ်စွမ်းအား ဌာန အရှေ့ဘက်က လေ့ကျင့်ရေးကွင်းထဲမှာ ဆုံမယ်”
ယန်မော့၏ အရိုးထင်းသောလက်ချောင်းများက ကော်ဖီစားပွဲပေါ်တွင် စီးချက်ကျကျနှင့် တတောက်တောက် ခေါက်သည်။
သိုင်းပြိုင်မှုအား လက်ခံမည်ဆိုသောသတင်းကို ထုတ်ပြန်လိုက်သည်နှင့် အခြေစိုက် စခန်းထဲမှ စိတ်စွမ်းအားရှင်းများအားလုံးက စိတ်လှုပ်ရှားသွားကြသည်။
ပိုင်မိသားစုက သတင်းကို ရသောအခါ သူတို့ ကြိုတင် ထည့်သွင်းထားသော မည်သည့် စိတ်စွမ်းအားပညာရှင်ကမှ အရွေးမခံရကြောင်း သိလိုက်သည်။ ထို့ကြောင့် သူတို့သည်လည်း ယန်မော့တို့ အသင်းက သိုင်းပြိုင်ရန် ရွေးချယ်ထားသော လူများ၏ သတင်းအချက်အလက်နှင့် ဒေတာများကို စုံစမ်းခိုင်းလိုက်သည်။
ထို့အပြင် ထိုသူများကို ဆက်သွယ်ရမည့်လူကို ရှာခိုင်းနေရင်း သူတို့ဘက်သို့ ရောက်အောင် သိမ်းသွင်းနိုင်ခြင်း ရှိမရှိကိုလည်းကြိုးစားကြသေးသည်။
ပြိုင်ပွဲလုပ်မည့်နေ့တွင် အချို့သော လူများက မနက်ခင်းအစောပိုင်းကတည်းက လေ့ကျင့်ရေးကွင်းထဲသို့ စောစောသွားကာ ကောင်းကောင်းမြင်ရရန် နေရာကို လုကြသည်။ ကိုးနာရီပင် မထိုးသေးခင် လူအုပ်ကြီးတစ်ဖွဲ့က လေ့ကျင့်ရေးကွင်းတွင် ရပ်လျှက်သားပေါ်လာသည်။
အခြေစိုက်စခန်းတွင် ရှိသော ယဲ့ယွီအန်းနှင့် ရှောင်းလုံတို့ အသင်းကလည်း လူအုပ်ထဲတွင် ပါသည်။
သူတို့သည်လည်း နံပါတ်ခြောက် သဘာဝလွန်စွမ်းအား အသင်း၏ အင်အားအကြောင်းကိုလည်း ကောလဟာလ တော်တော်များများကြားထားသည်။ သို့သော် အားမာန်ကို ခွဲခြားပြောနိုင်စွမ်းရည်မရှိပေ။ ထို့ကြောင့် သူတို့၏ မျက်လုံးနှင့် ကိုယ်ပိုင်ကြည့်ရမှသာ အမှန်မြင်နိုင်တော့မည် ဖြစ်သည်။
သူတို့ ဒီနေ့ လာရောက်သည်မှာ နံပါတ်ခြောက် သဘာဝလွန်စွမ်းအားအသင်းကို မြင်ချင်၍ ဖြစ်သည်။
အခြေစိုက်စခန်းတစ်ခုတည်းတွင် တည်ရှိနေကြသည်။ ထို့ကြောင့် အထူးစွမ်းအားရှိသော သူများ၏ အချက်အလက်များကို စုဆောင်းထားရန် အလို့ငှာ အရေးပါလေသည်။
ရှောင်လုံ၏ အသင်းကလည် ဒီမနက်ပိုင်း တာဝန်ပြီးမြောက်သည်နှင့် အထူးတလည် လာရောက်ကာ လာကြည့်ခြင်း ဖြစ်သည်။
ယန်မော့တို့ အဖွဲ့က ပိုင်ဟူရွယ်လျန်တို့နှင့် အတူ လေ့ကျင့်ရေးကွင်းထဲတွင် ရပ်နေပြီးသား ဖြစ်သည်။ ဆူညံသော ကွင်းက ချက်ချင်း တိတ်သွားသည်။
သူတို့ အခြေစိုက်စခန်းထဲတွင် မြင်ခဲ့ဖူးသော ဆင့်ကဲပြောင်းလဲထားသည့် သားရဲအများစုက ခွေးကြောင် ဟမ်းစတားနှင့် အခြားသော တိရစ္ဆာန် သေးသေးလေးများသာ ဖြစ်သည်။
နံပါတ်ခြောက်အသင်းတွင် ကျားဖြူနှင့်နှင်းဝံပုလွေတို့ ရှိကြောင်း ကြားဖူးသည့် တိုင်အောင် ကောလဟာလ ဟုသာ ထင်ထားကြသည်။ ဒီနေ့မှသာ အမှန်တကယ် မြင်လိုက်ရသည်။ အချို့သော ကိစ္စများကလည်း အမှန်တကယ် မတည်ရှိဘဲ ကောလဟာလ မထွက်နိုင်ကြောင်း နားလည်သွားကြသည်။
******