← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92 01

အပိုင်း (၉၂) ဆွေးနွေးမှု

ကျားဖြူနှင့် နှင်းဝံပုလွေတို့ ပေါ်လာခြင်းက လေ့ကျင့်ရေးကွင်းထဲတွင် အပျော်ကြည့်ရန် စုစည်းနေကြသော လူများကို ကြီးမားစွာ အံ့ဩသွားစေသည်။

ယန်မော့တို့ အဖွဲ့ကပင် အစစ်အမှန်အင်အားကို မထုတ်ရသေးသည့်တိုင်အောင် ဆင့်ကဲပြောင်းလဲထားပြီးသား ကျားဖြူနှင့်နှင်းဝံပုလွေများကတင် သာမာန်သူများသွားရှုပ်၍ မရသော သူမျိုးအဖြစ် သတ်မှတ်ခံရပြီးသား ဖြစ်သည်။

တူညီသောအဆင့်အတွင်းတွင် ဆင့်ကဲပြောင်းလဲထားသော သားရဲများ၏ တိုက်ခိုက်နိုင်စွမ်းရည်က မြင့်မားသည်။ အကယ်၍ စိတ်စွမ်းအားပညာရှင်များထက် အဆင့်မြင့်ထားသော ဆင့်ကဲပြောင်းလဲထားသော သတ္တဝါများဆိုပါက အချင်းချင် ထိပ်တိုက်ရင်ဆိုင်သောအခါ စိတ်စွမ်းအား ပညာရှင်များ သေနိုင်ချေက ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ မြင့်မားလေသည်။ ကျန်သော နှစ်ရာခိုင်နှုန်းက မသေချာ‌သော အနေအထားမျိုးသာ ဖြစ်သည်။

“ဟေ့ ခေါင်းဆောင် အခုတလော ကျော်ကြားလာတဲ့ နံပါတ်ခြောက်အသင်းက ငါတို့နဲ့တစ်ညအတူနေခဲ့ဖူးတဲ့ အသင်းဖြစ်နေတာပဲ”

အမြင့်ပိုင်းတွင် ရပ်နေသော လန်ကျင်းမင်က ယန်မော့တို့ လေးယောက်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိလိုက်သည်။ ဒါဟာ သူတို့ ဟုန်ကျင်းမြို့ မတိုင်ခင်က တွေ့ခဲ့သော အသင်းဖြစ်သည်။

“အဲဒီအချိန်က ရှောင်းကောကလည်း သူတို့က မရိုးရှင်းဘူးလို့ ပြောခဲ့တာ။ အခုငါပြန်တွေးကြည့်လိုက်တော့ သူတို့ အဲဒီညက တိုက်ရိုက်အိပ်ရဲတာက ဒီသားရဲတွေကြောင့် ဖြစ်မယ်လို့ နားလည်လိုက်တယ်”

ရှောင်းလုံ၏ နံဘေးနားတွင် ရပ်နေသော ကျန်းချုံက ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို မြင်လိုက်သည်နှင့် အဖြစ်အပျက်ကို တန်းသိလိုက်သည်။ ထိုအချိန်တွင် သူတို့သည်လည်း ထူးဆန်းမှုကို ခံစားခဲ့ကြရသည်။ ကမ္ဘာကပ်ဘေးကာလတွင် မည်သူကမှ သတိမထားဘဲ မအိပ်ရဲကြပါပေ။ ယခုအခါ ထိုအချိန်က ထူးဆန်းမှုကို ရှင်းပြနိုင်သွားသည်။

သူတို့က စကားပြောနေသည့် အချိန်တွင်ပင် ယန်မော့တို့ လေးယောက်ကလည်း ဒီနေ့၏ ပြိုင်ဘက်များကိုကြည့်လိုက်ကြသည်။

“ဟယ်လို ငါက နံပါတ်သုံး သဘာဝလွန်စွမ်းအားအသင်းက ဟူရွီရှီပါ။ ရေစွမ်းအား ပညာရှင်ပေါ့”

“ငါက နံပါတ်ကိုးအသင်းက အဖွဲ့ဝင် မြေစွမ်းအား ပညာရှင် ကျောင်းလျန်ကုန်းပါ”

“ရွှေအခြေပြုစွမ်းအား ယွီကျင်းထုန်း”

“မင်းတို့ သုံးယောက် ဒီနေ့ သိုင်းပြိုင်ဖို့ ငါတို့ထဲက တစ်ယောက်ကို ရွေးလို့ရတယ်”

ယခုလို လူအများနှင့် ပေါင်းသင်းဆက်ဆံရမည့်အခြေအနေမျိုးတွင် ပုရှန်းဝမ်ကလည်း သဘာဝကျကျပင် ရှေ့ထွက်ကာ ညှိနှိုင်းပေးလေသည်။

ရှုရှင်းက အခြေစိုက်စခန်းတွင် နေရာလပ် စွမ်းအားဟု စာရင်းသွင်းထားသည်။ ဒါဟာ တိုက်ခိုက်မှုနှင့် မသက်ဆိုင်ပေ။ ဒီပြိုင်ပွဲအတွင်းတွင် ရှုရှင်းကို ထည့်တွက်ထားမည် မဟုတ်ပေ။ အများဆုံးမှ လေထု အခြေအနေကို ပေါ့ပါးအောင် သရုပ်ဆောင်ပေးရုံသာ ရှိပေလိမ့်မည်။

“ငါ့အထင် တိရစ္ဆာန်တွေကိုပါ ခေါ်ပြီးတိုက်ခိုက်မှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”

ယွီကျင်းထုန်းက ရှုရှင်း၏ အနောက်ဖက်တွင် ရပ်နေသော ကျားဖြူနှင့် နှင်းဝံပုလွေများကို ကြည့်နေပြီး ကြောက်လန့်မှုက ဖြတ်ပြေးသွားသည်။

“အာ…သေချာတာပေါ့ ဒီနေ့ရာသီဥတုကလည်း ကောင်းတယ်လေ ဆိုတော့ သူတို့ကို လေကောင်းလေသန့် ထွက်ရှူဖို့ ခေါ်ထုတ်လာလိုက်တာ။ ပြိုင်ပွဲက ငါတို့အကြားကပါ ဒီကလေးတွေနဲ့ မဆိုင်ပါဘူး”

ပုရှန်းဝမ်ကလည်း ယွီကျင်းထုန်း၏အတွေးကို ကောင်းကောင်းသိသည်။

ဒီနေ့ ကျားဖြူနှင့် နှင်းဝံပုလွေဖြူတို့ကို ခေါ်ထုတ်လာခဲ့သည်မှာ လေကောင်းလေသန့် ရှူရန်မဟုတ်ပါချေ။ သူတို့၏အထူးစွမ်းအား အသင်းက အရေအတွက် နည်းသော်လည်း အင်အားက မနည်းကြောင်း ပြချင်၍ ဖြစ်သည်။ နောက်ဆုံးတွင် သိုင်းပြိုင်ပွဲစီစဉ်မှုက ဝူယွီရှီနှင့် ပုရှန်းဝမ်၊ ကျောင်းလှန်ကုန်းနှင့် ယန်မော့တို့အပြင် ယွီကျင်းထုန်းနှင့် မူချီမိုင်တို့ အဖြစ်သတ်မှတ်၍ ပြီးသွားသည်။

92 02

သူတို့၏ အင်အားကို ကောင်းကောင်းသိထားသော ရှုရှင်းအတွက်ကမူ ဒီနေ့ အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်နေခြင်း မရှိပေ။

ကောက်ယူရွေးချယ်မှု ပြီးဆုံးပြီးနောက် သူတို့ထဲမှ အင်အားအကြီးဆုံးက အဆင့်တစ် အဆင့်မြင့်အဆင့်သာ ဖြစ်ကြောင်းမြင်ရပေမည်။ ထို့ကြောင့် မည်သူက အင်အားပိုကြီးကြောင်း ပြောရန် ခက်လေသည်။ အခြားသော နည်းလမ်းလည်း မရှိပါပေ။ ဒီနေ့ရွေးချယ်ထားသော သုံးယောက်လုံးက ရှုရှင်းက မဲနှိုက်ပြီး ရွေးချယ်ထားသော ကံဆိုးရှာသော သူများ ဖြစ်လေသည်။

တစ်က ပထမအဆင့် အဆင့်မြင့် အဆင့်နားတွင်သာ တည်ရှိသည်။ သူတို့ဘက်ခြမ်းမှ သုံးယောက်လုံးက တတိယအဆင့်မှ စိတ်စွမ်းအား ပညာရှင်များ ဖြစ်နေကြ၏။ သူတို့က ခြေထောက် နှစ်ဖက်တည်းနှင့် တိုက်ခိုက်မည် ဆိုလျှင်ပင် ရှုံးစရာ မရှိပါပေ။

လေ့ကျင့်ရေးကွင်းအလယ်ဗဟိုတွင် ပုရှန်းဝမ်နှင့် ဝူယွီရှီတို့က စတင်ကာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

သူတို့၏ အစစ်အမှန်အင်အားကိုလည်း ထုတ်ပြရန် မသင့်လျော်ချေ။ ထို့ကြောင့် ဝူယွီရှီ၏ သဘာဝလွန်စွမ်းအားက ပုရှန်းဝမ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဆိုလိုသည်မှာ ပုရှန်းဝမ်သည် သူမလှုပ်ရှားသေးခင် သဘာဝလွန်စွမ်းအားကို ထိန်းချုပ်ပြီးမှ ထုတ်လွှတ်ရန် လိုအပ်နေသည်။

အများကြီးလည်း ဖြစ်လို့မရဘူး။ နည်းလို့်လည်း မရဘူး။

ထိုသို့ဖြင့် မိနစ်အနည်းငယ်ခန့် ယှဉ်ပြိုင်ပြီးနောက် ပုရှန်းဝမ်သည် ဇွန်ဘီအကောင်တစ်ရာကို သတ်ရသည်ထက်ပင် ခက်ခဲသည်ဟု ခံစားလာရသည်။ ပုရှန်းဝမ်သည် တစ်ဖက်သူက အချိန်တန်ကြာအောင် တွန်းလှန်ခွင့်ပြုနေလိုက်သည်။

ယှဉ်ပြိုင်မည့် စာရင်းကို လွန်ခဲ့သော သုံးရက်ကတည်းက ထုတ်လွှတ်ထားခဲ့ပြီးနောက် လူအများစုကလည်း ယှဉ်ပြိုင်မည့် သုံးယောက်၏အခြေအနေကို စုံစမ်းခဲ့သည်။ ထို့ကြောင့် သူတို့ သုံးယောက်၏ အင်အားကို အခြေခံအားဖြင့် နားလည်နေကြ၏။ ကမ္ဘာကပ်ဘေး၏ အစောပိုင်းကာလတွင် ပထမအဆင့်မှ စိတ်စွမ်းအား ပညာရှင်၏ ခွန်အားက အမြင့်ဆုံးသာ ဖြစ်သည်။ အဆင့်မြင့် ပထမ အဆင့်ဆိုသည်မှာလည်း အမြင့်ဆုံး အကောင်းဆုံးဟု သတ်မှတ်၍ ရလေသည်။ ယခုအခါ အကောင်းဆုံးများထဲမှ တစ်ယောက်က ပုရှန်းဝမ်၏ လက်အောက်တွင် မိနစ်အနည်းငယ်သာခံပြီး ရှုံးသွားလေသည်။ အလုံးစုံ ချေမွသည့် အရှုံးမျိုးနှင့် ဖြစ်သည်။

သူတို့သည် အစောပိုင်းပြိုင်ပွဲမှ ရလဒ်ကိုပင် သေချာမသိနိုင်သေးခင် ယန်မော့နှင့် ကျောင်းလျန်ကုန်းတို့အကြားမှ ဒုတိယတစ်ပွဲက စတင်သည်။

အနီးအနားတွင် ပထမတစ်ပွဲကို ကြည့်နေခဲ့သော ကျောင်းလျန်ကုန်းကလည်း ယန်မော့၏ အင်အားကို အခြေခံအင်အားကို တွက်ချက်ထားပြီးသားဖြစ်သည်။ နံပါတ်ခြောက်အသင်း၏ ခေါင်းဆောင်ဖြစ်သည့် အလျောက် ပုရှန်းဝမ်ထက် အင်အားကြီးမားလောက်သည်။ ထို့ကြောင့် သူသည် ပို၍ သတိထားရန် လိုအပ်သည်။

ထို့ကြောင့် သူသည် ကွင်းထဲသို့ ဝင်သည်နှင့် သူ၏ မြေအခြေပြုစွမ်းအားကို အရသုံးကာ သူ၏ လက်နှစ်ဖက်လုံးနှင့် ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ရင်ဘတ်၊ကျောတို့ကိုလည်း အနှံ့ကာထားလိုက်သည်။

ယန်မော့က စိတ်စွမ်းအား ပညာရှင် ဖြစ်သည်။ သူသည်လည်း အခြားသော စိတ်စွမ်းအား ပညာရှင်များကဲ့သို့ အထူးတလည် အလှပြ အကွက်များ ထုတ်သုံးရန် မလိုအပ်ပါပေ။ သူသည် တည်နေရာကိုပင် သေချာသိရန် မလိုခဲ့ချေ။

ယန်မော့၏ ညာဘက်လက်ကို မြောက်လိုက်ချိန်တွင် ကျောင်းလျန်ကုန်း၏ ဒိုင်းကာပေါ်မှ ကွဲအက်မှုများ ထွက်ပေါ်လာပြီးနောက် ယန်မော့ဟာ သူ၏ သဘာဝလွန်စွမ်းအားကို သုံးနေကြောင်းသိလိုက်ကြရသည်။

ဒုတိယတစ်ပွဲကလည်း သံသယရှိရန်ပင် မလိုအပ်ပေ။ နံပါတ်ခြောက်အသင်းကပဲ နိုင်သွားသည်။ အချိန်က ပထမတစ်ပွဲထက်ပင် ပိုတိုသည်။

“ဟင်”

ထိုနှစ်ပွဲကို ကြည့်ပြီးနောက် ကြည့်ရှုသူများက ပင့်သက်ရှိုက်နေကြသည်။

နေရာတွင်ပင် တိုက်ရိုက်ကြည့်နေသည် ဖြစ်သည့်အလျောက် တစ်ဖက်အသင်းမှ အင်အားကိုလည်း ပို၍ကောင်းမွန်စွာ နားလည်သည်။ ထို့ကြောင့် နံပတ်ခြောက်အသင်း၏ အင်အားကို ကောင်းကောင်း လက်ခံလာနိုင်ကြသည်။

“ရှောင်းကော ယန်မော့ရဲ့ အစစ်အမှန်အင်အားကို ပြောနိုင်လား”

အစောပိုင်း ပြိုင်ပွဲနှစ်ပွဲက အခြားသော သူများကို အံ့ဩစေသောကြောင့် သူသည်ပင် မနေနိုင်ဘဲ ရှောင်းလုံကို မေးလိုက်သည်။

92 03

“ယန်မော့ရဲ့ အစစ်အမှန်အင်အားက ငါနဲ့အ တူတူလောက်ပဲ။ အဲဒီ ပုရှန်းဝမ်လို့ ခေါ်တဲ့ တစ်ယောက်ကလည်း အားမနည်းဘူး။ အခုပြီးသွားတဲ့ နှစ်ပွဲက သူတို့ရဲ့ အင်အားကို ထုတ်သုံးဖို့ မလုံလောက်ဘူး”

ထိုအချိန်တွင် ရှောင်းလုံ၏ အမူအရာက လေးနက် တည်ကြည်နေသည်။ သူသည်လည်း ယန်မော့တို့ အသင်းထံမှ အန္တရာယ်ကို အရင်ဦးဆုံး ခံစားမိခဲ့သူ ဖြစ်သည်။

ရှောင်းလုံး၏ပြောစကားကို ကြားပြီး အခြားသော အသင်းဝင်များကလည်း အလွန်အံ့ဩသွားကြသည်။

သူတို့သည် ယန်မော့၏ အင်အားကို မသိချေ။ သို့သော် သူတို့ ခေါင်းဆောင်၏ အင်အားကိုတော့ဖြင့် ကောင်းကောင်းသိသည်။ ပထမဦးဆုံး သဘာဝလွန်စွမ်းအား နိုးထခဲ့သော သူများထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် ရှောင်းလုံသည် ဒုတိယအဆင့်၏ အဆင့်မြင့်အဆင့်သို့‌ ရောက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တတိယအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ ယခုအခါ တစ်စုံတစ်ယောက်ကလည်း အင်အားတူသည်ဟု ပြောလာသည်။ ထို့ကြောင့် သူတို့မည်မျှ အံ့ဩကြောင်း သိနိုင်သည်။

“မင်းတို့ အဲဒီလောက်ထိ အံ့ဩစရာမလိုပါဘူး။ ငါနဲ့အင်အားတူတဲ့လူတွေက အများကြီးပဲ။ ငါတို့က ရေတွင်းထဲမှာ ထိုင်နေပြီး လောကကို ကြည့်နေတာကြောင့် အပြင်ကိုသာ ထွက်လိုက်ရင် အင်အားကြီးတဲ့လူတွေကို သိရလိမ့်မယ်။ ငါတို့ ပြန်သွားပြီးရင် မူလလေ့ကျင့်မှုအပြင် နောက်ထပ် နှစ်နာရီစီ ပိုပြီး လေ့ကျင့်ရမယ်”

အသင်းဝင်များ၏ တုန့်ပြန်မှုကို တစ်ချက် ကြည့်ပြီးနောက် ရှောင်းလုံက ထပ်ပြောသည်။

******

All Chapters