အခန်း ၉၃
Vol. 10 Ch. 93
93 01
အပိုင်း (၉၃) အသင်းရဲ့ logo
တတိယတစ်ပွဲက စတင်ပြီး သိပ်မကြာခင်မှာတင် အဆုံးသတ်သွားသည်။
ယွီကျင်းထုန်းက မူချီမိုင်နှင့် ပြိုင်ပွဲကို နေရာတွင်ပင် အရှုံးပေးလိုက်သောကြောင့်ဖြစ်သည်။ ပထမနှစ်ပွဲ၏ရလဒ်က သိသာလွန်းသည်။ ယွီကျင်းထုန်းက ဉာဏ်ကောင်းသော သူဖြစ်သည်။ သူ့အနေဖြင့်ရလဒ်ကို သိထားပြီးသား အချိန်တွင် အရှက်ကွဲခံရန် မလိုအပ်ဟု ယူဆသည်။
သူကလည်း အသားအနာခံရသည်ကို သာယာတတ်သော သူမျိုးလည်း မဟုတ်ပါချေ။ ထို့ကြောင့် အရှုံးပေးလိုက်ခြင်းအားဖြင့် မျက်နှာ ထိန်းနိုင်သေးသည်။
သုံးပွဲတွင် နှစ်ပွဲကို ချေမွနိုင်ခဲ့ပြီး ပြိုင်ဘက်ကလည်း အရှုံးပေးသွားသည်နှင့် တိုးသည်။ ထိုရလဒ်ကလည်း နံပါတ်ခြောက်အသင်း၏ အင်အားကြီးမားသော ခွန်အားနှင့် ပတ်သက်သည့် ပြဿနာများအားလုံးကို အတည်ပြုပေးလိုက်သည်။ အခြေစိုက်စခန်းထဲမှ ရန်မစနိုင်သော အသင်းအဖြစ်သတ်မှတ်ခံလိုက်ရသည်။
ခရက်…
ပိုင်မိသားစု နေထိုင်သော နေအိမ်အတွင်းတွင် မှန်ကွဲသံကို ကြားရသည်။
ဒီအခြေအနေကို အခွင်းကောင်းယူပြီးယန်မော့၏ အသင်းကို ဖိနှိပ်မည့် အကြံက မအောင်မြင်သွားခဲ့ဘဲ နာမည်ပိုကြီးအောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်။
ပိုင်ကျန်းချူသည် ဒေါသထွက်လွန်းသဖြင့် လက်ထဲမှ ဖန်ခွက်ကိုပင် နံရံကို ကောက်ပစ်လိုက်သည်။
ပိုင်ကျန်းချူက တစ်ခွက်ကို ပစ်ပြီးနောက် မကျေနပ်ဘဲ နောက်ထပ် တစ်ခွက်ကို ထပ်ပစ်တော့မည့် အချိန်တွင် ပိုင်ရှန်းတိက ဆူညံသံကို ကြားပြီး လှမ်းခေါ်သည်။
“ကျန်းချူ ဘာလုပ်တာလဲ ခွက်ကို ချစမ်း”
“အဖိုး”
ပိုင်ရှန်းတိ၏ ဒေါသတကြီး အသံက ပိုင်ကျန်းချူအား အသိပြန်ဝင်သွားစေသည်။ သူက ခွက်ကို မြန်မြန်ချ၏။
“ဘာလို့ ဒီလောက်ထိ စိတ်မရှည် ဖြစ်နေတာလဲ။ မင်းက မင်းရဲ့ဒေါသကို ဖောက်ထုတ်ဖို့ အိမ်ထဲက ပစ္စည်းတွေကို ကောက်ပစ်နေရလောက်အောင် ဒီပြဿနာက အဲဒီလောက်ထိ ကြီးနေလို့လား။ မင်းဒီအချိန်အတောအတွင်း အပြင်ထွက်ဖို့ မစဉ်းစားနဲ့ အိမ်မှာပဲနေ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်နေ။ ကိုယ့်ကိုယ်ကိုယ် ရှင်းလင်းလင်း တွေးပြီး အမှားကို သိပြီ ဆိုမှ အပြင်ကို ပြန်ထွက်တော့”
ပိုင်ရှန်းတိက သူ၏ လက်ထဲမှ တောင်ဝှေ့ဖြင့် ကြမ်းပြင်ကို ဒုန်းကနဲ ဆောင့်လိုက်ပြီး ကျယ်လောင်သော အသံကို ထွက်လာစေသည်။
အခြေစိုက်စခန်းကို ဝင်လာသော သူများက များလာသည်။ စိတ်စွမ်းအားရှိသော လူများ၏ အရေအတွက်က သိသိသာသာ တိုးလာသည်။
အစောပိုင်းက အထူစွမ်းအားရှိသော သူများအတွက် ပြင်ဆင်ပေးသော တိုက်ခန်းများကလည်း ပြည့်သွားပြီ ဖြစ်ပြီး တိုက်ခန်းအသစ်များကိုလည်း ဆောက်လုပ်နေကြရပြီ ဖြစ်သည်။
အထူးစွမ်းအားရှိသော သူများ၏အရေတွက်က တိုးလာသည်နှင့်အမျှ အထူးစွမ်းရည်အသင်းများ၏ အရေအတွက်ကလည်း သိသိသာသာ တိုးလာသည်။ ပို၍များပြားသော အထူးစွမ်းအင်အသင်းများကလည်း စံအိမ်နယ်မြေမှ အိမ်များကို လာရောက်ငှားယမ်းကြသည်။
အသင်းတစ်သင်းက အတူနေထိုင်သောအခါ အချက်အလက်များကို ဖလှယ်ရန် အချင်းချင်းဆက်သွယ်ရန် ပို၍ အလျှင်းသင့်သည်။ အချိန်ကုန်လည်း သက်သာ၏ အချင်းချင်း နားလည်မှုကလည်း တိုးတက်လာနိုင်လေသည်။
သဘာဝလွန်စွမ်းအားအသင်းများ၏ အရေအတွက်က တိုးလာသည်နှင့်အမျှ စံအိမ်များ၏ အရေအတွက်ကလည်း လိုအပ်လာသည်။ စံအိမ်နယ်မြေထဲမှ စံအိမ်ကလည်း အကန့်အသတ်နှင့် ဖြစ်သည်။ သဘာဝလွန်စွမ်းအား ပညာရှင်ပေါင်းများစွာကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရန် အလို့ငှာ ပေါ်လစီ အသစ်ကို ထုတ်ထားသည်။
အသင်းတစ်သင်းမှ လူအရေအတွက်က ငါးယောက်မှ ဆယ်ယောက်သို့ တိုးလိုက်သည်။
93 02
တည်ရှိနေပြီးသော အထူးစွမ်းရည် အသင်းများကလည်း အခြားသော အထူးစွမ်းရည် အသုံးပြုသူများကို သူတို့ဘာသာ ခန့်အပ်နိုင်သည်။ သို့မဟုတ်လျှင်လည်း အထူးစွမ်းရည်အသုံးပြုသူများက သူတို့ အနှစ်သက်ဆုံးသော အသင်းများထဲသို့ ဝင်ရောက်ရန် ဖောင်တင်နိုင်လေသည်။
လူအရေအတွက်က တိုးလာသည်နှင့်အမျှ ထိုသို့ စစ်ဆေးခြင်းအားဖြင့် အဆင်ပြေသွားမည် ဖြစ်သည်။
အထူးစွမ်းရည်ရှိ အသင်းတစ်သင်းချင်းစီတိုင်းက သူတို့၏ ကိုယ်ပိုင်ထူးခြားသော အသင်းlogo ကို ဆွဲပြီး စာရင်းသွင်းရန် လိုအပ်လေသည်။
အသင်းဝင်များကလည်း အပြင်သို့ ထွက်သောအခါ ခွဲခြားရန် လွယ်ကူစေရန် အလို့ငှာ အသင်း logo ပါသော ဝတ်စုံမျိုးကို ဝတ်ရမည် ဖြစ်သည်။
သို့ရာတွင် တစ်သင်းချင်းစီတိုင်းက ကိုယ်ပိုင် logo လုပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးရန် လိုအပ်သည်။ အခြားစကားဖြင့် ပြောရသော အခြေစိုက်စခန်းက ထုတ်ပေးမှုကိုသာ တာဝန်ယူမည် ဖြစ်ပြီး ပစ္စည်းများကို ထောက်ပံ့ပေးလိမ့်မည် မဟုတ်ပေ။ သို့တိုင်အောင် အသင်းတံဆိပ် ငါးခု ထုတ်ပေးချိန်တိုင်းလိုလို ပထမအဆင့် သလင်းအမြူအတေ ငါးခု ဆုလာဘ်အဖြစ် ချီးမြင့်အုံးမည် ဖြစ်သည်။
ရှုရှင်းတို့၏ အသင်းကလည်း ခေါင်းချင်း ဆိုင်နေပြီ ဖြစ်သည်။ အသင်းlogo အကြောင်း စဉ်းစားနေရသည်။ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်နိုင်၏။
အသင်းlogoက တစ်ဖက်တစ်ချပ်စီတွင် ကျားဖြူတစ်ကောင်နှင့် နှင်းဝံပုလွေ တစ်ကောင်တို့ ရှိနေသော ပုံစံမျိုး ဖြစ်သည်။ သူတို့က အဝေးမှ နေ၍ မျက်နှာချင်းဆိုင်မူနေသော ပုံစံမျိုးလည်း ဖြစ်သည်။ logo လုပ်မည့် ပစ္စည်းများအတွက်ကမူ ရှုရှင်းအစောပိုင်းက ကျောက်စိမ်းဆိုင် တစ်ဆိုင်တွင် စုဆောင်းလာသည့် လက်နှီးစုတ်ခန့် အရွယ်အစားရှိသော ကျောက်စိမ်းဖြစ်ပြီး အခြားသော ငွေလက်ကောက်များကိုလည်း ထည့်ပေးလိုက်သည်။
အသင်းlogo က တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်အမင်း အဆင့်အတန်းမြင့်ပုံ ပေါက်သည်။ သိုသိပ်စွာရှိသော်လည်း အရည်အသွေးကောင်းမွန်မှန်း သိသာသည်။
မှင်ကျောက်စိမ်း နောက်ခံကလည်း မည်သည့် အညစ်အကြေးမှ မပါဝင်ဘဲ သီးသန့် မဲနက်နေသည်။ အပေါ်မှ ကျားဖြူနှင့် နှင်းဝံပုလွေတို့၏ပုံစံကလည်း ငွေဖြူရောင် လိုင်းကြောင်းများနှင့် ထင်းထွက်နေမည် ဖြစ်သည်မှာ အသက်ဝင်လွန်နေပေလိမ့်မည်။
သူတို့၏ အသင်းတွင် လူလေးယောက်ရှိသော်လည်း အသင်း logo ဆယ်ခု လုပ်ထားသည်။
ရှုရှင်းက အနက်ရောင် ကျောက်စိမ်းတွင် အပေါက်ဖောက်ရန် စဉ်းစားထားသည်။ ထိုတံဆိပ်ပြားကို ရသည်နှင့်ကြိုးအဖြူနှင့် တွဲလိုက်ပြီး ကျားဖြူနှင့် နှင်းဝံပုလွေတို့၏ လည်ပင်းတွင်လည်း ဆွဲထားပေးလိုက်လေသည်။ ထိုအခါ တစ်မိသားစုလုံးက အပြင်သို့ ထွက်သောအခါ သပ်သပ်ရပ်ရပ်လေး ဖြစ်နေပေလိမ့်မည်။ ကျန်သော နှစ်ခုကိုမူ နောက်ပိုင်းသုံးရန် သိမ်းထားလိုက်သည်။
“ငါတို့မှာ အသင်းlogo ရှိပြီ။ ဒါပေမဲ့ အသင်းရဲ့နာမည်ကို မဆုံးဖြတ်ရသေးဘူး။ ငါတို့ သိပ်မကြာခင် အချက်အလက်တွေကို စာရင်းသွင်းရတော့မှာ ဆိုတော့ နာမည် စဉ်းစားပြီးပြီလား”
ရှုရှင်းကလည်း လက်ထဲမှ တံဆိပ်လေးကို ကစားနေရင်းမှ မလွတ်နိုင်တော့ချေ။ ချထားရန်လည်း တွန့်ဆုတ်နေ၏။ သို့သော် နာမည် အကြောင်းကို သတိရသွားသည်။ သူမ ယခင်က အကြံပြုချက်ပေါင်းများစွာပေးဖူးသည်။ သို့သော် အခြားသော သုံးယောက်လုံးက ပယ်ချထားသည်။ ထိုသို့ဖြင့် နာမည် ရွေးရမည့် ခေါင်းစဉ်အောက်သို့ ပြန်ရောက်သွားသည်။
သူမက ကျားဝံပုလွေအသင်းဟု ထုတ်ပြောခဲ့ချိန်က ထိုသုံးယောက်၏မျက်နှာအမူအရာကို မှတ်မိနေသေးသည်။
အမျိုးသား သုံးယောက် : ဒီနာမည် ပေးလိုက်ရင် ငါတို့ မျက်နှာပျက်ရလိမ့်မယ်။
သူမစဉ်းစား၍ ရလာသမျှ နာမည်တိုင်းက အလွန်အမင်း မသင့်လျော်ပေ။
ယန်မော့တို့ နှစ်ယောက် : တခြားနည်းလမ်းနဲ့ပဲ စဉ်းစားရအောင်
“အာရုဏ်ဦး”
ယန်မော့က အချိန်တန်ကြာအောင် စဉ်းစားပြီးနောက် နာမည်ကို ထုတ်ပြောသည်။
“အမှောင်ထုက သေချာပေါက် ကျော်သွားမှာ အာရုဏ်ဦးက သေချာပေါက် ရောက်လာမှာ အာရုဏ်ဦး အာရုဏ်ဦး… နာမည်က လန်းတယ်”
93 03
ပုရှန်းဝမ်က ခပ်တိုးတိုး ရေရွတ်သည်။
“ငါလည်း ဒီနာမည်ကို သဘောတူတယ်”
မူချီမိုင်က ထောက်ခံသည်။ ယခင် ကျားဝံပုလွေ အသင်းထက် အများကြီး ပိုနားထောင်ကောင်းသည်မှာလည်း မှန်ကန်သည်။ နှိုင်းယှဉ်၍ပင် မရပေ။
ရှုရှင်း : ဒါပေမဲ့လည်း ကောင်းတော့ ကောင်းသလိုပေါ့
“ငါက အဲ့ဒီနာမည်ပဲစဉ်းစားမိလို့လေ ဒီတစ်ခုလောက် မကောင်းဘူး ဆိုပေမဲ့လို့ပေါ့”
“ကောင်းပြီ ငါ လက်လျော့ပြီ”
သူမသည် တစ်စက္ကန့်ခန့်သာ ရုန်းကန်ပြီးနောက် လက်လျော့လိုက်သည်။
အသင်း၏နာမည်ကို ဆုံးဖြတ်ပြီးသည်နှင့် လူလေးယောက်က ဝန်ဆောင်မှုခန်းမသို့ သွားရောက် တန်းစီသည်။
နှစ်တဝက်အတွင်းတွင်ပင် C မြို့၏ အခြေစိုက်စခန်းကြီးက လမ်းကြောင်း မှန်လာပြီ ဖြစ်သည်။ မြို့တော် ဝန်ဆောင်မှု အဆောက်အဦးများကိုလည်း စတင်ကာ တည်ဆောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် စရောက်ခဲ့ချိန်ကထက် အများကြီး ပိုကောင်းလာသည်။
ရှုရှင်းတို့ အဖွဲ့ကလည်း ရိက္ခာလိုအပ်ချက် မရှိပေ။ ထို့ကြောင့် အခြေစိုက်စခန်းနှင့် ဆက်စပ်သောတာဝန်များကိုလည်း စိတ်မဝင်စားပါပေ။ သူတို့သည် လဝက်ခန့်တိုင်းလိုလို တာဝန်တစ်ခုကို ယူသည်။ ဒါဟာ သူတို့၏အသိအမှတ်ပြုစိတ်ကို ဖော်ပြရန် အတွက်ကြောင့်သာ ဖြစ်သည်။ အခြားသော အချိန်များတွင်မူ အပြင်သို့ထွက်ပြီး ဇွန်ဘီများကိုသာ သတ်နေတတ်သည်။
ယခင် ခြောက်လအတောအတွင်း ဇွန်ဘီများကလည်း တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာသည်။ ဒုတိယအဆင့် အမြောက်အများကပင် ပေါ်လာပြီး အမျိုးမျိုးသော ဆင့်ကဲပြောင်းလဲထားသော တိရစ္ဆာန်များ အပင်များကလည်း တောင်အောက်သို့ဆင်းလာကြပြီး လူများကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် လူများ၏နေထိုင်နိုင်သော ဝန်းကျင်ကလည်း ညှစ်ထုတ်ခံရပြီး ခြိမ်းခြောက်ခံနေရသည်။
သဘာဝလွန်စွမ်းအားရှိသော အသင်းတစ်သင်း သို့မဟုတ် သဘာဝလွန်စွမ်းအားရှင်များက တာဝန်လုပ်ရန် ထွက်သွားချိန်တိုင်းလိုလို အပြင်ဘက်တွင် အနည်းနှင့်အများ အသတ်ခံခဲ့ရတတ်သည်။ သို့မဟုတ်လျှင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အကန့်အသတ်နှင့် ဖြစ်နေသော ဆေးဝါးအခြေအနေမျိုးကြောင့် မကုသနိုင်ခဲ့သည်ကများပြီး လူအများစုက ဒုက္ခရောက်ကြရသည်။
အမျိုးမျိုးသော ဆေးများ၏တန်ကြေးကလည်း မိုးထိုးတက်ကုန်၏။ အခြေစိုက်စခန်းမှတရားဝင် ထုတ်ပေးထားသော ဆေးလုံးများကို ထည့်မတွက်လျှင်ပင် မှောင်ခိုဈေးကွက်မှ ဆေးများကပင် ဒေါ်လာထောင်ကျော်နီးပါး မြင့်တက်သွားလေသည်။
ဆေးများ၏ဈေးက အထူးစွမ်းအင်ရှိသော သူများအတွက် ဈေးကြီးသော သတ်မှတ်၍ ရနိုင်သေးလျှင် သာမာန်လူများအတွက်ဆိုလျှင် မပြောသင့်တော့ပေ။
သာမာန်လူများက ရွေးချယ်စရာမရှိတော့ဘဲ ထိုဆေးများကို ဖြစ်စေ ဆေးကုသမှုကို ဖြစ်စေ မတတ်နိုင်ကြချေ။ သူတို့သည် နေမကောင်းသောအခါ သူတို့ ကိုယ်ကိုသာ မှီခိုပြီး ရောဂါကို တိုက်ခိုက်ရသည်။ ဒဏ်ရာရလျှင်လည်း ရိုးရှင်းစွာသာ စီမံရ၏။ သူတို့ရှင်သန်ခြင်း မရှင်သန်ခြင်းက ကံကြမ္မာသာ ဖြစ်သည်။
ရှင်သန်နိုင်ပြီး ဆက်လက်နိုင်သော သူများကလည်း ထိုအတိုင်း ရုန်းကန်ရမည် ဖြစ်ပြီး မရှင်သန်နိုင်ခဲ့သော သူများကမူ ဒုက္ခဘေးမှ လွတ်မြောက်သွားသည်ဟု ပြောရပေမည်။
ထို့ကြောင့် ရှင်သန်နိုင်ခဲ့သော သူက ကံကောင်းသည် ကံဆိုးသည်ဟု၍ ပြောရန်ပင် ခက်ခဲလေသည်။
******