အခန်း ၉၄
Vol. 10 Ch. 94
94 01
အပိုင်း (၉၄) မဖိတ်ခေါ်ထားသော ဧည့်သည်
ကမ္ဘာအဆုံးသတ်ကာလအပြီး နှစ်တဝက် ကာလအတောအတွင်းတွင် ရှရှင်း၏နေရာလပ်နယ်မြေထဲမှ လုံခြုံမှုအခြေစိုက်စခန်း၏ တိုးတက်မှုက ငါးထောင်ကျော်သွားသည်။ သူမကိုယ်တိုင်ကလည်း ဒုတိယအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်၍ တတိယအဆင့် စိတ်စွမ်းအားပညာရှင်ပင် ဖြစ်လာသည်။
သူတို့သည် ဆေးရုံတွင် ကံကောင်းပြီး စိတ်စွမ်းအားပညာရှင် ဇွန်ဘီနှင့် တွေ့ခဲ့ပြီးသကဲ့သို့ ယန်မော့က ထိုအမြူအတေကို သုံးကာ တတိယအဆင့်သို့ တက်နိုင်သကဲ့သို့ ဖြစ်လေသည်။
ဇွန်ဘီတစ်သန်းထဲတွင်ပင် စိတ်စွမ်းအားစွမ်းရည်ရှိသော ဇွန်ဘီမျိုးက တစ်ကောင်ပင် မရှိနိုင်ဟု ပြောရပေမည်။ သူတို့သည် ထိုကဲ့သို့ အမြဲတမ်း ကံကောင်းမနေခဲ့ချေ။
ယန်မော့က အဆင့်သုံးသို့ ပထမဦးဆုံး အကြိမ် တက်သွားပြီးနောက်ပိုင်းတွင် ရှုရှင်းကလည်း မည့်သည့် အခြေပြုစွမ်းအားမှ မရှိသော သလင်းအမြူအတေများကို စုပ်ယူခဲ့ပြီး အဆင့်များက တဖြည်းဖြည်းချင်းစီ နှေးကွေးစွာ တိုးတက်လာခဲ့သည်။ သို့သော် ယန်မော့အနေဖြင့် အဆင့်လေးသို့ တက်ရန် ကြာအုံးမည် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ အင်အားက တိုးတက်မှု မြန်ဆန်သည်။ အထူးသဖြင့် ပုရှန်းဝမ်ဖြစ်သည်။ မီးအခြေပြုစွမ်းအား ရရှိနှုန်းက မြင့်မားလေသည်။ ထို့ကြောင့် သူသည် အင်အားအမြင့်ဆုံး တိုးတက်လာသူ ဖြစ်လာသည်။
တတိယအဆင့်သို့ ရောက်ရှိသွားပြီးသောအခါ ပထမအဆင့် ဇွန်ဘီအမြူအတေများ၏ သက်ရောက်မှုက အလွန်သေးငယ်သွားသည်။ ရှုရှင်းကလည်း ဇွန်ဘီ သလင်းအမြူအတေ အမြောက်အများ လိုအပ်ကြောင်း သိသည်နှင့် ပုရှန်းဝမ်၊မူချီမိုင်တို့ကလည်း အကြောင်းပြချက်ကို မေးမနေဘဲ တိုက်ရိုက်ပင် ဝေမျှပေးလိုက်သည်။
ရှုရှင်းကလည်း ငြင်းမနေချေ။ သူမကလည်း အမှန်တကယ်လို အပ်နေခြင်းဖြစ်သည်။ ထိုအချက်အပြင် သူတို့ကသာ နေရာလပ် နယ်မြေထဲမှ ထိုလုံခြုံမှု အခြေစိုက်စခန်းကို ဖွင့်သွားနိုင်ခဲ့ပါက အတူနေထိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ယခု သူတို့၏ အမြူအတေများကို လက်ခံထားခြင်းက အနာဂတ်အတွက် ရင်းနှီးမြုပ်နှံသည်ဟု သတ်မှတ်၍ ရသည်။ သူတို့နှစ်ယောက်က ပြောင်းရွေ့ဝင်လာသောအခါတွင်လည်း သူမကို အခွင့်ကောင်းယူသလိုမျိုး ခံစားကြရတော့မည် မဟုတ်ပေ။
အချိန်တန်ကြာအောင် အတူရှိလာပြီးနောက် ရှုရှင်းသည်လည်း ပုရှန်းဝမ်၊ မူချီမိုင်တို့က လူအများကို ပေါင်းသင်းဆက်ဆံသော နည်းလမ်းကို နားလည်လာပြီ ဖြစ်သည်။ ပထမအဆင့် ဇွန်ဘီ အမြူအတေများအားလုံးကို ချွင်းချက်မရှိ ရှုရှင်းကိုသာ ပေးသည်။
“ရှင်းပေါင် ဘာကို ကြည့်နေတာလဲ”
ညပိုင်း ရေချိုးပြီးသွားပြီးနောက် ရှုရှင်းက အိပ်ယာထဲတွင် ခြေချိတ်ကာလှဲနေရင်း တီဗီစီးရီးတစ်ခုကို ကြည့်နေသည်။ သူမက လုံးဝ အာရုံဝင်စားနေချိန်တွင် အင်အားကြီးမားကာ သန်မာပြီး ပူပြင်းသော ကိုယ်တစ်ခုက သူမ၏ ကျောကို လာကပ်သည်။
“အသစ်ထွက်တဲ့ ငါ့ရဲ့ လှပတဲ့မင်းသမီးလေးဆိုတဲ့ ဇာတ်လမ်းလေ။ အာ…မဆူနဲ့ မဆူနဲ့ ငါ ဒီတစ်ပိုင်းပြီးအောင် ကြည့်ပါရစေအုံး။ အာ့ခွမ်းနဲ့ ဇီဝေ့တို့က ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ သိချင်နေပြီ”
ယခုလေးတင် ရေချိုးပြီးကာစ လတ်ဆတ်ပြီး မွှေးပျံ့သော အမျိုးသားတစ်ယောက်၏ ရနံ့ဖြင့် လွှမ်းခြုံခံရသည့်အခါ တီဗီဇာတ်ကြောင်းထဲတွင် နစ်မြုတ်နေသော ရှုရှင်း၏ နှလုံးသားကလည်း တုန်ယင်သွားပြီး မျက်နှာကလည်း အလိုလျောက်ပင် ရဲသွားသည်။
“အိုး…”
ယန်မော့ကလည်း မည်သည့် မေးခွန်းကိုမှ ထပ်မမေးတော့ဘဲ ရှုရှင်း၏ နံဘေးတွင်သာ တိတ်တဆိတ် လဲနေနေသည်။
“နင်…နင်က ဒီလိုမျိုးဆိုရင် ငါက ဘယ်လို ဆက်ကြည့်ရမှာလဲ”
ရှုရှင်းကလည်း တီဗီကိုပင် ဆက်မကြည့်နိုင်တော့ပေ။ နောက်ဆုံးတွင် သူမက ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ခါးကို လာပွတ်နေသော အမျိုးသား၏လက်ကို ဖိချလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ကြည့်ရသည်။
“ရှင်းပေါင် … မင်း ဘာပြောလိုက်တာလဲ”
“နင်…”
ထိုအမျိုးသား၏ အပြစ်ကင်းစင်သော မျက်လုံးက ရှုရှင်းအား ဒေါသထွက်လာစေသည်။ သို့သော် သူမသည်လည်း သူမ၏ နှလုံးသားထဲတွင် ချစ်ရသော ထိုအမျိုးသား၏ မျက်နှာကို မြင်ပြီး ဘာမှ မပြောရက်တော့ပေ။ လက်တစ်ဖက်ဖြင့် တက်ဘလက်ကိုသာ ဖိလိုက်ပြီး တစ်ချက် မှောက်ကာ ချလိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှန်လိုက်ကာ ယန်မော့၏ ကိုယ်ပေါ်သို့ တက်ခွလိုက်ရင်း ကိုယ်ကို ငုံကိုင်းပြီး ထိုအမျိုးသား၏ နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းသာ ကိုက်ထည့်ပစ်လိုက်သည်။ ထိုအမျိုးသားကို ဒီည သင်ခန်းစာပေးရမည်ဟု ကျိန်ဆိုထားသည်။
94 02
ယန်မော့ကလည်း ရှုရှင်းက တက်ကြွလာသည်အား အလွန်သဘောကျသည်။ ဇနီးလေး၏ ရှက်ရွံ့တတ်သော အနမ်းကို လက်ခံရင်း ရှုရှင်း၏ ကျောပေါ်သို့ လက်ကို တင်ထားကာ ပြုတ်မကျအောင် ထိန်းပေးရသည်။
“အင်း”
အနမ်းက တဖြည်းဖြည်း နက်ရှိုင်းလာသည်။ ယန်မော့က ရှင်း၏ ကျောပေါ်တွင် လက်များကို တင်ထားသည်။ တစ်ဖက်က ခါးကို ဖက်ထားပြီး အခြားတစ်ဖက်ကမူ ခေါင်းအနောက်ဖက်တွင် ဖြစ်ကာ သူမကို နောက်ဆုတ်ရန် အခွင့်အရေးပင် မပေးချေ။
ယန်မော့ကလည်း တစ်ဖက်ကို လှန်ပြီး ရှုရှင်းကို အောက်ဖက်တွင် ဖိချလိုသောအခါ အနမ်းတွင် နစ်မြုတ်နေသော ရှုရှင်းက အသိဝင်သွားပြီး ထတော့မည့် အမျိုးသားကို တန်းဖိသည်။
“ရှင်းပေါင်”
ယန်မော့၏ အသံက တပ်မက်မှုများ ပြည့်နှက်နေသောကြောင့် ရှုရှင်း၏နားကပင် ယားယံလာသည်။ ကုတ်ခြစ်ခံရသလို ခံစားရသည်။
“ဒီည ငါပဲ ဦးဆောင်မှာ။ ငါက တာဝန်ယူမှာ နင့် ငါ့ရဲ့ ခွင့်ပြုချက် မရှိဘဲ မလှုပ်နဲ့”
ရှုရှင်းက ယန်မော့၏ ရင်ဘတ်ပေါ်သို့လက်ကို တင်ထားပြီး သူမ၏ နည်းနည်းဖူးယောင်နေသော နီရဲသည့်နှုတ်ခမ်းပါးကတဆင့် အသက်ပြင်းပြင်းရှုသည်။ သူမထုတ်ပြောသော စကားလုံးများက တိုးလျှသည်။ သို့သော် ယန်မော့အား စိတ်လှုပ်ရှားလာစေသည်။
“ကောင်းပြီ ငါ ဒီည မင်းပြောတာကို နားထောင်မယ်”
သူ၏ ဇနီးလေးက ပထမဦးဆုံးအကြိမ် စတင်ကြိုးစားခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်မော့သည်လည်း ရှားရှားပါးပါးရလာသော ကောင်းမွန်သော ကိစ္စကို ငြင်းဆန်နေမည် မဟုတ်ပေ။
ရှည်လျားသော ညအတောအတွင်းတွင် ရှုရှင်းနှင့် ယန်မော့တို့နေသော အခန်းထဲမှ အသံများကို မကြာခဏဆိုသလို ကြားရသည်။ ထိုအသံများကလည်း လူအများကို အများကြီး တွေးတောမိစေလောက်သည်။
“အင်း…ရှင်းပေါင် ကျေးဇူးပြုပြီး ငါ့ကို ဒီလို မနှိပ်စက်ပါနဲ့တော့။ ငါ့ကို မြန်မြန်လေး သက်သာအောင်လုပ်ပေး…”
“ဟင့် ဒါဆိုရင်လည်း ငါ့ကို ပြောလေ။ နောက်တစ်ခါ ငါ တီဗီကြည့်ရင် ငါ့ကို လာရှုပ်အုံးမလား”
“ရှင်းပေါင် ငါမလုပ်ရဲတော့ပါဘူး…”
“မဟုတ်ဘူး ငါ ပင်ပန်းနေပြီ။ မရတော့ဘူး”
“ဟစ် ရှင်းပေါင် မင်း မင်းရဲ့ ယောက်ျားကို သေအာင် နှိပ်စက်တော့မလို့လား”
“ဟီးဟီး ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အင်အားမရှိတော့ဘူးလေ သွားပြီ”
“ရှင်းပေါင် ဒါဆိုရင်လည်း ငါပဲလာမယ်လေ…”
“ငါ တကယ် မရတော့ဘူး”
“မင်း ငြင်းလို့မရဘူးနော်”
“ဝူး….ငါတကယ်မရတော့ဘူးလို့”
အိပ်ခန်းထဲတွင် နွေဦးအသံများ ပြည့်နှက်နေသည်။ လေထဲတွင်လည်း ရေသံများ ပြည့်နှက်နေသည်။ အဝတ်တစ်လွှာပြီးတစ်လွှာ ရစ်ပတ်လာသကဲ့သို့ ဖြစ်လာ၏။ ခေါင်းအထက်မှ အလင်းကလည်း ငြိမ်နေခဲ့ပြီး တဖြည်းဖြည်းမှ မနက်ခင်းရောက်ကာ ထွက်ပေါ်လာသည်။
ယန်မော့က သူမကို ရေချိုးရန် ခေါ်သွားပေးသောအခါ ရှုရှင်းသည်လည်း လက်တစ်ချောင်းပင် မလှုပ်နိုင်တော့သလို ခံစားရသည်။ သူမက မျက်လုံးကိုသာ မှိတ်ထားလိုက်ပြီး ယန်မော့၏ ဝန်ဆောင်မှုကိုသာ ခံစားနေလိုက်သည်။
ရှုရှင်းသည်လည်း သူမက အိပ်ယာထဲသို့ မည်သို့မည်ပုံ ပြန်ရောက်မှန်းပင် မသိတော့ပေ။ သူမသည် ပင်ပန်းလွန်းသဖြင့် ရေချိုးနေရင်းပင် အိပ်ပျော်သွားသည်။
94 03
ရှုရှင်းကို စောင်ဖြင့် အုပ်ပြီးနောက် ယန်မော့ကလည်း ရေချိုးခန်းထဲသို့ ခပ်မြန်မြန်သွားကာ ရေချိုးလိုက်သည်။ ထို့နောက် နွေးထွေးသော အိပ်ယာထဲသို့ ပြန်ဝင်ကာ ဇနီးလေးကို ပွေ့ဖက်ပြီး အိပ်လိုက်ပြီး သူတို့သည် အပြင်ဘက်မှ ပြန်လာပြီးချိန်တိုင်းလိုလို ရှုရှင်းတို့က ရက်အနည်းငယ်ခန့် အနားယူပြီး နောက် သူတို့၏ အခြေအနေပေါ် မူတည်ပြီး အခြေစိုက်စခန်းထဲတွင်သာ နေကာ ချိန်ညှိတတ်သည်။
သူတို့ပြန်လာပြီး တတိယတစ်ရက်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။
တင်းတောင် တင်းတောင် …
စံအိမ်ထဲမှ တံခါးဘဲလ်က မြည်လာသောအခါ့ ရှုရှင်းတို့၏ စံအိမ်၏ ခြံဝန်းထဲတွင်ဖြစ်သည်။ ရာသီဥတု ကောင်းမွန်နေသည်ကို အခွင့်ကောင်းယူပြီး ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို ရေချိုးပေးနေခြင်း ဖြစ်သည်။
လူအများစုက ယခင်တစ်ခေါက် လေ့ကျင့်ရေးကွင်းအတွင်းတွင် ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို မြင်ဖူးပြီးချိန်ကတည်းက ရှုရှင်းတို့ကလည်း သူတို့ကို အခြေစိုက်စခန်းထဲတွင် ပိတ်လှောင်ထားမနေတော့ချေ။
ထို့ကြောင့် ချုပ်ထိန်းမှု ကင်းမဲ့သွားသောအခါ ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း အခြေစိုက်စခန်းတွင် နေ့တိုင်းလိုလို ပတ်ကစားနေတတ်သည်။ သူတို့က ပြန်လာချိန်တိုင်းလိုလို ညစ်ပတ်နေတတ်၏။ ယန်မော့ကလည်း အသန့်ကြိုက်လွန်းသူ ဖြစ်ပြီး ညစ်ပတ်နေသော သူများကို မကြည့်နိုင်ပေ။ ထို့ကြောင့် အကြိမ်တိုင်းလိုလို ရေချိုးပေးရသည်။
“ဘယ်သူလဲ။ ငါတို့ကို လူလာရှာတာလား”
ပုရှန်းဝမ်က နံဘေးမှ သန့်ရှင်းသောတဘက်ကို ကောက်ယူလိုက်ပြီး လက်မှ အမြုတ်များကို သုတ်နေရင်းမှ ထရပ်ကာ တံခါးသွားဖွင့်သည်။
“ငါဘာများ ကူညီပေးရမလဲ”
အပြင်ဘက်မှ ရောက်လာသော သူများကို မြင်သောအခါ ပုရှန်းဝမ်က မျက်မှောင်အသာကြုတ်သည်။ သို့သော် ယဉ်ကျေးစွာ မေးလိုက်သေးသည်။
“အပြင်မှာ ပြောလို့ အဆင်မပြောဘူး။ အထဲဝင်ပြီး ပြောလို့ရမလား”
အပြင်ဘက်တွင် ရပ်နေသော သူများကလည်း ရှောင်းလုံတို့ အသင်းဖြစ်သည်။
“ရှန်းဝမ် သူတို့ကို ဝင်ခိုင်းလိုက်”
ခြံဝန်းထဲမှ ယန်မော့ကလည်း အသံကို ကြားသည်။ ထို့ကြောင့် ဝင်ခိုင်းလိုက်သည်။
ယန်မော့သည် မှတ်ဉာဏ်အလွန်ကောင်းသည်။ သူသည်ယခင်က ရှောင်းလုံနှင့် စကားတစ်ခွန်းတည်းသာ ပြောခဲ့ဖူးသည့် တိုင်အောင် ယခု အသံကို ကြားရုံနှင့် သူ၏ စိတ်ထဲတွင် သင့်တော်သော သူ၏မျက်နှာက ချက်ချင်းတန်းပေါ်လာကာ မည်သူဖြစ်မှန်း သိလိုက်သည်။ ထို့ကြောင့် ဝင်ခဲ့ခိုင်းလိုက်သည်။ ထို့အပြင် ခြံဝန်းထဲမှ အနားယူသော နေရာတွင်သာ ထိုင်ခိုင်းခြင်း ဖြစ်သည်။
“ခေါင်းဆောင်ရှောင်းရဲ့ ဒီနေ့လာရတဲ့ ရည်ရွယ်ချက်က ဘာများလဲ”
“ငါတို့ ဒီနေ့လာတာက တာဝန်တစ်ခု လုပ်ဖို့၊ ငါတို့ မင်းတို့နဲ့ပူးပေါင်းချင်တယ်”
******