အခန်း ၉၅
Vol. 10 Ch. 95
95 01
အပိုင်း (၉၅) ပူးပေါင်းမှု
“ငါတို့ ဒီနေ့လာတာက တာဝန်တစ်ခုလုပ်ဖို့ ငါတို့ မင်းတို့နဲ့ ပူးပေါင်းချင်တယ်”
ရှောင်းလုံက အရှေ့မှ ရေနွေးကြမ်းကိုပင် မသောက်ဘဲ လိုရင်းကို ပြောသည်။
“အိုး ငါတို့ သိထားတဲ့ အတိုင်းဆိုရင် ခေါင်းဆောင်ရှောင်းရဲ့ အသင်းက အတော်လေး အင်အားကြီးတာပါ။ ဘယ်လို တာဝန်မျိုးမလို့ ခေါင်းဆောင်ရှောင်းကတောင် ငါတို့နဲ့ပူးပေါင်းပြီး ပြီးမြောက်အောင် လုပ်ချင်ရတာလဲ”
ယန်မော့က မျက်နှာပေါ်တွင် ညင်သာသော အပြုံးကို ချိတ်ဆွဲထားသည်။ သူ၏ စကားလုံးပါ အကြောင်းအရာများကိုသာ နားမထောင်ခဲ့ဘဲ သူ၏ လေသံကို နားထောင်ရုံနှင့်တင် နွေဦးလေပြေ တိုက်ခတ်နေသလို ခံစားရလောက်သည်။
“ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့ သူတွေချည်းပဲ။ ဘာလို့ ပြတ်ပြတ်သားသား မပြောနိုင်ရမှာလဲ။ အခြေစိုက်စခန်းက ဒီတာဝန်လုပ်ဖို့ ငါတို့အသင်းကို လာရှာတာ။ ရည်ရွယ်ချက်ကတော့ ယွမ်ဟွမ် ခရိုင်ကိုသွားပြီး အဲဒီမှာ ပိတ်မိနေတဲ့ သုတေသန ပညာရှင်တွေကို ကယ်ဖို့ပဲ”
“အခြေစိုက်စခန်းကလည်း မနေ့ကလေးတင် အကူအညီတောင်းတဲ့ စာကို ရထားတယ်။ မနေ့ညကပဲ ငါတို့ရဲ့အသင်းကို လာပြီးဆက်သွယ်ထားတ။ယ် မင်းတို့ရဲ့ အသင်းကိုညှိနှိုင်းဖို့ ငါတို့ကို တဆင့် ဆက်သွယ်ခိုင်းထားတယ်”
ရှောင်းလုံက ဒီနေ့လာရသည့် ရည်ရွယ်ချက်ကို တစ်သုတ်တည်း ရှင်းပြလိုက်ပြီး ယန်မော့၏ အဖြေကို စောင့်သည်။
ယန်မော့၏ မျက်နှာအမူအရာက မပြောင်းလဲချေ။ သူဟာ နံဘေးတွင် ချထားသော လက်ချောင်းကို အသာလှုပ်ခတ်လိုက်ပြီး စိတ်ထဲတွင် ကောင်းကျိုး ဆိုးကျိုးကို ချိန်ဆသည်။
ခြံဝန်းက အလွန်တိတ်ဆိတ်သည်။ အားလုံးကလည်း ယန်မော့၏အဖြေကို စောင့်နေကြပြီး သူက သဘောတူမတူ စဉ်းစားနေကြသည်။
“အင်း ကောင်းပြီ ငါ ဒီတာဝန်ကို မင်းတို့နဲ့ ပူးပေါင်းပေးမယ်”
ယန်မော့က သဘောတူကြောင်းကြားမှသာ ရှောင်းလုံက စိတ်အေးစွာသက်ပြင်းချသည်။
“အခြေအနေကရော”
“ငါတို့အသင်းက အရန်အနေနဲ့ပဲ ပါမယ်။ မင်းတို့နဲ့ ပူးပေါင်းပြီး လူကယ်ပေးမယ်။ ဒါပေမဲ့ လူကယ်ပြီးနောက်ပိုင်း ဆက်ဖြစ်တာတွေကိုတော့ ငါတို့က ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ အခြေစိုက်စခန်းက ပေးတဲ့ ဆုလာဘ်အများကြီးကို မလိုချင်ပါဘူး။ လေးဆယ်ရာခိုင်နှုန်းရရင် ရပြီ”
ယန်မော့က သူ၏ ကိုယ်ပိုင် လိုအပ်ချက်ကို ရှေ့ထုတ်ပြောသည်။ ဒါဟာ အခြေခံအကျဆုံးဖြစ်သည်။ ရှောင်းလုံက သဘောမတူလျှင်လည်း ပူးပေါင်းမှုက ထပ်စောင့်ရလောက်သည်။
“ကောင်းပြီ ငါ မင်းတောင်းဆိုတာကို သဘောတူတယ်။ ဒါပေမဲ့ ခရီးလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ စားစရာရိက္ခာတွေကိုတော့ ကိုယ်တိုင် ပြင်ဆင်ရလိမ့်မယ်။ ကယ်ဆယ်ရေးဝန်ထမ်းက ပေးထားတဲ့ အချက်အလက်တွေအတိုင်းဆိုရင် အဲဒီက အခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူး။ ငါတို့အမြန်ဆုံး ထွက်ရလိမ့်မယ်။ ဒီညနေ တစ်နာရီလောက်ထွက်မယ် ဆိုတော့ မင်းတို့မှာ ပြင်ဆင်ချိန်တော့ သိပ်မရဘူး”
“သိပြီ။ တစ်နာရီ အခြေစိုက်စခန်း ဝင်ပေါက်မှာ ဆုံမယ်”
နှစ်ဖက်လုံး၏ ပန်းတိုင်က ရသွားသည်။ ရှောင်းလုံကလည်း အသင်းနှင့်အတူ ထွက်သွားပြီး သိမ်းဆည်းရန် ပြင်ဆင်ရတော့မည် ဖြစ်သည်။
“မော့ကော ဘာလို့ သူတို့နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်တာလဲ။ ဒီတစ်ခေါက် တာဝန်ကို လက်ခံရတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ရှောင်းလုံတို့ ထွက်သွားသည်နှင့် ပုရှန်းဝမ်က စိုးရိမ်တကြီး မေးသည်။
“ရှောင်းလုံတို့အသင်းရဲ့ ခြုံငုံအင်အားက မနည်းဘူး။ သူတို့တောင်မှ မလုံခြုံဘူးလို့ ခံစားရတဲ့ တာဝန်က လေ့ကျင့်ဖို့ အခွင့်ကောင်းပဲလေ။ အခြားတစ်ဖက်မှာ ဒီတာဝန်ကို အခြေစိုက်စခန်းက ပေးတာ။ ငါတို့ အခု သဘောမတူလိုက်ဘူးဆိုရင် အခြေစိုက်စခန်းကလူတွေက နောက်ပိုင်းပြောစရာတွေ ဖြစ်လာလိမ့်မယ်။ ငါတို့က အခြေစိုက်စခန်းကို မျက်နှာသာ တစ်ခုပေးလိုက်မယ်ဆိုရင်တော့ သူတို့က ငါတို့အတွက် အကြွေးတင်သွားပြီ”
95 02
“ဒီအကြွေးနဲ့ဆိုရင် အခြေစိုက်စခန်းမှာ နေထိုင်ပြီး အလုပ်လုပ်တာတွေအတွက် တော်တော်လေးကို အဆင်ပြေသွားမှာ။ ပိုင်မိသားစုက ငါတို့ကို ထပ်ပြီး ပြဿနာလာရှာချင်ရင် သူတို့ရဲ့ ကိုယ်ပိုင်အလေးချိန်ကြောင့် နှစ်ကြိမ်လောက် ပြန်တွေးရလိမ့်မယ် အခြားစကားနဲ့ ပြောရရင်တော့ ငါတို့က ပိုင်မိသားစုကို တိုက်ခိုက်တဲ့အချိန်မှာတောင် အခြေစိုက်စခန်းက မမြင်ချင်ဟန်ဆောင်ပြီး ဝင်မစွက်ဖက်တဲ့ အမူအရာမျိုးကို ပြပေးလိမ့်မယ်”
ယန်မော့ကလည်း သူ၏ စဉ်းစားဆင်ခြင်မှုများကို အသေးစိတ်ကျကျ ရှင်းပြပေးသည်။ ယန်မော့၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ရှုရှင်းနှင့် ပုရှန်းဝမ်ကလည်း ရုတ်တရက် နားလည်လိုက်သည်။ မူချီမိုင်ကမူ ယန်မော့၏ ဆုံးဖြတ်ချက်ကို ဘယ်သောအခါမှ မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။
နဂိုက ရှုရှင်းသည် အမျိုးသားဇာတ်လိုက်နှင့်အတူ ထွက်သွားရန် တွန့်ဆုတ်နေခဲ့သေးသည်။ သို့သော် ယန်မော့၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ရှုရှင်း၏မသက်မသာ ဖြစ်စိတ်ကလည်း ပျက်ပြယ်သွား၏။ ရှောင်းလုံနှင့်အတူ ထွက်ကာ အလုပ်လုပ်ခြင်းကလည်း ပြဿနာ မရှိဟု ယူဆသည်။
သူတို့၏ လက်ရှိအင်အားမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာတွင်လည်း ပြဿနာမရှိပေ။ ဒီခရီးမှရသော အကျိုးအမြတ်ကလည်း သိသာထင်ရှားသည်။ သူတို့ကသာ ရှောင်းလုံ၏ အတွင်းပိုင်း အခြေအနေများကို ဝင်ရောက်မစွက်ဖက်သမျှ အချင်းချင်း ပူးပေါင်းသည့် ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှုပ်ထွေးမှုများ ပါဝင်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အများကြီး မသက်ရောက်ပါပေ။
“ကောင်းပြီ ဒီမှာ ရပ်ပြီး အရူးလို နေမနေနဲ့တော့။ သာ့ပိုင်တို့က ရေချိုးလို့ ပြီးသေးတာ မဟုတ်ဘူး။ သူတို့ကို အရင်ရေချိုးပေးမယ်။ အဲဒီနောက် ပစ္စည်းတွေကို ရှင်းလင်းပြီး နေ့လည်စာစားတာပေါ့ ပြီးတာနဲ့ သွားမယ်”
သာ့ပိုင်၏ ရေချိုးကန်ရှေ့တွင် ပြန်ထိုင်ရင်းမှ ယန်မော့က သတိပေးသည်။
ရှုရှင်းတို့ကလည်း အချိန်ဖြုန်းမနေတော့ဘဲ ကိုယ့်ကလေးကို ရေချိုးပေးကြသည်။ နောက်ဆုံးတွင် မူချီမိုင်က သူ၏ လေစွမ်းအားကို သုံးကာ အားလုံး၏ ခပ်ထူထူ အမွေးများကို ခြောက်အောင် လုပ်ပြီးသည်နှင့် အရပ်မျက်နှာအနှံ့ ခပ်မြန်မြန်ပြေးရသည်။
တစ်ခုတည်းသော ဆိုးရွားသည့် အချက်ကမူ ထိုသို့အမွှေးများကို လေးမှုတ်ပေးသည့် အချိန်တိုင်းလိုလို ထိုကလေးများ၏အရွယ်အစားက နှစ်ဆခန့် ကြီးသွားလေ့ရှိသည်။ အဝေးမှ ကြည့်သောအခါ အမွှေးပွလုံးကြီးနှင့် တူပြီး အလွန်အမင်း ချစ်စရာကောင်းလေသည်။
ဒီတစ်ခေါက်တွင် ရှုရှင်းက အခြားသော သူများနှင့်အတူ တာဝန်သွားရောက်လုပ်ဆောင်မည် ဖြစ်သည်။ ရှုရှင်းသည်လည်း သူမ၏ သာဘာဝလွန်စွမ်းအားကို အသုံးပြုရန် လိုအပ်လောက်မည့် အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဟယ်ရီပေါ်တာနှင့် တွဲလျှက်ထုတ်သော ဝတ်စုံမျိုးကို ကောက်ဝတ်လိုက်ပြီး ဝတ်ရုံလွှာကြီးကိုပင် ကောက်ခြုံလာသေးသည်။
သူမသည်လည်း ထိုကဲ့သို့ ဘရမ်းအချင်းချင်း ပူးပေါင်းထုတ်လုပ်သည့် ခြုံလွှာအမျိုးအစားကို အလွန်သဘောကျကာ တစ်set လုံး ဝယ်ထားသေးသည်။ သူမ ဝယ်ထားသမျှ အရောင်အသွေးကလည်း မျိုးစုံ စုံသည်။ ရှည်လျားသော ခြုံလွှာနှင့် အမျိုးမျိုးသော အရောင်များနှင့် ဖြစ်သည်။ သူမက သီးသန့်ဝတ်ဆင်နိုင်သည့်အပြင် သူမ၏ ဆန္ဒက အမှန်ဖြစ်မြောက်လာသော စွမ်းရည်မျိုးနှင့်လည်း လိုက်ဖက်ညီလေသည်။
ဝတ်စုံများအားလုံးကို တွဲဖက်ဝတ်ဆင်လိုက်သည့်အခါ မှော်အကယ်ဒမီမှ ဆင်းလာသော မှော်ပညာရှင်နှင့်ပင်တူပြီး လျှို့ဝှက်ဆန်းကျယ်ကာ ကျော့ရှင်း ကြည့်ကောင်းနေပေလိမ့်မည်။
ဆန္ဒက အမှန်ဖြစ်ဆိုသော နာမည်က သူမ၏ နတ်သမီး တုတ်တံ၏ အထူးစွမ်းရည်ကို ပေးထားခြင်း ဖြစ်သည်။ သူမသည်လည်း နတ်သမီးတုတ်တံ နတ်သမီးတုတ်ဟု အမြဲတစေ ခေါ်ဆိုနေခြင်းအားဖြင့် ကလေးကစားစရာကဲ့သို့ ခံစားမိစေသည်။ ထို့ကြောင့် ဆန္ဒအမှန်ဖြစ်ဆိုပြီး ကောက်ပေးလိုက်သည်။
ဆုယွမ်ဆိုသော နာမည်ကလည်း အဓိပ္ပာယ် နှစ်မျိုးနှင့် ဖြစ်သည်။ ပထမတစ်မျိုးကမူ သူမ၏ သဘာဝလွန်စွမ်းအားက အောင်မြင်စွာ နိုးထလာခဲ့သောကြောင့် သူမ၏ ကိုယ်ပိုင် ဆန္ဒက ပြည့်သွားသည့် အဓိပ္ပာယ်ဖြစ်သည်။ ဒီနည်းအားဖြင့် သူမ၏ ဆန္ဒကလည်း ပြည့်သည်။ ငယ်စဉ်ကလေးဘဝက နတ်သမီး ဖြစ်လိုသော ရည်ရွယ်ချက်ကလည်း ပြည့်သွားသည်ဟု သတ်မှတ်နိုင်သည်။ အရွယ်ရောက်လာပြီးနောက် ထိုအိပ်မက်က မရှိတော့သည့်တိုင်အောင် အိပ်မက် ပြည့်သွားသည်ဟု ပြောရပေမည်။
ဒုတိယတစ်ခုကမူ သူမ၏ သဘာဝလွန်စွမ်းအားကို မှီခို၍ သူမဂရုစိုက်သော သူများကို အဆုံးသတ်ကာလမျိုးတွင် ကာကွယ်နိုင်ခြင်းအားဖြင့် သူမ၏ လက်ရှိ ဆန္ဒကလည်း ပြည့်လေသည်။ သူတို့က နေ့လည် တစ်နာရီတွင် စုစည်းသောအခါ ရှောင်းလုံ၏ အသင်းနားတွင် ရပ်နေသော အဓိကဇာတ်လိုက်မင်းသမီး ယဲ့ယွီအန်းကို ရှုရှင်းက တန်းမြင်လိုက်ပြီး ခေါင်းက တဝီဝီ ဖြစ်သွားသည်။
95 03
ရှောင်းလုံ၏အသင်းကလည်း ယန်မော့၏အသင်းထဲမှ သူမ၏ ဝတ်စုံနှင့် ပုံစံကို မြင်ပြီး သူတို့၏ ခေါင်းသည်လည်း သူမနည်းတူ တဝီဝီ ဖြစ်သွားကြလေသည်။
သူမ၏ ဝတ်စုံက တာဝန်ထွက်လုပ်မည်နှင့်မတူပေ။ ဇွန်ဘီများကို သတ်ဖြတ်ရန် အလျှင်းသင့်သော ပုံစံမျိုးပင် မဟုတ်နေခဲ့ချေ။ သူတို့တွင်လည်း ကိုယ်ပိုင် အကျိုးအကြောင်း သိစိတ်ရှိသောကြောင့် မဟုတ်ပါက နွေရာသီ အပန်းဖြေထွက်မထွက် လာမေးလောက်သည်။
“ငါက ရှောင်းထျန်းအသင်းရဲ့ အဖွဲ့ဝင်အသစ် ယဲ့ယွီအန်းပါ။ ငါ့မှာ ရေခဲအခြေပြု စွမ်းအားရှိတယ်။ ကယ်ဆယ်ရေးမှာ ငါ နင်တို့အသင်းနဲ့ ပူပေါင်းမယ်”
ကမ္ဘာကပ်ဘေးကာလတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ဖူးသော ယဲ့ယွီအန်းသည်လည်း လူအများ၏ အကြည့်ကို အလွန်အမင်း အထိမခံဖြစ်သည်။ ထို့ကြောင့် ရှုရှင်း၏အကြည့်ကို သတိထားမိလိုက်ပြီး တစ်ဖက်သူ၏ မျက်လုံးနားတွင် ရန်လိုမှုမရှိကြောင်း သိလိုက်သည်။ ဒီအတိုင်း သိချင်မှုသာ ဖြစ်လောက်သည်။ ထို့ကြောင့် သူမက အရင် စကာ မိတ်ဆက်ပေးသည်။
“ဟယ်လို ငါ့ရဲ့ နာမည်က ရှုရှင်းပါ”
အခြားသောသူက ခိုးကြည့်နေသူကို ဖမ်းမိသွားသောအခါ ရှုရှင်းကလည်း နှာခေါင်းကို ကိုးရိုးကားရားဖြစ်သလို ပွတ်ပြီး မိတ်ဆက်ပေးလိုက်သည်။
ယန်မော့ကလည်း လူအသစ်တစ်ယောက် တိုးမတိုးဆိုသည့် ကိစ္စကို ဂရုစိုက်မနေပေ။ သူတို့၏ တာဝန်ကို အနှောက်အယှက် မဖြစ်သမျှ ဂရုစိုက်မည် မဟုတ်ပေ။ သူသည် သူခေါ်လာသော သူကိုသာ တာဝန်ယူပေးမည် ဖြစ်ပြီး ရှောင်းလုံ၏ အသင်းပြဿနာကမူ သူနှင့် မသက်ဆိုင်ပေ။
ရှောင်းလုံနှင့် အနည်းငယ် စကားပြောပြီးသည်နှင့် ကိုယ့်ကားကိုယ် ဝင်ကာ ထွက်လာလိုက်ကြသည်။
ရှောင်းလုံး၏ အသင်းက လူခြောက်ယောက် ဖြစ်သည်။ သူတို့သည်လည်း off-road ယာဉ်နှစ်စီး မောင်းလာသည်။ တစ်စီးကမူ အလယ်အလတ်အရွယ်အစားဖြစ်ပြီး အပေါ်ဘက်တွင်လည်း ဝက်ခြံပါသည်။ ထို့ကြောင့် အထုပ်များကို တင်ထားနိုင်သည်။ သို့မဟုတ်လျှင်လည်း ကယ်ဆယ်သော နေရာသို့ ရောက်သောအခါ အဆင်ပြေပေလိမ့်မည်။
ယန်မော့တို့ လေးယောက်အဖွဲ့ကမူ ကားတစ်စီးတည်းသာ မောင်းလာကြသည်။ သူတို့သည်လည်း မကြာခဏ ဆိုသလို ကျားဖြူနှင့်နှင်းဝံပုလွေတို့ကို သပ်သပ်စီးရန် ရွေးချယ်နိုင်လေသည်။
******