အခန်း ၉၆
Vol. 10 Ch. 96
96 01
အပိုင်း (၉၆) ကားမောင်းသက်တမ်း ဆယ်နှစ်ရှိတဲ့ ကျွမ်းကျင်အဆင့် ယာဉ်မောင်း
သူတို့နှစ်သင်းလုံးက အင်အားကြီးမားကြပြီး ဆူညံပူညံများ မရှိကတည်းက ယွမ်ဟွမ်ခရိုင်သို့သွားသော လမ်းတောက်လျှောက် အလွန်မြန်ဆန်ခဲ့လေသည်။
ပုံမှန်အားဖြင့် သုံးရက်ကြာမည့် ခရီးက တစ်ရက်ခွဲတည်းနှင့် ရောက်သွားသည်။
“ဒီကနေ ရှေ့ဆက်သွားမယ်ဆိုရင် ယွမ်ဟွမ်ခရိုင်ကို ရောက်ပြီ အခြေစိုက်စခန်းက နောက်ဆုံးရခဲ့တဲ့ အကြောင်းကြားစာအရ ပိတ်မိနေတဲ့ သုတေသနပညာရှင်တွေက ယွမ်ဟွမ်ခရိုင်တောင်ပိုင်းနားက မိုးလုံလေလုံ ခိုလှုံရေးစင်တာရဲ့ မြေအောက် ခန်းမှာပဲ”
လူတိုင်း၏အရှေ့တွင် မြေပုံကို ဖြန့်ထားသည်။ ရှောင်းလုံက တည်နေရာကို ဝိုင်းပြသည်။
“ငါတို့ အခု ဒီနေရာကို ရောက်နေပြီ။ ဒီနေရာကနေ အဲဒီသုတေသန ပညာရှင်တွေ ပိတ်မိနေတဲ့ နေရာကို သွားဖို့အတွက် ကမ္ဘာကပ်ဘေးမတိုင်ခင်က လူနေ ထူထပ်လွန်းတဲ့ ဒီရပ်ကွက်ကြီးကို ကျော်ဖြတ်သွားရလိမ့်မယ်။ အဲဒီ နေရာက ဇွန်ဘီအရေအတွက်ကလည်း တစ်သောင်းထက်တောင် မနည်းနိုင်ဘူး။ အဲဒီနေရာကို မြန်မြန် ဖြတ်သွားပြီးကယ်ဆယ်ရမဲ့ သူတွေကို ဘယ်လို ကယ်ဆယ်မလဲ ဆိုတာက စဉ်းစားရလိမ့်မယ်”
ရှောင်းလုံက သူတို့၏ တည်နေရာကို ဖော်ပြသည်။ မြေပုံမှ လမ်းကြောင်းကိုလည်း ဖော်ပြ၏။
ဒီတာဝန်တွင် ခေါင်းဆောင်က ရှောင်းလုံဖြစ်ပြီး ယန်မော့တို့အသင်းကလည်း ခေါင်းဆောင်နေရာကို အတင်းဝင်ပြိုင် ပြောနေလိမ့်မည် မဟုတ်ပေ။ ဒါဟာ သူတို့မလာခင်ကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။ သူတို့သည် လိုအပ်လျှင် ပူးပေါင်းပေးမည် ဖြစ်သည်။ စီစဉ်မှုများကိုလည်း ရှောင်းလုံက လုပ်နိုင်သည်။ ရှောင်းလုံ၏ စီစဉ်မှုများက အဓိက ပြဿနာကြီးကြီးမားမား မရှိသမျှ လက်ခံပေးမည် ဖြစ်သည်။
ရှောင်းလုံ၏ စီစဉ်မှုက တစ်စုံတစ်ရာ မှားနေခဲ့လျှင်လည်း ယန်မာ့က ဒီအတိုင်း ထိုင်နေလိမ့်မည် မဟုတ်ပေ။
“ဇွန်ဘီတွေရဲ့ အရေအတွက် ။ ငါတို့ကသာ လက်နက်ကြီးတွေကို သုံးမယ်ဆိုရင် အရမ်းဆူညံပြီး ဇွန်ဘီတွေကို ပိုပြီး ဆွဲဆောင်မိလိမ့်မယ်”
“ငါတို့ ဒီနေရာကနေ ဖြတ်သန်းသွားတဲ့အချိန်မှာ အရှိန်နှုန်းက အရေးအကြီးဆုံးပဲ တစ်ခုတည်းသော ရွေးချယ်မှုကတော့ ဒီနေရာကနေ ခပ်မြန်မြန် ကျော်ဖြတ်သွားတာပဲ”
ရှောင်းလုံက သူ၏ အတွေးကို ဖော်ပြသည်။
“အင်း ရှန်းဝမ်၊ ချီမိုင် မင်းတို့ နှစ်ယောက် ခဏနေရင် အတူကြိုးစားလိုက်ကြ။ ချီမိုင်က သူ့ရဲ့ သဘာဝလွန်စွမ်းအားကို နည်းနည်း ခွဲပြီး ကားဘီးတွေကို ပေါင်းထည့်ပေးလိုက်။ ငါက ငါ့ရဲ့ သဘာဝလွန်စွမ်းအားကို သုံးပြီး ပတ်ဝန်းကျင်ကို အချိန်တိုင်း စောင့်ကြည့်နေမယ်။ တကယ်လို့ တစ်ခုခုမှားပြီ ဆိုတာနဲ့ ငါကြိုပြီး အကြောင်းကြားပေးမယ်”
ယန်မော့ကလည်း သူ၏ အသင်းအတွက် စီစဉ်ပေးလေသည်။
အခြားအသင်း၏ စီမံမှုကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဆိုသော ကိစ္စကလည်း သူတို့နဂို သဘောတူထားသည့် အတိုင်းဖြစ်သည်။ ဗျူဟာကို ဆွေးနွေးပြီးသည်နှင့် အဖွဲ့က ကားအသီးသီးသို့ဝင်သည်။
“ဘာလို့ ငါ့ကို ထည့်မပြောတာလဲ။ ငါက ဘာလုပ်ရမှာလဲ”
စီစဉ်မှုကိုပင် မစောင့်တော့ဘဲ ရှုရှင်းက ယန်မော့၏ အင်္ကျီကို ဆွဲကာ ကြည့်ပြီး လေးနက်စွာ မေးသည်။
“မင်းက ငါတို့သုံးယောက်ရဲ့ သီးသန့်လုံခြုံမှုကိုပဲ တာဝန်ယူပေးရမှာလေ။ ငါတို့ ခဏနေရင် ဇွန်ဘီတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာ အာရုံလွင့်လို့ မရဘူး။ မင်းကတော့ ငါတို့ လွဲချော်သွားတဲ့ဇွန်ဘီတွေကို ဖြေရှင်းကာကွယ်ပေးဖို့ ကားမောင်းပေးရမယ်”
ယန်မော့က ရှုရှင်းအား ယာဉ်မောင်းသူ နေရာသို့ထိုးထည့်ပေးလိုက်ပြီး သူမအတွက် အကြံအစည်ကို ပြောပြသည်။
“…”
ကယ်ကြပါ.. ရုတ်တရက် ကလေးတစ်ယောက်လို အချော့ခံနေရတယ်လို့ ခံစားနေရတယ်။
သူတို့ယခု ပြောခဲ့သောစကားကလည်း ကလေးများက တစ်စုံတစ်ရာကို လုပ်ချင်သည့်အခါ လူကြီးများက ချော့မော့သောစကားမျိုးနှင့် တူညီနေသည်။
96 02
“မစိုးရိမ်ပါနဲ့ ငါက ကားမောင်းသက်တမ်းဆယ်နှစ်ကျော် အတွေ့အကြုံရှိတဲ့ မိန်းမ တစ်ယောက်ပါ။ လုံလုံခြုံခြုံနဲ့ ခေါ်ဆောင်ပေးမယ်”
ရှုရှင်းက လက်မခံသေးဘဲ ပြောလိုက်သည်။
“ကားမောင်းသက်တမ်း ဆယ်နှစ်ကျော်ဟုတ်လား မရီး မရီးနောက်နေတာလား။ မရီး အခုမှ အသက်နှစ်ဆယ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ကားမောင်းသက်တမ်း ဆယ်နှစ်ကျော်ရှိမှာလဲ။ အရင်က မရီးကားမောင်းတဲ့ ပုံစံကို ကြည့်ရတာ အဲဒီလို မဟုတ်သလိုပဲ”
ရှုရှင်း၏ ဆယ်နှစ်ကျော် သက်တမ်းရှိသည်ဆိုသော စကားက ပုရှန်းဝမ်ကို အလွန်အမင်း အံ့ဩသွားစေသည်။ ထို့ကြောင့် သူသည် ယာဉ်မောင်းခုံနှင့် နောက်ခုံအကြား အတင်းတိုးဝင်ပြီး ပြောသည်။
“ငါ ငါးနှစ်အရွယ်ကတည်းက တိုက်ကားမောင်းနေကျ ဆိုတော့ အဲဒီလို ပြောတာ မှားလို့လား”
“အာ…ဒါ…ဒါက…”
ပုရှန်းဝမ်ကပင် မည်သို့ ပြန်ဖြေရမှန်းမသိတော့ပေ။
“အင်း မမှားဘူး မမှားဘူး။ မရီးရဲ့ ကားမောင်းအတွေ့အကြုံက အရမ်းကို စစ်မှန်တယ် ငါယုံတယ်”
“ဒါဆိုရင် နင်ပတ်ထားတဲ့ အဲဒီခါးပတ်ကိုချွတ်ပြီး ပြောလို့ရမလား ဒါဆိုရင်ပိုယုံရမှာပဲ”
ရှုရှင်းကလည်း ပုရှန်းဝမ်က နောက်ခုံတွင် ထိုင်နေပြီး ခါးပတ်ကို စိုးရိမ်တကြီး ပတ်နေကြောင်း မြင်သောအခါ မျက်လုံးကို မှေးကျဉ်းပြီး ပြောလိုက်သည်။
“ဟားဟား ဟေ့ မရီး အရှေ့က ကားက ထွက်နေပြီနော်။ မြန်မြန်လေးလိုက်ပါတော့”
သူ၏ အပြုအမူကို မရှင်းပြနိုင်သည့်အခါ ပုရှန်းဝမ်ကလည်း ကိုးရိုကားရားဖြစ်သလို ရယ်လိုက်ပြီး အကြောင်းအရာကို ပြောင်းသည်။
“ဟွန့်”
ရှုရှင်းက သူ့ကို လျစ်လျူရှုလိုက်ပြီးတစ်ဖက်သို့ လှည့်သွားကာ ကားကို စမောင်းသည်။
ရှုရှင်းက ခေါင်းလှည့်သွားသောအခါ ပုရှန်းဝမ်၏ နံဘေးနားတွင် ထိုင်နေသော မူချီမိုင်ကလည်း လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လက်ကို ဆန့်ထုတ်ကာ ခါးပတ်ကို ပတ်လိုက်သည်။ သူက အားလုံးကို တစ်သုတ်တည်း ပြီးမြောက်အောင် လုပ်သွားပြီး ဖြစ်စဉ်က သုံးစက်က္ကန့်ပင် မကြာပေ။
နံဘေးနားမှ ပုရှန်းဝမ်ကပင် မှင်သက်သွားရသည်။
“မင်း…မင်း”
မူချီမိုင်ကလည်း “မင်းသာရူးတာ” ဆိုသော အကြည့်မျိုးဖြင့် တစ်ချက်ပေးလိုက်ပြီး ပုရှန်းဝမ်ကို တစ်ယောက်တည်း လွှတ်ထားလိုက်သည်။
သူ…သူတောင် မကောင်းတဲ့ အတတ်တွေ တတ်နေပြီ။
မူချီမိုင်သည်လည်း ယန်မော့အနောက်သို့ လိုက်ပြီး မကောင်းသော အကျင့်များကို လုပ်တတ်လာသည်။ ယန်မော့က ဘေးခုံတွင် ထိုင်နေပြီး အပြုံးတစ်ပွင့်နှင့်အတူ အရာအားလုံးကို ကြည့်နေသည်။ ရှုရှင်းသည်လည်း ယန်မော့၏ နှုတ်ခမ်းမှ အပြုံးကို မတော်တဆ မြင်လိုက်ပြီး သူမ၏ ခြေထောက်က မတည်မငြိမ်ဖြစ်သွားကာ ဘရိတ်ကို ဆောင့်နင်းမိသွားသည်။
ယခုလေးတင် ထွက်ပြီးကာစ ကားက ရုတ်တရပ် ဘရိတ်ဆောင့်အုပ်သွားသောအခါ တည်တည်ငြိမ်ငြိမ်မထိုင်ရသေးသော ပုရှန်းဝမ်က အရှေ့ဘက်သို့ ဝုန်းကနဲ ထိုးတိုက်လိုက်ပြီး ထိုင်ခုံခါးပတ်က ဝုန်းကနဲ နောက်ပြန်ဆွဲပြန်ကာ ကုလားထိုင်နောက်ပိုင်းနှင့် ရိုက်မိသွားသည်။
ယန်မော့နှင့် မူချီမိုင်တို့၏ ကိုယ်ကလည်း ထိန်းချုပ်ရန် ခက်ခဲစွာ ရွေ့သွားသည်။ သို့သော် ပုရှန်းဝမ်လောက် အခြေအနေမဆိုးပေ။
သုံးယောက်လုံးက ရှုရှင်းကို တပြိုင်တည်းကြည့်သည်။
ယန်မော့ကလည်း သူ၏ ဇနီးဖြစ်သူက ပုရှန်းဝမ်ကို နောက်နေသည်ဟုသာ ထင်လိုက်သည်။ ထို့ကြောင့် နဂိုက ရှုရှင်းကို အတော်လေး ယုံကြည်မှုရှိသော ယန်မော့ကပင် မသေချာတော့ပေ။
96 03
သူ…သူ့ရဲ့ ဇနီးကောင်းလေးက ကားကော မောင်းတတ်ရဲ့လား မသိဘူး
“ဟေ့ ဟေ့ မတော်တဆ မတော်တဆ တကယ် မတော်တဆ ယုံ ငါ့ရဲ့ ကားမောင်းစွမ်းရည်ကို ယုံကြ။ ငါ တကယ်ကို အတွေ့အကြုံရှိတဲ့ ယာဉ်မောင်း”
ရှုရှင်းကလည်း ကိုးရိုးကားရားဖြစ်သလို ချောင်းဟန့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံလိုက်သည်။
“အင်းအင်း အင်း ငါတို့ယုံတယ် မရီး ကျေးဇူးပြုပြီး လမ်းလေးကြည့်မောင်းပေးပါ”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်းခေါင်းကို ခပ်မြန်မြန် ညိတ်ကြသည်။ ထို့နောက် လက်ကို မြောက်က အပေါ်ပိုင်းက လက်ကိုင်ကို ကိုင်ထားလိုက်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းရသည်။
“တကယ်တော့ ငါ့ရဲ့ ကားမောင်းစွမ်းရည်က အတော်လေး ကောင်းတာပါ”
ရှင်းပြလေလေ အသံက တိုးပြီး ကူကယ်ရာမဲ့လေလေ ဖြစ်လာသည်။ အခြေအနေက ပိုဆိုးသွားသည်ဟု ထင်ရသည်။
ချီး…
ဟွန့် သူနေရာမှာတင် ခြေဆောင့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်လိုက်တော့မယ်
သူမဟာ မတော်တဆ ဘရိတ်ကို ဆောင့်နင်းမိသည်အား အပြစ်တင်၍လည်း မရချေ။ အကြောင်းမူကား ယန်မော့က နောက်မှ နှစ်ကောင်အား ဖခင် အပြုံးမျိုးနှင့် ကြည့်နေသည်အား မြင်ပြီးခြေထောကို မထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကောင်းလည်းမ ရှင်းပြသည့်အခါ ရှုရှင်းသည်လည်း ပါးစပ်ကိုသာ ပိတ်လိုက်ပြီး မရှင်းပြတော့ချေ။ စိတ်ထဲတွင်လည်း အချိန်ကျလာသောအခါ သူမသည်လည်း အစစ်အမှန်စွမ်းရည်ကိုသူတို့ကို ယုံကြည်သွားအောင် လုပ်ရန် တွေးထားလိုက်သည်။
သူမ၏ ကားမောင်းစွမ်းရည်ကလည်း အမှန်တကယ် ဟာသမဟုတ်ကြောင်း သက်သေပြလိုက်သည်။
သူတို့က ယွမ်ဟယ် ခရိုင်ထဲသို့ ဝင်သည်နှင့် လက်ကို ယမ်းလိုက်ရုံဖြင့် ဇွန်ဘီများကို တွေ့နေရသည်။ ထို့ကြောင့် ရှုရှင်းသည်လည်း မည်သည့်အမှားအယွင်းမှ မရှိဘဲ လမ်းတောက်လျှောက် တည်ငြိမ်စွာ မောင်းနိုင်ခဲ့လေသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ထိုကဲ့သို့မြန်ဆန်သောအ ရှိန်နှုန်းဖြင့် သူတို့၏ သတိကို တဖြည်းဖြည်း ဖြေလျော့လာမိသည်။ ထို့ကြောင့် လက်ကိုင်မှ လက်ကိုပင် လွှတ်လိုက်ပြီး ဇွန်ဘီကိုသာ အာရုံစိုက်လိုက်တော့သည်။
ကားအရှေ့ဘက်မှ လက်တစ်ဖက်ထွက်လာပြီး ကား၏ အမိုးပေါ်တွင် အနီရောင်အလံကို ထိုးစိုက်လိုက်ကာ အနောက်ဖက်မှ ကားက နဂိုက ဝိုင်းပြထားသော လူနေရပ်ကွက်ထဲသို့ ဝင်ရောက်တော့မည့် အချက်ကို ပြသည်။
ထိုအလံနီကို မြင်လိုက်သည်နှင့် ရှုရှင်းကလည်း သတိအပြည့် ကပ်သွားပြီး အရှေ့မှ လမ်းကိုသာ ကြောက်လန့်သော မျက်လုံးဖြင့် ကြည့်တော့သည်။
ဇွန်ဘီများ၏ အရေအတွက်က သိသိသာသာ တိုးလာသည်။ ထိုလူနေရပ်ကွက်ဟောင်းမှ လမ်းများက ကျဉ်းသည်။ လမ်းဆုံလမ်းခွပင် မရှိပေ။ သို့သော် ဇွန်ဘီများက တိုက်ပေါ်မှ တိုက်ရိုက် ခုန်ချလာကြသည်။
“!!!”
အမြင့်ပိုင်းကနေ ပစ္စည်းတွေ ကောက်ပေါက်နေသလိုပဲ…..
သူက ပြိုင်ဘက်ကင်း ကားမောင်းစွမ်းရည်ကို ပြသရန်အလို့ငှာ ရှုရှင်းကလည်း ကားကို အကန့်အသတ်နှင့် ဖြစ်နေသော နေရာထဲတွင်ပင် ရအောင် ရှောင်ရှားလေရာ ကားထဲမှ လူသုံးယောက်က သူမ၏ ရုတ်တရက် စွမ်းရည်ပြသမှုများကြောင့် မှင်သက်နေသည်ကိုပင် သတိမထားမိခဲ့ချေ။
သူတို့သည် ဇွန်ဘီများကို ရှင်းလင်းရန် သဘာဝစွမ်းရည်များကိုပင် သုံးချိန်မရှိတော့ဘဲ လက်ကိုင်ကိုသာ ခပ်မြန်မြန်ကိုင်ပြီး ခန္ဓာကိုယ်ကိုသာ တည်ငြိမ်အောင် ထိန်းနေကြရသည်။
ကားခေါင်းမိုးပေါ်တွင် လဲနေသော ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း ရုတ်တရက် အောက်ဘက်သို့ လွင့်ပစ်ခံလိုက်ရသည်။ သူတို့သည်လည်း စိတ်ရှုပ်သွားကြပြီး အရှေ့မှ S ပုံသဏ္ဍာန် ကွေ့ကောက်စွာ မောင်းသွားသော ကားကိုသာ ကြည့်နေကြသည်။
ဇွန်ဘီများက ကားနား ချဉ်းကပ်လာသောအခါ ထိုကလေးနှစ်ကောင်ကလည်း ချက်ချင်းဆိုသလို တုန့်ပြန်ကြပြီး ဇွန်ဘီများကို ဖယ်ရှားပြီး ကားနောက်မှ အပြေးလိုက်ကြရသည်။
96 04
ကျားဖြူနှင့် နှင်းဝံပုလွေတို့က ကာပေးနေသောကြောင့် ယန်မော့ ပုရှန်းဝမ် မူချီမိုင်တို့ကလည်း တည်တည်ငြိမ်ငြိမ်နေနိုင်သွားသည်။ သူတို့သည်လည်း အတော်လေး ကြောက်နေ၏။ သူတို့၏ နှလုံးသားထဲတွင် နောက်တစ်ခါ ယခုလို အခြေအနေမျိုးတွင် ရှရှင်းကို ဘယ်သောအခါမှ ကားမမောင်းခိုင်းတော့ဟု ဆုံးဖြတ်ထားလိုက်ကြသည်။
သူတို့က အသက်ကြီးနေပါပြီ။ သူတို့ရဲ့ အိုမင်းနေတဲ့ လက်တွေ ခြေထောက်တွေကလည်း ဒီလို လှုပ်လှုပ်ရှားရှား ဖြစ်စေတဲ့ လှုံ့ဆော်နိုင်တဲ့ အစီအစဉ်တွေ မလုပ်နိုင်တော့ဘူး။ သူတို့ရဲ့ နှလုံးသားထဲကလည်း ဒီလို အခြေအနေတွေကို တောင့်မခံနိုင်ဘူး အာ….
ဇွန်ဘီများကလည်း အပြင်ဘက်မှ ပြုံအောကာ လာနေကြလေရာ ထိုလူသုံးယောက်သည်လည်း အခြားဘာကိုမှ မတွေးနိုင်ကြတော့ပါပေ။ သူတို့၏ အထူးစွမ်းရည်ဖြင့်သာ တိုက်ပွဲအတွင်းသို့ ပူးပေါင်းဝင်ရောက်လာသည်။ သို့သော် တစ်ယောက်ချင်းစီတိုင်း၏ အခြားသောလက်တစ်ဖက်က ပြတင်းပေါက်နားမှ လက်ကိုင်ကို ကိုင်ထားကြလေသည်။
ရှုရှင်းသည်လည်း ကားမောင်းရန်သာ အာရုံစိုက်ထားမိလေရာ အခြားသော သုံးယောက်၏ အခြေအနေကို ဂရုမစိုက်ခဲ့ချေ။ ယန်မော့တို့ သုံးယောက်ကလည်း ကားအတွင်းမှ နှိပ်စက်မှု ဒဏ်ကို ခပ်မြန်မြန် အဆုံးသတ်ချင်သောကြောင့် သဘာဝလွန်စွမ်းအားများကို လက်တစ်ဖက်တည်းနှင့် ထုတ်ပြီး ရင်ဆိုင်နေကြသည်။
သို့သော် လက်တစ်ဖက်တည်းနှင့် ထုတ်သော အားကလည်း မနည်းပါးပါချေ။
ရှောင်းလုံတို့အသင်းထက်ပင် နာရီဝက်ခန့်စောပြီး မြန်ဆန်စွာ ရောက်ရှိသွားလေသည်။
ကားက ရပ်သွားသည်နှင့် ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ကားထဲမှ အပြေးထွက်ကာ လမ်းဘေးမှ သစ်ပင်ကို ကိုင်ပြီး အန်တော့သည်။ ယန်မော့၏ မျက်နှာကလည်း ဖျော့တော့နေသည်။
ရှုရှင်းက ကြားချင်သော ချီးကျူးစကားများကတင် လည်မြိုတွင် တစ်သွားသည်။
သူမယခုလေးတင် လုပ်ခဲ့သော ကျော့ရှင်းသော လှုပ်ရှားမှုများကို ပြန်တွေးမိပြီး ထိုသုံးယောက်၏ ဖြူဖျော့နေသော မျက်နှာကို မြင်ရသောအခါ ရုတ်တရက် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
“အဟမ်း ဒီမှာ လီမွန်သံပုရာအရသာ သကြားလုံး ပါးစပ်ထဲ ထည့်ငုံထားလိုက် ကောင်းသွားလိမ့်မယ်”
သူမက နေရာလပ်နယ်မြေထဲသို့ လှန်လှော ရှာဖွေချိန်တွင် သကြားလုံး တစ်အိတ်ကို တွေ့လာကာ ယန်မော့ကို နှစ်လုံးပေးသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကိုလည်း နှစ်လုံးစီသွားပေးသည်။
“အဟမ်း ရတယ် ရတယ် ငါတို့ အဆင်ပြေတယ်”
သူ၏ ဇနီးလေးက အပြစ်မကင်းသလို ဖြစ်နေကြောင်း မြင်သောအခါ ယန်မော့ကလည်း သူမ၏ ဆံပင်ကို အသာပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။
“အဟမ်း ဟုတ်တယ် မရီး မစိုးရိမ်နဲ့ ငါတို့ ဒီအတိုင်း ကားမူးတာ ကိစ္စကြီးကြီးမားမား မဟုတ်ဘူး စိတ်ထဲမထားနဲ့”
သို့သော် သကြားလုံးကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ သကြားလုံးက ပါးစပ်ထဲ ရောက်သွားမှသာ ပုရှန်းဝမ်သည်လည်း အသက်ပြန်ရှင်သလို ခံစားရပြီး ရှုရှင်းကို နှစ်သိမ့်ရသည်။
“ဟုတ်တယ် ပုရှန်းဝမ်ပြောတာ မှန်တယ်”
နှစ်သိမ့်ရန် စကားလုံးကို ထွေထွေထူးထူး မတွေးနိုင်သည့် မူချီမိုင်ကလည်း ပုရှန်းဝမ် ပြောသည့်အတိုင်းသာ လိုက်ပြောလိုက်သည်။
ရှုရှင်းကလည်း ထိုသုံးယောက်က သူမ၏ ကားမောင်းစွမ်းရည်ကြောင့် ကားမူးသွားသည်ဟု နှစ်သိမ့်ခံရပြီးနောက် နဂိုက အပြစ်မကင်းသော စိတ်က ပို၍ ရှုပ်ထွေးသွားသည်။
အစပိုင်းတွင်မူ ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ယန်မော့ကြောင့်သာ သူမကို အထူးတလည် ဂရုစိုက်ပေးကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်လည်း သူတို့ အတူရှိလာသည်မှာ ကြာလာသည့်အလျောက် မိတ်ဆွေ အရင်းအချာများ ဖြစ်လာသည်။ သူတို့သည်လည်း ပုံမှန်အားဖြင့် စကားများ ရန်ဖြစ်ကာ တိုက်ခိုက်တတ်ကြသော်လည်း သူတို့၏ အသက်အရွယ်နှင့် သူမက အသင်းထဲမှ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်နေသောကြောင့် ညီမငယ်လေးတစ်ယောက်ကဲ့သို့သော ဂရုစိုက်ကြလေသည်။
သူမက အမှားလုပ်သည့် တိုင်အောင် အပြစ်မတင်ကြပါချေ။ သူမက အတွေးလွန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမည်ကိုသာ စိုးရိမ်ပြီး နှစ်သိမ့်ကြလေသည်။
96 05
ရှုရှင်းသည် ရုတ်တရက် နှာခေါင်းက ကြိမ်းလာသလို ခံစားရပြီး ရုတ်တရက် မျက်လုံးက ရဲသွားသည်။
အာ…သူမတကယ်ကို ကံကောင်းတာပဲ
ရှောင်းလုံအသင်းမှ အဖွဲ့ဝင်များကလည်း ပုရှန်းဝမ်နှင့် မူချီမိုင်တို့က မည်သည့်အတွက်ကြောင့် ကားမူးပြီး အန်နေကြောင်း နားလည်ကြသည့်အလျောက် စာနာသနားသော အကြည့်မျိုး ပေးကြသည်။
ယခုလေးတင် သူတို့ နောက်ပြန်လှည့်ကြည့်ချိန်တိုင်းလိုလို သူတို့အနောက်မှ ကား၏ ကြမ်းတမ်းစွာ မောင်းနေပုံကို မြင်နိုင်သည်။ ယခုအခါ သူတို့၏ ကားမူးနေသော ဆိုးရွားသော ပုံစံကို မြင်လိုက်ပြီး သူတို့၏ နှလုံးသားထဲတွင် တိတ်တဆိတ် ဖယောင်းတိုင် ထွန်းပေးလိုက်သည်။
တစ်ချိန်တည်းတွင်ပင် သူတို့၏ အသင်းတွင် ယုံကြည်အားကိုး၍ ရသော ယာဉ်မောင်းများ ရှိသည့်အတွက် အလွန် ကံကောင်းသည်ဟု ခံစားလိုက်ကြရသည်။
နာရီဝက်ခန့် အနားယူပြီးနောက် သုတေသန ပညာရှင်များ ပိတ်မိနေသော နေရာသို့ ရောက်ရန်အတွက် တစ်ဆယ်ကီလိုမီတာခန့် လိုနေသေးသည့် အလျောက် ထိုနေရာသို့ ခပ်မြန်မြန်သွားလိုက်ကြသည်။
ယန်မော့တို့ လေးယောက်ကလည်း ကားမမောင်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် ရှုရှင်းအား ကားကို နေရာလပ် နယ်မြေထဲသို့ ထည့်သိမ်းခိုင်းလိုက်ပြီး သူတို့၏ တိရစ္ဆာန်များ ပေါ်သို့သာ တက်သွားလိုက်ကြသည်။
ကျားဖြူနှင့် ဝံပုလွေဖြူတို့ကလည်း သူတို့ကို သယ်ပေးသွားသည်။ ယခုကားစီးခဲ့သော အတွေ့အကြုံကလည်း သာယာခဲ့သည် မရှိပေ။ ထို့ကြောင့် ထိုအကောင်လေး လေးကောင်ကလည်း ကားကို မမြင်ချင်တော့ပါပေ။
ရှုရှင်းက ကားကို မမြင်ချင်တော့သည်မှာလည်း သူမဟာ ရှက်ပြီး မျက်နှာပူသောကြောင့် ဖြစ်သည်။ ယန်မော့ ပုရှန်းဝမ်နှင့်မူချီမိုင်တို့အတွက်ကမူ ကားကို မမြင်ချင်သည်မှာ နားလည်နိုင်သောသူက နားလည်နိုင်ပေလိမ့်မည်။
“အားကျတယ်လို့ ပြောရမှာတောင် ပင်ပန်းတ။ယ် အိုး…ငါလည်းဒီလို သားရဲမျိုး စီးချင်တယ်လေ အရမ်းကို ခမ်းနားတာပဲ”
လန်ကျင်းမင်က ကားပြတင်းပေါက်ကို မှီကပ်နေပြီး အနောက်ဖက်မှ ယန်မော့တို့၏ အသင်းကို ကြည့်ကာ အားကျမှု အပြည့်နှင့် ပြောသည်။ ကားထဲမှ အခြားသော သူများကဘာစကားမှ မပြောကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် အားကျစိတ်များကို မြင်နိုင်သည်။
“ငါတို့ အနာဂတ်မှာ တာဝန်ထွက်လုပ်တဲ့အခါ ဒီခြေအနေကို ဂရုတစိုက်ကြည့်ပြီး ငါတို့ဘာသာ တိရစ္ဆာန်တွေ ခေါ်နိုင်မလား ကြည့်ရမယ်”
ရှောင်းလုံသည်လည်း အားလုံး၏ မျက်လုံးထဲမှ အားကျစိတ်ကို မြင်သည်။ သူဟာ တစ်ခဏခန့် တွေးတောပြီးနောက် ပြောလိုက်သည်။
“အိုး…ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ”
လန်ကျင်းမင်က ဝမ်းသာအားရ ထအော်သည်။ သူသည် အဆုံးသတ်တွင် မည်သည့်တိရစ္ဆာန်မှ မရခဲ့လျှင်ပင် ရှောင်းလုံ၏ ပြောစကားကပင် သူတို့အားလုံးအတွက် အားဖြစ်စေသည်။
တစ်ဆယ်ကီလိုမီတာဆိုသော ခရီးက လမ်းအခြေအနေကြောင့် မိနစ်ငါးဆယ်ခန့်ပင် မောင်းရသည်။
ပန်းတိုင်၏ အပြင်ဘက်သို့ရောက်သွားသောအခါ ထိုနေရာကို အုံနေသော ဇွန်ဘီများကို မြင်ရသည်။ အတွင်းမှ လူများက ထွက်ပြေးရန် ကြိုးစားပြီး အာရုံစိုက်ခံရခြင်း ဖြစ်လောက်သည်။
ပို၍ထူးဆန်းသည်မှာ အတွင်းမှ လူများသည်လည်း ထိုနေရာတွင် ပုန်းနေကြခြင်း ဖြစ်သည်။ ထွက်လာသည့်အနံ့ကလည်း နည်းသည်။ သာမာန်အခြေအနေမျိုးတွင်ဆိုလျှင် အတွင်းမှ စားစရာကို မရနိုင်သည့်အခါ အပြင်ဘက်တွင် အကြာကြီးနေကြမည် မဟုတ်ပေ။
ယခုအခါ C မြို့ အခြေစိုက်စခန်းက စာကို ရရှိပြီးနောက် ရှောင်းလုံ၏အသင်းကို ကယ်ဆယ်ရန် ထွက်သွားခိုင်းခဲ့ပြီးနောက် သုံးရက်ပင် ကြာသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဇွန်ဘီများကမူ ဒီနေရာတွင် ဆက်ရှိနေသေးကတည်းက သာမာန်မဟုတ်တော့ချေ။
ယန်မော့ကလည်း တစ်စုံတစ်ရာက မှားနေကြောင်း ခံစားမိလိုက်ပြီး သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်မှ အခြေအနေကို စူးစမ်းရှာဖွေကြည့်သည်။ နောက်ဆုံးတွင် သူတို့နှင့် သိပ်မဝေးသော တစ်နေရာမှ အဆင့်လေး ဇွန်ဘီတစ်ကောင်၏ စိတ်စွမ်းအားကို ရှာတွေ့လိုက်သည်။
ထိုအဆင့်လေး ဇွန်ဘီကလည်း စိတ်စွမ်းအား အမျိုးအစား မဟုတ်ချေ။ သို့မဟုတ်ပါက ယန်မော့၏ စိတ်စွမ်းဖြင့် ထောက်လှမ်းမှုကို မသိစရာ အကြောင်းမရှိပါပေ။
“ဘယ်ဘက်အပေါ်ခြမ်း ကျောက်ပုံ အနောက်ဖက်မှာ အဆင့်လေး ဇွန်ဘီရှီတယ်”
ယန်မော့က ရှုရှင်းတို့ကို ရှောင်းလုံ၏ အသင်းနားသို့ ခေါ်သွားပြီး လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
“အဆင့်လေး ဟုတ်လား”
******