အခန်း ၉၉
Vol. 10 Ch. 99
99 01
အပိုင်း (၉၉) ငန်းတစ်ကောင်လို ရယ်ခြင်း
လျှန်ယာကျွင်း၏ အကြည့်က တိုက်ရိုက်ဆန်လွန်းသည်။ ယဲ့ယွီအန်းကလည်း သူမ၏ ရန်လိုသော အကြည့်ကို ချက်ချင်းသတိထားမိလိုက်သည်။ ထို့နောက် မျက်ခုံးကိုပင် ပင့်တင်၍ တုံ့ဆိုင်းမနေဘဲ ပြန်ကြည့်လိုက်သည်။ ဒါဟာ လျှန်ယာကျွင်း၏ ရန်လိုမှုကို အလေးအနက်မထားသော အမူအရာမျိုး ဖြစ်သည်။
ယန်မော့ကလည်း ယဲ့ယွီအန်းနှင့် လျှန်ယာကျွင်းတို့အကြားမှ ရန်ပွဲကို စိတ်မဝင်စားချေ။ သူသည်လည်း သူ၏စိတ်ထဲတွင် လျှန်ယာကျွင်းကို တိတ်တဆိတ်မှတ်သား ထားလိုက်သည်။
အပြန်လမ်းတွင် လျှန်ယာကျွင်းက အတော်လေး ပြဿနာရှာသေးသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ယန်မော့ဟာ ကြိုတင်မြင်နိုင်စွမ်းရည် ရှိသောကြောင့် တာဝန်ကို လက်ခံကတည်းက ကြိုတင်ကာ နေရာခွဲထားသည့်အချက်ကို လေးစားမိသွားသည်။ သို့မဟုတ်ပါက ထိုကဲ့သို့သော ကယ်ဆယ်ပေးခံရသည့် အမျိုးသမီး၏ ဆူညံနေပုံအရ ဒုက္ခရောက်လောက်သည်။
အခြေစိုက်စခန်းသို့ ပြန်ရောက်သွားသောအခါ ယန်မော့၏ အသင်းနှင့် ရှောင်းလုံတို့ အသင်းက ဂိတ်ပေါက်တွင်ပင် လူစုခွဲသည်။ ယန်မော့တို့ အဖွဲ့ကမူ စံအိမ်သို့ တိုက်ရိုက်ပြန်ပြီး ရှောင်းလုံတို့ အဖွဲ့ကမူ လူများကို ခေါ်ကာ တာဝန်ကို အပ်ရင်း ခေါင်းဆောင်များနှင့် သွားတွေ့ရသည်။
ဒီတာဝန်အတွက်ရရှိမည့် ဆုလာဘ်များကိုမူ မနက်ဖြန် မနက်မှသာ ပေးချေမည် ဖြစ်သည်။ ရှောင်းလုံကလည်း ပိုက်ဆံများအားလုံးကို သိမ်းယူသွားမည် မဟုတ်ပါပေ။
ထိုအချက်အပြင် အခြေစိုက်စခန်း၏ ခေါင်းဆောင်များကို ဖားယားမည့်အစား ယန်မော့တို့အဖွဲ့က စံအိမ်ကိုသာ ပြန်ပြီး သက်တောင့်သက်သာ ရေပူချိုး၍ ကောင်းကောင်း အနားယူရန် ရည်ရွယ်ထားကြသည်။
ယခင် ရက်အနည်းငယ်အတွင်းတွင် အခြားသော သူများကလည်း ရှိနေသေးလေရာ သက်တောင့်သက်သာရှိလွန်းသော RV ကို ထုတ်မသုံးရဲခဲ့ကြချေ။ သူတို့၏ ရွက်ဖျင်တဲက မည်မျှပင် ကောင်းမွန်နေစေကာမူ အိပ်ယာပေါ်တွင် အိပ်စက်ရသလောက် သက်တောင့်သက်သာ ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့သည်လည်း ရေမချိုးရဲဘဲ အဝတ်ဖြင့်သာ ကိုယ်ကို ပွတ်သပ်ခဲ့ရသည်။ ထို့ကြောင့် အတော်လေးကို မသက်မသာ ဖြစ်ခဲ့ရသည်။ သူတို့က စံအိမ်သို့ ပြန်ရောက်သည်နှင့် ရေချိုးလိုက်ကြသည်။
ထို့နောက် နေဝင်သည်အထိ တောက်လျှောက်အိပ်သည်။
“အင်း ငါဗိုက်ဆာတယ် ဗိုက်ဆာတယ်။ အခု ဗိုက်ဆာလွန်းလို့ ကျွဲတစ်ကောင်လုံးကိုတောင် စားနိုင်လောက်တယ်”
ရှုရှင်းက တစ်ချက်မလိုက်ပြီး ယန်မော့၏ ကိုယ်ပေါ်သို့ ဖိသည်။ သူမ၏မျက်လုံးကလည်း မပွင့်သေးဘဲ ငေးငိုင်စွာ ပြောသည်။
“မင်း ဒီည ဘာစားချင်လဲ ငါ အောက်ထပ်ဆင်းပြီ ချက်ပေးမယ်လေ”
ယန်မော့ကလည်း ပက်လက်လေးသာ လှန်နေလိုက်ပြီး ရှုရှင်းကို သူ၏ ကိုယ်ပေါ်တွင် လဲခိုင်းလိုက်သည်။ ထို့နောက် သူ၏ လက်ဖြင့် သူမ၏ ဆံပင်ကို ဖွနေရင်း ပြောသည်။
“အင်း အင်း မဟုတ်တာ နင်ရက်တွေအတွင်း အရမ်းတွေ ပင်ပန်းထားတဲ့ဟာကို နေရာလပ် နယ်မြေထဲမှာ ရှိတဲ့ဟာပဲ စားလိုက်မယ်လေ။ နင် ဘာများ စားချင်လဲ”
ထိုသို့ပြောရင်းမှ ရှုရှင်း၏ အိပ်ချင်စိတ်ကလည်း ပြေသွားပြီး စိတ်ကလည်း တဖြည်းဖြည်း ကြည်သွားသည်။
“အင်း…ငါ ဘဲကင်စားချင်တယ် ဆန်ပြားခေါက်ဆွဲနဲ့ ရောစားကြမလား”
“ရတယ်လေ ငါ့အချစ် ငါနင့်ရဲ့ တောင်းဆိုမှုကို ဖြည့်ပေးမယ်။ လာ…ငါ့ကို ကျေးဇူးပြုပြီး ထူပေးပါအုံး”
ရှုရှင်းက ဆိုးသွမ်းစွာ ပြောသည်။
“ကျွန်တော်မျိုးက အမိန့်ကို နာခံပါတယ်”
ယန်မော့ကလည်း ရှုရှင်း၏ မကြာခဏဆိုသလို ထထပြောသော ဟာသများကို ပူးပေါင်းပေးသည်။ တစ်ချိန်တည်းတွင်ပင် သူ၏ မျက်လုံးထဲတွင်လည်း မဲမှောင်သော အလင်းက တစ်ချက် လက်သွားပြီး သူ ညဖက်တွင်လည်း ရှုရှင်းအား သူ၏ နာမည်ကို အော်ခေါ်ခိုင်းလျှင်လည်း မဆိုးရှာလောက်ဟု တွေးနေလိုက်သည်။ အတွေ့အကြုံ အသစ်စက်စက်တစ်ခုပေါ့။
99 02
ရှုရှင်း၏စားသောက်လိုစိတ်ကလည်း လုံးဝ လှုံ့ဆော်ခံထားရသည်။ ထို့ကြောင့် သူမ၏ အသိစိတ်က နေရာလပ် နယ်မြေထဲသို့နစ်ဝင်ကာ အရသာရှိသော စားစရာများကို ရှာနေသောကြောင့် လူဆိုးတစ်ကောင်က သူမကို ပစ်မှတ်ထားနေကြောင်း သတိမထားမိသေးပေ။
တစ်ပတ်လုံးလုံး အပြင်သွားနေသည့်အပြင် ကောင်းကောင်းနားပြီး ရေမချိုးထားရသည့် အခြေအနေများအပြင် ကောင်းကောင်းလည်း မစားထားခဲ့ရသည့်အချက်လည်း ရှိသေးသည်။ တစ်ပတ်လုံးလုံး အဟာရရှိသော စားစရာများကို မစားရသည့်အခါ အရသာရှိသော စားစရာများကို တွေးမိရုံနှင့်တင် သရေက ကျချင်လာသည်။
“အင်း အခု ထလို့ရပြီ။ မဟုတ်ရင် မင်းရဲ့ တံတွေးတွေက ငါ့အပေါ် မြောတော့မယ်”
ရှုရှင်း၏ လောဘကြီးသော အကြည့်လေးကို ကြည့်ပြီး ယန်မော့က စသည်။
တံတွေးဆိုသော စကားကို ကြားသည်နှင့် ရှုရှင်းကလည်း အလိုလျောက်ပင် နှုတ်ခမ်းထောင့်ကို ထိကြည့်လိုက်သေးသည်။ မည်သည့် စိုစွတ်မှုကိုမှ မခံစားရပါပေ။
ထို့နောက် ခေါင်းကို ချက်ချင်းမော့ကာ ယန်မော့ကို စူးစိုက်ကြည့်သည်။ အိပ်ယာပေါ်မှ ချက်ချင်း ခုန်ထ၍ သူမ၏ တစ်ဆက်တည်း တွဲလျှက် ဒိုင်နိုဆော ညအိပ်ဝတ်စုံလေးကို လဲဝတ်ကာ အောက်ထပ်သို့ပြေးဆင်းသွားသည်။
အခန်းထဲမှ ထွက်သွားပြီးသည်နှင့် ရှုရှင်းက ပါးစပ်ကို အုပ်ကာ ရယ်သည်။
သူမယခု အဝတ်အစားလဲပြီးသောအခါ ယန်မော့၏ ဗီရိုထဲမှ အဝတ်အစားများအားလုံးကို နေရာလပ် နယ်မြေထဲသို့ ထည့်ထားလိုက်ပြီး သူမ ယခုဝတ်ထားသော တစ်စုံနှင့် တူညီသည့် one set ဒိုင်နိုဆော ညအိပ်ဝတ်စုံတစ်စုံတည်းကိုသာ ချန်ထားပေးခဲ့သည်။
ဟွန့်…ဘယ်သူက သူမကို သရေကျတယ်လို့ ပြောလို့လဲ။ ကိုယ်ထိုက်နဲ့ ကိုယ့်ကံဘဲ အရမ်းပဲ ရန်ငြိုးထားမှာ ….
ယန်မော့ကလည်း ဗီရိုတစ်ခုလုံးက ပြောင်ရှင်း၍ ဒိုင်နိုဆောညအိပ်ဝတ်စုံ တစ်စုံတည်းကိုသာမြင်ရချိန်တွင် အခြေအနေကို နားမလည်ဘဲ မနေပေ။ သူသည် ကူကယ်ရာမဲ့စွာ ခေါင်းကို ခါပြီး ရယ်လိုက်သည်။ ထို့နောက် ထိုဝတ်စုံကို ထုတ်ယူကာ ကောက်ဝတ်သည်။ ရုပ်ဆိုးသလိုလို ချစ်စရာကောင်းသလိုလို ဒိုင်နိုဆော ဝတ်စုံကလည်း သူ၏ ကိုယ်ပေါ်တွင် ကျော့ရှင်းစွာ ရှိနေသည်။ သူက အောက်ထပ်သို့ ထိုအတိုင်းဆင်းလာ၏။
ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကို အောက်ဖက်သို့ ရောက်ရှိနေပြီးသား ဖြစ်သည်။ ရှုရှင်းက အရင်ဆင်းလာကြောင်း မြင်သောအခါနည်းနည်း အံ့ဩသွားသည်။ ပုံမှန်အတိုင်းဆိုလျှင် ရှုရှင်းနှင့် ယန်မော့တို့က အတူဆင်းလာနေကျဖြစ်သည်။ သို့မဟုတ်လျှင်လည်း ယန်မော့က အရင်ဆင်းလာသည်။ သို့သော် ဒီနေ့တွင်မူ ပုံမှန်မဟုတ်ပေ။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ယန်မော့ ဝတ်ထားသောဝတ်စုံကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် ပုရှန်းဝမ်၏ ပါးစပ်ထဲမှ ရေများက ချက်ချင်း ပန်းထွက်သွားသည်။ မူချီမိုင်၏ ရေခွက်ကပင် အောက်ဘက်သို့ ချော်ကျ၏။ သူ၏ခြေထောက်ကို ထိသွားသည့်တိုင်အောင် သူဟာ မတုန့်ပြန်နိုင်ခဲ့ချေ။
“ဖူး….ဟားဟား ဟား”
ယန်မော့က သူမ အထူးတလည် ချန်ထားပေးသော ဝတ်စုံကို ဝတ်လာကြောင်း မြင်သောအခါ ရှုရှင်းက သဘောတကျ အော်ရယ်သည်။
ယန်မော့ ဒီလို ဝတ်စားတာကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး။ နှစ်တစ်သန်းမှာတောင် တစ်ခါ မြင်ဖို့ခက်တယ်။
ရှုရှင်းက သဘောတကျ အော်ရယ်နေသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ထိုအခါမှသာ အသိပြန်ဝင်ကြသည်။ နှစ်ယောက်လုံးက ရယ်ချင်စိတ်ကို မထိန်းနိုင်ကြတော့တော့ဘဲ အတတ်နိုင်ဆုံး အော်မရယ်မိအောင် အသံကို ထိန်းပြီး ရယ်ကြသည်။
သူတို့ အော်ရယ်လိုက်မိသည်နှင့် ကုန်လွန်ခဲ့သော နှစ်များအတွင်း ရှင်သန်ခဲ့သမျှ ကြိုးစားအားထုတ်မှုများက အလကားဖြစ်သွားပေလိမ့်မည်။
ထိန်းထားရမယ်….
ကံဆိုးစွာဖြင့် နှစ်ယောက်လုံးက မထိန်းနိုင်ခဲ့ချေ။
“ဟားဟား ဟားဟား ဟားဟား”
99 03
“ဟားဟား ဟား”
လူလေးယောက်ထဲတွင် ပါဝင်ပတ်သက်သူ ဖြစ်သော ယန်မော့ကသာ တည်ငြိမ်နေပြီး ထမင်းစားခန်းနားသို့ ခပ်အေးအေး လျောက်သွားသည်။ သူ့ကို ရယ်နေသည်ကို သတိမထားသည့်အလားပါပေ။
“လုံလောက်ပြီထင်တယ်။ မင်းတို့ ဆက်ရယ်နေမယ်ဆိုရင် မနက်ဖြန်ကျရင် မင်တို့ကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးမှ ဖြစ်တော့မယ်”
“ဟုတ်ကဲ့ မော့ကော”
မူချီမိုင်နှင့် ပုရှန်းဝမ်တို့ နှစ်ယောက်လုံး၏မျက်နှာက ချက်ချင်းတည်သွားသည်။ တစ်စက္ကန့်သာ နောက်ကျသွားခဲ့ပါက အထူးလေ့ကျင့်မှုကြီးက စောင့်ကြိုနေမည်ကို ကြောက်ကြသည်။
သူမနှင့်အတူ မည်သူကမှ မရယ်တော့သည့်အခါ ရှုရှင်းကလည်း မျက်နှာပြန်တည်လိုက်ရသည်။
သိသိသာသာပင် တူညီသော အဝတ်အစား ဖြစ်သည်။ သို့သော် ရှုရှင်းနှင့် ယန်မော့တို့ ဝတ်ထားသည်က မတူညီသော ခံစားချက်ကို ပေးစွမ်းလေသည်။ ရှုရှင်း၏ဝတ်စုံက လူအများအား ရူကြောင်ကြောင်အလှလေးဟု ခံစားရစေပြီး ယန်မော့၏ ဝတ်စုံကမူ ထည်ဝါကာ ကျော့ရှင်းသည့် အထက်တန်းလွှာအမျိုးကောင်းသား နှင့်တူသည်။ ထို့အပြင် ယန်မော့၏ ဆံပင်ကလည်း ဒီနေ့ အထူးတလည် မဖီးထားချေ။ ပွယောင်းယောင်းကျနေသော ဆံပင်က နဖူးကို အုပ်နေသည်။ ထို့ကြောင့် သူ့ကို ပို၍ ငယ်ရွယ်သွားစေသည်။
စားသောက်ပြီးနောက် ရှုရှင်းတို့ကလည်း ယန်မော့က ထိုဝတ်စုံကို ဝတ်ဆင်ထားသည်ကို ကျင့်သားရသွားသည်။ သူတို့အကြားတွင် ထူးခြားသည့်သဟာဇာတ ဖြစ်သော အနေအထားမျိုးကိုပင် မြင်ရသည်။
ညဘက်တွင် ရှုရှင်းက ယန်မော့ကြောင့် အိပ်ယာပေါ်တွင် ဖိချခံရသည်။ ပန်ကိတ်ကဲ့သို့ မှောက်လိုက် လှန်လိုက် ထပ်ခါတလဲလဲ ကြုံဆုံရပြီး အသံကပင် ဩရှလာသည်။ သို့သော် ယန်မော့ကမူ သူမကို သနားညှာတာမှုအပြည့်နှင့် မလွှတ်ပေးသေးချေ။ ထို့အစား ပို၍သာတက်ကြွလာသည်။ ခါးမှ လှုပ်ရှားမှုကလည်း ပို၍သာ ပြင်းပြီး မြန်ဆန်လာသည်။
နောက်ဆုံးအသိစိတ် မလွတ်သွားခင်လေး ရှုရှင်း၏ တစ်ခုတည်းသော အတွေးက X မှ အချိန်ကာလ ကြာရှည်စွာ ချုပ်ထိန်းခံထားရသော အမျိုးသားကို သွားရှုပ်၍ မရဆိုသော စကားဖြစ်သည်။
သူမသည် တစ်ညလုံး မှောက်လိုက် လှန်လိုက် ဖြစ်နေခဲ့ပြီး နောက်တစ်နေ့ ညနေအထိသာ ဆက်အိပ်တော့သည်။ တစ်ကိုယ်လုံးကလည်း အားနည်းပြီး တင်းကြပ်နေသလို ခံစားရ၏။ ယန်မော့က နေ့လည်စာ ယူလာကျွေးရသည်။
ရှုရှင်းက အိပ်ယာထဲတွင် တစ်နေ့လုံး နေနေသည်။ ယန်မော့ကလည်း အပြင်သို့ထွက်ကာ ရှောင်းလုံထံမှ ဆုကို သွားစစ်ကြည့်လိုက်သည်။ အခြေစိုက်စခန်းက သူတို့အား စွမ်းအင်အမှတ် နှစ်သောင်းပေးသည်။ ထို့အပြင် ထိုနှစ်ဖွဲ့လုံးအား သိမ်းယူထားသည့် အိမ်များတွင် အမြဲနေထိုင်ခွင့်ကို ပေးထားလေသည်။
ယခင်က သဘောတူထားသည့်အချက်အတိုင်းပင် အခြေစိုက်စခန်းမှပေးသော ဆုလာဘ်များကို သူတို့အဖွဲ့က လေးဆယ်ရာခိုင်နှုန်းသာ ယူမည် ဖြစ်သည်။ ထို့ကြောင့် ရှစ်ထောင်ယူလိုက်သည်။ ထို့အပြင် လမ်းတောက်လျှောက်သတ်ခဲ့သည့် ဇွန်ဘီများ၏ သလင်းအမြူအတေများလည်း ပါသည်။
သူတို့သည် အရင်တစ်ခေါက်က ထိုခိုလှုံရေးနယ်မြေမှ ဇွန်ဘီပေါင်းများစွာကို သတ်ခဲ့သေးပြီး အမြူအတေများအားလုံးကိုလည်း အရထုတ်ခဲ့ကြသည်။
အဆင့်လေးဇွန်ဘီ၏ သလင်းအမြူအတေကို ဖယ်ထားလိုက်လျှင် အားလုံးပေါင်း သလင်းအမြူအတေ တစ်သောင်းငါးထောင်အထိ ရှိသည်။ သူတို့သည်လည်း ထိုအရာများအားလုံးကို အခြေစိုက်စခန်းကို အပ်ရန် မလိုအပ်ပေ။ ထိုပစ္စည်းများအားလုံးကို သူတို့ပိုင်သည်။ အဆင့်လေး ဇွန်ဘီ အမြူအတေက ထူးခြားသည့် တည်ရှိမှု ဖြစ်နေသောကြောင့် မည်သို့ခွဲဝေပေးမည် ဆိုသော ကိစ္စက ဖြစ်လာသည်။
အဆင့်လေးအဆင့် အရှိန်အမျိုးအစားသလင်းအမြူအတေဖြစ်သည်။ နှစ်သင်းလုံးတွင်လည်း ထိုအဆင့်အမျိုးအစား မရှိပေ။ သို့သော်လည်း အဆင့်လေးဆိုသောအရာက နည်းနည်းကိုင်တွယ်ရခက်ခဲစေသည်။
ယန်မော့နှင့် ရှောင်းလုံက သေချာဆွေးနွေးလိုက်ပြီးနောက် ရှောင်းလုံကိုသာ ထိန်းသိမ်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူကသာ လဲလှယ်လိုသည့်လူနှင့် တွေ့ခဲ့လျှင် အခြားသော အခြေပြုစွမ်းအားများနှင့် လဲပြီး ခွဲပေးပေးမည်။
99 04
ကျန်သော ပထမမှ ဒုတိယအဆင့် ဇွန်ဘီ အမြူအတေများကို နှစ်သင်းကြား ခွဲယူလိုက်သည်။
အံ့အားသင့်စရာကောင်းစွာပင် ဒုတိယအဆင့် စိတ်စွမ်းအားသလင်းအမြူအတေ နှစ်လုံးကို တွေ့ရသည်။ ထို့ကြောင့် ယန်မော့ကလည်း ထိုနှစ်လုံးကို ယူသွားသည်။ ရှောင်းလုံကလည်း လက်ခံသည်။ အခြေပြုစွမ်းအားနှင့် သလင်းအမြူအတေများကလည်း အသီးသီးသော သူများကသာ အသုံးပြုနိုင်ကြသည်။ ထို့ကြောင့် တူညီသော ပမာဏကို တွေ့သည်နှင့် ထိုစွမ်းအားကို ပိုင်ဆိုင်သောသူက ယူနိုင်သည်။ နှစ်ဖက်လုံးတွင်လည်း မီးစွမ်းအား အခြေပြုစွမ်းအား ရှိသူများ ရှိနေသည်။ ထို့ကြောင့် အညီအမျှခွဲကာ ယူလိုက်သည်။ ကျန်သော ပစ္စည်းများကိုမူ ညီတူမျှတူ ခွဲကြသည်။ မည်သူကမှလည်း ပိုယူသည် လျော့ယူသည်ဟူ၍ မေးခွန်းထုတ်စရာမရှိပါပေ။
ရှုရှင်းက နောက်ဆုံးတွင် နှစ်ရက်လုံးလုံး လဲပြီး သက်သာလာသည်။ အောက်ထပ်သို့ ဆင်းပြီးနောက်တွင် လေ့ကျင့်ချိန်ကျနေကြောင်း မြင်လိုက်ရသည်။ သို့သော် မူချီမိုင်နှင့်ပုရှန်းဝမ်တို့ကမူ ဆင်းမလာကြသေးပေ။
“ဟင် ထူးဆန်းလိုက်တာ အဲဒီနှစ်ယောက် ဘာလို့ မလေ့ကျင့်တာလဲ”
ရှုရှင်းကလည်း မေးစေ့ကို လက်ထောက်ပြီး မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသော ယန်မော့ကို ထိုင်ကြည့်နေသည်။
“မနေ့က ငါ အပြင်ထွက်ပြီး ဒီတာဝန်အထွက် ဆုသွားယူတာ။ သူတို့နှစ်ယောက် အချိန်ယူပြီး စွမ်းအင်တွေကို စုပ်ယူနေတာဖြစ်လိမ့်မယ်။ သလင်းအမြူအတေထဲက စွမ်းအင်တွေကို စုပ်ပြီးသွားပြီးရင်တော့ သူတို့တွေ တတိယအဆင့် အထွတ်အထိပ်ကိုတော့ တက်နိုင်လောက်ပြီ”
ယန်မော့၏ အသံက မီးဖိုခန်းထဲမှ လာသည်။
“အိုးဒါဆိုရင် နင်လည်း ဒါပြီးရင် အဆင့်လေးကို တက်တော့မှာပေါ့”
“အင်း တက်နိုင်လောက်တယ်။ ငါကံကောင်းတာလေ ဒီတစ်ခေါက် သတ်ခဲ့တဲ့ဇွန်ဘီတွေထဲမှာ ဒုတိယအဆင့် စိတ်စွမ်းအား ရှိတဲ့ ဇွန်ဘီ နှစ်ကောင်ပါတော့ အမြူအတေ နှစ်လုံးရလာတာပေါ့”
သက်တောင့်သက်သာရှိသော နေရာတွင် ရွေးထိုင်ပြီးနောက် ယန်မော့ကလည်း သူမ၏ မေးခွန်းကို ဖြေပေးသည်။ သူဟာ လက်ထဲမှ အလုပ်ကိုလည်း သေချာလုပ်နေသေးပြီး မေးခွန်းကို ဖြေပေးနေခြင်း ဖြစ်သည်။
“အင်း”
ရှုရှင်းက သက်ပြင်း အသာချသည်။
သူမသည် နှစ်ရက်လုံးလုံး အပြင်မထွက်နိုင်ခဲ့ပေ။ သူမကမူ မည်သည့်စွမ်အားမှ မရှိသော သလင်းအမြူအတေများကို စုပ်ယူပြီး သူမ၏အင်အားကို မြင့်တင်နေရင်းဖြင့် အခြားသောသူများကို လိုက်မှီနိုင်တော့မည် မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် တစ်ကြိမ်တွင် ခြေတစ်လှမ်းသာ လှမ်းရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ လက်ရှိ အခြေအနေအရ အလွန်အမင်းကို မသက်မသာ ဖြစ်ပြီး လွန်ဆွဲလာသည်။
မီးဖိုခန်းထဲတွင် အလုပ်လုပ်နေသော ယန်မော့ကလည်း လုပ်လက်စကို ခပ်မြန်မြန် အဆုံးသတ်ပြီးနောက် ဟင်းများသယ်ကာ ထွက်လာသည်။ ရှုရှင်းက ထမင်းစားစားပွဲပေါ်တွင် မှောက်ပြီး ဆားစိမ်ငါးကဲ့သို့ အိပ်မက်ပျောက်နေသူ ဖြစ်နေကြောင်း မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ။ မင်းအခုလေးတင် အဆင်ပြေနေတာကို ပါးစပ်သေးသေးလေးကို ဆူပုတ်ပြီး ဘာတွေ စိတ်ကောက်နေတာလဲ”
ဟင်းပန်းကန်များကို ချပြီး နောက်တွင် ယန်မော့က အနားသို့သွားကာ ရှုရှင်း၏ နှာခေါင်းလေးကို သွားညှစ်သည်။
“ငါ နင်တို့ သုံးယောက်ကြောင့် အလဲထိုးခံရတော့မယ်လို့ ခံစားနေရတယ်။ ထိပ်တန်းကျောင်းသားတွေရှိတဲ့ အဆောင်းခန်းထဲမှာ လာနေရသလိုပဲ။ သာမာန်ကျောင်းသားလေးက တကယ်ကို သနားစရာ ကောင်းပါတယ်”
“သဘာဝလွန်စွမ်းအားအကြောင်း တွေးမနေနဲ့။ မင်းရဲ့ အရှိန်နှုန်းအတိုင်းပဲသွား ငါတို့အတွက် အလုပ်ဖြစ်တဲ့နည်းက မင်းအတွက် အလုပ်မဖြစ်ဘူးလေ။ နောက်ပြီး ရှင်းပေါင် မင်းရဲ့ စွမ်းရည်က ငါတို့နဲ့ လုံးဝခြားနားတယ်ဆိုတာ မေ့နေတာလား။ အဲဒီအတွက်ကြောင့် ဖြစ်မှာပါ။ ဒါကြောင့် မင်းရဲ့ စွမ်းရည်အဆင့်တက်နှုန်းက ငါတို့လောက် မမြန်တာ”
ရှုရှင်း၏ ယန်မော့၏ မျက်လုံးထဲမှ လေးနက်တည်ကြည်မှုကို ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲမှ သည်းမခံနိုင်သော ခံစားချက်ကလည်း ချော့မြူခံရသကဲ့သို့ ပျောက်သွားသည်။ ထိုခံစားချက်က ပျောက်သွားသည်နှင့် သက်တောင့်သက်သာရှိသော ခံစားချက်ကသာ ဝင်ရောက်လာသည်။ အရာသာရှိသော ဟင်းများကို ရင်ဆိုင်ရသည့်အခါ ခေါင်းကိုသာ ငုံ့ပြီး စားသောက်တော့သည်။
99 05
စားသောက်ပြီးသည်နှင့် ရှုရှင်းကလည်း ယန်မော့၏ စကားကို နားလည်သွားသည်။ ကိုယ်ပိုင် အရှိန်နှုန်းအတိုင်း သလင်းအမြူအတေကို စုပ်ယူရန် စီစဉ်ရပေမည်။
သူမက တတိယအဆင့်သို့ တက်ထားသည်မှာ မကြာသေးပေ။ အချိန်တိုအတွင်း အဆင့်တက်လိုလျှင် အိပ်မက်မက်နေခြင်း ဖြစ်ရပေမည်။ သူမသည်လည်း ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် အလုပ်လိုပေ။ ထို့ကြောင့် ညစာစားပြီးသည်နှင့် ခပ်အေးအေးသာ နားလိုက်ပြီး သူမအတွက်ပေးထားသော သလင်းအမြူအတေများကိုသာ ခပ်အေးအေးစုပ်ယူရန် ဆုံးဖြတ်လိုက်သည်။
အချိန်ကြာလာသောအခါ ယန်မော့ ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ကျင့်ကြံရန်အတွက် စိတ်နှစ်မြုပ်နေသောအခါ သူမတစ်ယောက်တည်းကသာ ကျန်တော့သည်။ သုံးလေးရက်ကြာသည့်တိုင်အောင် သူတို့က မထွက်လာကြသေးပေ။
ထိုစံအိမ်ကြီးထဲတွင် ရှုရှင်းတစ်ယောက်တည်းကသာ ရှိနေသကဲ့သို့ ဖြစ်လာသည်။ ရှင်းလင်းသော အိမ်ထဲတွင် ရှုရှင်းကလည်း နည်းနည်း မသက်မသာ ဖြစ်လာပြီး အိပ်ခန်းထဲတွင်သာ နေကာ ယန်မော့နှင့် တူညီသော နေရာတွင်သာ နေနိုင်အောင် ကြိုးစားသည်။ သူမသည်လည်း ယန်မော့ကို သွားပြီး အနှောက်အယှက် မပေးဘဲ တိတ်တဆိတ်သာ နေနေသည်။ သူမ၏ ကိုယ်ပိုင်အလုပ်ကိုသာလုပ်နေသည်။
ယခုတလော သူမယခင်က နေရာလပ်နယ်မြေထဲတွင် စုဆောင်းထားသော ဒီဂျစ်တယ်ပန်းချီများနှင့် အရောင်ဆေးသုတ်နိုင်သော ပစ္စည်းများကို ရှာတွေ့ထားသည်။ သူမ၏ ကိုယ်ပိုင်ဆေးသုတ်နိုင်သော စွမ်းရည်က အကန့်အသတ်နှင့် ဖြစ်သော်လည်း အရောင်ချယ်ရာတွင် အကန့်အသတ်မရှိပေ။
ဒီတစ်ကြိမ်တွင် ဆီဆေးပန်းချီနှင့် ထိုအရောင်သုတ်နိုင်သော အရာများကလည်း အချိန်ကို ကုန်ဆုံးရန် အကောင်းဆုံး အကူအညီ ပေးနိုင်လေသည်။ မည်သည့်အသံမှလည်း မထွက်သည့်အတွက် ယန်မော့ကို အနှောက်အယှက် ဖြစ်စေလိမ့်မည် မဟုတ်ပေ။ သူမကိုလည်း စိတ်အေးစေနိုင်သည်။
ငါးရက်မြောက်နေ့တွင် ယန်မော့က သလင်းအမြူအတေများအားလုံးကို စုပ်ယူ၍ ပြီးသွားသည်။ သူသည် ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်ထဲမှ စွမ်းအင်များက အဆင့်တက်ရန် အရေးကြီးသော အချက်အချာကျသည့် နေရာသို့ ရောက်နေကြောင်း ခံစားလိုက်ရသည်။
ကိုယ်ထဲတွင် အကာအကွယ် အရံအတားအချို့က ဖျောင်းကနဲ ကွဲအက်သွားသကဲ့သို့ ဖြစ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးက နွေးထွေးသွားလေသည်။ သူ၏ စိတ်စွမ်းအားကလည်း ထိန်းချုပ်မှု ကင်းစွာဖြင့် ဖြန့်လွှတ်လိုက်ပြီး စံအိမ်နှင့် ဝေးကွာသော နေရာအထိ ပြန့်လွင့်သွားလေသည်။
ကံကောင်းမှုက ရှိနေသည်လား မသိ စိတ်စွမ်းအားကို ဖြန့်လိုက်သည်နှင့် ပိုင်မိသားစု စံအိမ်နားသို့ ကွက်တိရောက်သည်။
ပိုင်ကျန်းချူက ရွံရှာဖွယ်ကောင်းသော ရှုံ့တွနေသော မျက်နှာကြီးနှင့် ရှိနေကြောင်း မြင်ရသောအခါ ယန်မော့၏စိတ်စွမ်းအားကလည်း ပိုင်မိသားစုစံအိမ်ထဲတွင် စက္ကန့်အနည်းငယ် ပိုကြာရှည်အောင် ဖြန့်ကျက်ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် ပိုင်မိသားစု စံအိမ်တွင် ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခုကို မြင်ရသည်။ ဒါဟာ ဒီတစ်ခေါက် သူတို့ ကယ်ဆယ်ခဲ့သည့် ပစ်မှတ်ထဲမှ လျှန်ပေ့ဖြစ်သည်။
ဘယ်လိုဖြစ်ပြီး သူက ပိုင်မိသားစုကို ရောက်နေတာလဲ။
လျှန်ပေ့နှင့် အသင်းက အခြေစိုက်စခန်းသို့ ပြန်ရောက်ကာစဖြစ်သည်။ ယေဘုယျ ကျကျ ပြောရသော် မရင်းနှီးသင့်ပေ။
ရက်အနည်းငယ်တည်းနှင့်တင် လျှန်ပေ့က ပိုင်မိသားစုမှ ဧည့်သည်ဖြစ်နိုင်ရုံသာ မကသေးလေဘဲ ပိုင်ရှန်းတိ၏ စာကြည့်ခန်းထဲတွင်ပင် ဝင်ကာ အကြောင်းအရာများကို ဆွေးနွေးနေသည်။ စာကြည့်ခန်းဆိုသော နေရာမျိုးက အလွန်အမင်း ယုံကြည်သော သူများအတွက်သာ ဖွင့်လှစ်ပေးထားသော အရာမျိုး ဖြစ်လေသည်။
လျှန်ပေ့က ပိုင်ရှန်းတိ၏ ယုံကြည်မှုကို ရရှိရန် မည်သို့ ပြုလုပ်ခဲ့ကြောင်း မသိနိုင်ပေ။ ကြည့်ရသည်မှာ သူတို့ ကယ်ခဲ့သော ပါမောက္ခလျှန်ကလည် အရင်းအမြစ်စုံပုံ ရသည်။
******