← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

101 01

အပိုင်း (၁၀၁) အဖြောင်ကောင်တစ်ယောက်၏ ခံစားချက်ပိုင်းဆိုင်ရာ ဉာဏ်ရည်

“မော့ကော အခြေစိုက်စခန်းထဲက ပိုင်မိသားစုရဲ့နေရာက အမြဲတမ်း ကိုးရိုးကားရားဖြစ်နေတာ။ အခု လျှန်ပေ့က သုတေသန ကျောင်းဆောင် နဲ့ ဆက်ဆံရေးတစ်ခု ရလာပြီဆိုတော့ သူတို့ရဲ့ ထောင်လွှားမှုက ပိုပြီး ဆိုးလာမှာကို ကြောက်ရတယ်။ လျှန်ပေ့ကသာ တစ်စုံတစ်ရာကို တကယ်ပဲ ရှာတွေ့နိုင်ခဲ့မယ်ဆိုရင် အခြေစိုက်စခန်းရဲ့ အခြားအကြီးအကဲပိုင်းတွေကလည်း သူတို့ဘက်က ရပ်တည်ပေးလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့အတွက် အခြေနေ မကောင်းနိုင်ဘူးမလား”

မူချီမိုင်၏ စကားလုံးများက ပုရှန်းဝမ်၏ သံကြေးတက်နေသော ဦးနှောက်ကို နိုးထသွားစေသည်။ သူသည် ခန္ဓာကိုယ်ကို တဝက်ထိန်းထားလိုက်ပြီး ဦးနှောက်ကိုလည်း အလုပ်ပြန်လုပ်ခိုင်းလိုက်သည်။

“လျှန်ပေ့က သူ့အလုပ်ကိုပဲ အာရုံစိုက်ပြီး သုတေသနကိုတောင် စိတ်မဝင်စားတဲ့ပုံပဲ။ ဘယ်လိုကြောင့်များ တစ်ခုခုရှာဖွေနိုင်မှာလဲ”

ရှုရှင်းကလည်း လတ်လတ်ဆတ်ဆတ် ညှစ်ထားပြီးနောက် လိမ္မော်သီး ဖျောရည်ကို သောက်နေရင်းမှ ပိုက်ကို ကိုက်ရင်းပြောသည်။

“ဟုတ်တယ် သူတို့က ဒီအတိုင်း ကျောက်စရစ်ခဲလေးတွေပါပဲ။ ကြောက်စရာ မရှိဘူး။ ပိုင်မိသားစုက အရင်တစ်ခေါက် ငါတို့ စံအိမ်ထဲကို ဝင်ခဲ့တဲ့ စာရင်းကိုတောင် မရှင်းရသေးဘူး။ သူတို့လည်း လူလိုသူလို နားလည်ပြီး အနိုင်ကျင့်ခံဖို့ ငါတို့ဆီ လာမရှာရင် ကောင်းမယ်လို့ မျှော်လင့်တယ်”

ယန်မော့က ရှုရှင်း၏ ပိုက်ကိုက်နေသော အမူအရာကို သဘောမကျသလို ကြည့်သည်။ ယန်မော့၏ အကြည့်ကို လက်ခံရရှိကတည်းက ရှုရှင်းကလည်း ပါးစပ်ထဲမှ ကိုက်နေသော ပိုက်ကို အသိစိတ်အပြည့်နှင့် ထုတ်လိုက်ပြီး ဘာမှ မဖြစ်သလို ဟန်ဆောင်နေလိုက်သည်။

“ဟုတ်တယ် လျှန်ပေ့ကို ငါတို့က ကယ်ဆယ်ပြီးကာစ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှာတော့ ပြတ်ပြတ်သားသား ဖြစ်တဲ့အထိတော့ အတိုက်အခံ မလုပ်ရဲပါဘူး။ အဲဒီလို လုပ်လာခဲ့မယ် ဆိုရင်လည်း သူ့ရဲ့ အခြေစိုက်စခန်းအတွင်းက ဂုဏ်သတင်းအပေါ် အများကြီး သက်ရောက်သွားမှာ။ လျှန်ပေ့က သူ့ရဲ့ ဂုဏ်သတင်းကို အရမ်းဂရုစိုက်မဲ့လူမျိုး သူက သူကိုယ်တိုင်အပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိစေမဲ့ အရာမျိုးကို မလုပ်လောက်ဘူး”

ပုရှန်းဝမ်က lazy ဆိုဖာ အနောက်ဖက်သို့ ပြန်မှီလိုက်ပြီး လျှန်ပေ့၏ အကျင့်စရိုက်အကြောင်းကို ခွဲခြမ်းစိတ်ဖြာပြသည်။

“သူ့ရဲ့ မြေးမကသာ ရှောင်းလုံကို တကယ်ချစ်သွားခဲ့တာ ဆိုရင်တော့ အဲဒီဘက်ပိုင်းကို ပိုပြီး အားစိုက်ထုတ်မယ်ထင်တယ်”

တစ်ယောက်ဆိုဖာခုံတွင် တစ်ယောက်တည်းထိုင်နေသော မူချီမိုင်က ရုတ်တရက် ထပြောသည်။

“ဟေ့ နေအုံး နေအုံး မင်းအခုတလော ကိုးရိုးကားရား အရာတစ်ခုခုများ ပူးနေတာလားလို့ ငါကြည့်အုံးမယ်”

Lazy ဆိုဖာပေါ်တွင် လှဲနေသော ပုရှန်းဝမ်က ရုတ်တရက် ထထိုင်ကာ မူချီမိုင်ဆီသို့ အပြေးသွားပြီး အပေါ်အောက် ကြည့်လိုက်သည်။

“ပုရှန်းဝမ် ဘာလုပ်တာလဲ”

မူချီမိုင်က မျက်မှောင်ကို ကြုံ့ပြီးပုရှန်းဝမ်၏ ခေါင်းကို လိုက်ဖွနေသော လက်ကို ဖယ်ထုတ်ကာ အံကြိတ်သံနှင့် ပြောသည်။

“ဖယ်စမ်း ဖယ်စမ်း မင်းကိုင်တာက အရမ်းပြင်းနေပြီ။ ငါ့ရဲ့ လက်ကောက်ဝတ်ကျိုးတော့မယ်”

ပုရှန်းဝမ်က ရုန်းကန်ပြီးနောက် မူချီမိုင်၏ လက်ထဲမှ လွတ်အောင် ရုန်းသည်။

“မင်းအခု ဘာလုပ်လိုက်တာလဲ”

“မင်းက အခြားသူတွေရဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရုတ်တရက်ကြီး ထပြီး ခွဲခြမ်းစိတ်ဖြာပြနေတာ ငါကြားလိုက်လို့လေ။ မင်း လုံးဝကို ပုံမှန်မဟုတ်တော့ဘူး။ မင်းကို ညစ်ပတ်တဲ့ အရာတစ်ခုခုများ ဝင်ပူးနေတာလားလို့ ငါ ကြည့်ရမှာပေါ့”

“ဘာဖြစ်လို့လဲ”

“လာစမ်းပါ အရာအားလုံးက ပုံမှန်ပဲ ဟုတ်ပြီလား။ မင်းက ရုတ်တရက်ကြီး လျှန်ပေ့ရဲ့ မြေးမက ရှောင်းလုံကို ကြိုက်နေတဲ့အကြောင်းကို ပြောလိုက်နိုင်မယ်လို့ မျှော်လင့်ထားတာလေ။ ဒါက မင်းရဲ့ ပုံမှန် အဖြောင့်ကောင် အကျင့်စရိုက်နဲ့မှ မသက်ဆိုင်တာ”

101 02

“ငါက ဖြောင့်တာ မှန်တယ်။ ကန်းနေတာ မဟုတ်ဘူး။ အပြန်လမ်းမှာလဲ ဒီလောက်ထိ သိသိသာသာ လုပ်ဆောင်ပြနေတာလေ။ ငါသာ မမြင်နိုင်သေးဘူးဆိုရင်တော့ ငါ့ရဲ့ ဦးနှောက်က ပြဿနာရှိနေတာသေချာပြီ”

မူချီမိုင်၏ မျက်နှာက ဖြူစုတ်သွားသည်။ သူ၏ လေသံကလည်း ကြမ်းတမ်းလာသည်။ သူသည် ပုရှန်းဝမ်ကို သေအောင် လည်ပင်း ညှစ်သတ်ချင်သွားသည်။

“အင်း ကောင်းပြီလေ မင်းငါ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြစ်တင်လို့တော့ မရဘူး။ အဓိက အားဖြင့် မင်းရဲ့ ပုံမှန်အားဖြင့် ‘ငါ့အနားကို မကပ်နဲ့’ ဆိုတဲ့အပြုအမူကြောင့် မင်းက ဒါမျိုးတွေ နားမလည်ဘူးလို့ ထင်တာပေါ့”

“…”

ပုရှန်းဝမ်က အပြစ်ကင်းစွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြသည်။ သူပြောသော စကားကမူ မူချီမိုင်အား နင်သွားစေပြီး ပြန်မပြောနိုင်လောက်အောင် ဖြစ်သွားစေသည်။

ရှုရှင်းကလည်း ယန်မော့၏ လက်မောင်းကြားထဲ ခေါင်းမြုပ်ထားသည်။ သူမ၏ ခန္ဓာကိုယ်က ရယ်နေသောကြောင့် လှုပ်ခါနေသည်။ သူမသည် အတတ်နိုင်ဆုံး အသံမထွက်အောင် ကြိုးစားသည်။ ယန်မော့၏ မျက်ဝန်းထောင့်တွင်လည်း အပြုံးက ရှိနေသည်။

အခြားသော သူများ၏ သူ့အပေါ် အကြည့်ကို သည်းမခံနိုင်တော့သော မူချီမိုင်ကလည်း သူ၏မျက်နှာတစ်ခုလုံးက နီတက်လာသလို ခံစားလိုက်ရသည်။ ထို့နောက် တည်ငြိမ်စွာနှင့် ထရပ်ကာ အပေါ်ဖက်သို့ တက်သွားသည်။

“ဟားဟား ဟား”

မူချီမိုင်က လှေကားထောင့်သို့ ရောက်သွားသည်နှင့် အနောက်ဖက်မှ ကပ်လိုက်ပါလာသော ရယ်သံများကို ကြားရပြီး ပို၍ပင် ခပ်မြန်မြန် တက်သည်။

ရှုရှင်း မျှော်လင့်ထားသည့်အတိုင်းပင် လျှန်ပေ့ကလည်း သူ့မျက်နှာကို အလွန်ဂရုစိုက်သည်။ ယခင် နှစ်ရက်အတွင်းတွင် သူတို့၏ အသင်းက လာလည်သူများကို တံခါးပိတ်ထားပြီး လက်မခံထားသောကြောင့် အပြင်ဘက်မှ အခြေအနေကို မသိခဲ့ချေ။ ထို့ကြောင့် ရက်အနည်းငယ်သာ စောင့်ရသေးသည်။ အခြေစိုက်စခန်းကို ဝင်ပြီးကာစ ပါမောက္ခလျှန်က ရှောင်းလုံ၏ အသင်းကို မည်သို့မည်ပုံ ကျေးဇူးတင်ကြောင်း ပြောသံများက ပြည့်နှက်နေသည်။

ရှုရှင်းတို့ အဖွဲ့က ထောင့်တစ်နေရာတွင် ပုန်းနေပြီး ခေါင်းကိုသာ အသာခါလိုက်သည်။ သူတို့သည် အရှေ့မှ အရာကို နားထောင်ပြီး နောက် အမှန်တကယ် စိတ်ပျက်သွားရသည်။

သူတို့သည်လည်း ထိုလျှန်ဘာဆိုလား ဆိုသော တစ်ယောက်က ထိုမျှအထိ အရှက်မဲ့ပြီး အခြေစိုက်စခန်းထဲအတွင်းတွင်ပင် သူ၏ ကောင်းမွန်သော ပုံရိပ်ကို လျှောက်ဖြန့်မည်ဟု မထင်ထားမိပေ။ အခြေစိုက်စခန်း၏ တဝက်ကျော်ကျော်နီးပါးက သူနှင့် ပတ်သက်သော အကြောင်းအရာကို ဆွေးနွေးနေကြသည်။ ပိုင်မိသားစုကလည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပုံရပြီး သတင်းကို ဖြန့်ပေးနေကြသည်။

101 03

လျှန်ပေ့၏ ရည်ရွယ်ချက်က အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်နေသည်ဆိုသောအ ခြေအနေကို အခွင့်ကောင်းယူသည်ထက် မပိုပါပေ။ ဒီနည်းအားဖြင့် သူတို့အသင်းနှင့် ရှောင်းလုံ၏အသင်းက သူနှင့် ဆက်ဆံရေးကောင်းကြောင်း ကြေညာခြင်း ဖြစ်သည်။ ထိုအချက်အပြင် သူတို့အသင်းနှင့် ရှောင်းလုံတို့အသင်း၏ အခြေစိုက်စခန်းထဲတွင် ရှိနေသော ဂုဏ်သတင်းနှင့် အင်အားမျိုးကြောင့်လည်း သူ့ကိုယ်သူ အရေးပါသော ကဏ္ဍသို့ ရောက်အောင် လုပ်နေခြင်းဖြစ်သည်။

အခြေစိုက်စခန်းထဲမှ ထိပ်တန်းငါးသင်းထဲမှ နှစ်သင်းက သူ့ကို ကယ်ဆယ်သည့်တာဝန်ဝင် အတူ ပါဝင်ခဲ့ကြသည်။

ဒါကဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက ငါက ဒီအခြေစိုက်စခန်းအတွက် အရေးကြီးတယ်။

ရှုရှင်းသည် နဂိုကမူ လျှန်ပေ့အပေါ် မည်သည့် ခံစားချက်မှ မရှိပေ။ သို့သော် ဒီခရီးပြီးနောက် လျှန်ပေ့ပေါ် အမြင်က သိသိသာသာ ပြောင်းသွားသည်။

လျှန်ပေ့သည် ကမ္ဘာအဆုံးသတ်ကာလ မတိုင်က နာမည်ကျော် ဇီဝဗေဒ ပညာရှင်ဖြစ်သည်။ သူသည် အဓိက ဂျာနယ်များတွင် စာတမ်းများ တင်ဖူးပြီး ဆုလာဘ်များကို ရရှိခဲ့သည့် သုတေသန ရလဒ်များကို ထုတ်ပေးနိုင်ခဲ့သူ ဖြစ်သည်။ ကမ္ဘာအဆုံးသတ်ကာလပြီးနောက် လူသား မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်းနှင့် တူညီသော အရာမျိုးကိုပင် လေ့လာစူးစမ်း ရှာဖွေခဲ့ပြီး လူသားများ၏ ဆင့်ကဲပြောင်းလဲမှု မျိုးရိုးဗီဇများကို လေ့လာရာတွင် အများကြီး ကူညီပေးနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းကလည်း သတင်းပို့လာသောသူက သူဖြစ်မှန်းသိလိုက်သည်နှင့် အတော်ဆုံးအသင်းကို လွှတ်ကာ ရွေးချယ်ကယ်ဆယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် လျှန်ပေ့၏ ထိုအဆင့်အတန်းနှင့် သုတေသန ရလဒ်ဟုဆိုသော အရာများလုံးက မေးခွန်းထုတ်စရာ ဖြစ်ကြောင်းရှုရှင်းက ခံစားမိနေသည်။ တစ်ဖက်သူက ထုတ်ပြထားသော အပြုအမူနှင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုးက သုတေသနကိုသာ အာရုံစိုက်ကာ ရှာဖွေနေသော သူနှင့် မတူညီပေ။

သိပ္ပံသုတေသနကို အထူးပြုသော သူများဟူ၍ မရှိချေ။ အခြေစိုက်စခန်းသို့ ရောက်ရှိလာပြီးနောက် သူသည် သိပ္ပံသုတေသန အကြောင်းကိုပင် မေးခွန်းတစ်ခုမှ မထုတ်ပေ။ သူသည်လည်း သိပ္ပံ သုတေသန ပစ္စည်းများနှင့် အရာအားလုံးက ပြည့်စုံခြင်း ရှိမရှိကိုလည်း ဂရုစိုက်ပုံမရဘဲ သူ၏ကိုယ်ပိုင် ဂုဏ်သတင်းကိုသာ လိုက်လံ တည်ဆောက်နေသည်။

ရှုရှင်းကပင် နည်းနည်း ဆိုးသွမ်းစွာ တွေးလိုက်သည်။

“လျှန်ပေ့ရဲ့အဲဒီသုတေသန ရလဒ်နဲ့စာတမ်းတွေ ဆိုတာက အခြားသူတွေဆိုက ခိုးထားတာများလား”

နောက်ပိုင်းတွင် လျှန်ပေ့၏ လုပ်ရပ်က အားလုံး အရှေ့တွင် ပေါ်လာသောအခါ ရှုရှင်းကလည်း သူမ၏ ထိုအချိန်က မသိစိတ်က အလွန်အမင်း တိကျခဲ့သည့်အတွက် အံ့ဩခဲ့ရသေးသည်။

******

All Chapters