အခန်း ၁၀၂
Vol. 11 Ch. 102
102 01
အပိုင်း (၁၀၂) ဖရဲသီး စားစရာရှိတယ်
ပိုင်မိသားစုက အာရုဏ်ဦးအသင်း၏ စံအိမ်နားတွင် လူများချထားသည်။ ရှုရှင်းတို့အဖွဲ့က အပြင်ထွက်ပြီး ပြန်လာချိန်တိုင်းလိုလို အနောက်ဖက်မှ လိုက်ကာ မြင်သမျှ ကြားသမျှ သွားသမျှ နေရာတိုင်းကို စာဖြင့် ချရေးတင်ပြသူများလည်း ရှိသည်။
စံအိမ်ဂိတ်သို့ မဝင်ခင် ယန်မော့က နေရာသို့ တစ်ချက်ကြည့်သည်။ မူချီမိုင်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ မူချီမိုင်ကလည်း ယန်မော့ ယခုလေးတင် ကြည့်လိုက်သော နေရာဘက်သို့တည်ငြိမ်စွာ ကြည့်လိုက်ပြီး နားလည်မှုအပြည့် ခေါင်းငြိမ့်သည်။
“ချီမိုင်နဲ့ငါ အပြင် ခဏသွားလိုက်အုံးမယ်။ ပြီးရင် ပြန်လာခဲ့မယ်”
စံအိမ်တံခါးက ပိတ်သွားသည်နှင့် ယန်မော့က မူချီမိုင်ကို ဆွဲခေါ်ကာ စံအိမ်၏ အနောက်ဖက် တံခါးမှ ချက်ချင်းထွက်သွားသည်။ သူနှင့် မူချီမိုင်တို့ သွားလုပ်မည့် ကိစ္စကို အသေးစိတ် မရှင်းပြသွားတော့ချေ။ ရှုရှင်းနှင့် ပုရှန်းဝမ်တို့ကသာ နှစ်ယောက်တည်း ကျန်ခဲ့သည်။ အလျှင်စလိုထွက်သွားသော နှစ်ယောက်ကို ကြည့်လိုက်၏။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ နှစ်ယောက်လုံး၏ မျက်လုံးကလည်း စိတ်ရှုပ်ထွေးနေပုံရသည်။
လေလို မြန်ဆန်တဲ့အမျိုးသားပဲ….သူတို့ ဒီလောက် မနက်အစောကြီး ဘာတွေများ သွားလုပ်မလို့ပါလိမ့်။
ရှုရှင်းက ရေရွတ်လိုက်သည်။
“အို ထားလိုက်ပါတော့ သူတို့ ပြန်လာတဲ့အချိန်ကျရင် ငါတို့သိရမှာပဲလေ ဆိုတော့ သူတို့ ဒီမှာ မရှိဘူးဆိုမှတော့ ငါတို့ ဂိမ်းကစားရင် ကောင်းမလား သွားရအောင်”
တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာသည်မှာ ဆယ်နှစ် ကျော်လာပြီးသည့်အလျောက် ပုရှန်းဝမ်သည်လည်း ယန်မော့နှင့် မူချီမိုင်၏ အပြုအမူတိုင်းကို ယုံကြည်သည်။ ထို့ကြောင့် လက်ကိုသာ တစ်ချက်ယမ်းကာ ဂရုမစိုက်တော့ဘဲ ရှုရှင်းကိုသာ ခေါ်ပြီး ဂိမ်းကစားခိုင်းသည်။
ရှုရှင်းကလည်း ယန်မော့ကို ယုံကြည်ပြီးသားဖြစ်သည်။ ထို့ကြောင့် ပုရှန်းဝမ်နှင့်အတူတူ ဂိမ်းကစားနေလိုက်သည်။
ပိုင်မိသားစုက လူတွေက တကယ်ရူးတာလား။ ရူးချင်ယောင်ဆောင်နေတာလားတော့ မသိဘူး
ယန်မော့က စိတ်စွမ်းအားပညာရှင်ဖြစ်ကြောင်း အနားမှ အဖြစ်အပျက်များကို အလွယ်တကူ အာရုံခံနိုင်ကြောင်း သိပြီးသည့်တိုင်အောင် လူလွှတ်ကာ စောင့်ကြည့်ခိုင်းသေးည်။
မူချီမိုင်ကိုခေါ်ကာ အနောက်တံခါးမှ တဆင့် ထွက်သွားသည်။ သူတိုသည် အပြေးအလွှားသွားကာ စောင့်ကြည့်နေသော သူကို ကြိုးချည်ရမည့်အစား အနောက်ဖက်မှသာ တိတ်တဆိတ်လိုက်သွားလိုက်ပြီး ပိုင်မိသားစု စံအိမ်ထဲသို့ ဝင်သွားခဲ့သည့် အခြေအနေအထိ စောင့်ကြည့်သည်။ သူတို့ကသာအပြင်ဘက်သို့ ချက်ချင်းထွက်လိုက်ပြီး တစ်ဖက်သူကို ပြန်ပေးဆွဲလိုက်မည် ဆိုပါက ပိုင်မိသားစုက စောင့်ကြည့်ခိုင်းထားကြောင်း တစ်စုံတစ်ရာကို ရှာတွေ့ခဲ့မည် ဆိုလျှင် ပိုင်မိသားစုက ဝန်ခံလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ထိုလူကို ပိုင်မိသားစု စံအိမ်ထဲတွင် ဖမ်းမိခဲ့လျှင်မူ လက်ပူးလက်ကြပ် ဖမ်းမိခြင်း ဖြစ်သည်။ ထို့ကြောင့် ငြင်း၍ မရတော့ပေ။
ပိုင်မိသားစုကသာ ဒီနေ့ငြင်းဆန်ခဲ့မည် ဆိုလျှင်ပင် အနာဂတ်တွင် သူတို့ကို စောင့်ကြည့်ရန် လူငှားရဲတော့မည် မဟုတ်သည်မှာ သေချာသည်။ ပိုင်မိသားစု စံအိမ်ထဲသို့ ထိုလူက ဝင်သွားသည်။ ယန်မော့ကလည် သူ၏ စိတ်စွမ်းအားဖြင့် တောက်လျှောက်လိုက်ကြည့်နေ၏။ ပိုင်ရှန်းတိနှင့် တစ်ဖက်သူတို့က သီးသန့် အခန်းတစ်ခုသို့ ဝင်သွားသောအခါ ယန်မော့က မူချီမိုင်ကို တစ်ချက် ကြည့်လိုက်ပြီး ပိုင်မိသားစု စံအိမ်ထံသို့ ရမ်းကားကာ ထွက်လာခဲ့လိုက်သည်။
“ဘာလို့ ဧည့်သည်နဲ့ ထွက်တွေ့မယ့်အစား ပြန်ပြေးသွားတာလဲ”
102 02
တံခါးနားမှ သူက ယန်မော့နှင့် မူချီမိုင်တို့ ရောက်လာကြောင်း မြင်သောအခါ တစ်ယောက်က အပြေးအလွှားပြေးဝင်ပြီး သတင်းကောင်း ပါးလိုခဲ့သည်။ သို့သော် သူကပင် ခြေတစ်လှမ်းခန့် မလှမ်းရသေးခင် အနောက်ဖက်မှ တစ်စုံတစ်ယောက်က ဂုတ်ကို လှမ်းဆွဲသည်။
တံခါးမှ စွမ်းအားပညာရှင်များက တုန့်ပြန်ရသေးခင် မူချီမိုင်က နှစ်ယောက်ထဲမှ တစ်ယောက်ဆီကို လက်ဖြင့် တစ်ယောက်တစ်ချက်စီ ရိုက်ပြီး အမှောက်သိပ်ပစ်လိုက်သည်။
သူတို့၏ နေရာက ထိပ်နားကွက်တိဖြစ်သည်။ အနားမှ ဖြတ်သွားဖြတ်လာများကလည်း ယန်မော့နှင့် မူချီမိုင်တို့ ပိုင်မိသားစု စံအိမ်နားသို့ ရောက်လာကတည်းက အာရုံစိုက်နေခဲ့ပြီးသား ဖြစ်သည်။
ယခုအခါ အခြေစိုက်စခန်းထဲတွင် အာရုဏ်ဦးအသင်းနှင့် ပိုင်မိသားစုက ရန်လိုကြောင်း မသိသူ မရှိကြတော့ပေ။
ထို့ကြောင့် သူတို့သည်လည်း ထွက်သွားရမည့်အစားပိုင်မိသားစု အိမ်မှ ဂိတ်စောင့်များကို တိုက်ရိုက် ကန်ကြောက်ပစ်လိုက်ကြောင်း မြင်သောအခါ အားလုံးက မျက်လုံးပြူးကုန်ကြသည်။
“ဘုရားရေ အာရုဏ်ဦးအသင်းက အရမ်းထောင်လွှားတာလား။ လူအများရဲ့ အရှေ့မှာတောင် ပိုင်မိသားစုရဲ့ တံခါးစောင့်ကို တိုက်ရိုက်ကန်ကျောက်ပစ်တယ်”
“အာရုဏ်ဦးအသင်းက ပိုင်မိသားစုကို တိုက်ရိုက်တိုက်ခိုက်တော့မှာလား။ စိတ်လှုပ်ရှားစရာပဲ။ သတင်း သတင်းကောင်း သတင်းကောင်း ဖရဲသီး စားစရာရှိတယ်”
ပိုင်မိသားစုအတွင်းမှ ဖြတ်သွားဖြတ်လာ စွမ်းအားရှင်များက ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် လုပ်လက်စ အရာများကို ရပ်လိုက်ကြသည်။ အနောက်မှ ဖြတ်သွားဖြတ်လာများကလည်း သူတို့က ရပ်သွားကြောင်း မြင်သမျှ စိတ်ရှုပ်ထွေးသွားကြသည်။ အနားသို့ လာပြီး မေးကြသည်။ ပုံပြင်တစ်ပုဒ်လုံးကို သိရပြီးနောက် သူတို့သည်လည်း ထွက်မသွားကြတော့ဘဲ အနားတွင် ရပ်ကြည့်နေကြသည်။
ပိုင်မိသားစု စံအိမ်အတွင်းမှ အစောင့်များက အတော်လေး ပေါ့လျော့သည်။ သူတို့သည် ဒီအတောအတွင်း ကတောက်တဆ အခြေအနေများကို မကြုံဖူးခဲ့ချေ။ ပိုင်မိသားစု၏ အခြေစိုက်စခန်းထဲမှ အဆင့်အတန်းကလည်း ထင်သလောက် မကောင်းကြောင်း သွယ်ဝိုက်၍ ဖော်ပြသည်။
ယန်မော့၏ စိတ်စွမ်းအားက ထောက်ပံ့ကူညီပေးမှု တစ်ခုအဖြစ် ရှိနေလေရာ သူတို့၏ ပန်းတိုင်ကလည်း အလွန်အမင်း ရှင်းလင်းနေသည်။ ထို့ကြောင့် ပိုင်ရှန်းတိနှင့်ထိုလူ စကားပြောနေသော အခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။
102 03
ပိုင်ရှန်းတိကိုယ်တိုင်ကလည်း အထူးစွမ်းအင် နိုးထလာခြင်း မရှိပေ။ ထို့ကြောင့် အပြင်ဘက်မှ ရန်ဖြစ်သံကို ကြားသောအခါ တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်သည်။ ထိုအချိန်တွင် အခန်းတံခါးက အပြင်ဘက်မှ ဝုန်းကနဲ ဆောင့်ဖွင့်ခြင်းကို ခံရသည်။
“ခေါင်းဆောင်ယန် ဘာလုပ်တာလဲ။ အခြေစိုက်စခန်းထဲမှာလဲ အခြားသူတွေရဲ့ သီးသန့်နေအိမ်တွေကို ဖောက်မဝင်ရဘူးဆိုတဲ့ စည်မျဉ်းရှိတယ်”
ယန်မော့နှင့်မူချီမိုင်တို့က တည်တည်ငြိမ်ငြိမ် ဝင်လာကြောင်းမြင်သောအခါ ပိုင်ရှန်းတိက ဒေါသထွက်သွားပြီး ဒေါသတကြီးအော်သည်။
“လူကြီးမင်းပိုင်က အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အိုနေပြီလေ။ အိုနေတာဆိုတော့ မတော်တဆ သတိလစ်သွားခဲ့ရင် ငါတို့ကို အပြစ်လာတင်မှာကို ကြောက်တယ်။ ထားပါတော့ ဒါပေမဲ့ အခြေစိုက်စခန်းက သီးသန့် စံအိမ်တွေကို ဝင်ရောက်ဖြတ်သွားခွင့် မပြုဘူးဆိုတာကို ခင်ဗျား သိနေကတည်းက ငါတို့ အသင်းရဲ့ နေရာကို ခင်ဗျားရဲ့မြေးက လူတွေ ဦးဆောင်ခေါ်လာပြီး ပစ္စည်းတွေ ဖျက်ဆီးသွားတဲ့အကြောင်းကို ဘယ်လိုထင်လဲ”
“မင်း ဘာတွေ လာပြောနေတာလဲ။ ငါမသိဘူး”
“ဟုတ်တယ် မသိဘူး။ ခင်ဗျားက သက်သေမရှိဘဲ ဝန်ခံမှာ မဟုတ်ဘူး ဆိုတော့ ခင်ဗျားက ငါတို့ အသင်းကို လူလွှတ်ပြီး စုံစမ်းခိုင်းတဲ့အကြောင်းကို အရင်ပြောကြမလား။ ခိုင်မာတဲ့ သက်သေလည်း ရှိတယ်။ လက်ပူးလက်ကြပ်လည်း မိနေတယ်။ ဟုတ်တယ်မလား လူကြီးမင်း ပိုင်”
ယန်မော့က ပိုင်ရှန်းတိ၏ စားပွဲနားသို့ လျောက်သွားလိုက်ပြီး ထိုလူယခုလေးတင် ပေးထားခဲ့သော မှတ်စုစာအုပ်ကို ထုတ်ကာ ပိုင်ရှန်းတိကို ပြုံး၍ ကြည့်သည်။
“မင်း…”
ယန်မော့တို့က ရုတ်ချည်းရောက်ရှိလာလေရာ ပိုင်ရှန်းတိကလည်း ကိစ္စများကို ရှင်းလင်းချိန် မရခဲ့ချေ။ ထို့ကြောင့် သိသာသောခြေရာလက်ရာများကလည်း တစ်ဖက်သူ လက်သို့ ကွက်တိအပ်လိုက်သလိုမျိုး ဖြစ်သွားသည်။ ပိုင်ရှန်းတိ၏ မျက်နှာက မဲမှောင်သွားသည်။
******