← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

103 01

အပိုင်း (၁၀၃) ကျေနပ်မှု

“စာရွက်လေး တစ်ရွက်ပဲ။ ဘာတွေများ သက်သေပြနိုင်လို့လဲ”

ပိုင်ရှန်းတိက အမှန်ပင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသော မြေခွေးအိုကြီးဖြစ်သည်။ သူသည် အလွန်အရေထူသည်။ စိတ်အခြေအနေကို ခပ်မြန်မြန် ချိန်ညှိနိုင်၏။ သူက ယန်မော့၏ လက်ထဲမှ စာကို ဂရုမစိုက်သလို ကြည့်သည်။

“အို ဒါပေ့ါ ပိုင်မိသားစုခေါင်းဆောင်က ဝန်ခံဖို့ ငြင်းဆန်တယ်။ ဆိုတော့ ငါတို့က လူအများရှေ့မှာတော့ သေအောင် ရိုက်သတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ခင်ဗျားတို့ ပိုင်မိသားစုက အနာဂတ်မှာ ဒီလို အရှက်မဲ့တာမျိုးကို မလုပ်ဖို့တော့ မျှော်လင့်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ငါ့ကို တော်တော်လေးကို စိတ်အနှောက်အယှက် ဖြစ်စေမှာ။ ငါက စိတ်အနှောက်အယှက် ဖြစ်ပြီး စိတ်မကောင်းတော့တဲ့အခါ ခင်ဗျားရဲ့ အဖိုးတန် မြေးကို တစ်ခုခု လုပ်မိလောက်တယ်”

ယန်မော့ကလည်း ပိုင်ရှန်းတိနှင့် ငြင်းခုန်ရန် အချိန်အားမနေပေ။ ပိုင်ရှန်းတိ၏ အဓိကအထိမခံနိုင်သော နေရာကိုလည်း ကောင်းကောင်းသိသည်။ ပါးစပ်ဖြင့် ငြင်းဆန်မှုများကလည်း အသုံးမဝင်လုနီးပါး ဖြစ်သည်။ အသက်ရောက်ဆုံးနည်းလမ်းက ရန်သူ၏ အားနည်းချက်ကို တိုက်ရိုက် ရိုက်ချခြင်း ဖြစ်သည်။

“မင်းလုပ်ရဲလား”

သိသာစွာပင် ယန်မော့က ပိုင်ရှန်းတိ၏ အားနည်းချက်ကို ကွက်တိ ဖမ်းဆုပ်လိုက်မိသည်။

ပိုင်ရှန်းတိသည် ဟန်အမူအရာကို မထိန်းနိုင်တော့ဘဲ ယန်မော့ကို ရက်စက်သော မျက်လုံးဖြင့် ကြည့်သည်။

“ငါ ဘာကို ဆိုလိုတာကို ခင်ဗျားသိပါတယ်။ ခေါင်းဆောင်ပိုင် ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်ပေါ့”

ယန်မော့က ပိုင်ရှန်းတိကို အကြည့်တစ်ချက်ပင် မပေးတော့ချေ။ ပိုင်ရှန်းတိ၏ တုန့်ပြန်မှုကိုလည်း ဂရုပင်စိုက်မနေချေ။ သူ၏ ဒီတစ်ခေါက် မူချီမိုင်နှင့်လာသော ခရီးမှ ပန်းတိုင်က ပြီးမြောက်သွားပြီ ဖြစ်သည်။ ပိုင်ရှန်းတိ၏ အတွေးကလည်း ထင်သလောက် အရေးမကြီးပါပေ။ အာရုံစိုက်နေရန်ပင် မတန်ချေ။

ဒီနေ့ပြီးနောက် ပိုင်မိသားစုကလည်း သူတို့ကို သတိကပ်နေပေလိမ့်မည်။ သူတို့ကို အလွယ်တကူ မလှုပ်ရှားရဲလောက်ချေ။ ထို့ကြောင့် သူတို့ နောက်မှ တောက်လျှောက်လိုက်ပြီး လုပ်သမျှကို သံတော်ဦးတင်နေသောသူများကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားသည်။ ပို၍ ဆိုးသည်မှာ သူတို့၏ ပိုင်မိသားစုကို ယခုလို ပေါ်တင် တိုက်ခိုက်လိုက်ခြင်းအားဖြင့် လူပေါင်းများစွာက မြင်သွားသည်။ ထို့ကြောင့် အခြေစိုက်စခန်းထဲမှ သူများကလည်း အနာဂတ်တွင် သူတို့အသင်းကို သတိအပြည့် ကပ်ထားပေလိမ့်မည်။ လူတိုင်း၏ စိတ်ထဲတွင်လည်း သူတို့၏ အသင်းက ကိုင်တွယ်ရအခက်ဆုံး အသင်းဖြစ်သွားလောက်သည်။

ပိုင်ကျန်းချူက သတင်းကို ရပြီးသည်နှင့် အိမ်သို့ အပြေးအလွှားလာသည်။ သို့သော် ယန်မော့နှင့် မျက်နှာချင်းဆိုင် မဆုံသွားခဲ့ပေ။ သူ အိမ်ပြန်ရောက်သည်နှင့် ယန်မော့က ထွက်သွားပြီ ဖြစ်သည်။

“အဖိုး အဆင်ပြေရဲ့လား။ ယန်မော့ ဘယ်ရောက်သွားလဲ ဒီကောင့်ကို သင်ခန်းစာပေးမယ်။ သူက ကိုယ့်နေရာကိုယ် မသိဘူး။ ငါတို့ရဲ့ အိမ်ကို တောင်လာပြီး ရန်စရဲသေးတယ်။ ငါတို့ရဲ့ ပိုင်မိသားစုကို အလေးအနက်ကို မထားတာပဲ”

ပိုင်ကျန်းချူက တစ်လမ်းလုံးတောက်လျှောက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူ၏ အသက်ရှူသံကပင် မောသံ ပေါက်နေသည်။

“ကျန်းချူ ငါ အဆင်ပြေတယ် ထိုင်အုံး ငါမင်းကို ပြောစရာရှိတယ်”

ယန်မော့တို့က ထွက်သွားပြီမှာ ကြာပြီ ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် ပိုင်ရှန်းတိက အများကြီး တွေးထားပြီးလေပြီ။

“အဖိုး ဘာဖြစ်လို့လဲ ငါ ယန်မော့ကို ရင်ဆိုင်ဖို့ လူခေါ်လိုက်သင့်လား”

“ဟေး ကျန်းချူ အနာဂတ်မှာ ယန်မော့ကို ရန်သွားမစနဲ့။ သူတို့အသင်းရဲ့အင်အားက ငါတို့ မျှော်လင့်ထားတာကို သာလွန်နေတယ်။ သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့ ငါတို့ ဘာအကျိုးအမြတ်မှ မရဘူး”

“အဖိုး”

“ကျန်းချူ မင်းက ယန်မော့ကို ရင်ဆိုင်ချင်မှန်း ငါသိတယ်။ ဒါပေမဲ့ ဒီကိစ္စက ရေရှည်စဉ်းစားရမှာ”

103 02

ပိုင်ကျန်းချူကလည်း တစ်စုံတစ်ရာကို ပြောလိုသည်။ သို့သော် အဖိုးဖြစ်သူ၏ အိုမင်းကာ နွမ်းနယ်သော မျက်နှာနှင့် ဆုံသောအခါ ဘာစကားမှ ထွက်မလာပေ။ သူသည် ပြောလိုသော စကားများကို မြိုချလိုက်ရပြီး တိတ်ဆိတ်စွာနှင့် ခေါင်းငုံ့သည်။ ထို့ကြောင့် သူ၏ မျက်နှာ အမူအရာကို မမြင်နိုင်တော့ပေ။

ထိုနေ့မှ သတိပေးပြီးနောက်ပိုင်း မိသားစုမှသူများကလည်း အတော်လေးကို လိမ္မာသွားကြသည်။ သို့ရာတွင် ရှုရှင်းကမူ ယန်မော့က ပိုင်မိသားစုကို သင်ခန်းစာသွားပေးချိန်တွင် သူမကို မခေါ်သွားသည့်အတွက် နည်းနည်း မပျော်မရွှင် ဖြစ်နေသေးသည်။ ရှုရှင်းကို စိတ်ကျေနပ်စေရန်အလို့ငှာ ယန်မော့က ‘နယ်မြေပေါ် ဆင်းသက်ပြီး လျော်ကြေးပေးခြင်း’ ဆိုသော အနေအထားအတိုင်း ဒေါသထွက်နေသော ဘိုးဘေးလေးကို တောက်လျှောက် ပြုစုပေးလိုက်သည်။

ရှုရှင်းက ကြိမ်းကိုက်နေသော ခါးကို ပွတ်ရင်း ထိုလျော်ကြေးပေးမှုက သူမကို လျော်ကြေးပေးသည်လော ယန်မော့ကိုယ်တိုင် လျော်ကြေးရသွားသည်လောကိုပင် တွေးနေလေသည်။ သူမကသာ ထိုအကြောင်းအရာကို စောစောသိခဲ့မည် ဆိုလျှင် နှလုံးသားနူးညံ့ခဲ့မည် မဟုတ်ပေ။

အနောက်ဖက်မှ ခါးကို နှိပ်ပေးနေသော ယန်မော့ကလည်း ရှုရှင်း၏ ကြွယ်ဝလွန်းသော မျက်နှာအမူအရာများကို သဘောတကျ ကြည့်နေသည်။ သူ၏ မျက်လုံးထဲတွင် ကျေနပ်သောအကြည့်က ဖြတ်ပြေးသွား၏။ ရှုရှင်း၏ ခေါင်းသေးသေးလေးထဲမှ ကျိန်ဆဲသံများကို သူက ဂရုစိုက်မနေချေ။ သူဟာ မနက်ဖြန်ဆိုလျှင် ဆိုပြီးသာ ဆက်လက်တွေးတောနေသည်။

******

All Chapters