← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

104 01

အပိုင်း (၁၀၄) BBQ

ယန်မော့၏ သတိပေးမှုပြီးနောက် ပိုင်မိသားစုထဲမှ လှုပ်ရှားမှု သေးသေးလေးများက ပိုနည်းသွားသည်။ ပို၍ပင် သိုသိပ်စွာနေကြ၏။ လျှန်ပေ့က ပိုင်မိသားစုမှ အထောက်အပံ့ကို ရကာစ အချိန်တွင် ပိုင်မိသားစုက ထိုကဲ့သို့ ဖြစ်သွားလေရာ သူသည်လည်း တော်တော်လေးကို စိတ်ဓာတ်ကျသွားပြီး ပိုင်မိသားစုကို ကူညီကာ အကျိုးအမြတ်ရအောင် လုပ်ပေးလိုသည်။

ပိုင်မိသားစု၏ လက်ရှိ အခြေအနေမျိုးအရ သူ၏ အစောပိုင်း အကြံအစည်များအားလုံးကို ယာယီ ရွေ့ထားရန်ဖြစ်လာသည်။ အချို့ကိုပင် လက်လျော့ရန် ဖြစ်လာသည်။ သူ့ကို စိတ်အရှုပ်စေဆုံးကမူ အခုတလော အခြေစိုက် စခန်းအတွင်းတွင် သူနှင့် ပိုင်မိသားစုက ဆက်ဆံရေးကောင်းသည်ဆိုသော ကိစ္စက ပြန့်နှံ့လာခြင်းဖြစ်သည်။ ထို့ကြောင့် လူအများစုက ယုံကြည်နေကြ၏။ သူပြောသော စကားက မှန်ကန်သော်လည်း သူဟာ ပိုင်မိသားစုနှင့် သူ၏ ဆက်ဆံရေးကို မပေါ်ချင်သေးပါပေ။

အထူးသဖြင့် အခြေစိုက်စခန်းထဲမှ တစ်စုံတစ်ယောက်ကိုလည်း သူဟာ အာရုဏ်ဦးအသင်းနှင့် ဆက်ဆံရေးကောင်းကြောင်း သတင်းဖြန့်ခိုင်းထားသည်။ အာရုဏ်ဦးအသင်းကလည်း သူ၏ အသက်ကို ကယ်ခဲ့သည်ဟု လူပြောများနေစေသည်။ ယခုအခါ ပိုင်မိသားစုနှင့် အာရုဏ်ဦးအသင်း၏ရန်ပွဲက ဖြစ်လာသည်။ အခြေစိုက်စခန်းထဲမှ လူအများစုကလည်း သူ့ကို စောင့်ကြည့်နေကြ၏။ သူဟာ နှစ်ဖက်ကြားတွင် မည်သည့်ဘက်ကို ရွေးချယ်မည်နည်းဟု ကြည့်ရှုချင်နေကြသည်။

သူ၏ ရောက်ရှိလာခြင်းက သုတေသန အသက်မွေးဝမ်းကြောင်းထဲမှ အချို့၏ အဆင့်အတန်းကို ခြိမ်းခြောက်နေခဲ့ပြီးသား ဖြစ်သည်။ ထို့အပြင် အပျော်ကြည့်နေကြသော လူများလည်း ရှိနေသေးလေရာ အခြေစိုက်စခန်းထဲမှ သူ့ကို ရယ်နေကြသူများက များပြားသည်။ ထို့ကြောင့် ယခုအခါ မည်သည့်အရာကိုပဲ လုပ်လုပ် တစ်ဖက်ဖက်ကိုတော့ဖြင့် ရန်စမိတော့ပေမည်။

မူလကမူ အခြေစိုက်စခန်းထဲမှ ထိပ်တန်းခေါင်းဆောင်များကလည်း လျှန်ပေ့ကဲ့သို့ ဇီဝဗေဒပါမောက္ခကို အထူးအလေးထားသည်။ သို့မဟုတ်ပါက သူ၏ အကူအညီတောင်းသော အကြောင်းကြားစာကို ရရှိသည့်အခါ ရှောင်းလုံနှင့် ယန်မော့တို့၏ အသင်းကို သွားရောက်ကယ်ဆယ်ခိုင်းလိမ့်မည် မဟုတ်ပေ။

သူတို့သည်လည်း အခြေစိုက်စခန်းအတွင်းတွင် သတင်းအများကြီး ကြားထားသည်။ မူလကမူ လျှန်ပေ့ကို အရေးကြီးသောတာဝန်ကို တိုက်ရိုက်ပေးရန် ရည်ရွယ်ထားသေးသည်။ သို့သော် ယခုအခါ လျှန်ပေ့ကို အရင်စောင့်ကြည်ရန် ဆုံးဖြတ်လိုက်၏။ သုတေသန အသက်မွေးဝမ်းကြောင်းဆိုသော ကိစ္စများက ပေါ့သေးသေး သဘောထား၍ မရဘဲ ဂရုစိုက်ကြည့်ရပေမည်။

လျှန်ပေ့က ပိုင်မိသားစု သို့မဟုတ် အာရုဏ်ဦးအသင်းနှင့် ရင်းနှီးခြင်း ရှိမရှိဆိုသော ကိစ္စက သူတို့ မြင်ချင်သော အနေအထားမျိုး မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သုတေသန အသက်မွေးဝမ်းကြောင်းက အခြေစိုက်စခန်းကိုသာ သစ္စာရှိရမည် ဖြစ်သည်။ အခြေစိုက်စခန်းကသာ ထိန်းချုပ်ခံရမည် ဖြစ်သည်။

အခြေစိုက်စခန်းက သူ့ကို အရေးကြီးသော တာဝန်းကို အပ်နှင်းလာမည့်အချိန်ကိုသာ အိမ်တွင် ခပ်အေးအေးစောင့်ချင်သော လျှန်ပေ့ကလည်း နောက်ဆုံးတွင် ရက်ပေါင်းများစွာ စောင့်ပြီးသည့်တိုင်အောင် သတိပေးချက်ကို မရရှိသည့်အခါ စိတ်မရှည်နိုင်တော့ချေ။ သူသည်လည်း ထိတ်လန့်လာပြီးအထက်မှ လူများကိုပင် စတင်သွားရှာက သတင်းကို မေးမြန်းရသည်။

အခြေစိုက်စခန်းမှ ခေါင်းဆောင်က လျှန်ပေ့ကို သတိပေးလိုသည်။ ထို့ကြောင့် သူ၏ တွေ့ဆုံရန် တောင်းဆိုမှုကို ခွင့်မပြုပေးခဲ့ချေ။ လျှန်ပေ့သည်လည်း တစ်စုံတစ်ယောက်က သူ၏ ကိုယ်ပေါ်သို့ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရသည်။

သူ မျက်ကန်းစိတ်ကူးယဉ်နေခဲ့သော ရည်မှန်းချက်မှတဆင့် တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူသည် ယခု အခြေစိုက်စခန်းသို့ ဝင်ခဲ့ပြီးနောက် လုပ်ခဲ့သမျှ အကြောင်းအရာများအားလုံးကို ပြန်လည်တွေးတောမိပြီး ရုတ်တရက် သူ၏ နှလုံးသားထဲတွင် ကြောက်လန့်မှုက ပြည့်နှက်လာသည်။ ချွေးစေးများပင် ပြန်လာ၏။ သူပြန်လျှောက်ခဲ့သော ခြေလှမ်းများက ပုံမှန်မဟုတ်လောက်အောင် အားနည်းနေသည်။

ပိုင်မိသားစုနှင့် လျှန်ပေ့တို့က တစ်ချိန်တည်းတွင်ပင် တည်ငြိမ်သွားကြသည်။ ယန်မော့ကလည်း ထိုအခြေအနေကို အလွန်အမင်း ကျေနပ်နေသည်။ သူသည်ပင် လူလွှတ်ကာ လျှန်ပေ့နှင့် ပိုင်မိသားစုက ရင်းနှီးကြောင်း သတင်းဖြန့်ခိုင်းထားသေးသည်။ ထို့ကြောင့် လျှန်ပေ့အပေါ် သက်ရောက်လာမှုများကလည်း သူ၏ တွက်ချက်မှုအ တွင်းတွင် ပါဝင်သည်။

လျှန်ပေ့နှင့် ပိုင်မိသားစုက ဆက်ဆံရေးတစ်ခုကို တည်ထောင်ချင်နေကတည်းက လျှန်ပေ့သည် တစ်ဖက်ခြမ်းမှ ဖြစ်သွားသည်။ ထို့ကြောင့် ယန်မော့သည်လည်း ရန်သူကို ညှာတာပေးလိမ့်မည် မဟုတ်ပေ။

104 02

ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကလည်း ယန်မော့၏အကြံအစည်တိုင်းကို သိသည်။ သူတို့သည်လည်း ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ခံစားမိသွားပြီး သူတို့ကိုယ် သူတို့ သက်ပြင်းချမိကြသည်။ လက်စသတ်တော့ သူ မရီးနဲ့အတူရှိချိန်တိုင်းလိုလို ပြသထားသမျှ လူကြီးလူကောင်းဆန်သမျှက အတုအယောင်တွေပဲကို။

“နင်တို့သုံးယောက်ရဲ့ မျက်လုံးတွေ ဘာဖြစ်နေတာလဲ ကိုးရိုးကားရားနဲ့”

ရှုရှင်းက အောက်ထပ်သို့ဆင်းလာသောအခါ ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသား သုံးယောက်ကို မြင်လိုက်သည်။ သူတို့သည် စကားမပြောကြပေ။ သို့သော် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မျက်လုံးချင်း ဆက်သွယ်နေကြသည်။

“ဘာမှ မဟုတ်ဘူး ဘာမှမဟုတ်ဘူး။ မရီး ငါတို့ ဒီည ဘာစားမှာလဲ”

ယန်မော့က ‘မင်းသာ စကားတစ်ခွန်းပိုပြောရင် သေပြီ’ ဆိုသော အကြည့်မျိုးကို ရလိုက်သည်နှင့် ပုရှန်းဝမ်ကလည်း ချက်ချင်းဆိုသလို အော်ရယ်လိုက်ပြီး အာရုံပြောင်းသည်။

“အင်း ငါ့ရဲ့ နေရာလပ် နယ်မြေထဲမှာလေ တုတ်ထိုးကင်တွေ အများကြီး ရှိနေသေးသလိုပဲ။ ဆိုတော့ ငါတို့ ဒီနေ့ ဘာဘီကျူး စားကြရင် ဘယ်လိုလဲ။ နောက်ပြီး ဝိုင် နည်းနည်းထည့်လိုက်ရင်း ဘဝက ပျော်စရာ ကောင်းသွားလိမ့်မယ်”

ကံကောင်းသည်မှာ ရှုရှင်းသည် နှလုံးသားကြီးသောသူဖြစ်သည်။ ကိုးရိုးကားရား အခြေအနေကို သတိမထားမိလိုက်ပါပေ။ ထို့ကြောင့် ပုရှန်းဝမ်၏ အတွေးယာဉ်ကြောနောက် လိုက်သွားသည်။

“အင်း ကောင်းတာပေါ့ ကောင်းတာပေါ့ သေချာပေါက်ကို ကောင်းတာ။ အခြားဘာမှ မဟုတ်ရင်တောင်မှ ငါ့ရဲ့အသားကင် စွမ်းရည်က လုံးဝကို ပြိုင်ဘက်ကင်းတယ်။ ငါ ဒီည မင်းတို့ကို ငါ့ရဲ့ လက်ရာကို မြည်းခိုင်းမယ်”

သူတို့က အသားကင်အကြောင်းကို ကြားသည်နှင့်ပုရှန်းဝမ်က ချက်ချင်းဆိုသလို စိတ်ဝင်စားသွားပြီး စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။

******

All Chapters