အခန်း ၁၀၅
Vol. 11 Ch. 105
105 01
အပိုင်း (၁၀၅)
အခြေစိုက်စခန်း၏ ပိုင်မိသားစု စံအိမ် …
ညက နက်နေလေပြီ။
“အခုတလော ငါ့ကို မဆက်သွယ်နဲ့လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာကိုလာတာလဲ”
ပိုင်ရှန်းတိက အကျွင်းမဲ့လုံခြုံသည်ဟု ထင်ရသည့် နေရာတွင်ပင် စကားကို ကျယ်ကျယ်မပြောဘဲ အသံကို တိုးကာ ပြောသည်။ ထို့ကြောင့်သူ၏ စိတ်ရှုပ်နေသော အသံကို ကြားရန် မခက်ပေ။
“မစိုးရိမ်ပါနဲ့ ငါဒီနေရာကို လာတဲ့ လမ်းတောက်လျှောက် အခြားသူတွေရဲ့ အာရုံကို ရှောင်ခဲ့ပါတယ်။ ငါမင်းရဲ့ နေရာကို လာမှန်းဘယ်သူမှ မသိဘူး။ အခြေစိုက်စခန်းက ငါ့ရဲ့ အလုပ်ခန့်စာကို မထုတ်ပြန်သေးတဲ့အတွက်ကြောင့်သာ မဟုတ်ရင် ငါက ဒီနေရာကို လာမယ်ထင်လား”
ဒုက္ခများနေသော လျှန်ပေ့ကလည်း ဆိုးရွားသော လေသံနှင့် ပြောသည်။
“ငါ ဒီကိစ္စက အကြောင်း သိထားပြီးသား။ ဒါပေမဲ့ အခု ငါမင်းကို မကူညီနိုင်ဘူး။ မင်းဘာသာမင်းပဲ စဉ်းစားတော့”
“ငါ ဖြေရှင်းချက် ရပြီးပြီ။ အထက်က လူတွေက ငါနဲ့ ပိုင်မိသားစုရဲ့ဆက်ဆံရေးကို သတိကပ်ထားနေကြတယ်။ အခြေစိုက်စခန်းထဲက လူတွေကလည်း ငါက မင်းနဲ့ အာရုဏ်ဦးအသင်းကို ဘယ်လို တုန့်ပြန်မလဲဆိုတာကို သိချင်နေကြတာလေ။ ဆိုတော့ ငါ့အပေါ် သက်ရောက်မှု နည်းအောင် ငါ တုန့်ပြန်ရမယ်”
“အို မင်းက ဘာလုပ်မလို့လဲ။ ငါ ပူးပေါင်းပေးဖို့လိုလို့ လား”
ပိုင်ရှန်းတိက လျှန်ပေ့၏စကားလုံးများမှ လျှို့ဝှက်ထားသော အဓိပ္ပာယ်ကို ကြားလိုက်သည်နှင့် မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး တစ်ဖက်သူ၏ စကားများကို ထပ်စောင့်သည်။
“အခြေစိုက်စခန်းထဲက သူတွေကလည်း ငါနဲ့ မင်းတို့နဲ့ ရင်းနှီးတာကို သတိကပ်နေတယ် ဆိုကတည်းက နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် သူတို့က ငါ့ကို ပိုင်မိသားစုနဲ့ အာရုဏ်ဦးအသင်းအကြား ရွေးခိုင်းတယ်ဆိုကလည်းက ငါက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ရဲ့ ဆက်ဆံရေးကို အကွာအဝေး ခြားလိုက်သင့်တယ်။ ဒါမှပဲ အထက်က လူတွေကလည်း အာရုဏ်ဦးအသင်းကို ပိုပြီး သတိကပ်သွားမှာလေ”
“ဒီလို အများအတွက် ထုတ်ပြန်တဲ့အခါ ငါတို့ရဲ့ ဆက်ဆံရေးက မြေအောက်ထံကို ရောက်သွားမယ်။ ဒါကြောင့် အထက်က သူတွေကလည်း ငါတို့ကို တစ်ခဏလောက် မယုံဘူးဆိုရင်တောင်မှ ငါတို့က လျှို့ဝှက်ထားသေးသမျှ သူတို့ရဲ့ သတိက ပေါ့လျော့သွားမှာ။ ဒါက ငါတို့အတွက် မကောင်းဘူးလား”
လျှန်ပေ့ကလည်း အချိန်တန်ကြာအောင် ရုံးခန်းထဲတွင်ပိတ်ကာ စဉ်းစားပြီးမှသာ ထိုအဖြေကို ရလာခဲ့ခြင်း ဖြစ်သည်။
“မင်းဆိုလိုတာကို ငါးနားလည်တယ်။ ဒါပေမဲ့ ငါတို့က အထက်က သူတွေအတွက် ဖျော်ဖြေရမယ် ဆိုကတည်းက ပိုပြီးသရုပ်သဏ္ဍာန်တူအောင် သရုပ်ဆောင်သင့်တယ်။ ငါကလွဲပြီး ပိုင်မိသားစုက ဘယ်သူကမှ ငါတို့ကြားက အစစ်အမှန်ဆက်ဆံရေးကို သိတာ မဟုတ်ဘူး။ ဆိုတော့ အခုကစပြီး ငါတို့ စာကြောင်းတစ်ခုတည်းကပဲ ဆက်သွယ်ကြမယ်”
ပိုင်ရှန်းတိက မျက်လွှာကို အသာချလိုက်သည်။ မျက်လွှာချထားသော သူ၏ မျက်လုံးထဲတွင် အချို့သော အရိပ်အယောင်များ ရှိနေသည်။
“ကောင်းပြီလေ အခု အဲဒါ အတည်ဖြစ်ပြီ။ ငါ ဒီမှာ မနေတော့ဘူး”
ပြောလိုသော စကားကို ပြောပြီးသည်နှင့် လျှန်ပေ့ကလည်း ဆက်ပြီး နေလိုစိတ် မရှိတော့ပေ။ ဒုက္ခများကို ပြဿနာကို နောက်ဆုံးတွင် ဖြေရှင်းပြီးသွားပြီ။ နောက်ဆုံးတွင် မျှော်လင့်ချက်လည်း ရှိလာ၏။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုက ရရှိလာလေပြီး သူသည်လည်း နေရာတွင် ဆက်နေပြီး ပိုင်ရှန်းတိ၏ အမူအရာကို ဆက်လက်အကဲမခတ်ချင်တော့ပေ။
သူက အိမ်သို့ ပြန်ရောက်ပြီး တစ်ညခန့်အနားယူပြီးနောက်တွင် လျှန်ပေ့သည်လည်း နောက်တစ်ရက်တွင် အများကို ထုတ်ပြန်ကြေညာကာ ပိုင်မိသားစုနှင့် ဆက်ဆံရေး မရှိကြောင်း ဖော်ပြသည်။
ပိုင်မိသားစုနှင့် အာရုဏ်ဦးအသင်း ကတောက်ကဆ ဖြစ်သွားသည်မှာ တစ်ပတ်နီးပါးပင် ကြာသွားသည်။ လူတိုင်းကလည်း ဂရုပင်မစိုက်ကြတော့ပေ။ သို့သော် လျှန်ပေ့က ရုတ်တရက်ကြီး ထိုအကြောင်းကို ထုတ်ပြောနေသည်။ အမှန်တရားကို ဖုံးကွယ်ချင်နေမှန်း သိသာသည်။ မျက်လုံးလျှင်သော မည်သူကမဆို သိနိုင်သည်။ နားရှိသော လူတိုင်းကလည်း ကြားနိုင်၏။ သို့သော် လူတိုင်းကတော့ဖြင့် ဉာဏ်မကောင်းပေ။ အချို့သော သူများကလည်း ယုံသည်။ ထိုအခြေအနေက အခြေစိုက်စခန်းအတွင်းမှ သူ့အပေါ် အမြင်ကို နည်းနည်း ပြောင်းသွားစေသည်။
105 02
ယန်မော့သည် လျှန်ပေ့ဟာ ထိုကိစ္စကို မည်သို့ကိုင်တွယ်မှန်း ဂရုမစိုက်တော့ချေ။ သူက မည်သို့ပင် ကိုင်တွယ် ကိုင်တွယ် သို့မဟုတ် မည်သို့ပင် ဖြေရှင်း ဖြေရှင်း သူက နောက်ထပ် လုပ်ရမည့် ထောင်ချောက်ကို ချထားပြီးသားဖြစ်ပြီး ထိုနေရာက လွှတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
သူ၏အမြင်တွင် လျှန်ပေ့ အခုလုပ်သမျှက ချောင်ပိတ်ခံထားရသော သားရဲတစ်ကောင်၏ တိုက်ခိုက်မှုထက် မပိုပေ။ ထည့်ပြောရန်ပင် မတန်ပေ။
မကြာခဏဆိုသလို အဝင်အထွက် လာလုပ်ပြီး အနှောက်အယှက် မရှိသောအခါ အခြေစိုက်စခန်းထဲမှ ရှုရှင်း၏ဘဝကလည်း သက်တောင့်သက်သာ ရှိနေသည်။ တစ်ယောက်သော အမျိုးသားက သူမကို အိပ်ယာထဲမှ မထွက်နိုင်အောင် လုပ်နေသောကြောင့်သာ မဟုတ်လျှင် အခြေစိုက်စခန်းထဲတွင်သာ ထာဝရ နေနေချင်လောက်သည်။
“မနက်ဖြန် တာဝန်သွားလုပ်ရမှာနော်။ ဒီည မလွန်နဲ့”
ရှုရှင်းက သူမ၏ အရှေ့မှအမျိုးသား၏ ရင်ဘတ်ပေါ် လက်တင်လိုက်ပြီး နီရဲသော မျက်နှာနှင့် သဘောမကျစွာ ပြောသည်။
“အင်း လိမ္မာတယ် တစ်ခေါက်ပဲ”
“နင် အရင်တစ်ခေါက်ကလဲ အဲ့ဒီလို ပြောတာပဲ။ ဒါပေမဲ့ဘယ်လို…အင်း”
အမျိုးသမီး၏အသံကို အမျိုးသားက ဝါးမျိုလိုက်ပြီး သူ၏ ရုန်းကန်မှုများကို နှောက်ယှက်ပစ်လိုက်သည်။ ထိုသို့ဖြင့် သူက ကိုယ့်ကိုယ်ကိုယ်သာ ပင်လယ်ထဲတွင် နစ်မြုတ်သထက် နစ်မြုတ်ပြီး ထိုအမျိုးသား၏ ဟန်ချက်နောက်ကိုသာ လိုက်ရတော့သည်။
******