← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

106 01

အပိုင်း (၁၀၆)

သူတို့ နောက်တစ်နေ့ မနက် ထွက်ခွာသောအခါ ရှုရှင်းကို ယန်မော့က ကားဆီသို့ ပွေ့ခေါ်လာရသည်။ ရှုရှင်းက လုံးဝ နိုးလာချိန်တွင် အခြေစိုက်စခန်းနှင့် တော်တော်ပင် ဝေးနေပြီ ဖြစ်သည်။

ယန်မော့နှင့် အသင်းကလည်း ထိုတာဝန်ကို တိုက်ဆိုင်စွာ ယူလိုက်ခြင်း ဖြစ်သည်။ သူတို့၏ အဓိက ရည်ရွယ်ချက်က ဇွန်ဘီများသော နေရာကို ရှာပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရန် ဖြစ်သည်။ သူတို့သည် အလွန်မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် အဆင့်တက်လာကြသည်။ ထို့ကြောင့် သူတို့၏ အုတ်မြစ်က ခိုင်မာစေရန်အလို့ငှာ သူတို့၏ တစ်ကိုယ်တည်း တိုက်ခိုက်ရေးလေ့ကျင့်မှုလုပ်ပေးရန် အလို့ငှာ အပြင်ဘက်သို့ထွက်ကာ လေ့ကျင့်ခိုင်းခြင်း ဖြစ်သည်။ ဒီတစ်လောအတွင်းတွင်ပင် သူတို့သည် သလင်းအမြူအတေကို မစုပ်ယူတော့ချေ။

သူတို့လွှတ်ထားသော သလင်းအမြူအတေများအားလုံးကိုလည်း ရှုရှင်းကိုသာ ပေးလိုက်သည်။ ထိုသို့ဖြင့် နေရာလပ် နယ်မြေထဲမှ တတိယအထပ်တွင်ရှိသော လုံခြုံရေး အခြေစိုက်စခန်းကလည်း သိသာထင်ရှားစွာဖြင့် အမှတ်များ တိုးတက်လာသည်။

ဖြစ်စဉ်က မျှော်လင့်ထားသည်ထက်ပင် အတော်လေး လွယ်ကူသည်ဟု ပြောရပေမည်။

ဒီတစ်ခေါက် သူတို့သည် အပြင်ဘက်တွင် နှစ်ပတ်နီးပါးနေရန် ဆုံးဖြတ်ထားသည်။ ယခင်က နည်းနည်းများများ ရထားသောပမာဏကို ထည့်ပေါင်းကြည့်လိုက်သောအခါ တိုးတက်မှု ဘားတန်းကလည်း ဆယ်ပုံတစ်ပုံနီးပါးသို့ဖြင့် ရောက်ရှိသွားသောကြောင့် ရှုရှင်းက အချိန်တန်ကြာအောင် စိတ်လှုပ်ရှားနေခဲ့သေးသည်။

ဇွန်ဘီများ၏အဆင့်က မြင့်သထက် မြင့်လာသည်။ ထို့ကြောင့် ရရှိသော အမှတ်များကလည်း ပို၍သာတိုးတက်လာသည်။ လက်ရှိတိုးတက်မှု နှုန်းထားအတိုင်းဆိုလျှင် သူတို့အတွက် နှစ်နှစ်လောက် အချိန်ယူရုံနှင့် ထိုအခြေစိုက်စခန်းကို ရနိုင်သည်။

သူတို့သည် အခြေစိုက်စခန်းသို့ ပြန်မည့် အချိန်အတိအကျကို မသိသောကြောင့် သူတို့သာ အချိန်တန်ကြာအောင် ပြန်မလာခဲ့လျှင် တစ်စုံတစ်ယောက်က သူတို့၏ စံအိမ်ကို မျက်စိကျလိမ့်မည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ယန်မော့သည်လည်း မထွက်လာသေးခင် အခြေစိုက်စခန်းမှ ထိပ်တန်းစီမံသူ တစ်ယောက်ကိုသွားရှာပြီး ကြိုတင်ကာ အကြောင်းကြားထားသည်။

ထိုစံအိမ်ကို အလကား ကြည့်ခိုင်း၍တော့ဖြင့် မရနိုင်ပေ။ ထို့ကြောင့် ယန်မော့သည်လည်း အချို့သော အကျိုးအမြတ်အချို့ကို ပြောလိုက်မှသာ သူတို့က သဘောတူပေးပြီး စံအိမ်ကို ကြည့်ထားမည်ဟု ပြောလာသည်။ ဒီတစ်ခေါက် သူတို့အကြာကြီး အပြင်ထွက်ဖြစ်လောက်သည်။ ပိုင်မိသားစုကလည်း အခွင့်ကောင်းလာယူပြီး ပြဿနာလာရှာမည်ကို စိုးရိမ်ရန်မလိုအပ်တော့ပေ။ ပိုင်မိသားစုက တစ်စုံတစ်ရာကို လုပ်ချင်လျှင်ပင် စံအိမ်ပေါ်တွင် လွှတ်ထားသော ဗို့အားမြင့်မားသည့် လျှပ်စစ်မီးကတင် အတော်လေး ခက်ခဲစေနိုင်သည်။

“ငါ လဝက်လောက် လေ့ကျင့်ထားတာက နောက်ဆုံးတော့ အကျိုးအမြတ်ပြန်ရပြီ။ ငါ့ရဲ့ ကြွက်သားတွေကိုကြည့် ငါ့ရဲ့အသားအရောင်ကို ကြည့် နည်းနည်းလေးတောင် မှောင်လာပြီ။ ပုံပန်းသွင်ပြင်တွေတောင် ပေါ်လာတယ် မဟုတ်လား။ အတိတ်ကသာဆိုရင် လုံးဝကို နေမင်းကြီးလို တောက်ပပြီး အင်အားအပြည့်နဲ့ မြေခွေးကောင်လေးပဲ”

ပုရှန်းဝမ်က ဖော်ပြရန် ခက်ခဲသော ပုံသဏ္ဍာန်မျိုးဖြင့် မြေပြင်တွင် လူးလိမ့်နေပြီး ကြွက်သားများကလည်း တွန့်နေသည်။ သူက သက်ပြင်းကိုချနေသည်။

“ဟားဟား … နင်က နင့်ကိုယ်နင် အင်အားအပြည့်နဲ့ တောက်ပပြီး မြေခွေးကောင်လေးလို့တောင် ပြောသေးတယ်။ မုကောရဲ့ အသားအရည်ကိုတစ်ချက် ကြည့်လိုက်ပါအုံး။ နင့်ရဲ့ အသားအရည်နဲ့ တစ်ချက် ပြန်ယှဉ်ကြည့် ပြီးတော့မှ ဆက်ပြော ဟုတ်ပြီလား”

ယန်မော့၏ ကိုယ်ကို အရိုးမပါသောသူတစ်ယောက်ကဲ့သို့ မှီနေသော ရှုရှင်းကလည်း ပုရှန်းဝမ်၏ ချဲ့ကားလွန်းသော အမူအရာကို ကြည့်ပြီးရယ်သည်။

“…”

“တစ်ဆိတ်လောက် ငါ မယှဉ်တော့ပါဘူး”

106 02

မူချီမိုင်နှင့်ပုရှန်းဝမ်တို့က ကျောချင်းကပ်လျှက် ရပ်နေကြခြင်း ဖြစ်သည်။ ပုရှန်းဝမ်က တစ်ဖက်သို့ လှည့်လိုက်သောအခါ မူချီမိုင်၏ အသက်ရှူနေရုံဖြင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသော ကြွက်သားများကို မြင်လိုက်သည်။ သူ၏ ပေါ်နေသောအသားအရောင်ကလည်း အညိုရောင် ဖြစ်ပြီး အလွန်အမင်းကို အင်အားကြီးမားကာ လှလေရာ သူ၏ ဟော်မုန်းများကပင် လျှံထွက်နေသည်။

မူချီမိုင်နှင့်နှိုင်းယှဉ်ကြည့်သော် ပုရှန်းဝမ်သည်လည်း သူဟာ မည်သည့် ထင်ရှားမှုမှ မပြနိုင်သော အရိုးဖြူ ကြက်ပြုတ်သားနှင့်ပင် တူသည်။ ဒီကာလအတောအတွင်းတွင် အတော်လေး မဲသွားပြီဟု ထင်နေသော အသားအရည်ကပင် ခြိမ်းခြောက်မှု မရှိတော့ပေ။

သူသည် နည်းလမ်းမှားဖြင့် နှိုင်းယှဉ်ကြည့်နေပုံရသည်။

သူ၏ မျက်လုံးက ပါးစပ်မပိတ်ရသေးသော ရှုရှင်းဆီ ပြန်ရောက်ပြီးနောက် မျက်လုံးကို တိတ်တဆိတ် ပြန်ရွေ့လိုက်သည်။ အရောင်ပင် လက်နေသေးသော မျက်နှာနှင့် ယန်မော့ကို မြင်သည်နှင့် သူ၏ မျက်ဝန်းက တောက်ပသွားသည်။

သို့သော် သူက ပါးစပ်ကို ဟကာ အသေခံမည့် စကားများကို မပြောရသေးခင် ယန်မော့က ပုရှန်းဝမ်၏ အကြည့်ကို အာရုံခံမိလိုက်သည်။ သူဟာ တစ်ချက်သာ ကြည့်လိုက်သည်။ ပုရှန်းဝမ်က ပြောလိုသော စကားလုံးများကို အစာအိမ်ထဲသို့ ပြန်ထိုးထည့်လိုက်ပြီး တိတ်သွားသည်။

လေ့ကျင့်မှုပေါင်းများစွာက သူတို့၏ကိုယ်ကို အလွန်အမင်းကို နွမ်းနယ်စေသည်။ ထို့ကြောင့် အခြားသော အလုပ်များကိုလည်း လုပ်နိုင်ခြင်း မရှိတော့ပေ။ နေ့ရက်တိုင်းလိုလို လေ့ကျင့်နေပြီးနောက်တွင် ခပ်မြန်မြန် ညစာစားပြီး ရေချိုးပြီးသည်နှင့် အိပ်ယာထဲမြန်မြန် ဝင်လှဲလိုက်ကြကာ ခေါင်းကို စောင်ခြုံပြီး အိပ်ကြသည်။ ဒီညကလည်း ချွင်းချက် မရှိပါပေ။

ပုံမှန်အတိုင်းလိုလိုပင် ရှုရှင်းကလည်း RV ဝန်းကျင်တွင် အကာအကွယ်စက်ကွင်းကို ထုတ်လွှတ်ထားလိုက်သည်။ ကျားဖြူနှင့် ဝံပုလွေဖြူတို့ကလည်း အပြင်ဘက်တွင် စောင့်ရှောက်ပေးမည် ဖြစ်သည်။ ထို့ကြောင့် RV ၏ လုံခြုံမှုကို စိတ်ချ၍ ရသည်။

သူတို့သည်လည်း ကမ္ဘာအဆုံးသတ်ကာလပြီးကတည်းက သူတို့၏အသက်ကို ခြိမ်းခြောက်နိုင်သော အခြေအနေမျိုးကို မကြုံတွေ့ခဲ့သောကြောင့် ဖြစ်လောက်သည်။ သူတို့၏ သတိကလည်း အစပိုင်းတွင်လောက် မမြင့်မားတော့ချေ။ သို့သော် အန္တရာယ်က တဖြည်းဖြည်း ချဉ်းကပ်လာနေကြောင်းကို မသိသေးပါပေ။

******

All Chapters