အခန်း ၁၀၇
Vol. 11 Ch. 107
107 01
အပိုင်း (၁၀၇)
ကမ္ဘာ့အဆုံးသတ်ကာလ၏ ညဖက်က မဲမှောင်ကာ တိတ်ဆိတ်သည်။ လူသားများအတွက်ကမူ ညက ကပ်ဘေးဖြစ်သည်။ ရှောင်ရှား၍ မရသော အချိန်ကာလလည်း ဖြစ်သည်။ သို့သော် ဇွန်ဘီများနှင့် အချို့သော ဆင့်ကဲပြောင်းလဲထားသော သတ္တဝါများအတွက်ကမူ ခပ်အေးအေးသွားနိုင်သော စင်မြင့်ဖြစ်သည်။
မနက်သုံးနာရီတွင် လမ်းဘေးနားတွင် ရပ်ထားသော RV က မြက်နှင့်ပင် မခြားနားသော ပုံစံမျိုးဖြင့်သာ တည်ရှိနေပြီး ကိုယ်ပိုင်ရနံ့ကိုသာ ထုတ်လွှတ်ထားသည်။
သည်းမခံနိုင်လွန်းသော ရနံ့တစ်မျိုးကလည်း RV အပြင်ဘက်တွင် စောင့်ကြပ်နေသော တာ့ပိုင်နှင့်တာ့ယွင်တို့ကလည်း မြေပြင်ပေါ်တွင် လှဲနေရာမှ တဖြည်းဖြည်း မျက်လုံးမှိတ်သွားပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။
မည်သည့် ပုံသဏ္ဍာန်မှ မရှိသော အနံ့က RV ၏ အဟကြားမှ တဆင့် အတွင်းသို့ ဝင်ရောက်သည်။ အတွင်းမှ လူများတိရစ္ဆာန်များက ချွင်းချက်မရှိစွာပင် ရှူရှိုက်မိသွားကြသည်။ ထိုရနံ့က လူသားများနှင့် တိရစ္ဆာန်များအတွက် အနံ့မခံနိုင်လု နီးပါး ဖြစ်သော်လည်း ဇွန်ဘီများအပေါ်တွင်မူ ထိုးခြားသော သက်ရောက်မှု ရှိသည်။ ဇွန်ဘီများက ထိုအနံ့ကို ရသည်နှင့် စိတ်လှုပ်ရှားသွားကြပြီး လှုံဆော်ခံရသလို ဖြစ်သွားသည်။
ဇွန်ဘီများ၏ လှုပ်ရှားနိုင်စွမ်းရည်နှင့် တိုက်ခိုက်နိုင်စွမ်းရည်က အများကြီး တိုးတက်သွားကာ အနံ့ရှိရာဘက်သို့ ဦးတည်လာကြသည်။
ယန်မော့၏ အင်အားကြီးမားသော ဇီဝနာရီကလည်း မနက်ငါးရီဆိုသည်နှင့် ဒေါင်ကနဲ မြည်သည်။ သူ၏လေးလံသော အသိစိတ်နှင့် မျက်လုံးများကလည်း တဖြည်းဖြည်းပွင့်လာကာ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း အချက်ပြနေသည်။
RV အတွင်းမှ အရေးပေါ် ညမီးကလည်း မမှိတ်ထားရသေးချေ။ ယန်မော့က ခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး ဘေးဘီကို ရှာကြည့်သည်။ ရှုရှင်းက နံဘေးနားတွင် အိပ်ပျော်နေကြောင်း မြင်မှသာ သူ၏နှလုံးသားက ပြန်လည် တည်ငြိမ်သွားသည်။
“ရှင်းပေါင် ရှင်းပေါင် ထအုံး ရှင်းပေါင်”
“ဟင် ငါ့ကို မနှောက်ယှက်နဲ့ အိပ်ချင်သေးတယ်။ ငါ အိပ်အုံးမယ်”
“ရှင်းပေါင် ထအုံး တစ်ခုခုမှားနေပြီ”
ယန်မော့၏ လေးနက်သောအသံက ရှုရှင်းအား စောင်ထဲသို့ မမြုတ်နိုင်အောင် ဖြစ်သွားစေသည်။ သူမကလည်း အိပ်ချင်စိတ်ကို မနည်းထိန်းလိုက်ကာ မျက်လုံးကို ဖွင့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“ငါလဲ မသေချာဘူး နေရာလပ် နယ်မြေထဲက ဂတ်စ်မက်စ်တွေ ထုတ်ပြီး တပ်ပြီး ထွက်လာခဲ့။ ငါတို့ ချီမိုင်နဲ့ ရှန်းဝမ်ကို သွားနှိုးရမယ်”
အရေးပေါ် အခြေအနေကို ပြင်ဆင်နိုင်ရန်အလို့ငှာ သူတို့ တာဝန်ဖြင့် ထွက်လာသောအခါ အိပ်ယာဝင်ချိန်တွင်ပင် အဝတ်အစားများကို အသင့်ပြင်ထားကြသည်။ ထို့ကြောင့် ချက်ချင်း တုန့်ပြန်နိုင်မည် ဖြစ်သည်။
ရှုရှင်းကို ခေါ်သော လေသံနှင့် နည်းလမ်းနှင့် နှိုင်းယှဉ်ကြည့်သော် မူချီမိုင်နှင့် ပုရှန်းဝမ်တို့ကို ခေါ်သော လေသံက ကြမ်းတမ်းကာ ပြင်းထန်သည်။ သူသည် ထိုနှစ်ကောင်၏အိပ်ခန်းတံခါးကို ဆောင့်တွန်းပြီးသည်နှင့် လက်ထဲတွင်း စပရေးပုလင်းသေးသေးလေးကို ကိုင်ကာ နှစ်ယောက်လုံး၏ မျက်နှာကို လိုက်ဖြန်းသည်။
ပုရှန်းဝမ် : “!!!”
မူချီမိုင် : “!!!”
107 02
သက်ရောက်မှုကလည်း ချက်ချင်းကို ပြသသည်။ နှစ်ယောက်လုံးကလည်း ချက်ချင်း သတိဝင်လာသည်။
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ။ RV က ရေယိုနေတာလား”
မျက်နှာပေါ်မှ ရေကို စမ်းကြည့်ပြီးသည်နှင့် ပုရှန်းဝမ်က ကားခေါင်းမိုးကို တအံ့အဩကြည့်သည်။ ယန်မော့၏ လက်ထဲမှ ရေပုလင်းကို မြင်သောအခါ အရာအားလုံးကို နားလည်သွားသည်။
“…”
လူသုံးယောက်က သူ့ကို ကြည့်လာသောအခါ ပုရှန်းဝမ်ကလည်း လွန်ခဲ့သော နှစ်စက္ကန့်သို့ ပြန်သွားပြီးကိုယ့်ပါးစပ်ကိုယ် အုပ်ချင်သွားသည်။
တကယ်ကို တုံးတာပဲ။
“ဟေး ဘာဖြစ်လို့ ငါ့ရဲ့ ခေါင်းက တအားလေးနေတာလဲ။ အရမ်းအိပ်ချင်နေသလိုပဲ”
“ဒီမှာ ဂတ်စ်မက်စ်တွေ တပ်ထား။ အပြင်ဘက်က ငါတို့မသိတဲ့ တစ်ခုခု ဖြစ်နေလောက်တယ်။ တာ့ပိုင်နဲ့ အခြားသူတွေတောင်မှ သတိပေးချက် မပေးဘူးဆိုတော့ သူတို့လည်း သက်ရောက်မှု ခံထားရလိမ့်မယ်။ ဒီလို အလွယ်တကူ သက်ရောက်ပုံရောက်ရင် လေထံမှာ တစ်ခုခု ရှိနေလိမ့်မယ်။ ငါတို့ မသိဘဲနဲ့ ရှူရှိုက်မိသွားတာ”
ဂတ်စ်မက်စ်မှလာသော အသံကလည်း ခပ်အုပ်အုပ် ဖြစ်နေသည်။ ယန်မော့ကလည်း ဂတ်စ်မက်စ်ကို ခပ်မြန်မြန် တပ်ရင်း အခြားသော နှစ်ယောက်၏ မျက်နှာထဲသို့ အတင်းထိုးပေးသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ဂတ်စ်မက်စ်များကို တပ်ပြီး နောက်မှသာ ယန်မော့က ခေါင်းမှ မူးဝေစိတ်ကို သည်းခံပြီး စိတ်စွမ်းအားကို ထုတ်လွှတ်ကာ အပြင်ဘက်မှ အခြေအနေကို စစ်ဆေးကြည့်သည်။
RV ၏ အနီးအနားဝန်းကျင်ကို စစ်ဆေးကြည့်ပြီး မည်သည့်အန္တရာယ်ကိုမှ ရှာမတွေ့သည့်အခါ ဝန်းကျင်ကို ထပ်ချဲ့သည်။ RV နှင့် မီတာတစ်ရာကျော်ခန့်အကွာတွင် မရေမတွက်နိုင်သော ဇွန်ဘီပေါင်းများစွာက တဖြည်းဖြည်း လာဝိုင်းနေကြောင်း မြင်လိုက်ရသည်။
“အပြင်ဘက်မှ အရေအတွက်တောင် မရေမတွက်နိုင်တဲ့ ဇွန်ဘီတွေ အပြည့်ပဲ။ ငါတို့ကို လာဝိုင်းနေပြီ။ ဒီဇွန်ဘီတွေရဲ့ အခြေအနေက လုံးဝကို ခြားနားတယ်။ တာ့ပိုင်နဲ့ တာ့ယွင်ကို အရင်သွားနှိုးလိုက်။ သူတို့ကို ကားထဲကို ဝင်ခိုင်းပြီး ငါတို့ ဖောက်ထွက်ဖို့ ကြံစည်ရမယ်”
အပြင်ဘက်ကို ခြေရာခံမိသည့်ယန်မော့၏ အမူအရာက အထူးတလည် လေးနက်သွားသည်။ ရှုရှင်းတို့ကလည်း ယန်မော့၏ အမူအရာကတဆင့် ကျောချင်းကပ်သွားကြသည်။ သူတို့သည်လည်း ဒီနေ့ ကိစ္စကြီးတစ်ခုကို ကြုံတွေ့ရတော့မည်ကို ကြောက်ရွံ့လာသည်။ ခဏနေတွင် သူတို့သည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲရလောက်သည်။
ယန်မော့နှင့် ပုရှန်းဝမ်တို့က ကားထဲမှထွက်ကာ တာ့ပိုင်နှင့် တာ့ယွင်တို့ကို သွားခေါ်ပြီး ရှုရှင်းနှင့် မူချီမိုင်တို့ကလည်း ကားထဲမှ ပစ္စည်းများကို ခပ်မြန်မြန်ပင် ရေတွက်လေသည်။
လေထဲမှ အရာများက လူသားများထက်ပင် တိရစ္ဆာန်များအပေါ်တွင် ပို၍သာ သက်ရောက်လေသည်။ ထို့ကြောင့် တာ့ပိုင်တို့ လေးကောင်ကလည်း တိုက်ခိုက်နိုင်စွမ်းရည် ဆုံးရှုံးသွားပြီး ငိုက်မြည်းနေကြသည်။
ပစ္စည်းများကို ရေတွက်နေချိန်တွင်ပင် ရှုရှင်းက အလွန်အမင်း စိုးရိမ်လာသည်။ မမျှော်လင့်ထားသော တစ်စုံတစ်ရာက ဖြစ်ပျက်တော့မည်ဟု ခံစားနေရသည်။ သူမ၏ နှလုံးသားကလည်း လေးလံလာသည်။ အားလုံး၏ ပစ္စည်းများကို ထုပ်ပိုးပြီးသောအခါ ရှုရှင်းသည် အမည်မသိရသော အကြောင်းပြချက်မျိုးကြောင်း အားလုံး၏ ကျောပိုးအိတ်ထဲသို့ ရိက္ခာနှင့် ဆေးဝါးများကို ပုံမှန်ထက် ပိုထိုးထည့်ပေးလိုက်သည်။ သူမကိုယ်တိုင်ကလည်း အရေးပေါ် သုံးနိုင်သော ဆေးနှင့် ဂတ်စ်များအားလုံးကို RV ထဲသို့ ပုံမှန်ထက် ပိုထည့်လိုက်၏။ ပစ္စည်းများအားလုံးကို ထည့်ပြီးနောက် ရှုရှင်းက စိုးရိမ်စိတ် နည်းသွားသည်။
107 03
“ရှင်းပေါင် ဘာလုပ်တာလဲ”
“ဘာမှ မဟုတ်ပါဘူး။ ငါဒီအတိုင်း အနောက်ကို သွားပြီး အားလုံးအတွက် ပစ္စည်းနည်းနည်း ပိုထည့်ပေးတာ။ ငါ RV ထဲမှာလည်း ပစ္စည်းတွေအများကြီး ထည့်ထားတယ်။ ဒါကြောင့် အရေးတကြီး ပစ္စည်းကုန်သွားတဲ့အခါ ယူသုံးလို့ရတယ်”
“ဒါလည်း ကောင်းတာပဲ”
သူတို့က ပစ္စည်းသိမ်းနေသည့်မိနစ်အနည်းငယ်ခန့်အတွင်းတွင်ပင် ဇွန်ဘီများက ဝိုင်းလာပြီ ဖြစ်ပြီး ပို၍သာ နီးကပ်လာသည်။ အပြင်ဘက်မှ ထိုဇွန်ဘီများ၏ ခြောက်ခြားဖွယ်ကောင်းသော အော်သံကိုပင် ကြားနိုင်သည်။
ဇွန်ဘီများ၏ မျက်လုံးက ပုံမှန်မဟုတ်သော မျက်လုံးဖြင့် တောက်ပနေပြီး အနီရောင်အလင်းနှင့် လှုပ်ရှားမှုများကလည်း ပုံမှန်မြင်နေကျ ပုံသဏ္ဍန်ထက်ပင် ပို၍ပင် လျှင်မြန်လွန်းနေသည်။ ထို့အပြင် တွန့်လိမ်ကောက်ကွေးနေသော ပုံစံမျိုးအရ ပို၍ပင် ကြောက်စရာကောင်းလေသည်။
ထိုဇွန်ဘီများက လျှင်မြန်စွာ ရွေ့လျားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် RV နှင့် ဆယ်မီတာခန့် ဝန်းကျင်ထဲသို့ ရောက်လာကြသည်။ ယန်မော့က သူ၏ စိတ်စွမ်းအားကို သုံးကာ ဇွန်ဘီပိုနည်းသော ဦးတည်ရာဘက်ကို ရှာလိုက်ပြီး ကားကို ချက်ချင်းအရှိန်မြင့်၍ လျှင်မြန်စွာ မောင်းထွက်လာခဲ့သည်။ အရည်အသွေးမြင့်ထားသော ထိုကားကလည်း သံမဏိ ခံတပ်ကြီးကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် အရှေ့မှ ဇွန်ဘီများက ချက်ချင်းဆိုသလို တိုက်ရိုက်ပင် ကန်ထုတ်ခံရသည်။ ကားကလည်း မီတာတစ်ရာခန့်အတွင်းသို့ အရှိန်အဟုန်အပြည့်နှင့် ထွက်လာပြီးနောက်မှ တဖြည်းဖြည်း အရှိန်ပြန်လျော့လာသည်။
ဇွန်ဘီအုပ်ထဲသို့ ဝင်တိုးပြီးနောက် သူတို့လေးယောက်သည်လည်း ဇွန်ဘီများက မည်မျှ များနေခဲ့ကြောင်း ကောင်းကောင်း နားလည်လိုက်သည်။
ပတ်ဝန်းကျင်တွင် ဇွန်ဘီများက ပြည့်နှက်နေသည်။ အဆုံးသတ်ကို မမြင်ရလောက်အောင် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။ အာရုဏ်မတက်ခင် မဲမှောင်သော ကာလအတောအတွင်းတွင် အနီရောင် မျက်ဝန်းများ တောက်ပနေသော မျက်ဝန်းတိုင်းကို နေရာတိုင်းတွင် မြင်နိုင်သည်။ အထူးသဖြင့် ယခုလိုအခြေအနေမျိုးက သူတို့ မျှော်လင့်ထားသည်ထက် ပို၍ပင်ပြင်းထန်လွန်းနေသည်။ ယန်မော့က ရှုရှင်းအား ဖောက်ခွဲရေးပစ္စည်းနှင့် လေးလံသော လက်နက်ကြီးများကို ထုတ်ခိုင်းလိုက်သည်။
မူချီမိုင်နှင့် ပုရှန်းဝမ်တို့ကလည်း အမြောက်တစ်ခုဆီ သယ်ထားကြပြီး အရှေ့မှ ဇွန်ဘီများက ဖောက်ခွဲပစ်သည်။ ထိုသို့ဖြင့် လမ်းမှ ဇွန်ဘီများကို ခပ်မြန်မြန် ရှင်းလင်းနေလိုက်သည်။
ရှုရှင်းကမူ ထိုပစ္စည်းကို မသုံးပေ။ ထိုအစားလက်ထဲမှ ဗုံးများကိုသာ တောက်လျှောက် ပစ်လွှတ်နေခဲ့သည်။ နေရာလွတ်နယ်မြေထဲမှ ဗုံးများက အလကားရနေသကဲ့သို့ သူမက တောက်လျှောက် ကောက်ပစ်နေခဲ့သည်။
ယန်မော့ကလည်း အချိန်ကိုက်ကို ကွက်တိစောင့်ပြီးမှသာ သူတို့က လမ်းကြောင်း ရှင်းပြီးသည်နှင့် ကားကို တိုက်ရိုက်မောင်းထွက်ခဲ့သည်။ သို့သော် ဇွန်ဘီက များလွန်းနေသည်။ လမ်းကြောင်းက ရှင်းပြီးသွားချိန်တိုင်းလိုလို ဇွန်ဘီများက စက္ကန့်ပိုင်းအတွင်းတွင်ပင် ဝင်ရောက်လာကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် အခြားသော အသင်းများသာ ဆိုလျှင် ထိုဇွန်ဘီအုပ်ထဲမှ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ သူတို့၏ စိတ်ကလည်း ပြိုလဲသွားလောက်ပြီးလောက်သည်။ သို့သော် သူတို့ကမူ…
******