အခန်း ၁၀၈
Vol. 11 Ch. 108
108 01
အပိုင်း (၁၀၈)
နာရီဝက်ကြာသွားသည်။
တစ်နာရီကြာသွားသည်။
တစ်နာရီခွဲပင်ကြာသွားသည်။
အမှောင်လောကကို နေအလင်းရောင်က ထိုးဖောင်ဝင်ရောက်လာ၏ နှစ်နာရီလုံးလုံး သတိကို အပြည့်ကပ်ပြီး ပြင်းထန်စွာ တိုက်ခိုက်နေခြင်းက လူလေးယောက်လုံးကို အင်အားကုန်ခမ်းကာ မောပန်းလာစေသည်။ အထူးသဖြင့် သူတို့သည်လည်း ခန္ဓာကိုယ်ထဲမှ အိပ်ချင်စိတ်များကိုလည်း ဆက်လက်ပြီး တိုက်ခိုက်နေရသေးသည်။ ထို့ကြောင့် သူတို့အတွက် ကြီးမားသော စိန်ခေါ်မှုကြီးလည်း ဖြစ်နေသေးသည်။
အာရုဏ်တက်လာပြီးသည့်တိုင်အောင် သူတို့ လေးယောက်လုံးက သတိကို မလျော့ချရဲချေ။ ထိုဇွန်ဘီအုပ်ကို လူစုကွဲရန် အတော်လေးကို အချိန်ယူခဲ့ရသည်။
နေရောင်က ထွက်လာသည်နှင့် အမည်မသိရသော အပင်ကလည်း ရနံ့ထုတ်လွှင့်နေသည်အား ရပ်သွားသည်။ ဇွန်ဘီများကို ဆွဲဆောင်နေသော ရင်းမြစ်မရှိသည့်အခါ ထိုဇွန်ဘီများကလည်း အခြားသော နေရာအသီးသီးသို့ ရွေ့ကုန်၏။
လှုံ့ဆော်ပေးသော ဘောနပ်စ်မျိုး မရှိတော့သည့်အခါ ဇွန်ဘီများ၏ တိုက်ခိုက်နိုင်စွမ်းရည်ကလည်း နဂိုမူလ အခြေအနေမျိုး အဆင့်အတိုင်းသို့ ပြန်ကျသွားပြီး အင်အားကုန်ခမ်းနေသော ရှုရှင်းတို့ လေးယောက်လည်း ထိုအတိုင်းသာ ကျန်ရစ်တော့သည်။
သို့တိုင်အောင် သူတို့၏ ဖိအားကမူ တော်တော်လေး လျော့သွားပြီ ဖြစ်သည်။
ဇွန်ဘီအုပ်က နောက်ဆုတ်သွားခဲ့ပြီး ကျန်သော ဇွန်ဘီများကို ကိုင်တွယ်ပြီးသည့်အချိန်တွင် နေက အတော်ပူနေလေပြီ။
“ဟူး…”
သူတို့လေးယောက်ကလည်း အင်အားကုန်ခမ်းနေပြီး စကားပင် မပြောနိုင်ကြတော့ချေ။ ဒုတိယတဝက်ကို ခက်ခက်ခဲခဲဖြင့် ကားမောင်းကာ ထွက်လာခဲ့သည်။ ယန်မော့က သူ၏ စိတ်စွမ်းအားကိုသုံးပြီး ဇွန်ဘီများကို တိုက်ခိုက်နေရင်း အဟကြားနေရာကို ရအောင်ရှာကာ မောင်းထွက်ခဲ့ရ၏။ သူ၏ စိတ်စွမ်းအားက ကုန်လုနီးပါးပင် ဖြစ်နေသည်။
အခြားသော သူများ၏ အခြေအနေကလည်း မကောင်းကြပေ။ သူတို့အားလုံးကလည်း လက်နက်ပူများနှင့် သဘာဝလွန်စွမ်းအားများကို ပေါင်းသုံးသည့် တိုင်အောင် ကိုယ်ထဲမှ သဘာဝလွန်စွမ်းအားများက ခြောက်ကပ်သည့် အခြေအနေသို့ပင် ရောက်ရှိနေသည်။
စွမ်းအားပြန်ဖြည့်သည့် အမြန်ဆုံး နည်းလမ်းက သလင်းအမြူအတေကို စုပ်ယူခြင်း ဖြစ်သည်။ ရှုရှင်းကလည်း သူတို့အတွက် သလင်းအမြူအတေများကို ထုတ်ပေးထားလိုက်သည်။ ဒီနည်းအားဖြင့် သဘာဝလွန်စွမ်အားများကို လျှင်မြန်စွာ ပြန်ဖြည့်ရပေမည်။ ထို့နောက် သူတို့သည်လည်း ကားအောက်သို့ ဆင်းကာ ဇွန်ဘီအမြူအတေများကို တူးထုတ်ရပြန်သည်။
သူတို့က ကားပေါ်မှ ဆင်းလိုက်သည်နှင့် နံဟောင်နေသော ရနံ့များကြောင့် အန်လုနီးပါးပင် ဖြစ်သွားသည်။ RV ၏ကိုယ်ထည်ကလည်း ဇွန်ဘီ၏ အသွေးအသား အကျန်များဖြင့် ပေကျံနေခဲ့သည်မှာ ဇွန်ဘီ အလောင်းအုပ်ထဲမှ မောင်းထွက်လာသည်နှင့်ပင် တူသေးသည်။ ပြောရမည် ဆိုလျှင် အစစ်အမှန် အခြေအနေကလည်း ထိုအခြေအနေနှင့် မခြားနားပါပေ။
သွေးနှင့် ပုပ်သိုးနေသော ရနံ့များက ပြင်းထန်လွန်းလေရာ ဆင့်ကဲပြောင်းလဲထားသော ကျီးကန်းများနှင့် အခြားသော သတ္တဝါများကို ဆွဲဆောင်မိသလို ဖြစ်သွားသည်။ ထို့ကြောင့် ဒီနေရာတွင် အကြာကြီး နေ၍ မရပေ။
“အား…”
108 02
“ဝေါ့…”
“ငါတို့ ကံကောင်းစွာနဲ့ ဒီကားကို မောင်းလာခဲ့တာပဲ။ နောက်ပြီး အမြင့်ပိုင်းက မောင်းလာလို့ အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့ လမ်းတောက်လျှောက် သတ်လာခဲ့တဲ့ ဇွန်ဘီအုပ်ထဲကနေတောင် မထွက်နိုင်လောက်ဘူး”
ပုရှန်းဝမ်က ဇွန်ဘီအသွေးအသားများနှင့် ပေကျံနေသော RV ကို ကြည့်ပြီး လမ်းပေါ်မှ ဇွန်ဘီအလောင်းများကို ပြန်ကြည့်ကာ ပြောသည်။
“အရင်ဆုံး အလုပ်အရင်လုပ်ရအောင်”
ယန်မော့က ညစ်ပတ်ပေကျံနေသော ဝန်းကျင်ကို ကြည့်ပြီး မျက်မှောင်ကို ကြုတ်နေကာ ပုရှန်းဝမ်အား ဒီနေရာတွင် ငိုင်မနေဘဲ အလုပ်ကို မြန်မြန်လုပ်ခိုင်းသည်။
“အားလုံးပဲ မက်စ်တွေ အရင် တပ်ထားလိုက်ကြအုံး။ အနည်းဆုံးတော့ ဒီအနံ့ကို တားလို့ ရတယ်။ သိပ်တော့ မဆိုးပါဘူး။ ဝေါ့…”
ရှုရှင်းက နေရာလပ် နယ်မြေထဲမှ မက်စ်များကို ထုတ်ပြီး အားလုံးကို ခွဲဝေပေးသည်။ ထို့နောက် လက်အိတ်များကိုလည်း ခွဲဝေပေးသည်။ သို့သော် မြင်နေရသော မြင်ကွင်းက ရွံစရာ ကောင်းလွန်းနေရာ လက်အိတ်မပါဘဲ မလုပ်နိုင်ပါပေ.
RV က ယခုလို ဖြစ်နေကြောင်း မြင်သောအခါ ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲသို့ မထည့်ချင်တော့ပေ။ ဒီအတိုင်းကြည့်ရုံနှင့်ပင် အခြားသော ပစ္စည်းများ ပေကျံသွားမည်ကို စိုးရိမ်လာသည်။
သူတို့သည် နောက်ပိုင်းတွင်လည်း ကားမောင်းရန် လိုအပ်သည်။ ထို့ကြောင့် ရှုရှင်းသည်လည်း နေရာလပ် နယ်မြေထဲမှ ကားဆေးရန် အသုံးဝင်သော သေးငယ်သော်လည်း ဖိအားမြင့်သည့် ရေသေနတ်လေးကိုသာ ထုတ်ထားလိုက်ပြီး RV ၏ ကိုယ်ထည်ကို ဆေးနေလိုက်သည်။ သူမကသာ မဆေးလျှင် နောက်ပိုင်းလမ်းပေါ်တွင် မောင်းသွားသောအခါ မောင်းနေရင်းနှင့်ပင် ဇွန်ဘီများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြုတ်ကျလာမည်ကို ကြောက်သည်။
“ဝေါ့”
ရှုရှင်းက ထိုအခြေအနေအကြောင်း တွေးကြည့်ရုံနှင့်တင် ရင်နာသည်။ ကြက်သီးများပင် ထလာသည်။
ယန်မော့ကလည်း ရှုရှင်းက ကားဆေးနေမှန်း မြင်လိုက်သည်။ ထို့ကြောင်း ခေါင်းကိုသာ ငုံ့လိုက်ပြီး သလင်းအမြူအတေကိုသာ ယုံကြည်မှု အပြည့်နှင့် တူးနေလိုက်သည်။ သို့သော် လူအများက သတိပေါ့လျော့နေသောအခါ မတော်တဆကိစ္စများက ဖြစ်နိုင်သည်။ သူတို့သည် လမ်းတောက်လျှောက် ဇွန်ဘီအများကြီး သတ်လာသည်။ အထူးသဖြင့် နောက်ပိုင်းအခြေအနေများတွင် သိပ်မလှုပ်နိုင်တော့ပေ။ သူတို့သည် ယခုရောက်နေသော နေရာတွင်သာ ရပ်နားကာ ဇွန်ဘီများကို အာရုံများကို အာရုံစိုက်ပြီး အမြူအတေများ တူးထုတ်နေလိုက်ကြသည်။ မည်သို့ပင် ဆိုစေ ဘေးနားတွင်လည်း ဇွန်ဘီများက တောင်ပုံရာပုံ ဖြစ်နေလေသည်။
ဇွန်ဘီ အများစုသည် မပုန်းတတ်ကြပေ။ တွေးတောနိုင်စွမ်းရည်လည်း မရှိတတ်ကြပေ။ သို့သော် အဆင့်မြင့်ဇွန်ဘီများ ပေါ်လာသောအခါမှသာ နောက်ပိုင်းအခြေအနေများက ပြောင်းလဲသွားသည်။ ထို့ကြောင့် ယန်မော့သည်လည်း ဇွန်ဘီ အပုံကို အခွင့်ကောင်းယူကာ ခြုံခိုတိုက်ခိုက်လောက်မည့် ဇွန်ဘီမျိုး ရှိမည်ဟု မထင်ထားခဲ့ပေ။
“သတိထား”
ရုတ်တရက် သူ၏ စိတ်စွမ်းအား၏ အထောက်အပံ့ မရှိသောအခါ ယန်မော့၏ ကိုယ်ပိုင်မသိစိတ်ကပင် အလွန်အမင်း သန်မာသေးသည်။ ထို့ကြောင့် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ခံစားလိုက်မိပြီး ချက်ချင်းဆိုသလို သတိပေးလိုက်သည်။
“ဟင်”
ကံဆိုးစွာဖြင့် ခြေတစ်လှမ်းခန့် နောက်ကျသွားသည်။ နီးကပ်နေသော ပုရှန်းဝမ်နှင့် မူချီမိုင်တို့က သူတို့၏ ခန္ဓာကိုယ်အလိုလျောက် တုန့်ပြန်မှုကို မှီခိုလိုက်ပြီး ဇွန်ဘီ၏ တိုက်ကွက်ကို ရှောင်လိုက်သည်။ သူတို့၏ လက်ရှိ အခြေအနေက ဆိုးရွားနေသောကြောင့် သူတို့လုပ်နိုင်သမျှက သေစေနိုင်သော နေရာများကို ရှောင်ရှားခြင်း ဖြစ်သည်။ သို့သော် ဒဏ်ရာရသည့် အခြေအနေကို မရှောင်းရှားနိုင်ခဲ့ချေ။
108 03
ယန်မော့ကလည်း အငိုက်မိကာ တိုက်ခိုက်ခံလိုက်ရသည်။ သို့သော် သူ၏ တုန့်ပြန်မှုက ပုရှန်းဝမ် မူချီမိုင်တို့ထက် ပိုမြန်သည်။ ဘယ်ဘက်လက်မောင်းကမူ တစ်စုံတစ်ရာဖြင့် အထိုးခံလိုက်ရသည်။
“!!!”
“ယောကျ်ား…”
ရှုရှင်းက အသံကို ကြားသောအခါ နောက်လှည့်ကြည့်သည်။ ထိုအခါ ယန်မော့တို့ သုံးယောက်က ကပ်သီးလေး လွှတ်မြောက်သွားကြောင်း မြင်လိုက်သည်။ သို့သော် ဒဏ်ရာရသွားကြသေးသည်။ အဖြစ်အပျက်များက ငါးစက္ကန့်အတွင်းတွင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့ကို တိုက်ခိုက်လာသည်မှာ အဆင့်သုံးအဆင့် ဇွန်ဘီ သုံးကောင်ဖြစ်သည်။ ယန်မော့တို့က လက်နက်များ ကိုင်ထားပြီး လျှင်မြန်စွာ တုန့်ပြန်လိုက်သော်လည်း သူတို့၏ အထူးစွမ်းအားမရှိသည့်အပြင် ခန္ဓာကိုယ် ကြံ့ခိုင်မှု အားကလည်း အများကြီး ကုန်ဆုံးနေသည့်အခါ အလွန်အမင်း အားနည်းသည့် အခြေအနေသို့ ရောက်သွားလေသည်။
သူတို့ တိုက်ခိုက်ခံရသည်မှာ မြန်ဆန်လွန်းသဖြင့် ရှုရှင်းကလည်း သွားပြီး မကူရဲတော့ချေ။ ဇွန်ဘီကို ထိသွားလျှင် အဆင်ပြေသေးသည်။ သို့သော် ကိုယ့်လူကို ထိသွားမည် ဆိုပါက ဒုက္ခရောက်နိုင်သည်။
သူမက အလောတကြီး ဖြစ်သွားခဲ့လျှင်လည်း ဆွဲချသလို ဖြစ်သွားပေလိမ့်မည်။
ရှုရှင်းက အာရုံများနေလေပြီး ဘေးဘက်မှသာ ကြည့်နေလေရာအ တတ်နိုင်ဆုံး သူမ၏ ခန္ဓာကိုယ်မှ သဘာဝလွန်စွမ်းအားများကို ပြန်ပြည့်အောင် ကြိုးစားနေရသည်။
ယန်မော့တို့ သုံးယောက်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများက ပိုများလာသည်။ ရှုရှင်းကလည်း စိုးရိမ်စိတ်များသထက် များလာပြီး နောက်ဆုံးတွင် အော်ငိုမတတ်ဖြစ်လာသည်။ သူက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူမ၏ လက်ထဲတွင်လည်း နတ်သမီး တုတ်တံကို ထုတ်လိုက်သည်။
ရှုရှင်းက ခန္ဓာကိုယ်မှ ဆွဲဆုတ်ဖြဲခံရမတတ် နာကျင်မှုကို တောင့်ခံလိုက်သည်။ မျက်လုံး၏ မဲမှောင်လာမှုကိုပင် အာရုံမစိုက်နိုင်တော့ဘဲ ထိုသုံးယောက်အပေါ်သို့သာ အကာအကွယ်တစ်လွှာကို ထပ်ထည့်ပေးလိုက်သည်။ ထို့အပြင် ဇွန်ဘီသုံးကောင်၏ လှုပ်ရှားသည့်ဝန်းကျင် အနားတွင်လည်း ကန့်သတ်သည့် စက်ကွင်းသေးသေးလေးကို လုပ်ဆောင်ပေးလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူမ၏ လက်ထဲမှ နတ်သမီး တုတ်တံက တဖြည်းဖြည်း အလင်းရောင် မှိန်သွားသည်။ သူမကလည်း လတ်လတ်ဆတ်ဆတ် ဆေးပြီးသော ကားပေါ်သို့ လဲကျသွားကာ စိတ်အေးပြီး အားအင်မဲ့သွားသည်။ သူမဘာသာပင် မတ်မတ်မရပ်နိုင်တော့ပေ။
“ရှင်းပေါင်”
ယန်မော့သည် ရင်းနှီးကျွမ်းဝင်သော သဘာဝလွန်စွမ်းအားကို ခံစားမိလိုက်သောအခါ ရှုရှင်းကို လှည့်ကြည့်သည်။ ရှုရှင်း၏ မျက်နှာက ဖျော့တော့နေကြောင်း မြင်လိုက်သည်။ ယန်မော့၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားသည်။ သူသည် အရှေ့မှ ဇွန်ဘီကို ပို၍ပင် ကြမ်းတမ်းစွာ တိုက်ခိုက်သည်။ တစ်ဖက်မှ ဇွန်ဘီကလည်း ယန်မော့၏ အရှိန်အဝါက သွားရှုပ်၍ မရကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ တိရစ္ဆာန်၏ အကျိုးအမြတ်ကို လိုလားသောအ ပြုအမူအရ အရှေ့မှ သူနှင့် လွန်ဆွဲနေရန် ငြင်းဆန်လိုက်ပြီး အဝေးမှသာ ပို၍ သင့်တော်လောက်မည့် သူကို ရှာလိုက်သည်။
“ဟီး ဟီး”
သူ၏ အပေါင်းအဖော်နှစ်ယောက်ကို ဟီးဟီးလို့ အချက်ပြပြီးသည်နှင့် ထိုအရှိန်နှုန်းမြင့်စွမ်းအားကို ပိုင်ဆိုင်ထားသော ဇွန်ဘီက ယန်မော့ကို ခပ်မြန်မြန် ကျော်ဖြတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ရှုရှင်းဆီသွားသည်။
“!!!”
ယန်မော့သည်လည်း ဇွန်ဘီ၏ လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး နောက်မှ အပြေးလိုက်ရန် ပြင်လိုက်သည်။ သို့သော် အခြားသော ဇွန်ဘီ တစ်ကောင်က သူ့ရှေ့ ရုတ်တရက် ရောက်လာကာ သူ့ကို ဆွဲထားသည်။
******