← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

110 01

အပိုင်း (၁၁၀) ယန်မော့နဲ့ ခွဲခွာတဲ့ ပထမရက် သူ့ကို လွမ်းတယ်

နောက်တစ်စက္ကန့်တွင် ရှုရှင်းသည်လည်း တစ်စုံတစ်ယောက်ဟာ သူမ၏ လည်ဂုတ်မှ အဝတ်ကို လာဆွဲကိုင်ကြောင်း ခံစားလိုက်ရသည်။ သူမက ဘာကိုမှ မပြောရသေးခင် မြေပြင်ပေါ်သို့ ခြေထိသွားသည်။

ရှုရှင်း : ကြည့်ရတာ ဒီနေ့က ငါ့ရဲ့ လည်ဂုတ်ကို ဆွဲရတာ သဘောကျတဲ့ နေ့ထင်ပါတယ် ဆိုးလိုက်တာ

“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”

ရှုရှင်းက ခိုင်မာစွာရပ်ပြီးသည်နှင့် သူမကို ကိုင်ထားပေးသော သူက လက်လွှတ်လိုက်ကြောင်း မြင်လိုက်ရသည်။ ရှုရှင်းက တစ်ဖက်သို့ လှည့်ကာ ကျေးဇူးတင်ချိန်တွင် ထိုလူကလည်း သူမ၏ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အရှေ့မှသူက ဘေးအိမ်မှ ကောင်လေးကဲ့သို့သော် ခံစားချက်မျိုး ဖြစ်သည်။ သို့သော် စိတ်နေသဘောထားကမူ ဘေးအိမ်မှ ကောင်လေးလောက် မနွေးထွေးပေ မျက်နှာတွင် မည်သည့်အ မူအရာမှ မရှိဘဲ အေးစက်နေသည်။ တောင်ထိပ်ပေါ်မှ ပန်းနှင့်သာ တူသည်။

“ရပါတယ် ကိစ္စမရှိဘူး”

ပုယွမ်ကျိုးက ရှုရှင်း၏ စကားကို စိတ်ထဲ ထားမနေပေ။ ထိုသို့ပြောပြီးသည်နှင့်သူဟာ ရိုးရှင်းသော တစ်နေရာသို့ သွားထိုင်ပြီး မျက်လုံးမှိတ်ပြီး နားနေသည်။ ရှုရှင်းကလည်း ပုယွမ်ကျိုး၏ အေးစက်သောအပြုအမူက အလွန်အမင်း ပုံမှန်ဟုသာ တွေးလိုက်သည်။ ယခုက ကမ္ဘာ့အဆုံးသတ်ကာလဖြစ်သည်။ သူစိမ်းတစ်ယောက်ကို ကူညီပေးရလောက်အောင် အလွန်ကြင်နာပေးခဲ့ခြင်းကတင် အလွန်အမင်းကို ကြင်နာတတ်နေပြီးသား ဖြစ်သည်။

“ဟေး နင်က ဘာလို့ ကောင်းကင်ပေါ်က ပြုတ်ကျလာတာလဲ”

ရှုရှင်းကို သတိထားမိပြီး အဝေးမှ အော်ပြေးလာခဲ့သော ကောင်မလေးကလည်း သူမကို လာကြည့်သည်။

“အာ မတော်တဆပါ။ လုံးဝကို မတော်တဆ”

ရှုရှင်းသည် သူစိမ်းများထံသို့အမြဲတစေ သတိကပ်ထားတတ်သည်။

“နင့်ရဲ့ နာမည်က ဘယ်လိုခေါ်လဲ။ ငါ့ရဲ့ နာမည်က ယန်ရှီးထင်တဲ့”

ယန်ရှီးထင်က ရှုရှင်း၏ လက်မောင်းကို ရင်းနှီးကျွမ်းဝင်စွာ ဖက်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။

“ငါ့ကို ရှောင်ရှုလို့ ခေါ်လေ။ ဒါက ဘယ်နေရာလဲ သိလား”

ရှုရှင်းကလည်း အပြုံးတုနှင့်အတူ သူမ၏ လက်မောင်းကို ပြန်ဆွဲထုတ်လိုက်သည်။ သူမ၏ ယခင်ဘဝတွင် သူမက ကြွယ်ဝသော မိသားစုမှ သူဌေးသမီးဖြစ်သည်။ အတုအယောင်ညီမပေါင်းများစွာ ရှိခဲ့ဖူးသည်။ ယန်ရှီးထင်က သူမကို စကားပြောသော ပုံစံကတဆင့် သူမက၏ အတွေးသေးသေးလေးများနှင့် တွက်ချက်မှုများက လျှံထွက်မတတ်ဖြစ်နေလေရာ မြင်နိုင်လေသည်။ တစ်ဖက်သူက ဖုံးကွယ်ထားနိုင်ပြီဟု ထင်နေလောက်သည်။

သူမသည် ယခုလို အဆင့်နိမ့်သော အနေအထားမျိုးကို မမြင်ရသည်မှာ တော်တော်လေးကို ကြာပြီ ဖြစ်သည်။ ရှုရှင်းကသာ လက်ရှိ အခြေအနေကို ကောင်းကောင်း နားမလည်သေးဘဲ သူမဆီမှ သတင်းအချက်အလက်ကို လိုချင်နေ၍သာ မဟုတ်လျှင် သရုပ်ဆောင်လိုစိတ် မရှိလောက်ပေ။

“အာ…ဒါက J မြို့ရဲ့ ခရိုင်မြို့ငယ်လေးတစ်ခုပေါ့။ ငါတို့က J မြို့ကနေ ထွက်ပြေးလာခဲ့တဲ့ ရှင်သန်ကျန်ရစ်တဲ့ သူတွေလေ။ အခုလေးတင် နင့်ကို ကယ်ခဲ့တဲ့ သူပေါ့။ ပုယွမ်ကျိုး လို့ခေါ်တယ်။ သူက ပုံမှန်အားဖြင့် ငါတို့ကို စကားပြောတာ မကြိုက်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် နင့်ကို ကယ်မယ်လို့ မထင်ထားဘူး”

110 02

ယွမ်ရှီးထင်ကလည်း ရှုရှင်း၏ စိတ်ရင်းကို သတိထားမိပုံမရပေ။ သူမ၏ အပြုအမူကလည်း မပြောင်းလဲဘဲ ပြောပြန်သည်။

“J မြို့ဟုတ်လား”

“အင်း ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ”

“အာ မဟုတ်ပါဘူး ငါ ရုတ်တရက် ကြောက်သွားသော အသိစိတ်လွတ်ပြီး သေချာ မတုန့်ပြန်နိုင်ဘူးဖြစ်သွားတာ။ နင်တို့ အခု ဘယ်သွားမှာလဲ”

“အာ ငါတို့က အခု မြို့တော် B ကို သွားမလို့လေ။ ငါကြားတာတော့ မြို့တော် B ရဲ့ အခြေစိုက်စခန်းက ရှင်သန်ကျန်ရစ်သူတွေကို ခေါ်ဆောင်မှာတဲ့။ နောက်ပြီး နင့်ကြည့်ရတာ သိပ်နေမကောင်းဘူးထင်တယ်။ ထိုင်ပြီး ခဏလောက် နားလိုက်ပါအုံး။ ဒါပေမဲ့ ငါ့အထင် သိပ်မကြာခင် ငါတို့ သွားရလိမ့်မယ် ထင်တယ်”

ရှုရှင်းက ကြုံသလို ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ ခေါင်းကလည်း ရှုပ်ထွေးနေသည်။

ယွမ်ရှီးထင်ကလည်း ရှုရှင်း၏ အသားအရောင်က အလွန်ဆိုးရွားနေကြောင်း မြင်လိုက်၍ ဖြစ်လောက်သည်။ သူမကသာ ကောင်းကောင်းမနားလျှင် သေသွားမည်ကို ကြောက်ပြီး မနှောက်ယှက်ရဲတော့ပေ။

ရှုရှင်းသည်လည်း တတိယအဆင့်အ ရှိန်နှုန်းမြင့် ဇွန်ဘီက မြန်ဆန်မှန်းသိသည်။ သို့သော် နာရီအနည်းငယ်တည်းနှင့်တင် မြို့တော် C မှ မြို့တော် J သို့စီရင်စုတစ်ခုပင် ကျော်ဖြတ်ကာ ခေါ်လာနိုင်မည်ဟု မထင်ထားမိပေ။

ထိုမျှဝေးကွာသော ခရီးကြောင့် သူမဘာသာ ကားမောင်းပြီး ပြန်မည် ဆိုလျှင်ပင် အနည်းဆုံး တစ်လ နှစ်လခန့် အရှိန်ယူရနိုင်သည်။ ထို့အပြင် လမ်းတွင်လည်း မည်သည့်အရေးပေါ်ဖြစ်သည့် အခြေအနေမျိုး မဖြစ်မှသာ သွားနိုင်မည်ဖြစ်သည်။ အကယ်၍ လမ်းတွင် တစ်စုံတစ်ရာဖြစ်လာခဲ့သော ပို၍ ကြာနိုင်မည် ဖြစ်သည်။

အာ…ယန်မော့ရဲ့ ဒဏ်ရာက ဘယ်လောက်ပြင်းမလဲ မသိဘူး။ နောက်ပြီးလိုအပ်တဲ့ ဆေးတွေ ကုသမှုတွေ လုပ်နိုင်ရဲ့လား။ နောက်ပြီး ငါက သူ့ရဲ့ ရှေ့မှာပြန်ပေးဆွဲခံလာရတာ ဆိုတော့ အခု အရမ်းစိတ်ပူနေရင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာကို မကုသဘဲနဲ့ငါ့ကိုပဲ ရှာဖို့တွေးနေရင် ဘယ်လိုလုပ်မလဲ။

သေစမ်း သောက်ကျိုးနည်းကို ကမ္ဘာကပ်ဘေး သတင်းတွေလည်း ပို့လို့ မရဘူး။

ထိုအကြောင်းကို တွေးမိသော် ရှုရှင်း၏ ခေါင်းက ပို၍ပင် နာလာသည်။ သူမသည်လည်း တစ်စုံတစ်ရာကို ပြောလိုသည်။

ခေါင်းနာတယ်…

ယန်မော့နဲ့ ခွဲခွာတဲ့ ပထမတစ်ရက် ငါသူ့ကို လွမ်းနေပြီ။

******

All Chapters