အခန်း ၁၁၁
Vol. 12 Ch. 111
111 01
အပိုင်း(၁၁၁) လွန်ကဲလွန်းစွာ ပြိုလဲကျခြင်း
“ဟယ်လို ငါ ရှီးထင်ဆီက ကြားတာတော့ မင်းရဲ့နာမည်က ရှောင်ရှုဆို ငါတို့ရဲ့အသင်းက အခု ထွက်သွားဖို့ ကြံစည်ထားတာ ဆိုတော့ မင်းငါတို့နဲ့ လိုက်ခဲ့ချင်လားလို့”
သူတို့က ထွက်ခွာခါနီးအချိန်တွင် အသင်း၏ ခေါင်းဆောင်ဖြစ်သော ယွီချွမ်းခွမ်းက လာရောက်ပြီး အခြေအနေကို မေးမြန်းလေသည်။
အဆုံးသတ်ကာလမျိုးတွင် လူတိုင်းကလည်း ရုတ်တရက် ပေါ်လာသော သူစိမ်းများကို သတိကပ်ထားတတ်သည်။ ရှုရှင်း၏ပုံစံက လက်နှင့်ခြေများကိုပင် ကောင်းကောင်းမသယ်နိုင်သော ပုံစံဖြစ်နေသည်။ မျက်နှာကလည်း ပုံမှန်မဟုတ်လောက်အောင် ဖြူဖျော့နေသေး၏။ သိသာစွာပင် သဘာဝလွန်စွမ်းအားမရှိသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သည်။ သူတို့တွင်လည်း သူတို့ဘာသာ စားစရာ အများကြီး ရှိမနေခဲ့ချေ။ သူတို့အတွက် အကျိုးအမြတ်မရှိမည့် နောက်ထပ် ဝန်ထုပ်ဝန်ပိုးကို မခေါ်ချင်ပေ။ သို့သော် အသင်းခေါင်းဆောင် တစ်ယောက်အနေနှင့် ယွီချွမ်းခွမ်းက ရှုရှင်းကို ဝင်မပါစေချင်ပါပေ။
“ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုတော့ပါဘူး။ ငါတို့ရဲ့သွားမဲ့ ဦးတည်ရာတွေက မတူဘူးလေ ဆိုတော့ ငါ နင်တို့ကို အနှောက်အယှက်မပေးတော့ဘူး ဆိုတော့ နင်တို့အရင်သွားပါ”
ရှုရှင်းကလည်း ထိုလူများနှင့် အတူသွားလိုစိတ်မရှိပေ။ ထိုလူများနှင့် အတူသွားခြင်းအားဖြင့် သူမအတွက်သာ အနှောက်အယှက် ဖြစ်လာပေလိမ့်မည်။ သူမကလည်း အပြင်တွင် အချိန်အများကြီး မဖြုန်းလိုပေ။ အရေးအကြီးဆုံးက C မြို့ကို ပြန်ပြီး ယန်မော့နှင့် အမြန်ဆုံး ဆုံတွေ့ရန် ဖြစ်သည်။ သူမက ယန်မော့နှင့် ခွဲခွာနေသည်မှာ ကြာလေလေ ယန်မော့က သူမကို စိုးရိမ်လေလေ ဖြစ်ပေလိမ့်မည်။
“ကောင်းပါပြီ ဒါဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ”
ယွီချွမ်းခွမ်က စိတ်ရင်းမပါသော အခြေအနေမျိုးကို လုပ်ရသည်အား သဘောမကျသူ ဖြစ်သည်။ ထို့ကြောင့် သူသည် ခပ်မြန်မြန် ထရပ်ပြီးသည်နှင့် သူ၏လူများကို ပစ္စည်းသိမ်းခိုင်းလိုက်သည်။
“ရှောင်ရှု နင်ဘာလို့ ငါတို့နဲ့ မလိုက်ခဲ့တာလဲ။ နင့်လို မိန်းကလေးတစ်ယောက်က တစ်ယောက်တည်း အဆင်ပြေမှာလား”
ယွီချွမ်းခွမ်းက ပြန်ရောက်လာပြီးနောက် ရှုရှင်းက သူတို့နှင့် အတူ မသွားမည့် အကြောင်းကို ပြောပြလာသည်။ ယန်ရှီးထင်ကလည်း ဝမ်းနည်းချင်ဟန်ဆောင်ပြီး လာရောက်ဖျောင်းဖျသေးကာ သူမ၏ ကြင်နာမှုကို ဖော်ပြသည်။
“အင်း ငါ အရင်ကလည်းတစ်ယောက်တည်းပဲလေ ဆိုတော့ အဆင်ပြေပါတယ်”
ရှုရှင်းက အသက်ကို ပြင်းပြင်းရှု၍ စိတ်မရှည်မှုကို ဖိနှိပ်ပြီးပြုံးကာ ပြောလိုက်သည်။
သူမဟာ ထိုအသင်းနှင့် လူစုခွဲတော့မည် ဖြစ်သည်။ ထို့ကြောင့် ကိုးရိုးကားရားအခြေအနေများ မဖြစ်စေချင်ပေ။ သူမက ဒီအတိုင်း လက်တစ်ချောင်းကိုပင် မမနိုင်သော အားနည်းသော အမျိုးသမီး တစ်ယောက်ဟု ထင်ကြသည်မှာလည်း ပြဿနာ မရှိပါပေ။
ယန်ရှီးထင်ကလည်း ရှုရှင်းထံမှ မည်သည့် အကျိုးအမြတ်ကိုမှ မရသေးသောကြောင့် ဒီအတိုင်း မထားရစ်လိုပေ။ ရှုရှင်း၏ အဝတ်အစားနှင့် အသားအရည် အခြေအနေက တဆင့် ကမ္ဘာကပ်ဘေးကာလပြီးနောက် မည်သည့် ဆင်းရဲဒုက္ခကိုမှ မကြုံတွေ့ထားသူမှန်း သိနိုင်သည်။
အချိန်တန်ကြာအောင် ပြေးလွှားနေရသူများအဖို့ လုံလောက်အောင် စားသောက်နိုင်စွမ်းရည်မရှိသလို နွေးထွေးသော အဝတ်အစားကိုလည်း ဝတ်ဆင်နိုင်စွမ်းရည် မရှိဘဲ ကောင်းကောင်းပင် မအိပ်ပျော်နိုင်ပေ။ ထို့ကြောင့် အသားအရည်ကလည်း သူကဲ့သို့ဖြူဖွေးကာ ကလေးအသားအလား နူးညံ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က မည်မျှပင် ထိန်းသိမ်းစောင့်ရှောက်ခဲ့စေကာမူ ယခုအခါတွင်မူ အသားအရည်များက ရွက်ကြမ်းရည်ကျို ဖြစ်ပြီး အတော်လေးကို ပျက်ဆီးနေသည်။
111 02
သို့ရာတွင် ရှုရှင်း၏ အသားအရည်ကမူ ပြောင်းလဲမှု မရှိပေ။ အလွန်နီးကပ်စွာ ကြည့်မည် ဆိုပါက မွှေးညင်းပေါက်များကိုပင် မမြင်ရပါချေ။ ထို့ကြောင့် ယန်ရှီးထင် ကိုယ်တိုင်ကလည်း ရှုရှင်းဟာ သေချာပေါက် မရိုးရှင်းကြောင်း သတ်မှတ်ထားပြီးသား ဖြစ်သည်။
သူမတွင် စွမ်းရည် မရှိခြင်းတော့ဖြင့် မဟုတ်နိုင်ပေ။ ထို့အစား နောက်ကွယ်တွင် သူမကို ကာကွယ်ပေးသော သူလည်း ရှိလောက်သည်။ မည်သည့် အချိန်တွင် ဖြစ်နေစေကာမူ သူမကို ကာကွယ်ပေးနေသော သူထံမှ အကူအညီ ရရှိမည် ဖြစ်ပြီး သေချာပေါက် အကျိုးအမြတ်ကို ရရှိမည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် ယွမ်ရှီးထင်၏ နှလုံးသားထဲတွင် ရှုရှင်းကို နောင်ပိုင်း ကိစ္စဟု သတ်မှတ်ထားလေသည်။ မည်သို့ပင် ဆိုစေ ရှုရှင်းကဲ့သို့သဘာဝလွန်စွမ်းအားကို အလွန်အကျူး သုံးထားသော သူက သာမာန်လူများထက် ပို၍ အားနည်းပုံ ပေါက်နေသည်။ ထို့ကြောင့် သူမက အချိန်မရွေး သတိလစ်သွားမည့် ပုံစံမျိုး ဖြစ်နေလေရာ လုပ်နိုင်စွမ်းရည် ရှိသော သူမျိုးနှင့် မတူညီပါပေ။
ကံဆိုးသည်မှာ နောက်ဆုံးခွဲခွာရမည့် အချိန်အထိ ရှုရှင်းထံမှ အသုံးဝင်မည့်အ ချက်အလက်များကို မရရှိသေးပေ။ ရှုရှင်းက သေခါနီး အနေအထားမျိုး ဖြစ်နေကြောင်းကိုလည်း မြင်နေရသည်။ သူမကလည်း အနှောက်အယှက်လာပေးသည့်အတွက် အာရုံနောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်နိုင်သေး၏။ ရှုရှင်းက ထိုမျှအထိ လှပသည်။ ယခုအခါ စွန့်ပစ်ခံရတော့မည့် အကြောင်းကို တွေးမိလိုက်သည်။ သူမ၏ ကမ္ဘာကပ်ဘေးကာလမှ ဘဝကလည်း သူမလောက်ပင် မကောင်းနိုင်ပေ။ ထို့ကြောင့် ယွမ်ရှီးထင်ကလည်း ရှုရှင်းက ဒုက္ခဆင်းရဲ ခံရမည့် အကြောင်းကို တွေးတောလိုက်ပြီး ကျေနပ်သွားကာ မျက်နှာတွင် အပြုံးပေါ်လာသည်။
အသင်းထဲမှ သူများက ထိုကဲ့သို့သော သူမကို မြင်ရသည့်အခါ အကြည့်သာလွဲပြီး အဝေးသို့သာ လျှောက်သွားကြသည်။ သူမက ထူးဆန်းလွန်းစွာ ပြုံးနေလေရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသည်ဟု ထင်ကြသည်။
သူတို့က အလွန်ဝေးကွာသွားပြီဟု သေချာစေပြီးမှသာ ရှုရှင်းက စိတ်အေးစွာ သက်ပြင်းချသည်။ ထို့နောက် မည်သူမှ မမြင်နိုင်မည့် အကွယ်တစ်နေရာသို့သွားလိုက်ပြီး နေရာလပ် နယ်မြေထဲမှ ကားကို ထုတ်လိုက်သည်။
ရှုရှင်းသည်လည်း အသင်းထဲမှ တစ်စုံတစ်ယောက်က ခိုးပြီး ပြန်လာမည်ကို စိုးရိမ်နေသေးသည်။ ထို့ကြောင့် ဆန့်ကျင်ဘက် ဘက်ခြမ်းသို့ အသည်းအသန် မောင်းသွားလိုက်သည်။ ဆယ်မိနစ်ခန့် မောင်းနှင်ပြီး အတော်လေးကို လုံခြုံသည်ဟု ယူဆရသည့် နေရာသို့ ရောက်မှသာ ရပ်တန့်လိုက်သည်။
ရပ်တန့်ပြီးသည်နှင့် ရှုရှင်း၏ ဆေးသေတ္တာကို ထုတ်ကာ သူမ၏ ခန္ဓာကိုယ်ကို သေချာ စကုသည်။ ဒဏ်ရာများက မကြီးမားသလို ဒဏ်ရာ သေးသေးလေးများသာ ဖြစ်သော်လည်း ဒဏ်ရာကြီးများထက်ပင် ကုသရန် ခက်ခဲသေးသည်။ ထိုဒဏ်ရာသေးသေးလေးများကို ပြီးဆုံးအောင် ကုသရန် နာရီဝက်နီးပါး ကြာသည်။
သူမက တစ်ယောက်တည်း ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းကလည်း ကား၏ အချက်ပေးစနစ်ကို ဖွင့်ထားလိုက်သည်။ သတ္တဝါ တစ်ကောင်ကောင်က ကားရှိရာဘက်သို့ ချဉ်းကပ်လာသည်နှင့် အချက်ပေးသံက အလိုလျောက် မြည်မည် ဖြစ်သည်။ သူမက အသုံးပြုနေကျ ပစ်စတိုနှင့် အခြားသော လက်နက် များအားလုံးကိုလည်း ဘေးခုံတွင် အသင့်တင်ထားလိုက်သည်။
တစ်နေလုံး တစ်ညလုံးကြိုးစားအားထုတ်ပြီးနောက် နေရာလပ် နယ်မြေထဲမှ စားစရာ နည်းနည်းကို ထုတ်ကာ ဗိုက်ကို ဖြည့်လိုက်ပြီးကုလားထိုင် အနောက်ဖက်သို့ မှီ၍ စတင်ကာ မျက်လုံးကို မှိတ်လိုက်ကာ အနားယူပြီး အင်အားပြန်ဖြည့်သည်။
ဝေးကွာလွန်းသော C မြို့မှ ယန်မော့ကလည်း သတိလစ်နေရာမှ လန့်နိုးလာသည်။ သူ၏ ခေါင်းအထက်မှ မီးကို ကြည့်ပြီးနောက် သူသည် အချိန်တစ်ခုကြာအောင် မတုန့်ပြန်နိုင်ခဲ့ပေ။ သတိမလစ်ခင်က မှတ်ဉာဏ်များက သူ၏ စိတ်ထဲသို့ချက်ချင်း ပြန်ရောက်လာသည်။ ယန်မော့က အိပ်ယာပေါ်မှ ဆက်ကနဲ ကောက်ထပြီး စောင်ကို မကာ အဝတ်အစားကောက်ဝတ်ကာ ထွက်လာသည်။ ကိုယ်မှ ဒဏ်ရာများနှင့် လက်မောင်မှ ဒဏ်ရာကိုလည်း ဆေးထည့်ထားပြီးသား ဖြစ်နေသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကိုလည်း အခန်းထဲတွင် မမြင်ရချေ။ ထို့ကြောင့်သူတို့သည်လည်း သူတို့၏ ဒဏ်ရာကို ကုသပြီး အနားယူနေလောက်သည်။
သေချာစွာပင် သူဟာ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မူချီမိုင်၏ ဒဏ်ရာကို ကုပေးနေသော ပုရှန်းဝမ်ကို မြင်ရသည်။ ပုရှန်းဝမ်၏ ဒဏ်ရာများကမူ ကုထားပြီးသား ဖြစ်သည်။
111 03
“မော့ကော နိုးလာပြီလား”
“မော့ကော”
ထိုနှစ်ယောက်က မော့ကောကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ထရပ်ကြပြီး တစ်စုံတစ်ရာကို ပြောချင်ကြသည်။ သို့သော် ယန်မော့က လက်ကာပြပြီး တားသည်။
“စကားမပြောနဲ့ ဒဏ်ရာကို အရင်လုပ်လိုက်”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က တစ်ယောက်ကို တစ်ယာက်ကြည့်သည်။ သူတို့၏ မျက်လုံးထဲမှ စိုးရိမ်မှုများက ပို၍သာ ပြင်းထန်လာ၏။ ယန်မော့၏ လက်ရှိ အခြေအနေက သူတို့ မမြင်ချင်ဆုံး အခြေအနေမျိုး ဖြစ်သည်။
ယန်မော့ကသာ နိုးထလာပြီး ရူးကြောင်ကြောင် လုပ်ကာ ချက်ချင်း မရီးကို အပြေးသွားရှာလိုလျှင် သူတို့က ဖျောင်းဖျနိုင်သေးသည်။ သို့သော် ယခုမူ ယန်မော့က ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်ပြနေသည်။ ထိုအခြေအနေကတင် သူ၏ စိတ်အခြေအနေက လွန်ကဲလွန်းသော အတိုင်းအတာအထိ ပြိုလဲကျနေခဲ့ပြီး အတင်းဖိနှိပ်ထားခဲ့ကြောင်း မြင်နိုင်သည်။
ယခုလို အခြေနေမျိုးတွင် တစ်စုံတစ်ရာကို ပြောလိုလျှင်ပင် ယန်မော့က သူတို့ကို ရုတ်တရက် စွန့်ပစ်သွားခဲ့ပြီး မရီးကို တစ်ယောက်တည်း သွားရှာလောက်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးက ထိန်းချုပ်ရန် ပိုခက်သည်။
စိတ်ပိုင်းဆိုင်ရာ ပြိုလဲကျလုနီးပါး ဖြစ်နေသော သူတစ်ယောက်အနေနှင့် လိုချင်သော သူကို မကယ်နိုင်သေးသမျှ ဘာမဆို လုပ်ပေလိမ့်မည်။
******