အခန်း ၁၁၂
Vol. 12 Ch. 112
112 01
အပိုင်း (၁၁၂) ငါ့ရဲ့ ဘဝမှာ တစ်ခါမှ ဒီလောက်ထိ မဆွံ့အဖူးဘူး
ကားထဲတွင်လည်း ဆေးပုလင်း၏ အသံနှင့် ခပ်တိုးတိုး အသက်ရှူသံက လွဲပြီး မရှိပေ။ ပုံမှန်မဟုတ်လောက်အောင် ဆိုးသွမ်းပြီး ဆူညံတတ်သော ရှောင်ပိုင်နှင့် တာ့ယွင်တို့ကပင် တိတ်နေသည်။
ယန်မော့က စကားတစ်ခွန်းမှ မဆိုဘဲ ဆိုဖာပေါ်တွင် ထိုင်နေသည်။ ညာဖက် လက်ချောင်းများကလည်း ဘေးဘက်ခြမ်းကို တစ်တောက်တောက် ခေါက်နေပြီး သူ၏ မျက်နှာကလည်း ပုံမှန်ဟုသာ ထင်ရသည်။ ဘာကမှ မှားနေသည်ဟု မထင်ရပေ။
မူချီမိုင်၏ ဒဏ်ရာကို ပက်တီးစီးပြီး ကြောင်းမြင်သည်နှင့် သူက ချက်ချင်းထရပ်လိုက်ကာ နေ့လည်စာဗူးသုံးဗူးကို RV ၏ ရေခဲသေတ္တာထဲမှ ဆွဲထုတ်သည်။ ထို့နောက် ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ အရှေ့တွင် တစ်ဗူးစီ ချပေး၏။ သူကိုယ်တိုင်ကလည်း တစ်ဗူးယူသည်။
“အရင်ဆုံးစား ပြီးရင်သွားနားတော့ ငါ ရှင်းပေါင်ကို ခေါ်သွားတဲ့ အဲ့ဒီ ဇွန်ဘီရဲ့ကိုယ်ပေါ်မှာ စိတ်စွမ်းအားအမှတ်အသားကို ချန်ထားရစ်ခဲ့တယ်။ သူ အရှေ့မြောက်ဘက်ခြမ်းမှာ နောက်ဆုံး ပျောက်သွားတယ်ဆိုတာကို ငါ ခံစားမိတယ်”
ယန်မော့က အရာအားလုံးကို အစီအစဉ်တကျ စီမံပေးသည်။ သူသည် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ အသင်းနှင့် အလွန်အမင်း ရင်းနှီးနေသောကြောင့်သာ မဟုတ်ပါက သူ၏ တည်ငြိမ်လွန်းနေသော ပုံစံကြောင့် အရူးလုပ်ခံရနိုင်သည်။
“မော့ကော မော့ကောက ငါတို့နှစ်ယောက်ထက်တောင် ပိုပြီးပြင်းပြင်းထန်ထန်ဒဏ်ရာ ရထားတာနော်။ ရှန်းဝမ်နဲ့ငါက ခဏလောက် ထိန်းနိုင်သေးတယ် ဆိုတော့ မော့ကော စားပြီး ခဏလောက် သွားနားပါတော့။ တက်တက်ကြွကြွ ဖြစ်အောင် ပြန်လုပ်ပါ မရီးကလည်း မော့ကော လာရှာမှာကို စောင့်နေသေးတယ်လေ”
“မဟုတ်ဘူး။ ငါ အဆင်ပြေတယ်”
“မော့ကော မော့ကောရဲ့ စကားလုံးတွေက လုံးဝ ယုံကြည်စရာကို မရှိတာ။ မျက်နှာက ဖြူစုပ်နေတာပဲ။ အခုသာ အပြင်ထွက်သွားမယ်ဆိုရင် အဆင့်မြင့် ဖုတ်ကောင်နဲ့တောင် မှားလောက်တယ်”
“…”
ယန်မော့ကလည်း တိတ်ဆိတ်သွားသည်။ သူသည်လည်း သူ၏ ခန္ဓာကိုယ် အခြေအနေကို အကောင်းဆုံး သိသည်။ သူသည် ဒီအတိုင်း အံကြိတ်ကာ တောင့်ခံနေရုံသာ ဖြစ်သည်။ နောက်ဆုံးဝင်သက်ကို ရှူနေရသကဲသို့ ခံစားနေရသည်။ သူသည် အချိန်မရွေး လဲကျသွားနိုင်၏။ ရှင်းပေါင်ကို ရှာရန် ခရီးအဝေးကြီးကို သွားရာတွင် ဒီလို အခြေအနေမျိုးက အမှန်တကယ် အဆင်မပြေပေ။ အခြေအနေကို ပို၍ပင် နှေးကွေးသွားစေလောက်၏။ ထို့ကြောင့် သူသည် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရသည်။
“စားပြီးတာနဲ့ အားလုံးပဲ နားကြတော့။ မနက်ဖြန်မနက်မှ ထွက်မယ်”
အလိုလျောက် အချက်ပေးသည့် စနစ်ဖြင့် တပ်ဆင်ထားသည့် တိုင်အောင် ရှုရှင်းကမူ လုံးဝ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲပေ။ သူမ၏ပတ်ဝန်းကျင်တွင် စိတ်ချယုံကြည်ရသော သူမျိုးလည်း မရှိသည့်အခါ လုံးဝ စိတ်မအေးနိုင်ဘဲ မကြာခဏဆိုသလို မျက်လုံးကိုဖွင့်ပြီး ပတ်ဝန်းကျင်မှ အခြေအနေကိုလည်း ထထကြည့်နေရသေးသည်။ မျက်လုံးကို မှိတ်ပြီး သိပ်မကြာခင်မှာတင် ရုတ်တရပ် အေးစက်သော အကြည့်တစ်ခုက စိုက်ကြည့်လာသလို ခံစားရသည်။ ထို့နောက် တစ်ကိုယ်လုံးက တောင့်တင်းသွား၏။ ရှုရှင်းကလည်း မျက်လုံးကို ဖွင့်လိုက်သောအခါ ကြည့်နေသူကို မြင်ရသည်။
ဒါဟာ သူမအား ဒီနေရာသို့ ခေါ်လာခဲ့သည့် အဆင့်သုံး အရှိန်းနှုန်း အမျိုးအစား စွမ်းအားကို ပိုင်ဆိုင်ထားသော ဇွန်ဘီဖြစ်သည်။
သူမကို လာရှာတာလား။
တစ်ခုခုမှားနေပြီ တစ်ခုခုတော့ လုံးဝကို မှားနေပြီ။
တတိယအဆင့် ဇွန်ဘီက ဒီလောက်ထိ အိုင်ကျူ မမြင့်နေသင့်ဘူး ဘယ်လိုဖြစ်ပြီး ထပ်လာရှာတာလဲ။
သူက တမင်တကာ မေ့ထားသော အချက်က ရုတ်တရက် ပြန်ရောက်လာသည်။ ထိုဇွန်ဘီက သူမကို ဖမ်းသွားသည်။ မည်သည့်ဒဏ်ရာမှ ထိုခိုက်အောင် မလုပ်လေဘဲ နာရီ အနည်းငယ်ခန့်ပင် ခေါ်လာသေး၏။
112 02
သူမထံသို့ မလာသေးခင်က ဒီဇွန်ဘီကမူ သူမက ကံကောင်းသည် သူ၏ အပေါင်းအဖော်က သူ့ကို ခေါ်သွားခဲ့သောကြောင့် သူမက လွှတ်မြောက်သွားသည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုသို့ မဟုတ်လောက်ပေ။
ရှုရှင်း၏ ဦးနှောက်ကလည်း ရေအေးတစ်ပုံးဖြင့် လောင်းချခံရသကဲ့သို့ ဖြစ်သွားသည်။ သူမက စိတ်ကို မြန်ဆန်စွာ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ထိုဇွန်ဘီကို ဖယ်ရှားရန် စဉ်းစားသည်။ ထိုဇွန်ဘီက သူမကိုကွက်တိ လာရှာနိုင်သည်။ သူမကသာ မဖယ်ရှားပါက ထိုဇွန်ဘီကလည်း အချိန်မရွေး လာရှာနိုင်သည်။ ဒါဟာ လုံခြုံမှုအတွက် သိုဝှက်ထားသော အန္တရာယ်ကဲ့သို့ ဖြစ်နေသည်။
သူမ၏ သဘာဝလွန်စွမ်းအားကလည်း မသက်သာသေးပေ။ အားနည်းသော အနေအထားမျိုးတွင်လည်း ရှိနေသေးသည်။
ကား၏ အရှေ့ဘက်မှန်က အတွင်းဘက်ကသာ မြင်ရသည်။ အပြင်ဘက်က မမြင်ရသော ပုံစံမျိုးနှင့် ဖြစ်သည်။ ပုံမှန်အားဖြင့် အပြင်ဘက်မှ ဇွန်ဘီများကလည်း သူမကို မမြင်နိုင်သင့်ပေ။ သို့သော် ရှုရှင်းကမူ မည်သို့မည်ပုံ ဖြစ်မှန်းမသိဘဲ ထိုဇွန်ဘီက သူမကို ဖောက်မြင်နိုင်နေသည်ဟု ခံစားနေရသည်။ ရှုရှင်း၏ ခန္ဓာကိုယ်က တောင့်တင်းနေ၏။ ကားအရှေ့ဘက် အဖုံးအကာအကွယ်ကတဆင့် သူမသည် နေရာလပ် နယ်မြေထဲမှ အိတ်ဆောင် ပစ်စတိုကို ထုတ်လိုက်ပြီးသည်နှင့် အင်္ကျီလက်ကြားထဲတွင် ဝှက်ထားလိုက်သည်။ ထို့နောက် ဘေးခုံမှ လက်နက် တစ်ခုကို လှမ်းယူလိုက်ကာ လက်မောင်းကြားထဲ ဝှက်သည်။ ထို့နောက် သူစိုက်ကြည့်နေသော နေရာနားသို့ ကပ်သွားပြီးနောက် ထိုနေရာမှ ပြတင်းပေါက်ကို အဟကြားနေရာလေးတစ်ခုကို ဖွင့်ကာ ဗုံးတစ်ခုကို ကောက်ပစ်လိုက်သည်။
သူမသည်လည်း ထိုပေါက်ကွဲသံကြောင့် ထိမှန်သွားမည်ဟု မမျှော်လင့်ထားချေ။ ရှုရှင်းက ဒီအခြေအနေကို အခွင့်ကောင်းယူကာ ကားကို ခပ်မြန်မြန်မောင်းလာခဲ့လိုက်သည်။
အရှိန်နှုန်းစွမ်းအားအမျိုးအစား ပိုင်ဆိုင်ထားသည့် ဇွန်ဘီမျိုးကို ရင်ဆိုင်ရချိန်တွင် ယခုလို ထွက်ပြေးခြင်းက သိသာစွာပင် ဉာဏ်ရှိသော ရွေးချယ်မှုပင် မဟုတ်နေခဲ့ချေ။ နောက်ထပ် တစ်စက္ကန့်တွင် သူက ထပ်ပေါ်လာပြန်သည်။ ဒီတစ်ခေါက်တွင်မူ ကား၏ ရှေ့ဖုံးပေါ်တွင် တက်ထိုင်ပြီး ရှုရှင်းကို ငုံ့ကြည့်နေသည်။ ရှုရှင်းက ဘရိတ်ကို ဆောင့်အုပ်လိုက်လေရာ ယခုလေးတင် ခုန်ဆင်းကာစ ဇွန်ဘီကလည်း ခါယမ်းကာ ပြုတ်ကျသွားသည်။ ထို ဇွန်ဘီက သူမကို အမှန်တကယ် ကြောက်စေသည်။ ရှုရှင်းသည်လည်း သူမ၏ နှလုံးသားက တစ်နာရီလျှင် မှိုင်တစ်ရာ့ရှစ်ဆယ်နှုန်းဖြင့် ခုန်နေသည်ဟု ခံစားရပြီး အချိန်မရွေးရင်ဘတ်ထဲမှ ပေါက်ထွက်တော့မတတ် ခံစားနေရသည်။
ထိုနည်းလမ်းက အသုံးဝင်ကြောင်း မြင်သောအခါ ရှုရှင်းကလည်း ကားတံခါးကိုသာ ဖွင့်လိုက်ပြီး အပြင်သို့ ထွက်ကာ ရင်ဆိုင်ရန် သာ ဆုံးဖြတ်လိုက်ရသည်။
တိုက်ခိုက်မှုများအတောအတွင်းတွင် ကားကို မထိခိုက်စေရန် အလို့ငှာ နေရာလပ်နယ်မြေထဲသို့ ပြန်သိမ်းလိုက်သည်။
တစ်ဖက်မှ ဇွန်ဘီက ပြန်လှည့်လာသောအခါ ရှုရှင်းက သေနတ်ကို မြောက်လိုက်ပြီး ပစ်သည်။
“ဟီး ဟီး”
သိပ်သည်းသော ကျည်ဆန်များက ဇွန်ဘီ၏ ခေါင်းနှင့် ကိုယ်ကို ချိန်ရွယ်ပစ်သော်လည်း ကျည်ဆံများက မည်မျှ မြန်ဆန်စေကာမူ အရှိန်နှုန်းအမျိုးအစား စွမ်းအားပိုင်ဆိုင်ထားသည့် ဇွန်ဘီကို ထိုအောင် မပစ်နိုင်ပေ။
ဇွန်ဘီကပင် အနားသို့ မကပ်နိုင်သေးခင် ရှုရှင်းကလည်း အနီးကပ် တိုက်ခိုက်သည့် ဓားတစ်လက်ကို ထုတ်လိုက်ကာ သူမ၏ ယခင် လေ့ကျင့်မှုကို အားကိုးပြီး ထိုဇွန်ဘီကို ထပ်ခါတလဲလဲ တိုက်ခိုက်လိုက်သည်။
ဇွန်ဘီ၏ တိုက်ကွက်များကိုလည်း အသာလေး ရှောင်လိုက်သည်။
“ဟစ်”
တတိယအဆင့် ဇွန်ဘီက အမှန်တကယ်သန်မာသည်။ တိုက်ကွက် နည်းနည်းကို တားပြီး ရှုရှင်း၏ လက်မောင်းကပင် ထုံထိုင်းလာသည်။
လေ့ကျင့်မှုများက မည်မျှပင် နာကျင်စေခဲ့စေကာမူ သူမက ယခု ကံကောင်းလွန်းသည်ဟု ခံစားရသည် ဒါဟာ ယန်မော့၏ နေ့စဉ်စောင့်ကြပ်ကာ နတ်ဆိုးဆန်သည့် လေ့ကျင့်မှုများ လုပ်စေခဲ့ခြင်းကို ကျေးဇူးတင်ရပေမည်။ ထိုသို့မဟုတ်ပါက သူမသည်လည်း ထိုတိုက်ကွက်များကိုပင် မသိစိတ်၏ တုန့်ပြန်မှုအတိုင်း ရှောင်ရှားနိုင်မည် မဟုတ်ပေ။
ထိုဇွန်ဘီကလည်း မောပန်းရကောင်းမှန်း ပင်ပန်းရကောင်းမှန်း မသိသူ ဖြစ်သည်။ သို့သော် သူမကမူ ထိုသို့မဟုတ်ပေ။ တိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ရပေမည်။
112 03
အရှေ့မှ ဇွန်ဘီကလည်း တွေးတောနိုင်စွမ်းရည် ရှိပုံရသည်။ ထို့ကြောင့် ရှုရှင်းကလည်း တစ်ခဏပင် မပေါ့ရဲပေ။
ရှုရှင်းသည် မောပန်းနွမ်းနယ်ပြီး အင်အားကုန်ခမ်းနေသော လက္ခဏာကို ပြသလာသည်။ ထိုဇွန်ဘီကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူမည်ဟု ယုံကြည်သည်။ ရှုရှင်းက နွမ်းနယ်နေသောလက္ခဏာကို ပြသသည့်အခါ တစ်ဖက်မှ ဇွန်ဘီကလည်း နည်းနည်း မကျေမနပ် ဖြစ်သွားပုံရပြီးရှုရှင်းကို လှမ်းအော်သည်။ ရှုရှင်းကို ကစားနေသကဲ့သို့ သဘောထားနေသည်။
ရှုရှင်း : …
ငါ့ရဲ့ ဘဝမှာ တစ်ခါမှ ဒီလို မဆွံ့အဖူးဘူး။ ငါ အခု ဇွန်ဘီ တစ်ကောင်က ကစားတာကို ခံနေရတာလား။
နင် ဘာဆိုလိုချင်လဲဆိုတာကို ငါနားမလည်ချင်ဘူး။ ဒါပေမဲ့နင် အရမ်းသိသာလွန်းနေတာ မဟုတ်ဘူးလား။
ငါ့ရဲ့ မျက်နှာလေးကိုလည်း ထိန်းပေးပါအုံးလား။
“ဟိုး ဟိုး”
တစ်ဖက်မှ ဇွန်ဘီကလည်း ရှုရှင်း၏ မကျေမနပ် ဖြစ်ပုံကို နားမလည်နိုင်ပေ။ သို့သော် သူ လုလာခဲ့သည့် မွှေးပျံ့သော အရုပ်လေးက မကစားတော့သောအခါ မကျေမနပ် ဖြစ်ပြီး လှမ်းအော်ကာ တိုက်တွန်းသည်။
တစ်ဖက်သူက အနားသို့တဖြည်းဖြည်းချင်း ကပ်လာသည်အထိ စောင့်ပြီးနောက် တစ်ဖက်သူက ရုတ်တရက် ထအော်ချိန်တွင် ရှုရှင်းက မမျှော်လင့်ထားစွာပင် သေးငယ်သော အရွယ်အစားရှိသည့် ဗုံးလေးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ တစ်ဖက်သူက တုံပြန်ချိန်တွင် ထိုအရာလေးက ကိုယ်ထဲသို့ ဝင်သွားပြီ ဖြစ်သည်။
ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ မွေ့ရာပေါင်းများစွာကို ထုတ်လိုက်ပြီး အနောက်ဖက်တွင် ကာလိုက်သည်။
ထို့နောက် ပေါက်ကွဲသံက ထွက်လာသည်။
ဘမ်း….
ထိုဗုံးများက လျှင်မြန်စွာ ပေါက်ကွဲသွားသည်။ ရှုရှင်းကလည်း ထိုဇွန်ဘီနှင့် နီးကပ်လွန်းနေသေး၏။ ရှုရှင်းက အထပ်ထပ်သုံးကာ ကာထားသေးသည့်တိုင်အောင် ပေါက်ကွဲမှု၏ လှုပ်ခါမှုများက တစ်ခေါင်းလုံးကို မူးဝေသွားစေသည်။ သူမ၏ အနောက်မှ မွေ့ရာတွင်တွင် အလွန်နက်သော အပေါက်ကြီး ပေါ်လာ၏။ ထိုအခြေအနေကတင် ထိုဖောက်ခွဲရေး ပစ္စည်းသေးသေးလေးများ၏ အင်အားကို သိနိုင်သည်။
ကံကောင်းသည်မှာ သူမက ယခုအခါ ဆင့်ကဲပြောင်းလဲထားသူ ဖြစ်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကလည်း အများကြီး တိုးတက်သွား၏။ သို့မဟုတ်ပါက ရှုရှင်းသည် ယခုလောက် အသက်ကို ရင်းရသည့် ကိစ္စကို လုပ်လိမ့်မည် မဟုတ်ပေ။ ကံကောင်းစွာပင် အသက်က ကောင်းသေးသည်။
******