← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

113 01

အပိုင်း (၁၁၃) ခြုံခို တိုက်ခိုက်ခံရခြင်း

ရှုရှင်းကလည်း ထိုလျှို့ဝှက်အန္တရာယ်ကို ခပ်မြန်မြန် ကိုင်တွယ်လိုက်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေခဲ့ချိန်တွင် J မြို့သို့ ဦးတည်လာနေသော ယန်မော့ကလည်း ရုတ်တရက် စိုးရိမ်စိတ် များသွားလေသည်။ အကြောင်းမူကား သူ အမှတ်အသားထားထားသော ဇွန်ဘီ၏ဝင်သက်က ပျောက်သွား၍ ဖြစ်သည်။

ရှုရှင်းသည်လည်း တတိယအဆင့် အရှိန်အမျိုးအစား ဇွန်ဘီ၏အမြူအတေကို သေချာပေါက် ဖြုန်းတီးလိမ့်မည် မဟုတ်ပေ။ တစ်ဖက်ကောင်ကို ခပ်မြန်မြန် ကိုင်တွယ်လိုက်ပြီးသည်နှင့် အမြူအတေကို တူးထုတ်လိုက်ကာ တတိယအထပ်ကို ကောက်ပစ်လိုက်သည်။

ရှုရှင်းအသုံးပြုနေသော ဖောက်ခွဲရေး ပစ္စည်းများ အသံက အတော်လေး ဆိုးသည်။ ထို့ကြောင့် ဇွန်ဘီများကလည်း အနီးအနားသို့ ချက်ချင်း ပြေးလာနိုင်သည်။ ထို့ကြောင့် အနီးအနားတွင် ရှင်သန်ကျန်ရစ်သူများ ရှိပါကလည်း အပြေးလာနိုင်လေရာ သူမ အမြန်ဆုံး ထွက်သွားရပေမည်။

ရှုရှင်းက နေရာလပ် နယ်မြေထဲမှကားကို ချက်ချင်း ထုတ်ပြီးသည်နှင့် မြန်မြန် မောင်းထွက်လာခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒဏ်ရာများက မပြင်းထန်ပေ။ သို့သော် အဓိကအားဖြင့် စိတ်ဖြစ်သည်။ စိတ်စွမ်းအားနှင့် သဘာဝလွန်စွမ်းအား ကုန်ဆုံးမှုက ခန္ဓာကိုယ်ကို အတော်ထိသည်။ ရှုရှင်းသည် အလွန်လုံခြုံသော‌နေရာတစ်ခုကို ရှာပြီး အနားယူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် နေ့တိုင်းလိုလို အပြင်သို့ထွက်ကာ ဇွန်ဘီများကို အမဲလိုက်ပြီး သလင်းအမြူအတေများကို တူးပြီး သဘာဝလွန်စွမ်းအားကို ပြန်ဖြည့်လေသည်။

သုံးရက်ခန့်ကြာပြီးနောက် ရှုရှင်းက အင်အား ပြန်ပြည့်သွားသည်။ သဘာဝလွန်စွမ်းအားများကလည်း အပြည့်ရှိနေကြောင်း ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ကလည်း အားနည်းမနေတော့ပေ။ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် C မြို့သို့ ပြန်သွားသည်။

ရှုရှင်းကမူ အဆုံးသတ်ကာလတွင် အမျိုးသမီးများ၏ အခြေအနေက မည်မျှ ဆိုးရွားကြောင်း ကောင်းကောင်းသိနေသည်။ အထူးသဖြင့် လှပသော အမျိုးသမီးများ ဖြစ်သည်။ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများကိ ကြုံတွေ့ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်စေရန် အလို့ငှာနေရာလပ် နယ်မြေထဲမှ အလှကုန် ပစ္စည်းများကို သုံးပြီး အရှေ့ပိုင်း မိစ္ဆာမှော်ဆရာများကဲ့သို့ ပြင်ဆင်ပုံမျိုးကို လိမ်းချယ်လိုက်သည်။

ဆယ်မိနစ်တည်းနဲ့တင် နဂိုက နုနယ်ပြီး ချစ်စဖွယ်ကောင်းသော အလှလေးက အတော်လေးကို ပျက်ဆီးနေသော အသားအရည်နှင့် အချိန်တန်ကြာအောင် အင်အားပြတ်လတ်နေခဲ့သော ပိန်လှီနေခဲ့သည့် မိန်းမတစ်ယောက်အဖြစ် ပြောင်းသွားသည်။ ထို့အပြင် ချောက်သွေ့သော ဆံပင်နှင့် ဆံပင်တုကိုလည်း ကောက်တတ်လိုက်သေးသည်။

သူမ ဝတ်ဆင်ထားသော အဝတ်အစားများကိုလည်း အလွန်အမင်းကို စုတ်ပြတ်သတ်နေသည့် ရိုးရာ အဝတ်အစားအဖြစ် ပြောင်းဝတ်လိုက်သည်။ တစ်ကိုယ်လုံးက ခေါင်းအစ ခြေအဆုံး ပြောင်းလိုက်သည်။

ရှုရှင်းသည် အလွန်သာမာန်ကျသော ကားကို ရွေးချယ်လိုက်သေးသည်။ ထိုကားကလည်း ပျက်ဆီးနေသော လမ်းတွင် မောင်းသောအခါတွင်ပင် ထိခိုက်လိမ့်မည် မဟုတ်သလို အလွန်အမင်းလည်း ထင်ရှားနေခြင်း မရှိတော့ပေ။ သူမ ရွေးချယ်သောလမ်းကလည်း အတော်လေး လူရှင်းသော လမ်းဖြစ်သည်။ ထို့ကြောင့် လမ်းတောက်လျှောက်တွင် လူများနှင့် တွေ့ခဲသည်။

ရှုရှင်းနှင့် လူစုခွဲကာ B မြို့သို့ ဦးတည်သော ယွီချွမ်းခွမ်း၏ အသင်းကမူ ထင်သလောက် ကံမကောင်းရှာပေ။ သူတို့အသင်းတွင် လူဆယ်ယောက်ကျော်ရှိသည်။ ထိုသို့ဖြင့် ဘန်ကားနှစ်စီး ခွဲကာ သွားသည်။ သူတို့သည်လည်း မြန်မြန် မသွားနိုင်ချေ။ တိကျသော မြေပုံမရှိသည့်အခါ ယေဘုယျ ဦးတည်ရာဘက်အတိုင်းသာ သွားရသည်။

ကမ္ဘာကပ်ဘေးကာလတွင် ခရီးအဝေးကြီးကို မောင်းနှင်သွားလာသောအခါ လုယက်သူများနှင့် အချိန်မရွေးဆုံနိုင်သည်။ ကံကောင်းသောအခါ တစ်ဖက်သူက လုံလောက်အောင် အင်အား မကြီးသောကြောင့် အလွယ်တကူ ဖြတ်သွားနိုင်လောက်သည်။ ထို့နောက် ရိက္ခာကိုသာ အလုခံရပေလိမ့်မည်။

113 02

သို့သော် ကံဆိုးမှုနှင့် အင်အား နိမ့်ကျမှုများကမူ တစ်သင်းလုံးက လုယက်ခံရပြီး လူများကသာ ထွက်ပြေးရမည့် နေအထားမျိုး ဖြစ်တတ်သည်။ သို့သော် အလွန့်အလွန်ကံဆိုးပြီး လူစိတ်ပျောက်နေသောလူများနှင့် တွေ့ဆုံပါက ပစ္စည်းလည်း အယူခံရမည် လူ့အသက်လည်း ဆုံးရှုံးရမည် ဖြစ်သည်။ ယွီချွမ်းခွမ်းနှင့် အဖွဲ့ကမူ အလွန်အမင်း ကံဆိုးသည်။ သူတို့သည် နောက်ဆုံး အခြေအနေနှင့် တွေ့ရသည်။ ရှုရှင်းနှင့် လူစုခွဲပြီး နေ့တဝက်ခန့်သာ ကြာသေးသည်။ မမျှော်လင့်ထားသော အခြေအနေနှင့် ဆုံလေသည်။

ကျွီ

ရုတ်တရက် ကားဘရိတ်အုပ်ကာ ကားဘီနှင့်ကတ္တရာ ပွတ်ဆွဲသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အရှေ့ကားက ရုတ်တရက် ရပ်သွားပြီး အရှေ့ဘက်က ပိတ်သွားသည်။ အနောက်ဖက်ကားကလည်း လူများကလည်း အရှေ့ဖက်မှ အခြေအနေကို မသိရပေ။

“ချွမ်းခွမ်း ဘာလို့ကားကို ရုတ်တရက် ရပ်လိုက်တာလဲ။ ဘာဖြစ်တာလဲ”

အန်းယွမ်ဟွားက အနောက်ဘက်မှ ကားထဲမှ ခေါင်းထွက်လာပြီး ဘေးဘီကို ကြည့်လိုက်ပြီး အရှေ့ကို လှမ်းအော်သည်။

“လမ်းအလယ်ခေါင်မှာ သံတွေချထားတယ်။ ကားက မောင်းသွားလို့ မရတော့ဘူး”

“ဒါဆိုရင်လည်း ကားပေါ်က ဆင်းပြီး ရှင်းပြီးမှ သွားကြမယ်‌လေ။ ဘာတွေတုန့်ဆိုင်းနေတာလဲ။ သိပ်မကြာခင် မှောင်တော့မှာ။ မမှောင်ခင် နေရာတစ်ခု ရှာရမယ်”

“မစိုးရိမ်ပါနဲ့ ငါတစ်ခုခုမှားတယ်လို့ စိုးရိမ်မိနေတယ်” ယွီချွမ်းခွမ်းက လမ်းအလယ်ခေါင်မှ သံများကို ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်တစ်ချက်စီမှ အဆောက်အဦးများကို ကြည့်ပြီး ပတ်ဝန်းကျင်မှ တိတ်ဆိတ်လွန်းနေသလို ခံစားရသည်။ သူ၏ မျက်လုံးက ကား၏ ညာဖက်ခြမ်းမှ အဆောက်အဦးသို့ ရောက်သွားချိန်တွင် ပုယွမ်ကျိုး၏ နှလုံးသားက ရုတ်တရက် အခုန်နှုန်း မြန်ဆန်သွားသည်။

သူသည် ယာဉ်မောင်းသူ နေရာမှ ယွီချွမ်းခွမ်းကို လှမ်းကြည့်သည်။ ထို့နောက် အနောက်မှ လူများကို ကြည့်သည်။ သို့သော် အဆုံးသတ်တွင် ဘာကိုမှ မပြောလိုက်ပေ။

တစ်ချိန်တည်းတွင်ပင် လမ်းဘေးဘက်ခြမ်းမှ အဆောက်အဦးထဲတွင် ဆောင့်ကြောင်ထိုင်၍ ပုန်းနေသော လူအယောက်နှစ်ဆယ်ကျော် ရှိသည်။

“တစ်ချိန်လုံး သံသယများမနေစမ်းပါနဲ့။ ဒီလို လူသူရှင်းလင်းတဲ့ လမ်းမှာ ဘယ်သူက လာပြီး သံတွေ လာချထားမှာလဲ။ လူတွေ အားလုံးက ထွက်ပြေးပြီးတာ ကြာပြီ။ မြန်မြန်လေး လမ်းရှင်းလိုက်တော့”

ကားထဲမှ အခြားသော သူများက တိုက်တွန်းသည်။ ယွီချွမ်းခွမ်းကလည်း ရွေးချယ်စရာ မရှိလေဘဲ လူတိုင်းကို ကားထဲမှ ဆင်းပြီး လမ်းရှင်းခိုင်းရသည်။ သံများက ငါးမီတာ ခြောက်မိတာခန့်နီးပါး ချထားခြင်း ဖြစ်သည်။ ထိုအရာကို အမြန်ဆုံး ရှင်းနိုင်ရန်အတွက် အားလုံးက ထွက်ပြီး ကူရသည်။

ခြုံခိုတိုက်ခိုက်ရန် စောင့်နေသော သူများကလည်း လူများက ကားပေါ်မှ ဆင်းလာကြောင်း မြင်လိုက်သည်နှင့် နဂိုစီစဉ်ထားပြီးသား ဆင့်ကဲပြောင်းလဲထားသည့် အပင်များ၏ မျိုးစေ့များကို အသက်သွင်းလိုက်သည်။ ထိုမျိုးစေ့များသည် ချက်ချင်းဆိုသလို အညှောင့်ပေါက်လာကာ အပင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး သံသယဝင်နေခြင်း မရှိသော သူများကို အစွယ်များ လက်သည်းများဖြင့်ကိုက်သည်။

“အား….”

“ကယ်ကြပါ ကယ်ကြပါ”

အဲဒီနောက်မှ သဘာဝလွန်စွမ်းအား မရှိသော သူများက အထိတ်တလန့် ထွက်ပြေးကြသည်။ သို့သော် အနောက်ဖက်မှ နွယ်ပင်များကပင် ဖမ်းမိသွားပြီး မလှုပ်နိုင်ကြတော့ပေ။

“သေစမ်း”

113 03

ရုတ်တရက် ဖြစ်လာသောအခါ ယွီချွမ်းခွမ်းနှင့် ပုယွမ်ကျိုးတို့ကလည်း ခြုံခိုတိုက်ခိုက်ခံရကြောင်း သိလိုက်သည်။ သံများ ခင်းထားသည်မှာ သူတို့ကို ကားထဲမှ ထွက်ရန် မြှားခေါ်နေခြင်း ဖြစ်သည်။ အပြင်ဘက်မှ လူများက ဟန်အမူအရာ ပျက်သွားသည်နှင့် ခြုံခိုတိုက်ခိုက်ရန် စောင့်နေသော သူများကလည်း ချက်ချင်းဆိုသလို ပြေးထွက်လာကြသည်။

ယွီချွမ်းခွမ်း၏အသင်းတွင် သဘာဝလွန်စွမ်းအားရှိသော လူခြောက်ယောက်ပါသည်။ သို့သော် ငါးယောက်ကသာ တိုက်ခိုက်နိုင်စွမ်းရည် ရှိကြ၏။ ပုယွမ်ကျိုးက သဘာဝလွန်စွမ်းအား နိုးထထားသော်လည်း အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းအား မရှိပေ။

သူထိုအချိန်က ရှုရှင်းကို ဖမ်းနိုင်ခဲ့သည်မှာလည်း သူ၏ ခန္ဓာကိုယ်ပိုင်ဆိုင်ရာ ကြံ့ခိုင်မှုအားကြောင့် ဖြစ်လေသည်။ ထို့အပြင် သူသည် ငယ်စဉ်ကတည်းက လေ့ကျင့်မှုကြောင့်လည်း ပါသည်။

အခြားတစ်ဖက်ခြမ်းမှ လူများက သူတို့ထက် ပို၍လူများပြီးပိုအင်အားကြီးသည်။ ထို့ကြောင့် မပြင်ဆင်ထားသော အခြေအနေမျိုးတွင် တိုက်ရိုက်ပင် ဖမ်းမိသွားလေသည်။

“ဟားဟား အစ်ကိုကြီး ငါတို့ လူဆယ်ယောက်ကျော်တောင် ဖမ်းမိတယ်။ ကြည့်ကောင်းတဲ့ မိန်းမတွေလည်း ပါတယ်။ ဒီတစ်ခေါက်တော့ ကံကောင်းပြီပဲ”

နှာခေါင်းကောက်ကောက်နှင့် အရပ်ပုပု လူတစ်ယောက်က ကတုံးနှင့်လူနားသို့သွားကာ ပြောသည်။

“ဟားဟား မင်းကို ကြည့်စမ်းပါအုံး။ ငါက ဘယ်တုန်းက ညီအစ်ကိုတွေကို မမျှမတ ဆက်ဆံလို့လဲ။ အချိန်ကျလာတဲ့အခါ ဒီမိန်းမတွေကို မင်းတို့ အလှည့်ကျ ကစားဖို့ ခွဲလိုက်။ မင်းတို့ ကောင်တွေ ငါတို့ အရင်တစ်ခေါက် ပြန်ခေါ်လာခဲ့တဲ့ မိန်းမတွေကို ကစားရတာ ပင်ပန်းနေပြီမလား”

ကတုံးနှင့် လူက ပြုံးရယ်ပြီး ပြောသည်။

“ဟီးဟီး အစ်ကိုကြီးကလည်း ငါတို့ကို တကယ်နားလည်တာပဲ။ နောက်ဆုံးတော့ အသစ်လေးတွေ ရပြီ”

ထိုလူက ပြုံးရယ်နေရင်း ဖမ်းဆီးခံထားရသော အမျိုးသမီးများကို ပြီတီတီ ပြုံး၍ ကြည့်နေသည်။ သူ၏ မျက်လုံးဖြင့် အဝတ်အစားများကို ချွတ်ပစ်နေသည်နှင့် တူသည်။

“ဝူးဝူး…”

အမျိုးသမီးများက တတ်နိုင်သလောက် ကွေးနေကြပြီး ထိုလူ၏ အကြည့်အောက်မှ ဖုံးကွယ်ရန် ကြိုးစားသည်။ သို့သော် သူတို့၏ လက်နှင့် ခြေထောက်များကို နွယ်ပင်များက တုတ်ထားသောကြောင့် မလွှတ်မြောက်နိုင်ခဲ့ပေ။

ကားထဲတွင် နေခဲ့ပြီး လိုက်မထွက်သွားသေးဘဲ ယွမ်ရှီးထင်ကလည်း အတတ်နိုင်ဆုံး ကားအနောက်ဖက်ခြမ်းတွင် ပုန်းကွယ်နိုင်အောင် ကြိုးစားလိုသည်။ သူမက အသက်ပင် မရှူရဲဘဲ ဆက်တိုက်ဆိုသလို ဆုတောင်းနေခဲ့၏။

ယခုလေးတင် လူတိုင်းက အောက်ထပ်သို့ ဆင်းကာ သံသွားဖယ်သောအခါ သူမက ထိုအလုပ်ကြမ်းကို မလုပ်လိုပေ။ ထို့ကြောင့် အကြောင်းပြချက် တစ်ခုရှာပြီး ဗိုက်အောင့်သည်ဟု ပြောကာကားထဲတွင် နေခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် ဒီလို အခြေအနေမျိုးနှင့် ကြုံရသည်။

“ကားထဲကို သွားစစ်ကြည့်လိုက်အုံး ပိုက်ကွန်ထဲက ချော်ထွက်သွားတာတွေ ရှိမရှိ စစ်လိုက် အရင်တစ်ခေါက်ကလို မဖြစ်စေနဲ့”

ကတုံးနှင့်သူက သူ၏ ညီအစ်ကို နှစ်ယောက်ကို ကားကို သွားစစ်ခိုင်းလိုက်သည်။ သူကိုယ်တိုင်ကမူ လက်ထဲမှ သေနတ်ကို တဖြည်းဖြည်း သုတ်နေ၏။ မမျှော်လင့်ထားသော အခြေအနေ ဖြစ်လာလျှင် ချက်ချင်း တန်းပစ်မည့် ပုံစံရှိသည်။

ယွမ်ရှီးထင်ကလည်း ထိုစကားကို ကြားလိုက်သည်။

******

All Chapters