အခန်း ၁၁၄
Vol. 12 Ch. 114
114 01
အပိုင်း (၁၁၄) ထွက်ပြေးခြင်း
ယန်ရှီးထင်ကလည်း ကတုံးနှင့် လူပြောသော စကားကို ကြားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားသည်။ သူမ၏ နှလုံးခုန်နှုန်းကလည်း မြန်ဆန်သွားသည်။ ကြားနေရသော ခြေလှမ်းသံများကတဆင့် အသက်ရှူ အောင့်ထားမိသည်။ ကံဆိုးစွာပင် သူ၏ ဆုတောင်းက မပြည့်သွားခဲ့ပေ။ ကားတံခါးက ပွင့်သွားသည်။ ယန်ရှီးထင်၏ ခန္ဓာကိုယ်က အင်အားများအားလုံးက ခြောက်ကပ်သွားပြီး ပြိုလဲကျသွားသည်။
“အစ်ကို ဒီမှာ မိန်းမတစ်ယောက်ရှိသေးတယ်”
“အို ဆွဲထုတ်လာခဲ့”
ကားကို လာစစ်သော သူကလည်း အမျိုးသမီးကို ညှာတာခြင်းပင် မရှိပေ။ ယန်ရှီးထင်ကို ဆွဲဆောင့်ပြီးနောက် ကတုံးနှင့်လူဆီသို့ ခေါ်သွားသည်။
“ကျွတ် တော်တော်လေး လှတာပဲ။ ဒီမိန်းမကို ငါ့အတွက် ချန်ထားလိုက် ကျန်တာတွေကိုတော့ မင်းတို့ဘာသာ ခွဲလိုက်တော့”
ကတုံးနှင့်လူက ယန်ရှီးထင်၏မေးကို သေနတ်ပြောင်းဖြင့် ပင့်မတင်လိုက်ပြီး သူမ၏ ရုပ်ရည်ကို အလွန်အမင်း ကျေနပ်သွးသည်။
ပြောရမည်ဆိုလျှင် ကမ္ဘာကပ်ဘေးကာလ မတိုင်ခင်က ယန်ရှီးထင်၏ ရုပ်ရည်သည် အကောင်းဆုံးမှ သာမာန်ဟုသာ ပြောနိုင်သည်။ သို့သော် ယခုမူ ကမ္ဘာအဆုံးသတ်ကာလပြီးနောက် မိန်းမက ရှားလာသည်။ ထို့ကြောင့် ရုပ်ရည်အားဖြင့် ထူးချွန်သည်ဟုပြော၍ ရသွားသည်။
အဆုံးသတ်တွင်မူ သူတို့၏ အသင်းဝင်များအားလုံးကလည်း ကတုံးနှင့်လူ၏ ခံတပ်နေရာသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။ အသင်းထဲမှ အမျိုးသားများက မှေးမှိန်သော အခန်းထဲသို့ ခေါ်ထည့်ခံရပြီး အချုပ်ထားခံရသည်။ အသင်းထဲမှ အမျိုးသမီးများကမူ သီးသန့်ခွဲထုတ်ထားခံရ၏။ သူတို့၏ သာမာန် မျက်စိ မျက်လုံးဖြင့်ပင် ထိုသူများ၏ ကံကြမ္မာကို သိနိုင်သည်။
“ဘမ်း”
တံခါးက ဝုန်းကနဲ ပိတ်သွားပြီးနောက် ဖုံများ အလုံးလိုက်ကျန်ရစ်သည်။
တစ်ခန်းထဲတွင် အပိတ်ခံထားရသော သူများအားလုံးကလည်း ပိန်လှီကာ ဖျော့တော့နေကြပြီး ထိုင်းမှိုင်းသောမျက်လုံးများနှင့် ဖြစ်သည်။ လူအသစ်များ ဝင်ရောက်လာသည့်တိုင်အောင် များများ စားစား မတုန့်ပြန်ကြဘဲ မော့ကြည့်လိုစိတ်ပင် မရှိကြတော့ပေ။
သူတို့သည်လည်း ထိုလူများက သူတို့နှင့် ကံကြမ္မာတူမည်ဟု ထင်ထားကြပုံရသည်။ ထို့ကြောင့် သူတို့သည်လည်း အထူးတလည် အာရုံမစိုက်ကြတော့ပေ။
အတွင်းမှလူများ၏ တုန့်ပြန်မှုက ပုယွမ်ကျိုးနှင့် ယွီချွမ်းခွမ်းတို့၏ နှလုံးသားကို အခုန်နှုန်းမြန်ဆန်သွားစေသည်။ သူတို့၏ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်က ထွက်ပေါ်လာသည်။ သူတို့သည် ပို၍ပင် အလျှင်စလို ထွက်ပြေးချင်လာသည်။
“ယွမ်ကျိုး မင်း လမ်းကို မှတ်မိလား”
ယွီချွမ်ခွမ်းက ပုယွမ်ကျိုး၏ အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။ အခြားသော သူများက ကြားရန် မဖြစ်နိုင်ပေ။
“အင်း”
ပုယွမ်ကျိုးက ခေါင်းအသာငြိမ့်သည်။ မျက်လုံးများကိုလည်း မျက်လွှာချထားသည်။
“ကောင်းတယ် ငါ့မှာ အခွင့်အရေးရတဲ့အခါ ငါမင်းကို ခေါ်သွားမယ်”
ကောင်းမွန်သောအဖြေကို ရသည်နှင့် ယွီချွမ်ခွမ်းကလည်း စိတ်အေးသွားပုံရသည်။ ပုယွမ်ကျိုး၏ အထူးစွမ်းရည်ကြောင့်သာ အဖမ်းခံရပြီးသည့်တိုင်အောင် တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။
ပုယွမ်ကျိုး၏ စွမ်းရည်သည် စိတ်စွမ်းအားမျိုး ဖြစ်သည်။ သို့သော် ယန်မော့၏ တိုက်ခိုက်သော စိတ်စွမ်းအားမျိုး မဟုတ်ပေ။ သူ၏ စွမ်းရည်ကမူ ဦးနှောက်၏ လွန်ကဲလွန်းသော ဖွံ့ဖြိုးမှုနှင့် တူသည်။ သူ၏သဘာဝလွန်စွမ်းအားက နိုးထလာပြီးနောက်တွင် သူသည် သူမှတ်မိချင်သော အရာတိုင်းကို အလွယ်တကူ မှတ်မိနိုင်သည်။ သူ၏စိတ်စွမ်းရည်က သာမာန်လူများထက် ဆယ်ဆ သို့မဟုတ် အဆရာကျော်ပင် များပြားသေးသည်။
114 02
တစ်ဖက်သော သူများက သူတို့၏ အင်အားကို ယုံကြည်မှု ရှိလွန်းသည်လား မသိ။ သူတို့၏ သဘာဝလွန်းစွမ်းအားများကို မဖျက်ဆီးခဲ့ဘဲ ဒီအတိုင်းသာ လူစောင့်ကြပ်ရန် ထားထားပြီး ပိတ်ထားလိုက်သည်။ ထွက်ပြေးသော လမ်းကြောင်းကို သိနေသည့်အပြင် သူ၏ ကိုယ်ပိုင် လေအခြေပြု စွမ်းအားနှင့် ပေါင်းထည့်လိုက်သည့်အခါ အောင်မြင်နိုင်ချေက တော်တော်လေး မြင့်သွားသည်။
“ခေါင်းဆောင် ငါတို့ အခု ဘယ်လို လုပ်ကြမလဲ။ ဒီနေရာမှာပဲ သေဖို့ စောင့်နေရမှာလား မင်းမှာ ဖြေရှင်းချက်တော့ ရှိမှာပေါ့ ဟုတ်တယ်မလား”
အန်းယွမ်ဟွားက အခန်းတစ်ခုလုံးကို ပတ်ကြည့်လိုက်သည်။ သူ ဒီထဲကို ဝင်လာခဲ့ချိန်က အပြင်ဘက်တွင် ပစ်ထားခံရသည့် အရိုးများကို ပြန်လည်သတိရသွားသောအခါ အလွန်အမင်း ကြောက်သွားသည်။ အခြားသော သူများက အန်းယွမ်ဟွား၏စကားကို ကြားသောအခါ ယွီချွမ်ခမ်းကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်ကြသည်။ အခြေအနေက မည်သို့ပင် ဖြစ်ပျက်နေစေကာမူ ခေါင်းဆောင်တွင် ဖြေရှင်းချက် အမြဲတစေ ရှိတတ်သည်။ ဒီတစ်ခေါက်တွင်လည်း ရှိလောက်သည်။
“အို…မင်းကို ငါမင်းကို စိတ်ပျက်စေတာကို တောင်းပန်တယ်။ တကယ်တော့ ငါ ဒီအခြေအနေကို ဘယ်လိုမှ မတတ်နိုင်ဘူး။ ဘယ်လိုပဲ ရလဒ်ပဲ ဖြစ်လာဖြစ်လာ မင်းတို့ပဲ ကြည့်ကြပ်လုပ်ကြတော့”
ယွီချွမ်ခမ်းကလည်း ထိုရူးကြောင်ကြောင် အသင်းဖော်များကို အာရုံမစိုက်ချင်တော့ပေ။ သူ၏ လူများအပေါ် စိတ်ရှည်သည်းခံမှုက ကုန်ခမ်းသွားပြီးလေပြီ။ သူတို့သည် ဒီတစ်ခေါက်တွင် သူ၏ အကြံပေးချက်ကို နားမထောင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့၏ သေရေးရှင်ရေးကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
သူတို့၏မျှော်လင့်ချက်များက ပျက်ဆီးသွားသောအခါ အားလုံးက စိတ်ဓာတ်ကျသွားကြသည်။
…
အန်းယွမ်ဟွားကသာ ယွီချွမ်ခမ်းက ထွက်ပြေးရန် ရည်ရွယ်ချက် မရှိကြောင်း မယုံကြည်သူ ဖြစ်သည်။
သူသိသော ယွီချွမ်းခမ်းကလည်း ကံကြမ္မာကို လက်မခံလိုသော သူမျိုး ဖြစ်သည်။ သူသည် သေချာပေါက် လှုပ်ရှားပေလိမ့်မည်။ သို့သော် သူတို့ကို မပြောချင်ရုံသာ ဖြစ်လောက်သည်။
ယွီချွမ်းခမ်းကလည်း အခြားသောသူများက သူပြောသော စကားကို ယုံကြည်လောက်သော်လည်း အန်းယွမ်ဟွားက မယုံကြည်လောက်မှန်း နားလည်သည်။ တစ်ဖက်သူသည် သူ့ကို အကြာရှည်ဆုံးသိလာခဲ့သူဖြစ်ပြီး အသင်းထဲတွင် အကြာဆုံးရှိခဲ့သူလည်း ဖြစ်သည်။ သူတို့က အချင်းချင်း အကြာကြီး သိနေပြီး တစ်ယောက်အကျင့်စရိုက်ကို တစ်ယောက် ကောင်းကောင်း နားလည်နေသောကြောင့်လည်း ယွီချွမ်းခမ်းက သူနှင့် ပုယွမ်ကျိုးတို့ ထွက်ပြေးမည့် အကြောင်းကို မပြောပြခြင်း ဖြစ်သည်။ အန်းယန်ဟွား၏သံသယကို ပျက်ပြယ်စေရန်အလို့ငှာ ယွီချွမ်ခမ်းကလည်း အဆုံးသတ်အထိ လူဆိုးလုပ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်သူများက သူ့ကို မည်သည့်အရာကို လုပ်ခိုင်းလုပ်ခိုင်း နာနာခံခံနှင့် သွားလုပ်ပေးတတ်သည်။
ထိုသို့ဖြင့် နှစ်ရက်၊သုံးရက်ခန့် ကြာလာသောအခါ အန်းယန်ဟွားကလည်း သူ ဘာလုပ်လုပ် စိုက်ကြည့်မနေတော့ပေ။ သို့ရာတွင် ယွီချွမ်ခမ်းကလည်း သတိကို မလျော့ချသေးဘဲ နဂိုအတိုင်းသာ ဆက်နေလိုက်သည်။ ရက်အနည်းငယ်ခန့် ကြာသွားသည်။ အန်းယန်ဟွားသည် နောက်ဆုံးတွင် စိတ်ထဲတွင်ပင် စတင်ကာ သံသယဝင်နေသည်။
: ယွီချွမ်ခမ်းက တကယ်ပဲ ကံကြမ္မာကို လက်ခံလိုက်တာလား
ယွီချွမ်းခမ်း၏ အပြုအမူက အသင်းထဲမှ လူများကိုသာ စိတ်ရှုပ်ထွေးစေခြင်း မဟုတ်ဘဲ သူတို့ကို စောင့်ကြည့်ရန် လူလွှတ်ထားသော ကတုံးနှင့်လူ၏ လူများကပင် စိတ်ရှုပ်ထွေးနေကြသည်။ သူတို့သည်လည်း သူတို့၏ မြင့်မြတ်ထည်ဝါမှုကို အညံ့ခံလုနီးပါး ဖြစ်နေသည်ဟုပင် တွေးလိုက်ပြီး စောင့်ကြည့်မှုကလည်း ပို၍ပင် ပေါ့လျော့လာသည်။
“ယွမ်ကျိုး ဒီညက လှုပ်ရှားဖို့ အချိန်ကောင်းပဲ။ အဲဒီကတုံးက သူ့ရဲ့ လူတွေကို ခေါ်ပြီး သားကောင် အသစ်သွားဖမ်းတယ်။ ငါတို့ အခွင့်အရေးလာပြီ”
“အင်း မင်း ဒီည ဘယ်အချိန်မှာ လုပ်မယ်လို့ စီစဉ်ထားလဲ”
“မနက်ငါးနာရီ ဒါက လူတွေ အအိပ်ချင်ဆုံးနဲ့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်မယ့်အချိန်မျိုးပဲ။ ငါတို့ အဲဒီအချိန်မှ လှုပ်ရှားရင် အခြားသူတွေ မသိစေလောက်ဘူး”
114 03
“ကောင်းပြီ”
ယွီချွမ်ခမ်းက ကုယွမ်ကျိုးအား တစ်စုံတစ်ရာကို ပေးနေသည့် အချိန်တွင်ပင် သူတို့နှစ်ယောက်ကလည်း စကားပြောခန်းကို လျှင်မြန်စွာနှင့် အဆုံးသတ်လိုက်သည်။
သူတို့နှစ်ယောက်က ထိုသို့ ပေါ်တင် ပြောရဲဆိုရဲသည်မှာလည်း ကတုံးနှင့် လူကဒီနေ့ အပြင်ထွက်ပြီး ပိုင်နက်နယ်မြေထဲမှ စိတ်စွမ်းအားပညာရှင် ခုနှစ်ဆယ် ရာခိုင်နှုန်းနီးပါးကို ခေါ်သွားခဲ့၍ ဖြစ်သည်။ ကျန်ရစ်သော သူများကလည်း သိုင်းပညာစွမ်းရည် မရှိသော သူများနှင့် အထူးတလည် အကြားအာရုံ ကောင်းမွန်သော သူများ မရှိနေ၍ ဖြစ်သည်။
ထိုည အိပ်ယာမဝင်ခင်က ယွီချွမ်ခမ်းနှင့် ပုယွမ်ကျိုးတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသေးပြီး မျက်လုံးကိုသာ တိတ်တဆိတ်မှိတ်၍ ဒီည ထွက်ပြေးရန် အကြံအစည်အတွက် ပြင်ဆင်ရန်အလို့ငှာ အင်အားများကို စတင်ကာ စုဆောင်းလိုက်သည်။
ထိုအချိန်တွင် ရှုရှင်းကလည်း တစ်ညတာနေထိုင်ရန် နေရာကို ရှာဖွေပြီးနောက် အောင်မြင်စွာ မောင်းနှင်သွားပြီး အိပ်မောကျကာစ ဖြစ်သည်။ ကံကောင်းမှုက ရှိသည်လား မသိ ရှုရှင်းနေထိုင်ရန် ရွေးချယ်သော နေရာကလည်း ထိုအဖမ်းခံထားရသော နေရာနှင့် နှစ်ကီလိုမီတာ သုံးကီလို မီတာခန့်သာ ဝေးလေသည်။
ဝူး…
ကတုံးနှင့် လူ၏ခံတပ်မှ နံရံကို ကျော်တက်လိုက်သည်နှင့် ယွီချွမ်ခမ်းနှင့် ပုယွမ်ကျိုးတို့ကို နံရံနားတွင် ရှိနေသော ညစောင့်ခွေးက ရှာတွေ့သွားသည်။ ခွေးဟောင်သံက တိတ်ဆိတ်သော ညအတွင်း ဟိန်းထွက်သွားသည်နှင့် လူပေါင်းများစွာက လန့်နိုးသွားကြသည်။
“f*ck ချွမ်ကော ထွက်ပြေးသွားပြီ”
“လိုက်စမ်း မြန်မြန် လိုက်ကြစမ်း။ သူတို့ကို မပြေးသွားစေနဲ့ ခွေးဟောင်တဲ့ ဘက်ကို လိုက်”
ယွီချွမ်ခမ်းနှင့်ပုယွမ်ကျိုးတို့ကလည်း ခွေးဟောင်သည်နှင့် ထွက်ပြေးပြီးသား ဖြစ်သည်။ သူတို့သည်လည်း ခက်ခက်ခဲခဲဖြင့် ထွက်ပြေးသွားခဲ့ပြီး ပြန်အဖမ်းခံလိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်ကလည်း ဒီတစ်ခေါက် ပြန်ဖမ်းမိသွားခဲ့သော် ဒုတိယတစ်ကြိမ် အခွင့်အရေး ရှိတော့မည် မဟုတ်မှန်းသိနေသည်။ သူတို့ကို ရလဒ်တစ်ခုတည်းကသာ ကြိုဆိုနေလောက်သည်။ ထိုရလဒ်က သေဆုံးခြင်း ဖြစ်သည်။
******