← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

116 01

အပိုင်း (၁၁၆) စိတ်ချင်း ဆက်သွယ်မှု

သဲလွန်စပျောက်သွားခဲ့သော ဆုံးရှုံးသည့် ခံစားချက်က ယန်မော့အား အချိန်မရွေး ရူးသွပ်သွားမတတ် ဖြစ်နေစေသည်။ သူဟာ အချိန်ကို သက်သာရန် အလို့ငှာ သူတို့သုံးယောက်ကလည်း နေ့ရောညပါ အလှည်ကျ ပြောင်းပြီး အနောက်မြောက်ပိုင်းသို့ ဦးတည်လာခဲ့၏။ ထို့နောက် မြို့တော် C ၏ အစွန်းနားသို့ ငါးရက်တည်းနှင့် ရောက်လာသည်။

“မော့ကော ငါတို့ အခုမြို့တော်C ရဲ့နယ်စပ်ကို ရောက်ပြီ ဘယ်ကို ဆက်သွားကြမှာလဲ။ မြို့တော် H လား မြို့တော် N လား”

ဘေးခုံနေရာတွင် ထိုင်နေသော ပုရှန်းဝမ်က ခေါင်းကို လှည့်၍ ယန်မော့ကို ကြည့်သည်။ ယန်မော့က မျက်လုံးကို မှိတ်ပြီး အနားယူနေခြင်း ဖြစ်သည်။

“မြို့တော် H”

သူ၏ စိတ်ထဲတွင် မြို့နှစ်မြို့၏နာမည်က ပေါ်လာသောအခါ ယန်မော့သည်လည်း မြို့တော် H ကို တုန့်ဆိုင်းမနေဘဲ ရွေးချယ်လိုက်သည်။ သူ၏မသိစိတ်ကလည်း သူ၏ ရတနာလေးက မြို့တော် H တွင် ရှိနေကြောင်း ဖော်ပြနေသည်။

သူတို့တွင် စိတ်ချင်း ဆက်သွယ်မှုက အမှန်တကယ် ရှိနေလောက်သည်။ ရှုရှင်းက မြို့တော် H သို့ ဝင်လာသည်နှင့် သူက ဆုံးဖြတ်ချက်ကို ချလိုက်ခဲ့ခြင်း ဖြစ်သည်။

မြို့တော် H ထဲသို့ ဝင်ရောက်ပြီးနောက် J မြို့သို့ သွားသည့် ခရီးလမ်းက ချောမွေ့စွာ အဆုံးသတ်သွားပြီ ဖြစ်သည်။ လမ်းတောက်လျှောက် အန္တရာယ်များကလည်း အနည်းအကျဉ်းသာရှိခဲ့သည်။

သူတို့သည် ပြိုကျနေသော အဆောက်အဦးများကြောင့် ပိတ်ထားသော လမ်းများကို ကွေ့ပတ်သွားရခြင်း သို့မဟုတ် အခြားသော ရှင်သန်ကျန်ရစ်သူများက သူတို့၏ကားကို အနှောက်အယှက်ပေးရန် ကြိုးစားကြခြင်းဆိုသော အခြေအနေများကြောင့်သာ ရှုရှင်း၏ တိုးတက်မှုက နှေးကွေးနေခဲ့ခြင်း ဖြစ်သည်။

ရှုရှင်းကလည်း အမျိုးမျိုးသော အရေးမပါသော ကိစ္စများကြောင့် အချိန်ကြန့်ကြာနေသောအခါ ယူကျူုံးမရဖြစ်ကာ သည်းမခံနိုင်သလို ဖြစ်လာသည်။ ယာဉ်မောင်းထိုင်ခုံနေရာတွင် ထိုင်ကာ မောင်းနေသော ပုယွမ်ကျိုးကလည်း အတတ်နိုင်ဆုံး အသက်ရှူနှေးက သူ၏ တည်ရှိမှုကို လျော့ချထားပြီး ဒေါသထွက်နေသော မိန်းမဒဏ်ကို သက်ရောက်မခံရရန် ကြိုးစားနေရရှာသည်။

ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က သူသည်လည်း တစ်ခုသော ဗီဒီယို အတို app တစ်ခုတွင် မြင်ခဲ့ဖူးသည်။ ဒေါသထွက်နေသော အမျိုးသမီးနှင့် ဒေါသမထွက်နေချိန် အမျိုးသမီးတို့က တစ်ယောက်တည်းဆိုလျှင်ပင် ကွာခြားချက် အပြည့်ရှိသည်ဟု ဆိုသည်။ ဒေါသထွက်မနေသောအခါ အရာအားလုံး ပြောရဆိုရလွယ်သည်။ ဒေါသထွက်နေချိန်တွင်မူ အနားမှလူ၏ အသက်ရှူပုံကပင် မူမမှန်ဟုပင် ခံစားရပြီး ဖြတ်သွားသော ခွေးကိုပင် ဖြတ်ရိုက်နိုင်ချေ ရှိသည်။

ရှုရှင်းသည် ပုယွမ်ကျိုး၏အပြုအမူအားလုံးကို မြင်သည်။ သူမက ထိုလူများကြောင့် နည်းနည်းစိတ်ရှုပ်ရုံသာ ဖြစ်သည်။ သို့သော် အလွန်အကျူးကြီး ဒေါသထွက်နေခြင်း မဟုတ်ပေ။ သို့သော် ပုယွမ်ကျိုးက ထိုမျှအထိ ရယ်စရာကောင်းနေကြောင်း မြင်သောအခါ သူ့ကို စချင်လာ၏။ ထို့ကြောင့် အလွန်ဒေါသထွက်ချင်ဟန်ဆောင်ပြီး သူ၏ အမူအရာကိုခိုးပြီး လေ့လာနေလိုက်သည်။ ထို့နောက် စိတ်ထဲတွင် ခိုးရယ်နေရင်း စိတ်အခြေအနေ ကောင်းသွားသည်။

“ကယ်ကြပါ ကယ်ကြပါ”

သို့သော် သူတို့၏ မျက်လုံးအောက်တွင်ပင် ကန်းပြီး ဝင်လာသော သူများက အမြဲတစေ ရှိတတ်သည်။ ကောင်းမွန်သောစိတ်အခြေအနေကလည်း အရှေ့ဘက်သို့ ထပ်ခုန်ဝင်လာပြန်သော လူတစ်ယောက်ကြောင့် စိတ်မရှည်သလို ဖြစ်သွားရပြန်သည်။

“အစ်ကိုကြီး အစ်မကြီးတို့ ကျေးဇူးပြုပြီး ငါ့ကို ကယ်ကြပါ။ ငါ ငါ့ကိုသာ သူတို့ ဖမ်းမိသွားမယ်ဆိုရင် ငါ သေရမှာ”

အပြေးဝင်လာသော သူက အမျိုးသမီး ဖြစ်သည်။ သူမကလည်း နောက်ကို ဆက်တိုက်ဆိုသလို ကြည့်နေပြီ အကူအညီ တောင်းနေသည်။ သိပ်မကြာခင်မှာတင် သန်မာသော လူလေးယောက် ငါးယောက်ခန့်က သူမ၏အနောက်ဖက်တွင် ပေါ်လာပြီး ကြမ်းတမ်းစွာပင် လိုက်လာသည်။ ရှုရှင်းကလည်း သူမကို ကြည့်သည်။ အနောက်မှ လူများကို ကြည့်သည်။ တိတ်တဆိတ်သာ ကြည့်နေ၏။ သူမသည်လည်း ကြက်တစ်ကောင်ကိုပင် ညစ်မသတ်နိုင်သော အမျိုးသမီး တစ်ယောက်က ထိုမျှ လူသန်မာ လေးငါးယောက်လောက်၏အောက်မှ ထိုမျှ ကြာအောင် လွှတ်မြောက်နိုင်မည်ဟု မယုံကြည်ပေ။ သူတို့နှင့် ပက်ပင်းတိုးပြီး အကူအညီ တောင်းသည်မှာလည်း မဖြစ်နိုင်ပေ။ တိုက်ဆိုင်လွန်းနေသည်။

116 02

ထို့ကြောင့် ထိုအမျိုးသမီးက ကားရှေ့တွင် ပေါ်လာသည့် အခိုက်အတန့်တွင်ကတည်းက အနောက်မှ လူအဖွဲ့က လိုက်ဖမ်းနေသည်အား ရပ်တန့်လိုက်လေခြင်း ဖြစ်ရပေမည်။

အကူအညီ တောင်းတာကို ကြည့်နေတာကတင် လွန်ကဲတယ်။

“ညီမလေး နင်လည်း မိန်းကလေးတစ်ယောက်ပဲ။ မိန်းကလေးတွေအတွက် ဘယ်လောက်ထိ ခက်ခဲမလဲ ဆိုတာ နင်သိမှာပဲ။ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ”

ရှုရှင်းက မလှုပ်ရှားကြောင်း မြင်သောအခါ ထိုအမျိုးသမီးကလည်း စိုးရိမ်စိတ်များသွားပြီး ဆက်ပြောသည်။ ရှုရှင်း၏ စာနာသနားမှုကို ယူဆောင်ရန် ကြိုးစားသည်။

“ကျွတ် …ဒီလမ်းတောက်လျှောက် ဘာလို့ ဒီလှည့်ကွက်တွေကိုပဲ သုံးနေကြတာလဲ”

ရှုရှင်းကလည်း နံဘေးမှ ပုယွမ်ကျိုးကို ခံစားချက်ပြင်းထန်သော လေသံမျိုးနှင့် ပြောသည်။

“တတိယတစ်ယောက်”

အလွန်ဉာဏ်ကောင်းသော ပုယွန်ကျိုးက တိကျသော နံပါတ်ကို ပြောသည်။

“အချို့ကိစ္စတွေက ထပ်ခါတလဲလဲ ဖြစ်တဲ့အခါ စိတ်ဝင်စားဖို့ မကောင်းတော့ဘူး ဟုတ်ပြီလား”

ရှုရှင်း၏ လေသံက ပေါ့ပါးကာ ဆိုးသွမ်းနေသည်မှာ ပုယွမ်ကျိုးကို ဖြေနေသလို သို့မဟုတ် စိတ်ထဲမှ စိတ်ရှုပ်မှုကို ထုတ်ပြောနေသည်နှင့် လည်းတူသည်။

ရှုရှင်း စိတ်ရှုပ်နေသည်မှာ အံ့ဩစရာမရှိပေ။ ပုယွမ်ကျိုးကပင် ထုံထိုင်းလာသည်။

ဒီလူတွေမှာ အကြံကောင်းကောင်းတွေ မရှိတော့ဘူးလား။ ဘာလို့ တူညီတဲ့ နည်းလမ်းတွေကိုပဲသုံးပြီး တောက်လျှောက် ဖြတ်သွားဖြတ်လာတွေကို အသုံးချနေရတာလဲ။ အသစ်တွေ ဘာတွေ သုံးပါအုံးလား။

ပြန်ပေးဆွဲသမားများသည် ပြန်ပေးဆွဲသည့် နည်းလမ်းပေါင်းများစွာကို သိတတ်သည်။ သို့သော် သူတို့က မပြောင်းလဲကြချေ။ အဆင့်မြင့်တင်မှုကလည်း နှေးကွေးသည်။ ထို့ကြောင့် ပုယွမ်ကျိုးကလည်း စိတ်ထဲတွင် နည်းနည်း ရွံရှာမိလေသည်။

******

All Chapters