အခန်း ၁၁၇
Vol. 12 Ch. 117
117 01
အပိုင်း (၁၁၇) အဲ့ဒီအခိုက်အတန့်မှာပဲ သူ့အဖွားက သူ့ကို လိုက်ပြနေတာကို မြင်လိုက်တယ်
အကူအညီတောင်းသော မိန်းမကလည်း ကားထဲမှ ထိုနှစ်ယောက်က ထိုသို့ တုန့်ပြန်မည်ဟု မထင်ထားပေ။ ကြိုတင်ပြင်ဆင်ထားသော ဇာတ်ကြောင်းက အသုံးမဝင်ကြောင်း မြင်သောအခါ သူမကလည်း ဟန်ဆောင်ရပျင်းသွားပြီး အနောက်မှ သူများကိုသာ အတင်းတားခိုင်းလိုက်သည်။
ဒီတစ်ခေါက်က လူများက ယခင် တစ်ခေါက်က လူများထက်ပို၍ အတွေ့အကြုံ ကြီးမားသည်။ သရုပ်ဆောင်ရန် စီစဉ်ထားသော လူငါးယောက်ကလည်း အထူးစွမ်းရည်နှင့် လူများ ဖြစ်နေသည်။
အခြေအနေက နည်းနည်းလှည့်ကွက် ဆန်သွားသည်။ ရှုရှင်းက စိတ်ထဲတွင် ကြိုတင် တွက်ချက်ကာ တွေးတောနေလိုက်၏။ သူမနှင့် ပုယွမ်ကျိုး နှစ်ယောက်လုံးက သဘာဝလွန်စွမ်းအားရှိပြီး သရုပ်ဆောင်စွမ်းရည် ကောင်းမွန်သော်လည်း အစစ်အမှန် တိုက်ခိုက်နိုင်သောလူငါးယောက်ကို ယှဉ်ရာတွင်မူ ရှုံးနိမ့်နိုင်သေးသည်။
သူတို့သည် တစ်ဖက်မှလူများအား သူတို့၏ ကားကို ထိခိုက်စေခွင့် မပြုနိုင်ပေ။ ထို့ကြောင့် ရှုရှင်းနှင့်ပုယွမ်ကျိုးတို့လည်း ကားထဲမှ ထွက်ပြီး ရင်ဆိုင်တိုက်ခိုက်ရသည်။
အခြားသော သူများကို သိသာစွာပင် သူတို့နှင့် အကြံတူသည်။ ကမ္ဘာကပ်ဘေးကာတွင် အကောင်းအတိုင်းရှိပြီး အသုံးပြု၍ ရသော ကားများက အလွန်အဖိုးတန်သည်ဖြစ်သည်။ သူတို့ကို သတ်လိုက်မည် ဆိုလျှင် ကားကလည်း သူတို့၏ ပိုင်ဆိုင်မှု ဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်လုံးကလည်း ကားကို မဖျက်ဆီးရမည့် အချက်ကို သဘောတူထားပြီးသား ဖြစ်သည်။
သူတို့၏ အနိုင်ရနိုင်ချေက သိသာသည်။ သို့သော် သူတို့ဘက်ကမူ နှစ်ယောက် ငါးယောက် ဖြစ်နေသောကြောင့် အခြေအနေက မပေးပေ။ ထိုနှစ်ယောက်လုံးလုံးကလည်း သူတို့၏ သဘာဝလွန်စွမ်းအားကို ထည့်သုံးကာ မတိုက်ခိုက်သည့် ကိစ္စကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် သဘာဝလွန်စွမ်အားများက အသုံးမဝင်ဟု ထင်ပြီး စိတ်က ပေါ့လျော့သွားကြသည်။
ဒိုင်း ဒိုင်း
သေနတ်သံ နှစ်ချက် ထွက်လာသည်။ ရှုရှင်း နှင့်ပုယွမ်ကျိုးတို့က အခြေအနေကို အခွင့်ကောင်းယူကာ တစ်ယောက်စီရအောင် ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် မျက်တောင် တစ်ခတ်အချိန်အတွင်းတွင်ပင် ဖြစ်ပျက်သွားခဲ့၏။ သက်ရောက်မှုကလည်း ကြီးမားလွန်းလေရာ အနားတွင် ရပ်နေသော ကျန်သည့် အမျိုးသား သုံးယောက်နှင့်အ မျိုးသမီး တစ်ယောက်တို့ကပင် မှင်သက်သွားကြသည်။
ကျန်သော လူသုံးယောက်က မတုန့်နိုင်သေးချိန်တွင် ရှုရှင်းနှင့်ပုယွမ်ကျိုးတို့က ကားထဲကို ခပ်မြန်မြန် ကုန်းတက်ပြီး အရှိန်နှုန်းကို မြင့်ကာ ထွက်လာခဲ့ကြသည်။
သူတို့က တုန့်ပြန်နိုင်သည့်အချိန်တွင် ရှုရှင်းနှင့် ပုယွမ်ကျိုးတို့က မီတာတစ်ရာအကွာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ဟုန်…ဟုန်ကျဲ ငါတို့ ငါတို့လိုက်အုံးမှာလား”
ကျန်သောအမျိုးသားသုံးယောက်ကလည်း ချက်ချင်း မလှုပ်ရှားသေးဘဲ ခေါင်းကို လှည့်ကာ အမျိုးသမီးကို လေးစားစွာ မေးလိုက်သည်။
“အိုး စိတ်ဝင်စားစရာပဲ။ ငါ ဒီလောက် စိတ်ဝင်စားစရာ ကောင်းတဲ့လူကို မတွေ့ရတာ တော်တော်ကြာပြီ။ ယုန်လေး… ယုန်လေး… ငါနင့်ကို နှစ်ရက်လောက်တော့ အပြင်မှာ ပြေးခိုင်းလိုက်အုံးမယ်။ ရက်အနည်းငယ်မှ လာရှာတော့မယ်”
အမကြီးဟုန်ဟု ခေါ်သော ထိုအမျိုးသမီးက ဝေးကွာသွားသောကားကို ကြည့်သည်။ သူမ၏မျက်လုံးက စိတ်ဝင်စားမှုအပြည့်ဖြင့် လှုပ်ခတ်သွား၏။ ထိုမျက်လုံးထဲတွင် အခြားသော သူများ နားလည်ရန် ခက်ခဲသော ရူးသွပ်မှုမျိုး ရှိနေသည်။
အနားမှ အမျိုးသားသုံးယောက်ကလည်း ပို၍ပင် တိတ်ဆိတ်သွားကြပြီး အသံပင် မထွက်ရဲကြပေ။
“သွားရအောင် ပြန်ကြမယ်။ ဒီအသုံးမကျတဲ့နှစ်ကောင်ရဲ့အလောင်းတွေကို အလဟဿ မဖြစ်စေနဲ့။ ပြန်ဆွဲလာခဲ့လိုက်”
အမကြီးဟုန်က အကြည့်ကို ပြန်ရုတ်လိုက်ကာ တစ်ဖက်သို့လှည့်၍ ထွက်လာသည်။ အနောက်မှ အမျိုးသား သုံးယောက်ကလည်း အချိန်မဆွဲရဲကြဘဲ အလောင်းနှစ်လောင်းကိုသယ်ကာ အနောက်မှ လိုက်လာကြသည်။
117 02
ရှုရှင်းက အဝေးသို့ရောက်သွားပြီးနောက် နောက်ကြည့်မှန်ကတဆင့် ကြည့်လိုက်လေရာ မည်သူကမှ လိုက်မမှီလာကြောင်း မြင်လိုက်သည်။ထို့ကြောင့် စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်ပြီး ပုယွမ်ကျိုးအား သတင်းကောင်းကို ပြောလိုက်ချိန်တွင် တစ်ဖက်သူ၏ မျက်နှာက ဖျော့တော့နေပြီး ပါးစပ်ကို အုပ်ကာ နာကျင်နေပုံရကြောင်း မြင်လိုက်သည်။
ကျွီ
သူဟာ တစ်စုံတစ်ရာ ဖြစ်ပျက်နေမည်ကို စိုးရိမ်သည့် ရှုရှင်းကလည်း ဘရိတ်ကို ချက်ချင်း အုပ်လိုက်သည်။ မြန်ဆန်သော အရှိန်နှုန်းနှင့် မောင်းနှင်နေသော ကားက ရုတ်ချည်း ရပ်တန့်သွားခဲ့၏။ ခါးပတ်၏ချုပ်ထိန်းမှုကြောင့်သာ မဟုတ်ပါက ပုယွမ်ကျိုးကလည်း သူသည် ပျံတက်သွားနိုင်သည်ဟု သံသယပင် ဝင်နေသည်။
ပုယွမ်ကျိုးသည် ထိုအခြေအနေကြောင့် အမှန်တကယ်ပင် မသက်မသာ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ရှုရှင်းက ဘရိတ်ကို ပြီးပြည့်စုံသော အခိုက်အတန့်မျိုးတွင် ဆောင့်အုပ်လိုက်ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ပုယွမ်ကျိုးကလည်း သူ့အဖွားက သူ့ကို လက်ယမ်းပြနေသည်ဟု ခံစားနေရခြင်း ဖြစ်သည်။
ယခု သူ၏ အရှေ့တွင် အဖြူရောင် အလင်းကသာ မြင်နေရသည်။ ပုယွမ်ကျိုးက ကားထဲမှ လေးဘက်ထောက် ထွက်လိုက်ပြီး အပြင်ဘက်သို့ သွားကာ အရာအားလုံး အန်လိုက်သည်။
“ဝေါ့ အော့”
သူသည်လည်း ရှုရှင်းဟာ ထိုမျှ အနှောက်အယှက်များလွန်းသော နေရာမျိုးတွင် တစ်နာရီကို မိုင်တစ်ရာ့ခြောက်ဆယ်နှုန်းဖြင့် မောင်းနှင်မည်ဟု မထင်ထားမိပေ။ သူကသာ ခါးပတ်ကို ခပ်မြန်မြန် ပတ်ထားသောကြောင့် မဟုတ်လျှင် အမှန်တကယ် သေသွားပြီးလောက်လေပြီ။
ပုယွမ်ကျိုး၏တုန့်ပြန်မှုက ရှုရှင်းအား နောက်ဆုံးတစ်ခေါက်က ယန်မော့တို့ သုံးယောက်နှင့်အတူ ရှိခဲ့သည့် ကာလကို သတိရသွားစေသည်။ သူမသည်လည်း သူတို့နှင့် ကွဲနေခဲ့သည်မှာ အချိန်တန်ကြာပြီဟု ခံစားနေရသည်။
သူမကို လာရှာတဲ့အချိန်မှာ သူတို့ မှားယွင်းတဲ့ဦးတည်ရာဘက်ကို မသွားဖို့ဘဲ မျှော်လင့်တယ်။ ငါ တကယ် ယန်မော့ကို လွမ်းတယ်။
******