အခန်း ၁၁၈
Vol. 12 Ch. 118
118 01
အပိုင်း (၁၁၈) နေနှင့်လ မျက်နှာချင်းဆိုင် ဝင်တိုးခြင်း
သူတို့က လမ်းပေါ်တွင် ကားဆက်မောင်းနေချိန်တွင် ပုယွမ်ကျိုးက ရှုရှင်းကို မမောင်းခိုင်းတော့ဘဲ သူ့ဘာသာသူ အတင်းမောင်းမည်ဟု ဆိုသည်။ သူသည် ကားမူးမပြေသေးသည့်တိုင်အောင် အတင်းမောင်းလေသည်။ ရှုရှင်းကလည်း သူမ၏ ကားမောင်းစွမ်းရည်နှင့် ပတ်သက်ပြီးအသင်းဖော်၏ ဝေဖန်မှုကို ခံလိုက်ရပြန်သည်။
သူမသည် စိတ်ဓာတ်ကျသွား၏။ သူမသည် ရှင်းပြချင်လျှင် ကားကို အရှိန်နှုန်းမြင့်ခြင်းက သူမ၏ ပြဿနာဖြစ်သည်။ သို့သော် မရှင်းပြလျှင်လည်း မှားနေသလိုခံစားရသည်။
အသိုက်သို့ ပြန်ရောက်သောအခါ အမကြီးဟုန်က အသိုက်ထဲမှ ကိစ္စများအားလုံးကို ခပ်မြန်မြန်စီစဉ်ပြီး အသိုက်က သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သေချာစေလိုက်သည်။ ထို့နောက် ဒီတစ်ခေါက် သူမနှင့်အတူ ယုန်နောက်လိုက်မည့် ခရီးစဉ်မှ လူများကို ရေတွက်သည်။
သူမကိုယ်တိုင် အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် အမကြီးဟုန်သည်လည်း ရှုရှင်း၏ရုပ်ဖျက်မှုကို တန်းမြင်သည်။ မိတ်ကပ်၏အောက်မှ ဆွဲဆောင်မှုရှိသော မျက်နှာကိုလည်း ခံစားမိနိုင်သည်။ ရှုရှင်း၏ အကျင့်စရိုက်နှင့် ဉာဏ်ရည်မျိုးက သူမကို ပိုပြီး ဆွဲဆောင်နိုင်၏။
အမကြီးဟုန်က အခြားသော မိန်းမများနှင့် ခြားနားသည်။ အခြားသောမိန်းမများက အမျိုးသားများကို သဘောကျသည်။ သူမက အမျိုးသမီးကိုသာ သဘောကျသည်။ သူမ၏ သဘာဝလွန်စွမ်းရည်က ခြေရာခံလိုက်ခြင်း ဖြစ်သည်။ သူမ သတ်မှတ်ထားသော ပစ်မှတ်ကသာ အတိုင်းအတာ တစ်ခုအတွင်း ရှိနေသေးသမျှ တစ်ဖက်သူ၏ တည်နေရာကို တန်းသိနိုင်သည်။
ကား၏ဘေးခုံတွင် ထိုင်နေသော အမကြီးဟုန်၏ မျက်လုံးကလည်း အနိုင်ရလိုသည့် ဆုံးဖြတ်ချက် ပြတ်သားမှုဖြင့် တောက်ပနေသည်။
“ဟပ်ချိုး ဟပ်ချိုး ဟပ်ချိုး”
အတွေးခံနေရသော ရှုရှင်းကလည်း သုံးကြိမ်ဆက်တိုက် နှာချေသည်။ သူမက အိမ်သာသုံးစက္ကူကိုပင် ထုတ်ကာ လက်များကို သုတ်ပြီး ရေရွတ်သည်။
“ဘာလို့ ရုတ်တရက်ကြီး နှာချေနေတာလဲ။ အခုတလော အအေးမိတာလား”
“အခုတလော အပူချိန်ကျလာတာတော့ အမှန်ပဲ။ မနက်ပိုင်း၊ နေ့လည်နဲ့ ညပိုင်း အပူချိန်ကတောင်မှ တော်တော်လေးကို ကွာခြားတယ်။ အထူးစွမ်းရည်နဲ့ လူတွေရဲ့ ရုပ်ပိုင်ဆိုင်ရာ အင်အားက သာမာန်လူတွေထက် သန်မာနေတယ်ဆိုပေမဲ့လည်း အအေးတော့ မိနိုင်ချေ ရှိတယ်”
ရှုရှင်းနှင့် အတူရှိလာခဲ့သည့် နေရက်အတောအတွင်းတွင်လည်း ပုယွမ်ကျိုးသည် တစ်ဖက်လူဟာ သူ့ကို သတိကပ်နေပြီး ထိန်းထိန်းသိမ်းသိမ်းနေနေသေးကြောင်း ခံစားမိနေသေးသည်။ ဒါဟာလည်း လူ့သဘာဝဖြစ်သည်။ ထို့အပြင် မည်သူကမှ ရက်အနည်းငယ်သာ သိကျွမ်းသော သူကို စိတ်ရင်းဖြင့်ပုံအပ်နှင်းကာ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ပုယွမ်ကျိုးကလည်း ရှုရှင်းက သူ့ကို မြို့တော် C သို့ ခေါ်လာခဲ့သည်မှာ သူ၏တန်ဖိုးကို နားလည်၍ဖြစ်ကြောင်း နားလည်သည်။ ထိုအတွက်ကြောင့်လည်း သူက ပို၍ပင် မသက်မသာ မဖြစ်သည့်အပြင် ခပ်အေးအေးပင် လိုက်နိုင်စေသည်။
လူ့သဘာဝကလည်း ထိုသို့သာ ဖြစ်သည်။ တစ်လောကလုံးက အကျိုးအမြတ်ရှာသော လူများဖြင့် စည်ပင်ဝပြောနေသည်။
ကိုယ်ပိုင်အကျိုးအမြတ်ရှိမှသာ အခြားသော သူက နယ်ရုပ်အဖြစ် ကစားခြင်းကို မခံရမည် ဖြစ်သည်။ သူသည်လည်း ရှုရှင်းလိုချင်သော အရာမျိုးကို ပိုင်ဆိုင်ထားသည့်အတွက် အလွန်ကံကောင်းသည်ဟု ပြောရပေမည်။ အခြားသောသူက လိုချင်နေသော အရာမျိုးက သူ့တွင် ရှိနေကြောင်း သိနေခြင်းကလည်း ပိုကောင်း၏။
သူသည် ရှုရှင်း၏ အနောက်သို့ လိုက်ကာ မြို့တော် C သို့ သွားမည် ဆိုသည်မှာ အနာအဂတ်အတွက် အကြံအစည် မရှိသောကြောင့် မဟုတ်ဘဲ အဓိက အားဖြင့် ရှုရှင်းက သူ့ကို ပေးသော အကြည့်ကြောင့် ဖြစ်သည်။ ထိုအကြည့်ထဲတွင် မည်သည့်အရာမှ ရောမနေချေ။ ထိုအခိုက်အတန့်တွင် တစ်ဖက်သူက သူ့ကို ထိခိုက်လိုစိတ်မရှိမှန်း သူမ၏ နောက်သို့ လိုက်ပါက လုံခြုံမည် ဖြစ်မှန်းသိလိုက်သည်။
“နင်ပြောတာလဲ ဟုတ်တာပဲ။ ကားနောက်ဖုံးထဲမှ အင်္ကျီတွေ ရှိသေးတယ်။ ငါတို့ ဒီည ထပ်လဲပြီး ဝတ်ရအောင်။ ဒီညက စပြီး ငါတို့ မနားတော့ဘူး။ ငါတို့ မြို့တော်C ကို တောက်လျှောက် အမြန်ဆုံးရောက်အောင်သွားကြမယ်”
ရှုရှင်းကလည်းနောက်ခုံမှ စောင်ကို ဆွဲယူလိုက် ခန္ဓာကိုယ်ကိုအုပ်လိုက်ကာ ပုယွမ်ကျိုးကို ပြောသည်။ ပုယွမ်ကျိုးက စိတ်ရှုပ်ထွေးစွာမေးသည်။
118 02
“ဘာလို့ ရုတ်တရက်ကြီး ဒီလို ဆုံးဖြတ်လိုက်တာလဲ”
“ငါ ဘာလို့လဲတော့မသိဘူး။ ငါ နှာချေလိုက်ပြီးတဲ့နောက်မှာ ရုတ်တရက် ထိပ်လန့်ပြီး မသက်မသာ ဖြစ်လာတယ်။ ငါတို့ J မြို့ထဲကို စဝင်ပြီးကတည်းက လမ်းက တအားချောမွေ့နေခဲ့တာ မဟုတ်လား။ ပုံမှန်အားဖြင့် အမြဲတမ်းတစ်ခုခု ဖြစ်သင့်နေကျ ဆိုတော့ ငါတို့ အမြန်ဆုံး သွားရအောင်”
“ကောင်းပြီ မင်းပြောတာလဲ ဟုတ်တာပဲ။ မင်းရဲ့ အကြံအစည်အတိုင်းပဲ လုပ်မယ်”
“ဒါဆိုရင် နင်မောင်း ငါ ခဏလောက် နားလိုက်အုံးမယ်။ သုံးနာရီလောက် နေမှခေါ်”
“ကောင်းပြီ”
…
ယန်မော့တို့ သုံးယောက်အဖွဲ့က J မြို့သို့ ဝင်ရောက်လာပြီးသည်နှင့် ရှုရှင်တို့ အဖွဲ့ထက် ဒုက္ခပိုများလေသည်။ သူတို့က RV အကြီးကို မောင်းလာခဲ့ခြင်း ဖြစ်ပြီး ရှုရှင်းက မောင်းနေသော မသိသာ မထင်ရှားသော ကားထက် ပို၍ပင် သိသာထင်ရှားလွန်းနေခဲ့သည်။ အနားတွင် ရှုရှင်းမရှိသည့်အခါ စိတ်အခြေအနေ ဆိုးလွန်းနေသော ယန်မော့ကလည်း သူ၏ သဘာဝကို ဖိနှိပ်ရန် ကြိုးစားမနေချေ။ သူသည်လည်း သူ့ကို ပြဿနာလာရှာရန် ကြိုးစားသော သူများကိုလည်း လမ်းသို့ ပို့ဆောင်ပေးလိုက်သည်။
သူ၏ ရက်စက်မှုက ပုရှန်းဝမ်နှင့် မူချီမိုင်တို့အား နည်းနည်း မှင်သက်သွားစေသည်။
ယန်မော့နှင့် ရှုရှင်းတို့ အတူရှိလာပြီးနောက်ဆုံးတွင် ထိုကဲ့သို့သော ယန်မော့ကို မမြင်ရသည်မှာ ကြာပြီ ဖြစ်သည်။ ယန်မော့သည်လည်း အမြဲတစေ ဒီယန်မော့သာ ဖြစ်နေခဲ့သည်။
သို့သော် သူချစ်ရသော သူအတွက်ကြောင့်နှင့်သူ၏ ထက်ရှသော လက်သည်းများကို သိမ်းကာ ကြမ်းတမ်းသောဘက်ကို ဖုံးကွယ်ပြီး ချစ်ရသူကို ဂရုစိုက် ကာကွယ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ချစ်ရသူကို ပျောက်ဆုံးနေခဲ့သော် ဒေါသကလည်း နှလုံးထဲမှ ကြမ်းတမ်းသော ဘက်ခြမ်းကို ထုတ်ပြီးသား ဖြစ်သွားသည်။ သူ၏ လမ်းကို လာပိတ်ရဲသော မည်သူကမဆို အသက်ကိုသာ ပေးဆပ်ရပေမည်။
နောက်ထပ် သေလမ်းလာရှာသော လူတစ်အုပ်ကို ရှင်းလင်းပြီးနောက် မူချီမိုင်က ဓားမှ သွေးကို ခါနေရင်း ပြောသည်။
“J မြို့က အခြေအနေက တော်တော်လေးကို ပုံမှန်မဟုတ်ဘူး။ ဒါနဲ့ဆိုရင် ငါတို့ J မြို့ကို ဝင်ပြီးတဲ့ တစ်ပတ်အတွင်း တွေ့ကြုံရတဲ့ ဆယ့်တစ်သုတ်မြောက် သေလမ်းရှာတဲ့သူ အဖွဲ့ပဲ တအားကို များလွန်းမနေဘူးလား”
“ဟုတ်တယ် J မြို့က တကွဲတပြားစီ ရှိနေတဲ့ အဖွဲ့အစည်းတွေ များမှန်းတော့ ငါ ခံစားမိတယ်။ လူအများစုက J မြို့က တရားဝင် အခြေစိုက်စခန်းကို သွားကြတာ မဟုတ်ဘူးလား”
“ဟင် J မြို့ရဲ့တရားဝင် အခြေစိုက်စခန်းက ဖျက်ဆီးခံရပြီးတာ ကြာပြီလေ”
ယန်မော့က လက်ထဲမှ သေနတ်ကို ခပ်အေးအေးသုတ်နေရင်း လှောင်သံဖြင့် ပြောသည်။
သူ၏အိပ်မက်ထဲတွင် သူသည် J မြို့သို့ ရောက်သွားဖူးသည်။ ထို့ကြောင့် ထိုနေရာမှ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေသည်။
ဇွန်ဘီများ ပေါ်လာသည့် အစအစောပိုင်းတွင်ကတည်းက J မြို့မှ တရားဝင် လုံခြုံရေး အခြေစိုက်စခန်းကြီးက ထိပ်ပိုင်း ခေါင်းဆောင်များ၏ ညံ့ဖျင်းသော စီမံမှုများကြောင့် ပြိုလဲကျသွားခဲ့သည်။ ထိုလူများက တုန့်ဆိုင်းခြင်း ကြောက်လန့်ခြင်းတို့ကြောင့် အသိစိတ် ပျောက်ရှသွားရခြင်း ဖြစ်သည်။ လုံခြုံရေး အခြေစိုက်စခန်းကလည်း ဆုတ်ဖြဲခံလိုက်ရပြီး နောက်တွင် အင်အားကြီးသော လူအချို့က ဂိုဏ်းများ အဖွဲ့အစည်းများ ပြောင်းဖွဲ့၍ နယ်မြေဘုရင်များ ဖြစ်လာကြလေသည်။
J မြို့သည် လုံခြုံသော အခြေစိုက်စခန်းကို မတည်ဆောက်နိုင်ခဲ့သည့် တိုင်းပြည်အတွင်းမှ တစ်ခုတည်းသော စီရင်စုမြို့သာတင် မဟုတ်ချေ။ စီရင်စု ခေါင်းဆောင်များအားလုံးက ဒုက္ခများနေသော ကာလအတောအတွင်း လုံခြုံသော အခြေစိုက်စခန်းကို တည်ဆောက်နိုင်ခဲ့ခြင်း မဟုတ်ပါပေ။
အခြားနည်းလမ်းနှင့် ပြောရသော် ခေါင်းဆောင်အချို့ကသာ လုံခြုံသော အခြေစိုက်စခန်းကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ဖျက်ဆီးခံရတယ် ဟုတ်လား။ ဒါလည်း ဖြစ်သင့်တာပဲ Jမြို့က ဝရုန်းသုန်းကား ဖြစ်နေတာ မအံ့ဩတော့ပါဘူး”
“J မြို့က အရမ်းအန္တရာယ်များတယ်။ ငါတို့ မရီးကို အမြန်ဆုံး ရှာရမယ်”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်းယန်မော့ဟာ J မြို့မှ ကိစ္စကို မည်သည့်အတွက်ကြောင့် သိနေကြောင်း မမေးတော့ချေ။ သူတို့သည် အချင်းချင်း ယုံကြည်သည်။ အချို့သော ကိစ္စများက အထူးတလည် မေးနေရန် မလိုအပ်ချေ။ယန်မော့ကလည်း ဘာကိုမှ မပြောချေ။ သူ၏ မျက်လုံးက အဝေးသို့ ရောက်နေ၏။ Jမြို့မှ အခြေအနေက သူ့အား ရှင်းပေါင်၏ အခြေအနေကို ပို၍ စိုးရိမ်လာစေသည်။ သူသည်လည်း ရှင်းပေါင်ကို အမြန်ဆုံး ရှာလိုစိတ်ပြင်းထန်လာသည်။ သူ၏ ခရီးကို စတင်သည်နှင့် ယန်မော့က စိတ်စွမ်းအားကို လမ်းတောက်လျှောက် ထုတ်လွှတ်ထားသည်။ ရှင်းပေါင်ကို လွဲချော်သွားမည့် အခြေအနေကို ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမှ အနီးအနားဝန်းကျင်မှ မည်သူ့ကိုမှ လွှတ်မပေးခဲ့ပေ။
ထိုသို့ဖြင့် J မြို့၏ အဆုံးတစ်ဖက် တစ်ချပ်စီမှ ကားနှစ်စီးက အချင်းချင်း ဦးတည်ကာ နီးစပ်လာသည်။
******