← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

119 01

အပိုင်း (၁၁၉) ငါ့ရဲ့ရတနာလေးကို ရှာတွေ့ပြီ

ရှုရှင်းကလည်း သူတို့၏ခရီးကို နေ့ရောညပါ စတင်ခဲ့ပြီး တတိယမြောက်နေ့တွင် ပုံမှန်မဟုတ်မှုကို ရှာတွေ့လိုက်သည်။

သူတို့သည် J မြို့သို့‌ ရောက်နေသည်မှာ တစ်ပတ်ကျော်ကျော် ဖြစ်လာလေပြီ။ သို့သော် မြို့အစွန်နားက စတင်ပြီးမည်သည့်အန္တရာယ်နှင့်မျှ မတွေ့ကြုံခဲ့ချေ။ သူတို့က မြို့အတွင်းပိုင်းသို့ပင် ဆက်ဝင်လာသေးသောအခါ ဒုက္ခပိုနည်းလာသည်။

ဘေးခုံ အနောက်ဖက်တွင် မှီနေသော ရှုရှင်းက မျက်လုံးကို မှိတ်ထားရင်းမှ ရုတ်တရက် ပြောသည်။

“ငါတော့ တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ်”

“???”

ပုယွမ်ကျိုးက တစ်ဖက်သို့ လှည့်ကာ အတည်ပြုခိုင်းတော့မည့် အချိန်တွင် ရှုရှင်း၏ စကားလုံးများက သူ့ကို ချက်ချင်းရပ်တန့်သွားစေသည်။

“ခေါင်းမလှည့်နဲ့ ငါပြောတာကို နားထောင်”

ပုယွမ်ကျိုး၏ ခေါင်းက နည်းနည်းစောင်းသွားသည်။ထို့နောက် တိတ်တဆိတ်သာ ပြန်လှည့်လိုက်ပြီး နားကိုသာ စွင့်ထားလိုက်သည်။

“ငါတို့အရင်က ဒုက္ခလာရှာတဲ့ သူတွေနဲ့ ဘယ်လောက်များများ ကြုံ့တွေ့ရလဲဆိုတာ နင်သိပါတယ်။ ဒါပေမဲ့ မနေ့က ကတည်းက ပုံမှန်ကို မဟုတ်တော့တာ။ ဒီလောက် အဝေးကြီးလာပြီးပြီ ပြဿနာလာရှာတဲ့ သူတွေ မရှိတောဘူး။ ဒါက တော်တော်လေးကို ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ်”

“တစ်စုံတစ်ယောက်က ငါတို့နောက်ကို လိုက်လာတယ်လို့ သံသယဝင်တယ်။ သူတို့က အရှေ့က အနှောက်အယှက် ခြုံခိုတိုက်ခိုက်မှုတွေ အားလုံးကို ကြိုတင် ရှင်းလင်းထားပြီး ငါတို့ကို သူတို့စီစဉ်ထားတဲ့ လမ်းဆီရောက်အောင် တစ်လမ်းချင်းစီ ညွှန်ပြပေးနေတာ။ သူတို့က အရမ်းကို ကျွမ်းကျင်တယ် ဆိုတော့ သူတို့ ကြီးမားတဲ့ တစ်ခုခုကို လုပ်ချင်တာ ဖြစ်မယ်”

“သူတို့ရဲ့ကိုယ်ပိုင် ဗျူဟာကိုပဲ အခွင့်ကောင်းယူပြီး သူတို့လုပ်ချင်တာက ဘာလဲ ဆိုတာကို ဘာလို့ မကြည့်ရမှာလဲ”

“ကောင်းပြီလေ။ မင်းမှာ အထူးအကြံ ရှိလို့လား”

ရှုရှင်း၏စကားလုံးများက ပုယွမ်ကျိုး၏ နှလုံးသားကို အချက်ပေးသံများ မြည်သွားစေသည်။ သူသည်လည်း ထိုမျှသိသာ‌သော ထောင်ချောက်ကို စောစော မရှာတွေ့သွားခဲ့သည့်အတွက် သူ၏ အကျင့်စရိုက်နှင့် မကိုက်ညီပေ။

“မရှိဘူးလေ ငါဘာလုပ်ရမှန်းတောင် မသိသေးဘူး။ နင် ဘာလို့မပြောကြည့်တာလဲ။ ငါတို့ အတူ စဉ်းစားတာပေါ့”

“…”

သူတို့နှစ်ယောက်သည်လည်း အဆက်အသွယ် လုပ်ရသည်မှာသိပ်မကြာသေးပေ။ သို့သော် ရှုရှင်းကမူ ပုယွမ်ကျိုး၏ အားကိုး၍ မရမှုကို အခြေခံအားဖြင့် နားလည်နေပြီ ဖြစ်သည်။

တစ်ဖက်သူက သူတို့၏ လှုပ်ရှားမှုများကို လျှို့ဝှက်ကာ မျက်စိဒေါက်ထောက် ကြည့်နေမည့် အချက်ကို စိုးရိမ်ခြင်းအားဖြင့် တစ်ဖက်သော သူအားသူတို့ဟာ ထိုလူများ၏ တည်ရှိမှုကို အာရုံစိုက်မိကြောင်း မသိသွားစေရန် အလို့ငှာ ပုယွမ်ကျိုးနှင့် ရှုရှင်းတို့ကလည်း စကားပြောဆိုသည့်အချိန်အတောအတွင်း ခန္ဓာကိုယ် အမူအရာကို သိပ်မလှုပ်ရှားခဲ့ကြချေ။ သူတို့၏ စိုးရိမ်ပူပန်မှုက မှန်ကန်သည်။ သူတို့နှင့် မီတာရာအနည်းငယ်သာဝေးကွာသော နေရာရှိ မြင့်မားသောအဆောက်အဦးကြီး တစ်ခုပေါ်မှ အမကြီးဟုန်က ရှုရှင်းအား အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်နေခြင်း ဖြစ်သည်။

“အမကြီးဟုန် သူတို့ လှုပ်ရှားတဲ့ အမူအရာအတိုင်းဆိုရင် ငါတို့ စီစဉ်ထားတဲ့‌ နေရာကို နာရီဝက်လောက် ကြိုစောပြီး ရောက်သွားပြီးတာနဲ့ ဆယ့်ငါးမိနစ်လောက်နားပြီး စောင့်နေလို့ရပြီ”

“ဆယ့်ငါးမိနစ်…လုံလောက်တယ်။ အခြားသူတွေကို အဆင့်သင့် ပြင်ခိုင်းလိုက်။ ငါတို့ လူကို လုပြီးတာနဲ့ သွားမယ်”

“ဟုတ်ကဲ့”

119 02

အမကြီးဟုန်၏ အနောက်မှ သူက အောက်ဖက်မှ သူများကို ဂရုတစိုက် လုပ်ရန် ညွှန်ကြားလိုက်သည်။ တစ်စုံတစ်ရာက မှားယွင်းသွားသည်နှင့် သူတို့ မည်သို့သေမှန်း မသိနိုင်ပေ။

ယခင်ကရွာထဲတွင် အမဟုန်၏ လိင်စိတ်တိမ်းညွှတ်မှုနှင့် ပတ်သက်ပြီး ကောလဟာလများက ပျံ့နှံ့နေခဲ့ဖူးသည်။ သို့သော် သူမ၏ အနားတွင် မည်သည့် ယောက်ျား မည်သည့် မိန်းမကိုမှ မတွေ့ခဲ့ဖူးချေ။ ထို့ကြောင့် ကောလဟာလဟုသာ ထင်ခဲ့ကြသည်။ သို့သော် ဒီတစ်ခေါက် သူမက သူတို့ကို ခေါ်ထုတ်လာပြီး အလုံးအရင်းဖြင့် အမျိုးသမီးတစ်ယောက်ကိုလုရန် ကြိုးစားမှသာ ထိုကောလဟာလက အမှန်ဖြစ်ကြောင်း သေချာသွားသည်။

သူတို့သည်လည်း ပြန်သွားပြီးသည်နှင့် လူအများစုက သူတို့ကိုယ်သူတို့ X လုပ်အောင် ကမ်းလှမ်းခြင်းအားဖြင့် ကံကြမ္မာမှ လွှတ်မြောက်ရန် ကြိုးစားကြတော့မည်ဟု နားလည်နေသည်။

ကြည့်ရတာ စိတ်ဝင်စားစရာပဲ နေမှာ။

အမကြီးဟုန်နှင့် လက်အောက်ငယ်သားများက အကြံအစည်အကြောင်းကို ဆွေးနွေးနေကြချိန်တွင် ရှုရှင်းနှင့် ကီလိုမီတာ တစ်ဆယ်ကျော်ခန့် အကွာမှ ပျက်စီးနေသောလမ်းကို အရှိန်နှုန်းမြင့်ကာ မောင်းလာသော ကားတစ်စီးက သူတို့ရှိရာ နေရာသို့ ဦးတည်လာနေလေသည်။

ရှုရှင်းနှင့် ပုယွမ်ကျိုးကလည်း အနောက်ဖက်မှ လူလိုက်လာသည်အား မသိသလိုမျိုး ကြံစည်ထားသည့်အတိုင်းသာ ဟန်ဆောင်နေလိုက်ပြီး ကားထဲမှ ဆင်းကာ အနားယူသည်။ စားသောက်သည်။ ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးရာ ပြဿနာကို ဖြေရှင်းသည်။ ထိုသို့ဖြင့် အလှည့်ကျ ကားမောင်းပြန်သည်။

သူတို့သည်လည်း အနောက်မှ လူများ၏ ပစ်မှတ်ထားပုံကို မသေချာသောကြောင့် ရှုရှင်းနှင့်ပုယွမ်ကျိုးတို့ဟာ တစ်ဖက်သူကို စတင်တိုက်ခိုက်ရန်အတွက် မြှားထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ပုယွမ်ကျိုးကလည်း အိမ်သာသွားချင်ဟန်ဆောင်ပြီး အနားယူသော နေရာနှင့် ဝေးဝေးသို့သွားသည်။

ပြောရမည်ဆိုလျှင် သူသည်လည်း အကွာအဝေးခြားထားသော်လည်း တစ်ခုခု ဖြစ်သည်နှင့် အမြန်ဆုံး လာကယ်နိုင်မည့် အနေအထားမျိုးကို ပြင်ဆင်ထားခြင်းဖြစ်သည်။ အနောက်မှ လှုပ်ရှားမှုများကိုလည်း အာရုံစိုက်ထားသေးသည်။

အဝေးမှ ခြုံခိုတိုက်ခိုက်ရန် ကြံစည်နေသော အမကြီး ဟုန်ကလည်း ပုယွမ်ကျိုးက ရှုရှင်း၏ နံဘေးမှ ထွက်သွားကြောင်း မြင်လိုက်သည်နှင့် စိတ်ထဲတွင် သက်ပြင်းချသည်။: နတ်ဘုရားက ငါ့ကို တကယ် ကူညီနေတာပဲ။ အလှလေးက ငါ့အပိုင်

“လှုပ်ရှား”

အမကြီး ဟုန်က လက်ကို ယမ်းလိုက်သည်။ အနားမှ လူများကသူတို့၏ အထူးစွမ်းအားများကိုသုံး၍ ရှုရှင်းရှိရာ နေရာကို ခုန်အုပ်ကြသည်။ ပုယွမ်ကျိုးက အော်သည်။

“သတိထား…”

“!!!”

ရှုရှင်းကလည်း ထိုလူများ ရုတ်တရက် ပေါ်လာမှန်း ချက်ချင်း သတိထားမိလိုက်သည်။ သူတို့၏ ပစ်မှတ်ကလည်း ရှင်းလင်းသည် သူမဖြစ်နေသည်။

ဆန္ဒဖြည့်ဆည်းခြင်းဆိုသော နတ်သမီးတုတ်တံကို ကြိုတင်ထုတ်ထားပြီးသား ရှုရှင်းကလည်း သူမကို ခုန်အုပ်သောသူ၏ ကိုယ်ပေါ်သို့ ကန့်သတ်စက်ကွင်းကို ချလိုက်ပြီးသား ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူမနှင့် တစ်ဖက်သူ အကြားတွင် အကွာအဝေးခြားပြီး ပုယွမ်ကျိုးနှင့် ပူးပေါင်းသည်။

ပုယွမ်ကျိုးက ကား၏ ဘက်ခြမ်းသို့ ပြေးလာပြီး ရှုရှင်းက ထိုင်ခုံအောက်တွင် ထည့်ထားသော စက်သေနတ်ကို ဆွဲထုတ်လိုက်ကာ စတင်ကာ ပစ်ခတ်သည်။

ရှုရှင်းကလည်း ပစ်စတိုကို ကိုင်ထားပြီး စတင်ကာ ပစ်ခတ်လေသည်။

ရှုရှင်းသည် နဂိုကမူ ဗုံးတစ်ခုလောက် ကောက်ပစ်လိုက်ချင်သေးသည်။ သို့သော် သူတို့ကြားမှ အကွာအဝေးက နီးကပ်လွန်းနေကြောင်း သတိထားမိလိုက်သည်။ သူမကသာ ဗုံးဖောက်လိုက်လျှင် သူမနှင့်ပုယွမ်ကျိုးကပါ သက်ရောက်ခံရနိုင်သည်။ ရန်သူကို အကြိမ်တစ်ထောင်လောက် ထိခိုက်စေပြီးကိုယ်တိုင်က ရှစ်ရာလောက် ခံရသလို ဖြစ်သွားပေမည်။

119 03

အခြားသောသူများက အကုန်မထွက်လာသေးခြင်းလည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်ဖက်သူများ ရှိနေသေးပါက သူမနှင့် ကုယွမ်ကျိုးက ပြင်းထန်စွာဒဏ်ရာ ရနေခဲ့သော် ဒုက္ခရောက်ပေလိမ့်မည်။

အပြေးထွက်သွားပြီး အချိန်ဆွဲရန်လုပ်ထားသော ထိုအရူးကောင်က လိုချင်သော ရလဒ်ကို မရနိုင်သည့်အခါ အမကြီးဟုန်၏ မျက်လုံးကလည်း သုန်မှုန်လာသည်။

“အမှိုက်ကောင်”

“အလှလေး ငါတို့ ထပ်တွေ့ပြန်ပြီ”

အသုံးမကျသော သူများကို ရှုံ့ချသော အမကြီး ဟုန်က အမှောင်ထဲမှ ကိုယ်တိုင်ထွက်ပြီး သူမ၏ အမျိုးသားများအား ရှုရှင်းတို့ထံမှ တိုက်ကွက်များကို ကူတားပေးလိုက်ရင်း ရှုရှင်းကို ပြုံး၍ ကြည့်သည်။

“နင်လား။ နင်ငါတို့ နောက်ကို တောက်လျှောက်လိုက်နေတဲ့ရည်ရွယ်ချက်ကဘာလဲ”

အမကြီးဟုန်က ပေါ်လာသည်နှင့် ရှုရှင်းကလည်း တန်း၍ မှတ်မိလိုက်သည်။

“ဟားဟား ငါ့ရဲ့ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ်။ နင်လေ”

“???”

“ငါ ဟုတ်လား။ ငါက မိန်းမတစ်ယောက်လေ”

“ဒါပေါ့ ငါ့ရဲ့မျက်လုံးထဲမှာ အဲဒီ ယောက်ျားတွေက ဘယ်လောက်တောင် ညစ်ပတ်လိုက်သလဲ။ နင့်လိုမျိုး တက်ကြွပြီး စိတ်ဝင်စားစရာကောင်းတဲ့ကောင်မလေးကမှ ငါ့ကို ဆွဲဆောင်နိုင်တာ”

“အာ..”

ရှုရှင်းကလည်း ကြက်သီးများပင် ထလာသည်။ သူမသည်လည်း မျက်နှာချင်းဆိုင်မှ အမျိုးသမီးက မိန်းမချင်း သဘောကျသူ ဖြစ်ကြောင်း သိလိုက်သည်။

သူမသည်လည်း ထိုကဲ့သို့သော သူများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပေ။ သို့သော် တစ်ဖက်သော သူများက သူမ၏လက်ရှိ ရုပ်ရည်ပုံစံကို ကြိုက်နိုင်ခြင်းကပင် တစ်ဖက်သော သူ၏ လက်က လေးလံလွန်းသည်ဟု ခံစားရစေသည်။ သူမက နည်းနည်းပင် ရွံရှာမိသွားသည်။

အနီးအနားတွင် ရပ်နေသော ပုယွမ်ကျိုးကလည်း အမကြီဟုန်ပြောသော စကားကြောင့် အံ့ဩသွားသည်။ ထိုအခိုက်အတန့်တွင် သူသည်လည်း မည်သည့်နေရာသို့ ရောက်နေမှန်းပင် မသိတော့ပေ။

“အဲ့ဒီ အကြံကို လက်လျော့လိုက်။ ငါ နင် ဘယ်တော့မှ မရနိုင်တဲ့သူ”

“ဟားဟားဟား ဒါက နင်ပြောရမှာမဟုတ်ပါဘူး။ ဒီနေ့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါနင့်ကို ရအောင် ပြန်ခေါ်သွားမှာ သွား”

သေနတ်ပစ်သံက ထွက်လာသည်။ ဒီတစ်ခေါက်တွင် အမကြီးဟုန်၏ အကူအညီကြောင့် ရှုရှင်းတို့သည်လည်း ယခင်ကလောက် သိသာထင်ရှားစွာ မပစ်ခတ်နိုင်တော့ပေ။

ရှုရှင်းနှင့် ပုယွမ်ကျိုးတို့က တစ်ချိန်တည်းတွင်ပင် တိုက်ခိုက်ရင်း ထွက်ပြေးနေရခြင်း ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်းကို ခက်ခဲလာ၏။ နှစ်ယောက်အကြားမှ အကွာအဝေးကလည်း တဖြည်းဖြည်း ကြုတ်လာသည်။

ထိုသေနတ်ပစ်သံကလည်း အနီးအနားတွင် ရှိနေသော ယန်မော့၏ အာရုံကို ဆွဲဆောင်လိုက်သည်။ ယန်မော့က စိတ်စွမ်အားကို ဖြန့်ကျက်လိုက်ပြီး တစ်ဖက်သို့ ခပ်အေးအေးသာ ကြည့်လိုက်သည်။

သူ၏စိတ်စွမ်းအားကို ပြန်ရုတ်တော့မည့် အချိန်တွင် ပုံရိပ်တစ်ခုက သူ၏အာရုံကို ဆွဲဆောင်သွားသည်။

“ရှင်းပေါင် ရှင်းပေါင်ကို တွေ့ပြီ”

တိတ်ဆိတ်သော ယန်မော့က မျက်လုံးကို ဖြတ်ကနဲ ဖွင့်လိုက်ပြီး ရုတ်တရက် ထပြောသည်။ စိတ်ရှုပ်ထွေးနေသော ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကို လျစ်လျူရှုကာ ကားတံခါးကို ဆွဲဖွင့်ပြီး ထွက်ပြေးလာလေသည်။

******

All Chapters