အခန်း ၁၂၀
Vol. 12 Ch. 120
120 01
အပိုင်း (၁၂၀) ငါ အနာဂတ်မှာ စားစရာ ခွေးစာတွေ အများကြီး ရှိနေတယ်လို့ ခံစားနေရတယ်
အမကြီးဟုန်နှင့် လူများက နီးကပ်သထက် နီးကပ်လာပြီး အကွာအဝေးကလည်း နီးကပ်လာသောအခါ သေနတ်များကို သုံး၍ မရတော့ဘဲ ကိုယ်ပိုင်အင်အားကို သုံးကာ ရင်ဆိုင်ရသည်။
အမကြီးဟုန်၏ လူများစွာ ခေါ်လာသော ရည်ရွယ်ချက်ကလည်း အလွန်ရှင်းလင်းသည် ရှုရှင်းကို ပြန်ခေါ်သွားရန် ဖြစ်သည်။ ထိုစေးကပ်သော ကောင်စုတ်များက ရှုရှင်းကို မတော်တဆ ထိခိုက်အောင် လုပ်မိမည့် အခြေအနေကို စိုးရိမ်သော အမကြီးဟုန်ကလည်း ရှုရှင်းနှင့် သူမဘာသာသာ တိုက်ခိုက်ပြီး အခြားသောသူများအား ပုယွမ်ကျိုးကို ရင်ဆိုင်စေသည်။
ရှုရှင်းနှင့် တိုက်ခိုက်ပြီးနောက်တွင်လည်း ရှုရှင်း၏ စွမ်းရည်က ကောင်းမွန်ကြောင်း သိရကာ ပို၍သာ သဘောကျလာသည်။
ထိုကဲ့သို့ လှလည်းလှကာ ကျွမ်းကျင်သော သူကသာ သူမနှင့် ထိုက်တန်သည်။ အခြားသော အကျည်းတန်သော သူများကို သူမ၏ မျက်လုံးထဲတွင်ပင် မရှိပေ။
အထူးလေ့ကျင့်မှုများ ပြီးခဲ့သည့်တိုင်အောင် ရှုရှင်းသည်လည်း အမကြီးဟုန်နှင့် တိုက်ခိုက်ရာတွင် အသာစီး လျော့သထက် လျော့လာသည်။
ရှုရှင်းက မတော်တဆ ဟာကွက်တစ်ခုကို ထုတ်ပြမိသွားချိန်တွင် အမကြီးဟုန်ကလည်း အခွင့်အရေးကို အရယူကာ ရှုရှင်း၏ လည်ဂုတ်အနောက်ဖက်ကို တိုက်ခိုက်ပြီး သတိလစ်သွားအောင် လုပ်ရန် ကြိုးစားသည်။
သူမ၏ လက်ဖဝါးက ရှုရှင်း၏ ကိုယ်ပေါ်သို့ ကျတော့မည့် အချိန်တွင် အမကြီး ဟုန်က စိတ်လှုပ်ရှားမှုများ လင်းလက်လာသည်။ သူမ၏ ပန်းတိုင်က ပြည့်တော့ပေမည်။ တစ်စက္ကန့်ခန့် ကုန်သွားသည်။ ရှုရှင်းက မျှော်လင့်ထားသော နာကျင်မှုကို မခံစားရချေ။ သူမက အမကြီးဟုန်၏လက်ကို ကြည့်လိုက်သောအခါ သူမနှင့် ဆယ်စင်တီမီတာခန့်အကွာတွင် ခဲနေကြောင်း မြင်ရသည်။မမြင်ရသော လက်တစ်ဖက်က လှမ်းကိုင်ထားသည်နှင့် တူသည်။ ထို့ကြောင့် ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။
“အား…”
ထို့နောက် တစ်ခဏတွင် အမကြီးဟုန်က မည်သည့် တွန်းလှန်နိုင်စွမ်းအားမှ မရှိတော့ဘဲ လွှင့်ပစ်ခံရသည်။ အဝေးမှ ကွန်ကရစ်အဆောက်အဦးဖြင့် ဝင်တိုက်မိသွားပြီး သေသလား ရှင်သလား မသိရတော့ပေ။
“ရှင်းပေါင် ရှင်းပေါင်”
ရှုရှင်းကပင် မည်သူက အမကြီးဟုန်ကို တားလိုက်ကြောင်း သေချာမသိနိုင်သေးခင် ရင်းနှီးကျွမ်းဝင်သောပွေ့ဖက်မှု အတွင်းသို့ ရောက်သွားသည်။
“ဝူး…”
ယန်မော့၏ အသံကို ထပ်ကြားရသောအခါ ပါးစပ်ပင် မဟသေးဘဲ သူမ၏ မျက်လုံးက ရဲသွားသည်။ ယန်မော့နှင့် ကွဲနေခဲ့ပြီးနောက် ရှုရှင်းသည်လည်း သူမ၏ ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်ခဲ့ပြီး သန်မာချင်ယောင် ဆောင်နေခဲ့သည်။ ယခုအခါ ယန်မော့၏ ရင်ခွင်ထဲသို့ ပြန်ရောက်သောအခါ ယခင်က ခံစားခဲ့ရသည့် ယူကြုံးမရ ဖြစ်စိတ် ကြောက်ရွံ့စိတ်၊ တောင့်တစိတ်များ အားလုံးကလည်း ပြန်ကန်ထွက်လာပြီး ဒီရေတစ်ခုအလား သူမကို လွှမ်းခြုံလာလေသည်။
သူမသည်လည်း ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် မကြိုးစားသလို ထိန်းချုပ်ရန်လည်း မကြိုးစားတော့ဘဲ တစ်ဖက်သို့ ပြန်လှည့်လိုက်ကာ ယန်မော့၏ ခါးကို ပြေးဖက်လိုက်ပြီး တစ်ဖက်သူ၏ ရင်ခွင်ထဲသို့ ဝင်ကာ ကျယ်လောင်စွာ အော်ဟစ် ငိုယိုရင်း သူမ၏ ခံစားချက်များကို ဖောက်ထုတ်လေသည်။
“ရတယ် ရတယ် အဆင်ပြေတယ်နော်”
“ရှင်းပေါင်ရယ် မငိုပါနဲ့”
“ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ မကြောက်နဲ့နော်”
ရှုရှင်း၏မျက်ရည်များက ယန်မော့၏နှလုံးသားကို ကွဲကြေကျစေသည်။ ထိုမျက်ရည်များကြောင့် ယန်မော့သည်လည်း သူ၏နှလုံးသားက အပေါက်များ ပြည့်နေသည်ဟု ခံစားရပြီး နေရာကောင်းတစ်ခုပင် မကျန်ရစ်တော့ပေ။
ရှုရှင်းက ငိုသည်။ ငိုလွန်းသဖြင့် သူမက အောက်ဆီဂျင် ပြတ်လတ်သွားမည်ကို ယန်မော့က ကြောက်လာပြီး ကျောကို ပုတ်ပေးကာ စိတ်ရှည်သည်းခံစွာနှင့် စောင့်သည်။ သို့သော် သူ၏ မျက်လုံးကမူ ပျောက်ဆုံးထားသောအရာကို ပြန်လည် ရှာတွေ့သည့်အတွက် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး သူမကို ပွေ့ဖက်ရင်း ညင်သာစွာ နှစ်သိမ့်ပေးနေသည်။
120 02
သူတို့၏သူဌေးက လတ်လတ်ဆတ်ဆတ် ရောက်လာသော လူတစ်ယောက်ကြောင့် လွှင့်ထွက်ပြီး အသတ်ခံလိုက်ရသည်။ တစ်ဖက်သူကလည်း မည်မျှ အင်အားကြီးကြောင်းကိုလည်း သူတို့က မြင်နိုင်၏။ အခြားသောသူ၏ အာရုံက သူတို့အပေါ်တွင် မရှိနေသည့် အချိန်တွင် ပုယွမ်ကျိုးကို ဝိုင်းထားသော သူများကလည်း လှည့်ပြေးကြသည်။
သူတို့၏အသက်ကို ထိန်းသိမ်းနိုင်သမျှ လွှင့်ထွက်သွားသော ခေါင်းဆောင်၏ သေခြင်း ရှင်ခြင်းကို မည်သူကမှ ဂရုစိုက်နေမည် မဟုတ်ပေ။
လူတစ်အုပ်က ထွက်ပြေးသော ဆူညံသံကို မကန်းနေသမျှ အသက်ရှင်နေသေးသမျှ သတိမထားမိရန် မဖြစ်နိုင်ပေ။
ယန်မော့ကလည်း သူတို့ကို တားရန် မကြိုးစားဘဲ တစ်ချက်သာ ကြည့်လိုက်သည်။
အလျှင်လိုစရာ မလိုပါဘူး။ ရှင်းပေါင်ကို နာကျင်အောင် လုပ်တဲ့သူတွေကို သူက လွှတ်ပေးမှာမှ မဟုတ်တာ၊ စာရင်းရှင်းလို့ ရတဲ့ အချိန်ရှိတယ်၊ အခုတော့ မဟုတ်သေးဘူး။
အရေးအကြီးဆုံး အချက်ကမူ သူ၏ ရင်ခွင်ထဲမှ ရှင်းပေါင်ကို ချော့၍ ထပ်မငိုတော့အောင် နှစ်သိမ့်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ခဏနေလျှင် မသက်မသာ ဖြစ်နေပေလိမ့်မည်။
“ရှင်းပေါင် မငိုနဲ့တော့နော်။ မင်းက ငါ့ရဲ့ နှလုံးသားကို ခွဲနေတာပဲ”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း စိတ်ရှုပ်ရှင်း ကျန်ရစ်ခဲ့ကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ ထို့နောက် ယန်မော့ ထွက်သွားသော နေရာသို့သာ အပြေးအလွှား ကားမောင်းပြီး ရောက်လာကြရသည်။
သူတို့နှစ်ယောက်လုံးက စိုးရိမ်စိတ် များနေသည်။ သို့သော် ကားကိုမူ မစွန့်ပစ်ခဲ့ကြဘဲ မောင်း၍သာ လာရသည်။
နောက်မှ လိုက်လာရင်းဖြင့် ယန်မော့ကို ပျောက်သွားသောအခါ လမ်းဘေးတစ်နေရာတွင်သာ ကားကို ရပ်ပြီး ယန်မော့က ရှုရှင်းနှင့် ပြန်လာမည့် အချိန်ကိုသာ စောင့်နေလိုက်ရသည်။
သို့သော် ထိုအချိန်တွင် ထွက်ပြေးလာသော သူများကလည်း ထိုနေရာသို့ ရောက်လာသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း နှစ်ကြိမ်ပင် မစဉ်းစားဘဲ တစ်ခါတည်း ဆွဲချလိုက်ကြသည်။
မတော်တဆ ဒဏ်ရာဖြစ်စေ တမင်တကာ လုပ်ခြင်းဖြစ်စေ အရင်ဖမ်းထားရပေမည်။
ဒီလူတွေကို ကြည့်ရုံနဲ့လူကောင်းမဟုတ်မှန်း သိသာတယ်။ သူတို့ဆီက အချက်အလက်တွေ ရရင် ဘယ်လိုလုပ်မလဲ။
ထိုဖမ်းမိခံရသော သူများ : တကယ်ကို ဒုက္ခများတာပဲ ကျားပါးစပ်ထဲက ထွက်လာပြီး ဝံပုလွေ အသိုက်ထဲ ရောက်တယ်။
ရှုရှင်းက ခံစားချက်များအားလုံးကို ဖောက်ထုတ်၍ ပြီးသွားချိန်တွင် အများရှေ့တွင် ကျယ်လောင်စွာ အော်ငိုနေခဲ့ကြောင်း သတိရသွားသည်။ အထူးသဖြင့် နံဘေးနားမှ ပုယွမ်ကျိုးက နားထောင်နေခဲ့ခြင်း ဖြစ်သည်။ သူမကလည်း အနားဂတ်တွင် ပုယွမ်ကျိုးကို မြင်သောအခါ ခြေထောက်ကို မြေကြီးထဲသို့သာ ထိုးထည့်ထားရတော့ပေမည်။
“ငါ…ငါ..ငါ အဆင်ပြေတယ်။ အား…ရှက်လိုက်တာ”
“မရှက်နဲ့ ဘာမှ ရှက်စရာ မရှိဘူး။ ဘယ်သူမှ မမြင်ဘူး”
လူမဟုတ်သော ပုယွမ်ကျိုး : ရုတ်တရက် ငါ လူမဟုတ်တော့သလိုပဲ
စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။
ယခုလေးတင် ထွက်ပြေးပြီး ပြန်အဖမ်းခံရသော သူများ: ငါတို့က လူဖြစ်ဖို့ မထိုက်တန်ပါဘူး
တစ်ခဏခန့် ငိုပြီးနောက် ရှုရှင်းက ခေါင်းကို ပြန်မော့သည်။ ထိုအခါ သူက နဂိုက လိမ်းထားသော မိတ်ကပ်အမဲများက ယန်မော့၏ အဝတ်အစားများတွင် ပေသွားကြောင်း တွေ့လိုက်သည်။
ကယ်ကြပါအုံး…ကယ်ကြပါ ကယ်ကြပါ…
120 03
မေးခွန်း: ငါ့ရဲ့မျက်နှာပေါ်က အောက်ခံ မိတ်ကပ်တွေ အားလုံးက အော်ဟစ်ငိုယိုပြီးတဲ့ နောက်မှာကောင်လေးရဲ့အဝတ်တွေကို ပေကျံသွားခဲ့ရင် ဘယ်လို လုပ်ရမလဲ။ အွန်လိုင်းကနေ စောင့်နေတယ် အရေးကြီးတယ်။
သိပ်မကြာခင်မှာတင် ရှုရှင်းကလည်း ထိုမိတ်ကပ်ရည်အကြောင်းကို ဂရုမစိုက်နိုင်တော့ပေ။ အကြောင်းမူကား သူမကို ပို၍ ဝမ်းနည်းစေသည့်တစ်စုံတစ်ရာကို သိလိုက်ရ၍ ဖြစ်သည်။
ယန်မော့က ရင်ဘတ်မှ အဝတ်အစားများက မည်မျှပင် စုတ်ပြတ်နေကြောင်း မြင်လိုက်ပြီး သူ၏မျက်နှာအမူအရာကလည်း မကောင်းကြောင်း သိနိုင်သည်။ ထို့ကြောင့် သူမသည် ထိုပုံစံအတိုင်း ယန်မော့ကို အချိန်တန်ကြာအောင် စကားပြောနေခဲ့သည်။
ငါ့ကို အာကာသ အပြင်ဘက်ကိုသာ ပို့လွှတ်ပေးပါတော့ ကျေးဇူးပဲ…
ရှုရှင်းသည် သိပ်မကြာခင်ကာလက အမူအရာသေးသေးလေးများကို ပြထားပြီးသား ဖြစ်သည်။
ယန်မော့ကလည်း ရှုရှင်း၏ အတွေးကို သိသောကြောင့် ခေါင်းလေးကို ပုတ်လိုက်သည်။
“ငါမင်းအတွက် ကာထားပေးမယ်။ မိတ်ကပ်ကို မြန်မြန်သုတ်လိုက်”
ရှုရှင်းက တစ်စက္ကန့်ပင် တုန့်ဆိုင်းမနေပေ။ သူမက နေရာလပ်နယ်မြေထဲမှ မှန်နှင့် မိတ်ကပ်ဖျက်ဆေးကို ထုတ်ယူလိုက်ပြီးနောက် ယန်မော့၏ နောက်ကွယ်တွင် ပုန်းကာ စတင်ကာ အလုပ်လုပ်သည်။
ယန်မော့ကလည်း ရှုရှင်းကို ကာပေးထားရင်း ကြိုးချည်ခံထားရသည့်ပုယွမ်ကျိုးကို ခြိမ်းခြောက်မှု အပြည့်နှင့် ကြည့်သည်။
အသိစိတ်အပြည့်နှင့် ပုယွမ်ကျိုးက ခေါင်းကိုသာ လွဲလိုက်သည်။
သူ ဘာမှ မမြင်ဘူး….
ရှုရှင်းကလည်း ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပြီးသည်နှင့် နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ သူမ၏ထူလွန်းသော မိတ်ကပ်ကို ဖယ်လိုက်ပြီးနောက် မျက်နှာက အများကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။
ပုယွမ်ကျိုးက ကြိုးချည်ခံထားရကြောင်း မြင်သောအခါ အပြေးအလွှားသွားကာ ဖြည်ပေးလိုသေးသည်။ သို့သော် ယန်မော့ကလည်း ရှုရှင်း၏ ရည်ရွယ်ချက်ကို တန်းသိပြီး သူမထက်အရင် ကြိုဖြည်ပေးလိုက်သည်။
ရှုရှင်း “…”
“ယောက်ျား ဟုတ်သားပဲ။ ယောက်ျား ငါ မိတ်ဆက်ပေးအုံးမယ်။ ဒါက ပုယွမ်ကျိုးကလေ သူကလေ…”
“ရှန်းဝမ်နဲ့ ချီမိုင်တို့က အပြင်မှာ စောင့်နေသေးတယ်။ ငါတို့ သူတို့နဲ့ အရင်ဆုံး တွေ့ပြီးမှပဲ အချင်းချင်း မိတ်ဆက်ကြရအောင်။ ဒါဆိုရင် မင်း နှစ်ခါ ပြောစရာ မလိုတော့ဘူးပေါ့”
“ရတယ်လေ”
ယန်မော့ပြောသော စကားကလည်း ဖြစ်သင့်လေသည်။ ထို့ကြောင့် ရှုရှင်းက ငြင်းစရာ မရှိတော့ပေ။
ယန်မော့က ရှုရှင်း၏လက်ကိုကိုင်ကာ ရှေ့မှ သွားနေသည်။ ရှုရှင်းကလည်း ခေါင်းကိုလှည့်၍ ပုယွမ်ကျိုးကို တစ်ချက် ကြည့်ကာ လိုက်လာရန် အမူအရာပြသည်။
ပုယွမ်ကျိုး : ငါ အနာဂတ်မှ စားစရာ ခွေးစာတွေ အများကြီး ရှိနေမယ်လို့ ခံစားမိနေတယ်
******