← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

121 01

အပိုင်း (၁၂၁) ကောင်းမွန်တဲ့ နှစ်တွေ

ဆုံးရှုံးပြီး ပြန်လည်ရရှိပြီးနောက် ယန်မော့ကလည်း အမှန်တရားကို မယုံကြည်နိုင်ခဲ့ချေ။ သူသည် အစမှ အဆုံးအထိ ရှုရှင်း၏ လက်ကို မလွှတ်တော့ချေ။ သူ၏ ကိုယ်ပိုင် RV မှ နေရာထဲသို့ ပြန်ဝင်သွားပြီးသည့် တိုင်အောင် ရှုရှင်းကိုလည်း ပေါင်ပေါ်မှ မဆင်းခိုင်းတော့ပေ။

RV ပေါ်မှ လူတိုင်းကလည်း ကိုယ်ပိုင်မိသားစုဝင်များ ဖြစ်သည်။ ရှုရှင်းကလည်း သူမ၏ အတွေးအတိုင်း ယန်မော့၏ ရင်ခွင်ထဲတွင်သာ ခွေနေလိုက်သည်။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ဒီလိုအခြေနေမျိုးကို ကြုံတွေ့နေကျ ဖြစ်ပြီး မအံ့ဩတော့ချေ။ အအံ့ဩဆုံးက ပုယွမ်ကျိုးဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင်မည်သည့် အမူအရာမှ မရှိသောကြောင့် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကပင် သူ့အား သူတို့၏ စိတ်အတွင်း အမှတ်အများကြီး ပေးလိုက်သည်။

ပုယွမ်ကျိုး : ငါက မျက်နှာကြောသေနေရုံပါ။ ဒါကြောင့် မျက်နှာအမူအရာကို မလုပ်နိုင်တာအဲ့ဒီလိုမှ မဟုတ်ရင်လည်း မျက်လုံးက ကျွတ်ထွက်နေလောက်ပြီ။

ရှုရှင်းက ယန်မော့တို့နှင့် အောင်မြင်စွာ ပြန်ဆုံသွားသည်။ သူမ၏ ခံစားချက် လှုပ်ခတ်မှုက အတော်လေးကို များပြားခဲ့သည်။ စိတ်ငြိမ်သွားပြီးနောက် စိတ်ပိုင်းဆိုင်ရာ အင်အားကုန်ခမ်းမှုက လွှမ်းမိုးလာသည်။ သူမကို စိတ်အေးစေသော ရင်ခွင်ထဲ ရောက်နေကြောင်း နားလည်နေသည့်အလျောက် တဖြည်းဖြည်း အိပ်မောကျသွားလေသည်။

“ချီမိုင် မင်းတို့သူ့ အတွက် စီစဉ်ပေးလိုက်။ ငါ ရှင်းပေါင်ကို အရင်နားဖို့ ခေါ်သွားလိုက်တော့မယ်”

“ကောင်းပြီ”

ယန်မော့က အခန်းထဲသို့ တိတ်တဆိတ်ဝင်သွားပြီး ရှင်းပေါင်ကို ပွေ့ထားသည်။ သူဟာ ရှင်းပေါင်ကို ချလိုက်သည့် တိုင်အောင် ရင်ခွင်ထဲမှ သူက နိုးထသွားမည့် အခြေအနေကို ဂရုစိုက်နေသေးသည်။

သူသည် ရှုရှင်း၏ မျက်နှာကို လက်ချောင်းများဖြင့် အသာထိတွေ့နေရင်း အကြည့်မလွဲနိုင်အောင် ဖြစ်လာသည်။ သူသည် ရှုရှင်းကို ရင်ခွင်ထဲတွင် ထည့်ပြီး ဆွဲဖက်လိုက်ပြန်သည်။ သူ၏ နှလုံးသားထဲမှ လေတိုးဝင်နေသော ကွာဟနေသည့် နေရာက တဖြည်းဖြည်း ပြန်ပြည့်သွားသည်။

သူ၏ ရင်ခွင်ထဲမှသူက အမှန်တကယ် ပြန်ရောက်လာကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးမှသာ ယန်မော့သည် အစစ်အမှန် အမှန်တရားကိုခံစားမိလာသည်။ သူသည် ရှုရှင်း၏ လည်တိုင်ကြားတွင် ခေါင်းကို ပွတ်လိုက်ပြီးနောက် ရှုရှင်း၏ကိုယ်သင်းရနံ့ကို လောဘတကြီး ရှုရှိုက်သည်။ တစ်ချိန်လုံးတင်းကြပ်နေခဲ့သော သူ၏ စိတ်ကပင် ပြန်လည် တည်ငြိမ်သွားပြန်သည်။

သူကပင် မသိလိုက် မသိဘာသာပင် ရှုရှင်းနှင့်အတူ အိပ်ပျော်သွားသည်။ သူ၏ အိပ်မက်ထဲတွင်လည်း ရှုရှင်းလက်ကို ကိုင်ထားပြီး မလွှတ်ပေးတော့ပေ။

အခန်းက ငြိမ်းချမ်းကာ တိတ်ဆိတ်နေသည်။ သို့သော် RV ၏ ဧည့်ခန်းကမူ မတူညီပေ။

မူချီမိုင်ကလည်း ယန်မော့ မဝင်သွားမှီပြောသွားသည့် စကား၏အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်လေသည်။ သူသည် ပုယွမ်ကျိုး၏ နောက်ခံကို စုံစမ်းခိုင်းရန် တာဝန်ပေးခံရသည်။ မရီးကလည်း သူတို့နှင့် တွေ့ရန် သူ့ကို ခေါ်လာပေးကတည်းက သူမတွင် ကိုယ်ပိုင်အကြံအစည် ရှိရပေမည်။ တစ်ဖက်သူတွင် မကောင်းသော ရည်ရွယ်ချက် ရှိမရှိ သေချာအောင်သာ လုပ်ရပေမည်။

ပုယွမ်ကျိုးက တစ်ယောက်တည်းထိုင်နေပြီး ပုရှန်းဝမ်နှင့် မူချီမိုင်တို့က မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။ သုံးယောက်လုံးတစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေပြီး တိတ်ဆိတ်နေသည်။

“ငါတို့မင်းရဲ့ နာမည်ကို သိပြီးပြီ။ ဒါပေမဲ့ မင်းရဲ့ ဇစ်မြစ်ကို မသိရသေးဘူး။ မင်းနဲ့မရီးနဲ့ဘယ်လို တွေ့တာလဲ”

တိတ်တဆိတ် မနေနိုင်သော ပုရှန်းဝမ်က အရင်ပြောသည်။

“ငါတို့ J မြို့ထဲက မြို့ငယ်လေး တစ်မြို့မှာ တွေ့တာ။ သူမက ရုတ်တရက် ကောင်းကင်ပေါ်က ပြုတ်ကျလာတာပဲ”

ပုယွမ်ကျိုးက ရှုရှင်း၏ နောက်မှ လိုက်ကာRV ထဲသို့ ဝင်လာပြီးကတည်းက စစ်မေးခံရရန် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခုလို အပြောခံရသည့်အခါ မအံ့ဩသွားဘဲ ချောချောမွေ့မွေ့ ပြောလိုက်သည်။

121 02

သူလည်း ဘာကိုမှ ဖုံးကွယ်ထားရန် မလိုအပ်ပါပေ။ ထို့ကြောင့် လျှင်မြန်ချောမွေ့စွာ ပြောလိုက်လေပြီး သူနှင့် ရှုရှင်းက မည်သို့ ဆုံခဲ့ကြောင်း လမ်းတောက်လျှောက် မည်သို့ ဖြစ်ခဲ့ကြောင်း စသဖြင့် အရာအားလုံးကို ပြောလိုက်သည်။

“နေအုံး မင်းက မင်းကိုယ်မင်း သုတေသန ပညာရှင်လို့ ပြောတယ်။ နောက်ပြီး မင်းနိုးထတဲ့စွမ်းအားကလည်း မဟာဦးနှောက်ဆိုတော့ သိပ္ပံသုတေသနအတွက် အကူအညီဖြစ်တာလား”

“အင်း အဲဒီလို နားလည်လို့လည်း ရပါတယ်”

ပုရှန်းဝမ်နှင့် မူချီမိုင်တို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်သည်။ ပုယွမ်ကျိုး၏ စကားကို နားထောင်ပြီးနောက် ရှုရှင်းက မည်သည့်အတွက်ကြောင့် သူ့အား သူတို့ကို တွေ့ရန် ခေါ်လာခဲ့ကြောင်းနားလည်သွားသည်။

ပုယွမ်ကျိုးနှင့် ပတ်သက်ပြီး နောက်ပိုင်းပြဿနာများရှိလျှင်ပင် သိပ္ပံသုတေသန ပညာရှင် တစ်ယောက်ကို အလကားရလိုက်သလို ဖြစ်နေသေးလေသည်။

ယန်မော့ကလည်း သူတို့သည် အနာဂတ်တွင် အပြင်သို့ ထွက်ကာ ကိုယ်ပိုင် အခြေစိုက်စခန်းကို တည်ဆောက်မည် ဖြစ်ကြောင်း ဖော်ပြဖူးသည်။ ထို့ကြောင့် သူတို့သည်လည်း နည်းနည်း စဉ်းစားထားပြီးသား ဖြစ်သည်။

ကမ္ဘာကပ်ဘေးတွင် ခိုင်မာစွာ ရပ်တည်နိုင်မည့် အခြေစိုက်စခန်းမျိုးက အခြေစိုက်စခန်းသီးသန့်၏ အင်အားကိုသာ မှီခိုရခြင်းအပြင် အခြေစိုက်စခန်းမှ စိတ်စွမ်းအားပညာရှင်များ၏ အင်အားလည်း လိုအပ်ပြီး သိပ္ပံသုတေသန များကလည်း ခွဲထုတ်၍ မရသော ဘက်ပိုင်းမှ ပါဝင်သည်။

ယခင်က ဖြစ်စေ၊ ကမ္ဘာကပ်ဘေး မတိုင်ခင် ကာလက ဖြစ်စေ၊ နောက်ပိုင်းကာလတွင်ဖြစ်စေ သုတေသန ပညာရှင်များက အလွန်အမင်း ရှားပါးလေသည်။ အမျိုးမျိုးသော အင်အားစု အကြားတွင်လည်း ယှဉ်ပြိုင်မှု ကြီးမား၏။ ပုယွမ်ကျိုး၏ ပြောစကားကသာ မှန်ကန်နေမည်ဆိုလျှင် သူ၏အကျင့်စရိုက်က ပြဿနာမရှိပါက မရီးသည် ရတနာကြီးကို ကောက်ရလာသည်ဟု ပြောရပေမည်။

******

All Chapters