← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

122 01

အပိုင်း (၁၂၂) ကံကြမ္မာက တစ်ခါတစ်ရံမှာအရမ်းကို ဆန်းကျယ်တယ်

ယန်မော့က ပြန်နိုးလာသောအခါ ရှုရှင်းက နှစ်ခြိုက်စွာ အိပ်မောကြနေသေးသည်။ သူသည်လည်း သူမကို မနှောက်ယှက်တော့ဘဲ စောင်ကိုသာ ခြုံပေးလိုက်ပြီး အခန်းထဲမှ တိတ်တဆိတ် ထွက်သွားလိုက်သည်။

အပြင်ဘက်က မှောင်နေပြီ ဖြစ်သည်။ ခြံဝန်းတစ်ခုထဲတွင် ရပ်ထားသောကြောင့် RV၏ ပတ်ပတ်လည်တွင် နံရံများသာ ရှိနေသည်။ သူတို့သည် ဒီနေရာတွင် ဒီည ကုန်ဆုံးရလောက်သည်။

ယန်မော့က ထွက်လာသောအခါ မူချီမိုင်က ညစာချက်နေသည်။ ပုယွမ်ကျိုးနှင့် ပုရှန်းဝမ်တို့က အနားတွင် ကူညီပေးနေသည်။

သိပ်မကြာခင်ကအထိ သူတို့သည်လည်း ရှုရှင်းကို အမြန်ဆုံးရှာရန် ကြိုးစားနေကြရသည်။ ထို့ကြောင့် စားသောက်လိုစိတ်ပင် မရှိကြပေ။ သူတို့သည် အချိန်တိုင်းလိုလို ဗိုက်ပြည့်ရုံ တစ်ခုခုသာ ထိုးထည့်ပြီး စားသောက်လိုက်ကြသည်။

သူတို့အနေဖြင့် ရှုရှင်းထားပေးသော ရိက္ခာများက အများကြီးကျန်သေးလေသည်။

ရေခဲသေတ္တာမှ ပစ္စည်းများကို ထိပင် မထိထားရသေးချေ။ အသင့်စားစားစရာများသာ ကုန်နေခြင်းဖြစ်သည်။

“မော့ကော နိုးလာပြီလား”

“အင်း”

ယန်မော့က စားပွဲနားသို့ သွားပြီး ရေနွေးတစ်ခွက်ကိုသွားထည့်လိုက်ကာ တစ်ကြိုက်တည်းနှင့် အကုန်သောက်သည်။ ထို့နောက် နောက်တစ်ခွက် ထပ်ထည့်လိုက်ပြီး စားပွဲပေါ်တင်ကာ အအေးခံလိုက်သည်။

ပုရှန်းဝမ်က အနားသို့လာကာ ဒီညနေ မေးမြန်းထားသမျှ အကြောင်းအရာများအားလုံးကို ပြောပြသည်။ ပုယွမ်ကျိုးနှင့် ပက်သက်သည့် သူတို့၏ ထင်မြင်ချက်နှင့် ခံစားချက်ကိုလည်း ပြောပြသည်။

ယန်မော့ကလည်း ပုရှန်းဝမ်နှင့် မူချီမိုင်ကို တစ်ရာရာခိုင်နှုန်းအပြည့် ယုံကြည်သည်။ သူတို့၏ လူကဲခတ်နိုင်သော စွမ်းရည်ကို အလားတူ ယုံကြည်သည်။ သို့သော် သူ၏ စိတ်ထဲတွင်လည်း ပုယွမ်ကျိုးနှင့် ပတ်သက်ပြီး အလွယ်တကူ အကဲမဖြတ်သေးပေ။ လူတိုင်း၏ ထင်မြင်ချက် ခံစားချက်က ခြားနားနိုင်သည်။ မရင်းနှီးသောလူတစ်ယောက်ကို အခြားသော သူများ၏ ထင်မြင်ချက်ကို နားထောင်ပြီးနောက် ကိုယ်တိုင် အဆက်အသွယ်မရှိသေးခင်မထိ မည်သည်ဆုံးဖြတ်ချက်ကိုမှ မချသင့်ပေ။

“စကားပြောရအောင်”

ယန်မော့က အနားသို့သွားကာ ပုယွမ်ကျိုး၏ပခုံးကို ပုတ်သည်။ ထို့နောက် RV ၏ ဧည့်ခန်းထဲသို့ သွားထိုင်သည်။

ပုရှန်းဝမ်ကလည်း မူချီမိုင်ကိုသာ အသိစိတ်အပြည့်နှင့် သွားကူလိုက်ပြီး ထိုနှစ်ယောက်အတွက် နေရာချန်ထားပေးလိုက်သည်။

“ငါမင်းကို အစကနေ ပြန်ပြောပြရမလား”

ပုယွမ်ကျိုးကလည်း သစ်သားမျက်နှာနှင့် မည်သည့်ခံစားချက်မှ မရှိပေ။

“မလိုဘူး။ ငါမင်းကို မေးချင်တာ ရှိတာ”

“အင်း ကောင်းပြီ”

ပုယွမ်ကျိုးကလည်း ထိုစကားကို ကြားမှသာ စိတ်အေးစွာသက်ပြင်းချသည်။ သူသည် ညနေက စကားအားလုံးကို ထပ်ပြောရန် မလိုအပ်တော့ပါပေ။ သူသည်လည်း ထပ်မပြောချင်တော့ပေ။ ရှည်လည်း ရှည်သည် ပင်လည်း ပင်ပန်း၏။

“မင်း အရင်က သုတေသန လုပ်ဖူးတယ်လို့ ပြောတယ်နော်။ မင်းရဲ့အဓိက သုတေသန လုပ်တဲ့ နယ်ပယ်က ဘယ်နယ်ပယ်လဲ။ ဘာတွေ အောင်မြင်မှု ရခဲ့ဖူးလဲ”

“အစောပိုင်း သုတေသန နယ်ပယ်ကတော့ ဇီဝဗေဒနယ်ပယ်ပဲ။ သုတေသန ရလဒ်ကတော့…”

အသက်မွေးဝမ်းကြောင်း လုပ်ငန်းအကြောင်း ပြောသောအခါ ပုယွမ်ကျိုးက ပုံမှန်မဟုတ်လောက်အောင် တိတ်သွားသည်။ ဘာပြောရမှန်း မသိတော့ပေ။

122 02

ထိုရလဒ်များကို အခြားသော သူများက နာမည်အတင်းဆွဲယူကာ တပ်သွားသည်။ ထို့ကြောင့်သူက မည်မျှပင် တွန်းနိုင်စေကာမူ ဘာကိုမှ မပြောင်းလဲပေ။ သူ၏ ရလဒ်များကို ယူသွားခဲ့သော သူများကလည်း သူ့ကို သုတေသန အသက်မွေးဝမ်းကြောင်းအတွင်း ထောက်ပံ့ပေးသောသူ ဖြစ်သည်။ ထို့ကြောင့် သူကသာ အစစ်အမှန် တီထွင်သူ ဖြစ်ကြောင်းမည်သူကမှ မသိကြပေ။

သူကလည်း တစ်ဖက်သူက သူ့စကားကို ယုံမယုံ မသေချာပေ။ ထို့ကြောင့် တုံ့ဆိုင်းသွားသည်။

ယန်မော့ကလည်းပုယွမ်ကျိုး၏ တုန့်ဆိုင်းမှုကို နားလည်သည်။ ထို့ကြောင့် အတင်းမတိုက်တွန်းဘဲ ကောင်းကောင်း စဉ်းစားခိုင်းလိုက်သည်။ တစ်ဖက်သူက ပြောချင်စိတ် ရှိရှိ မရှိရှိ စောင့်ဆိုင်းရပေမည်။ ကံကောင်းစွာပင် ပုယွမ်ကျိုးက အကြာကြီး မစောင့်ခိုင်းခဲ့ပေ။

“မင်းတို့ ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က လျှန်ပေ့ဆိုတဲ့ သူ နာမည်ကိုကြားဖူးလားတော့မသိဘူး။ သူက အကျော်ကြားဆုံး ဇီဝဗေဒ ပညာရှင်တွေထဲက တစ်ယောက်လေ။ သူလုပ်ထားတဲ့ သုတေသန ရလဒ်နှစ်ခုက သူ့ကို ကျော်ကြားသွားစေခဲ့တာ။ အဲဒီ နှစ်ခုလုံးက ငါ့ဆီက ယူသွားတာပဲ”

နှစ်အနည်းငယ် ကုန်လွန်သွားပြီးသည့် တိုင်အောင် ပုယွမ်ကျိုးက ထိုကိစ္စအကြောင်း တွေးချိန်တိုင်းလိုလို ဒေါသထွက်လာသည်။ သူဟာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ ဒေါသကို ထိန်းနေရ၏။ သူ့၏ ကိုယ်ပိုင် ခံစားချက်ကို ထိန်းချုပ်ပြီးနောက် ပုယွမ်ကျိုးသည်လည်း လျှန်ပေ့၏နာမည်ကို ပြောသောအခါ ယန်မော့၏ မျက်နှာ အမူအရာက ပြောင်းလဲသွားသည့်အချက်ကို သတိမထားမိလိုက်ချေ။ ကုလားထိုင်ကို တတောက်တောက် ခေါက်နေသည့် ယန်မော့၏လက်က ရပ်သွားသည်။ ယန်မော့ကလည်း ပုယွမ်ကျိုးက အမှန်တရားကို ပြောနေကြောင်း အတည်ပြုရန်လိုအပ်သည်။ ထို့ကြောင့် ပုယွမ်ကျိုး ဒီနေရာကို လာထိုင်ကတည်းက စိတ်စွမ်းအားကို လွှတ်ထုတ်ထားပြီး စောင့်ကြည့်ထားပြီးသား ဖြစ်သည်။

စိတ်စွမ်းအား လှုပ်ခတ်မှုကတဆင့် တစ်ဖက်သူက အမှန်တရားကို အလိုလျောက် ပြောစေနိုင်သည်။ မိမိဘာသာသတိမထားမိဘဲ အမှန်တရားကို ပြောချင်စိတ် ပေါက်လာတတ်ခြင်း ဖြစ်သည်။

RV ၏ နေရာထဲကအကန့်အသတ်နှင့် ဖြစ်သည်။ ယန်မော့နှင့် ပုယွမ်ကျိုးတို့ကလည်း အသံကို မလျှော့ထားချေ။ ထို့ကြောင့် ဟင်းချက်နေသော ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ကြားလိုက်သည်။ နှစ်ယောက်လုံးက လုပ်လက်စအရာကို ရပ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုကို မြင်နိုင်သည်။

ပုယွမ်ကျိုးက လျှန်ပေ့နှင့် အမှန်တကယ် ပါဝင်ပတ်သက်နေသည်။ လျှန်ပေ့နှင့် သူတို့ကလည်း ရန်သူဖြစ်နေသည်။

ဆိုတော့ တစ်ခါတလေမှာ ကံကြမ္မာက တကယ်ကို ဆန်းကျယ်တယ်လို့ပဲ ပြောရတော့မယ်။

******

All Chapters