အခန်း ၁၂၃
Vol. 13 Ch. 123
123 01
အပိုင်း (၁၂၃) အဲဒီ လူအိုကြီးကတအားဆိုးတယ်
ပုယွမ်ကျိုးက နှလုံးသားထဲတွင် အချိန်တန်ကြာအောင် ဖိနှိပ်ထားသော စကားလုံးများအားလုံးကို တိတ်တဆိတ် နားထောင်နေပြီး နောက်တွင် RV တစ်ခုလုံးက တိတ်သွားသည်။ လူတိုင်းတွင်လည်း ကိုယ်ပိုင် အတွေးများ ရှိသည်။
“ငါမင်းပြောတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းတော့ နားလည်တယ် ဒါပေမဲ့ မင်းပြောတာ မှန်လားမှားလားဆိုတာ သက်သေပြစရာ မရှိဘူးမလား”
ပုယွမ်ကျိုးက ပြောသော စကားများက မှန်ကန်နိုင်ချေ မြင့်မားသော်လည်း ယန်မော့ကမူ သူ့ကို အပြည့်အဝ မယုံသေးပေ။
ပုယွမ်ကျိုးသည် ပထမဦးဆုံး အကြိမ်အဖြစ် သူ၏ ခံစားချက်ကို ဖော်ပြပြီး တစ်ဖက်သူ၏ အကြွင်းမဲ့ယုံကြည်မှုကို မရသည့်အခါ စိတ်ပျက်သွားသည်ဟုပြောလျှင် လိမ်ရာ မရောက်ပေ။ သို့သော် ယန်မော့၏ပြောစကားကလည်း အကျိုးအကြောင်းသင့်သည်။ သူ့အပေါ်ကို တုန့်ပြန်မှုကလည်း သာမာန်လူတစ်ယောက်၏တုန့်ပြန်မှုမျိုးဖြစ်သည်။ ထို့ကြောင့် မငြင်းနိုင်ပေ။
ပိုဆိုးသည်မှာ ယန်မော့ကလည်း ထင်မြင်ချက်ရှိသည်ဆိုကတည်းက သူပြောသောစကားကို ယုံကြည်ပေးသေးသည့် အဓိပ္ပာယ်မျိုး ဖြစ်သည်။ ပုယွမ်ကျိုး၏ စိတ်ကလည်း နှစ်သိမ့်သွားသည်။
“ဒါပေမဲ့ မင်းပြောတဲ့ လျှန်ပေ့ကို ငါတို့သိတယ်”
ယန်မော့က အကြောင်းအရာကို ပြန်ပြောင်းပြီး အဓိကဇာတ်လိုက်၏ နာမည်ကို ပြောသည်။
“!!!”
ပုယွမ်ကျိုးက သူ့ကို တအံ့တဩ ကြည့်သည်။
“ကယ်ဆယ်တဲ့ ဖြစ်စဉ်အတောအတွင်းမှာ ငါသူနဲ့ ခဏလောက် အဆက်အသွယ်ရှိဖူးတယ်။ သူ့ရဲ့အကျင့်စရိုက် သိသာတယ်လေ။ နောက်ပြီး သူ့ရဲ့ သိပ္ပံသုတေသန စွမ်းရည်ကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူးဆိုတော့ သူ့ကို အကဲဖြတ်ကြည့်ဖို့ ခက်တယ်။ လျှန်ပေ့က အခု မြို့တော် C ရဲ့လုံခြုံရေး အခြေစိုက်စခန်းထဲမှာ၊ ဒီသိပ္ပံသုတေသန ရလဒ်နှစ်ခုကြောင့် အခြေစိုက်စခန်းကလည်း သူ့ကို အလေးပေးထားတယ် ငါတို့ မထွက်လာခင်ကတောင် သူက မြို့တော် C အခြေစိုက်စခန်းရဲ့ သိပ္ပံသုတေသန အသက်မွေးဝမ်းကြောင်းထဲကို အောင်အောင်မြင်မြင် ဝင်သွားပြီ”
“အရင်က အချို့ကိစ္စတွေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် အခြေစိုက်စခန်းက သူ့အပေါ် ယုံကြည်မှုက ဆုတ်ယုတ်သွားတယ်။ ငါ့အထင် အခြေစိုက်စခန်းက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိမ့်မယ်။ တကယ်ကို မင်းပြောတာသာ မှန်မယ်ဆိုရင်တော့ သိပ်မကြာခင် သူ့ရဲ့ ပြစ်ချက် ပေါ်မှာပဲ”
ယန်မော့က ထိုစကားများကို ပြောလိုက်သောအခါ သူ၏ စိတ်စွမ်းအားကို သုံး၍ ပုယွမ်ကျိုး၏ စိတ်စွမ်းအား လှုပ်ခတ်မှုနှင့် ခံစားချက် လှုပ်ခတ်မှုကို စစ်ဆေးထားပြီးသား ဖြစ်သည်။ ပုယွမ်ကျိုး၏ စိတ်အခြေအနေနှင့် ခံစားချက်တွင်သာ ပုံမှန် မဟုတ်မှုများ ပေါ်လာခဲ့ပါက ယန်မော့က တန်း၍ သိနိုင်ပေမည်။
“ငါကလည်း သူလူလိမ်အဖြစ် ပေါ်လာမယ့်အချိန်ကို စောင့်နေတာ”
ပုယွမ်ကျိုး၏ ခံစားချက်ကလည်း တည်ငြိမ်သွားပြီး မျက်လုံးကလည်း ဆုံးဖြတ်ချက် ပြတ်သားသွားသည်။
“နင်တို့ ဘာတွေ ပြောနေတာလဲ”
အခုမှ နိုးလာသော ရှုရှင်းက ပုယွမ်ကျိုး၏ နောက်ဆုံးစကားကိုသာ ကြားပြီး စိတ်ရှုပ်နေသည်။
123 02
“နိုးပြီလား လာ…ရေနွေးလေး တစ်ခွက်လောက် အရင်သောက်လိုက်ပါအုံး”
ယန်မော့က ရှုရှင်းကို အနားသို့ လာရန်လက်ယမ်းပြလိုက်ပြီးနောက် ဘေးဘက်တွင် အတင်းချကာ အေးခံထားပြီးသာ ရေနွေးခွက်ကို ယူကာ လက်ထဲ ထည့်ပေးသည်။ ရေနွေး တစ်ငုံသောက်ပြီးနောက် အိပ်ယာနိုးကာစ ဖြစ်၍ လည်ချောင်း ချောက်နေသမျှက ချက်ချင်း ပျောက်သွားသည်။
ငါ့ရဲ့ ယောက်ျားက စဉ်းစားဆင်ခြင်ပေးတတ်လိုက်တာ။
“ကျေးဇူးတင်ပါတယ် ယောက်ျား”
“ခုနက ဘာပြောနေလဲဆိုတာ ငါ့ကို မပြောရသေးဘူးနော်”
“သူနဲ့လျှန်ပေ့အကြားက အချစ်အမုန်း ဆက်ဆံရေးအကြောင်းလား အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။”
ပုရှန်းဝမ်က အနောက်ဖက်မှ ခေါင်းထွက်လာပြီး ဝင်ပြောသည်။
“ဟင် နင်နဲ့ လျှန်ပေ့၊ အဲဒီ ငါသိတဲ့ လျှန်ပေ့လား၊ နင်က ဒီလောက် အကြိုက်ကြီးမယ်လို့ မထင်ထားဘူး အံ့…အံ့ဩလိုက်တာ”
ရှုရှင်းကလည်း ပုယွမ်ကျိုးကို ခြောက်ခြားမှု အပြည့်နှင့် ကြည့်ပြီး ပြန်လည်ကာ အပေါ်အောက် သေချာ စုန်ချည်ဆန်ချည် ပြန်ကြည့်သည်။
“…”
ပုယွမ်ကျိုး : ငါ့ရဲ့ဘဝမှာ တစ်ခါမှ ဒီလောက် မဆွံ့အဖူးဘူး…
“မင်း အတွေးများနေပြီး ဒီအတိုင်း ငါ သူနဲ့ရန်ငြိုး ရှိတာ”
ပုယွမ်ကျိုးက အလျှင်စလို ရှင်းပြရသည်။ သို့မဟုတ်ပါက သူ၏ အပြစ်ကင်းစင်မှုနှင့် ဂုဏ်သတင်းက ပျက်ဆီးရပေတော့မည်။
“အိုး…အဲ့ဒီလိုကိုး အံ့ဩသွားတာပဲ ဒါပေါ့ ငါက နင့်ကို လျှန်ပေ့နဲ့များ ကြိုက်ခဲ့တာလားလို့ တွေးနေတာ။ အဲဒီ အဖိုးကြီးက တော်တော်ဆိုးတာပဲ”
“ဟားဟား ဟား”
“ဘာလို့ ဒီလောက် အကျယ်ကြီး ရယ်နေတာလဲ။ နင်ပဲ ငါ့ကို လမ်းလွဲတာလေ”
ရှုရှင်း : အခြားသူကို ဓားနဲ့ ထိုးတဲ့အခါ မျက်လုံးထဲက အကြည့်ကို ဖုံးကွယ်ထားပါလား။
ပျော်ရွှင်စွာ ရယ်နေသော ပုရှန်းဝမ် : ချီမိုင် ကြည့် ငါ့ရဲ့ ခေါင်းပေါ်မှာ အနက်ရောင် သံမဏိ အိုးကြီး ရှိတယ်။
မူချီမိုင် : မင်းထိုက်နဲ့ မင်းကံလေ
ပုရှန်းဝမ် : မဟုတ်ဘူး ငါ့ကို ဘယ်သူမှ မချစ်တော့ဘူးလား ဝူး…
အပြင်မှ ပြန်လာကာစ ရှောင်ပိုင်ကလည်း အဝေးမှ နေ၍ ရင်းနှီးကျွမ်းဝင်သော ရနံ့ကို ရလိုက်သည်။ သူ၏ မျက်ဝန်းက ချက်ချင်း တောက်ပသွားပြီး တာ့ပိုင် ကျွိမ်ဖုန်း၊ တာ့ယွင်တို့ အားလုံးကိုပင် ချန်ထားရစ်ခဲ့ကာ သူ၏ အထူးစွမ်းအားကိုသုံး၍ လျှင်မြန်စွာ ပြန်ပြေးလာသည်။
တာ့ပိုင်၊ ကျွိမ်ဖုန်းနှင့် တာ့ယွင်တို့ကလည်း အနံ့ကို ရလိုက်သည်။ ထို့ကြောင့် အပြေးအလွှားလာကြသည်။
“အာ ဝူး”
သူက RV ၏အနားသို့ပင် မကပ်သေးခင် ရှောင်ပိုင်က စိတ်လှုပ်ရှားစွာ အော်သည်။
123 04
RV ထဲတွင် စကားပြောနေသော ရှုရှင်းကလည်း ရှောင်ပိုင်၏ အသံကို ကြားပြီး အပြင်သို့ ပြေးထွက်သည်။ သူမက တံခါးဖွင့်လိုက်သည်နှင့် အမွေးပွပွ လုံးလုံးထွေးထွေး ဖြူဖြူဖွေးဖွေး အလုံးလေးက ရှုရှင်း၏ ရင်ခွင်ထဲ ပစ်ဝင်လာသည်။
ရှောင်ပိုင်က စိတ်လှုပ်ရှားလွန်းနေသဖြင့် ရှုရှင်းကိုပင် လဲကျသွားအောင် လုပ်လုနီးပါး ဖြစ်သွားသည်။ ကံကောင်းစွာပင် ယန်မော့က နောက်မှ ပြေးလာကာ ထိန်းပေးရသည်။
“ရှောင်ပိုင် ငါ နင့်ကို အရမ်းလွမ်းနေတာ”
ယန်မော့က သူမကို အနောက်မှ ထိန်းထားပေးကြောင်း သိသည်နှင့် ရှုရှင်းကလည်း သူမ လုံခြုံသလို ခံစားရသည်။ သူမက ရင်ခွင်ထဲမှ အမွေးဖွားလုံးလေးကိုသာ ပွေ့ဖက်ပြီးအသာပွတ်သပ်ပေးနေပြီး တောင့်တမှုကို ဖော်ပြသည်။
“အာ..အာ…”
တာ့ပိုင်တို့ကလည်း အပြေးအလွှားရောက်လာကြသည်။ သူတို့ကလည်း ရှုရှင်းကို မြင်ပြီး ကျယ်လောင်စွာ အော်ကြသည်။
“!!!”
ပုယွမ်ကျိုးသည် ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို ကြောင်တောင်တောင် ကြည့်နေသည်။ သူသည်လည်း ရှုရှင်း၏အနောက်မှ လိုက်၍ အင်အားကြီးမားသော အသင်းနှင့် အတူရောက်လာကာ ပြိုင်ဘက်ကင်းတော့မည် ထင်သည်။ လူတိုင်းတွင်လည်း သဘာဝလွန်စွမ်းအားများ ရှိရုံသာ မကသေးလေဘဲ သဘာဝလွန်စွမ်းအားရှိသော ဆင့်ကဲပြောင်းလဲထားသည့် အင်အားကြီး တိရစ္ဆာန်များကပင် အိမ်မွေးတိရစ္ဆာန်အဖြစ် ရှိနေသည်။
ပုယွမ်ကျိုးကပင် မူးဝေသွားသလို ခံစားရသည်။ သူက ညဖက် အိပ်ယာပေါ်တွင် အိပ်ရန် လဲလိုက်သည့် အချိန်တွင်ပင် အစစ်အမှန် မဟုတ်သလို ခံစားနေရသေး၏။
အသင်းသို့ ပြန်ရောက်သည့် သက်တောင့်သက်သာ ရှိသော ခံစားချက်က သူတို့၏ နေရောညပါ ကားဆက်တိုက်မောင်းပြီး အခန်းထဲတွင် နေသော ဘဝကို စွန့်ပစ်ရန် ဖြစ်လာသည်။
နောက်ဆုံး ခွဲခွာမှုနှင့် ပတ်သက်ပြီး သင်ခန်းစာရသွားသည့်အပြင် တာ့ပိုင်တို့အားလုံးကလည်း ညဖက်တွင် စောင့်ကြည့်မှုအပြင် လူလေးယောက်က နှစ်ဖွဲ့ခွဲပြီး ပထမတစ်ပိုင်း တဝက် ဒုတိယတစ်ပိုင်း တဝက် စောင့်ကြပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဒီနည်းအားဖြင့် လုံခြုံမှုက နှစ်ဆ အာမခံချက် အပြည့်ဖြစ်ပေလိမ့်မည်။
******