← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

124 01

အပိုင်း (၁၂၄) အိမ်

C မြို့ အခြေစိုက်စခန်းသို့ ပြန်သောလမ်းက ချောမွေ့သည်။ သူတို့ ငါးယောက်လုံးက စိတ်အခြေအနေ ကောင်းနေပြီး ရှာနေသော သူများကို ရှာတွေ့သွားသောကြောင့်လည်း ဖြစ်လောက်သည်။

ရှုရှင်းတို့ကမူ C မြို့ အခြေစိုက်စခန်းတွင် သူတို့၏ အိမ်နှင့် ပတ်သက်ပြီး ရန်ပွဲကြီး ဖြစ်ပွားနေကြောင်း မသိသေးပေ။

သူတို့က ပြန်မလာသည်မှာ အတော်ကြာပြီ ဖြစ်သည်။ အခြေစိုက်စခန်းကလည်း ဒီအတောအတွင်း အိမ်အများကြီးကို လက်ခံရရှိသည်။ နေ့တိုင်းလိုလို အိမ်များ ဆောက်နေရ၏။ သို့သော် အိမ်က မလောက်သေးပေ။

အခြေစိုက်စခန်းထဲတွင် စိတ်စွမ်းအား ပညာရှင်များက ပို၍ များသထက်များလာသည်။ အသစ်များကလည်း လူရှင်းနေသည်မှာ ကြာပြီ ဖြစ်သော အိမ်ကို အတော်လေး တပ်မက်နေသည်။ အစပိုင်းတွင်မူ လူသစ်အနည်းစုကသာ စံအိမ်ပိုင်ရှင်၏ နောက်ခံကို မသိဘဲ ပြဿနာ ရှာကြသည်။ အခြေစိုက်စခန်းမှ ရာထူးမြင့်ပိုင်းများကလည်း ယန်မော့နှင့် ကြိုတင်ကာ ဆက်သွယ်ထားပြီးသား ဖြစ်သည့်အလျောက် ထိုပြဿနာလေးများကို ဂရုစိုက်မနေပေ။ သူတို့က ပြဿနာ အများကြီး မရှာနိုင်လောက်ဟု ထင်ထားသည်။

နောက်ကွယ်မှ ပိုင်မိသားစုနှင့်လျှန်ပေ့တို့ကမူ အရိုးနံ့ရသော ခွေးများကဲ့သို့ ခုန်အုပ်လာကြသည်။

တစ်စုံတစ်ယောက်ကို ရှာကာ လူများကို လှုံဆော်ပေးပြီး ယန်မောတို့ မရှိခင် ထိုအိမ်ကို အရယူခိုင်းသည်။

ထိုကိစ္စက တော်တော်လေးကို ကြီးကျယ်သွားလေရာ အခြေစိုက်စခန်းမှ ယန်မော့၏ အကျိုးအမြတ်များကို လက်ခံရရှိထားသော သူများကပင် ရှေ့သို့ ထွက်ကာ ထိုကိစ္စကို ဖိနှိပ်ပေးပြီး စံအိမ်တွင် ပိုင်ရှင်ရှိကြောင်း အများရှေ့တွင် ကြေညာရသည်။

သို့သော် ယန်မော့နှင့် အသင်းက နှစ်လကျော်သည်အထိ ပြန်မလာသေးချေ။ သုံးလနီးပါးပင် ဖြစ်လာသည်။

ကမ္ဘာအဆုံးသတ်ကာလတွင် လူတစ်ယောက်ဟာ အခြေစိုက်စခန်းက ထွက်ခွာသွားပြီး တစ်လကျော်ကျော် သတင်းမကြားရလျှင် မတော်တဆဖြစ်လျှင်ဖြစ် သို့မဟုတ် သေသွားနိုင်ချေက များသည်။

ယန်မော့ကသာ အဆင့်မြင့်အရာရှိများအား ကြိုတင်ကာ အကြောင်းကြားသွားခဲ့ပြီး အချိန်တန်ကြာအောင် ပြန်လာမည် မဟုတ်ကြောင်း မပြောထားခဲ့လျှင် သို့မဟုတ် ယန်မော့၏ အကျိုးအမြတ်များကို လက်ခံထားပြီး ကိုယ်တိုင် ရှေ့မထွက်မိသောကြောင့် မျက်နှာပူရမည့် အခြေအနေမျိုးကို စိုးရွံ့နေသောကြောင့်သာ မဟုတ်ပါက အထက်မှ သူများကပင် ထိုအိမ်ကို သိမ်းယူပြီးလောက်လေပြီ။ ထိုမျှအထိ စိုးရိမ်နေရန်လည်း အလိုအပ်တော့ပေ။

ပြဿနာကို ရှာသော သူများ၏ အစစ်အမှန် ရည်ရွယ်ချက်ကလည်း ယန်မော့၏ စံအိမ်ကို ဖျက်ဆီးရန်တင် မဟုတ်ပေ။ ပြောရမည် ဆိုလျှင် စံအိမ်များက စံအိမ်နယ်မြေတွင်သာ တည်ရှိသည်။ အရင်းအမြစ်များကလည်း အကန့်အသတ်နှင့် ဖြစ်ပြီး ဝယ်လိုအားနှင့် ထုတ်လုပ်အားက မမျှတော့ချေ။ ထို့ကြောင့် စံအိမ်နယ်မြေမှ အိမ်များ၏ ငှားရမ်းမှုအားကလည်း အများကြီးကို တိုးတက်လာပြီ ဖြစ်သည်။ ထို့အပြင် ထိုနယ်မြေအတွင်းသို့ ဝင်ရောက်နေထိုင်သူ အများစုကမူ အိမ်တစ်လုံးသာ ပိုရှိလျှင် အခွင့်အရေး ပိုရမည်ဟု ထင်နေသည်။

ထိုကိစ္စသာ အောင်မြင်သွားခဲ့ပါက အနာဂတ်တွင် အလားတူသော အခြေအနေမျိုးများ ဖြစ်လာခဲ့လျှင် သူတို့သည် သဘာဝကျကျပင် ထိုနောက်ထပ် စံအိမ်တစ်ခုကို ရနိုင်လေသည်။

မည်သို့ပင်ဆိုစေ ထိုကိစ္စက မတော်တဆမှုမျိုးက အဆုံးသတ်ကာလတွင် ဖြစ်နေကျ ဖြစ်သည်။

ယန်မော့တို့အဖွဲ့က ပုယွမ်ကျိုးက နောက်ခံ အခြေအနေကို စာရင်းသွင်းသည့် အခြေအနေကို စောင့်ပြီး မြို့တော် C ၏ ဂိတ်ပေါက်တွင် စုဝေးနေကျ ချိန်တွင် အတွင်းဘက်က ဝရုန်းသုန်းကား ဖြစ်နေသည်။ သူတို့၏ စံအိမ်တံခါးက အပိတ်ခံထားရသည်။

124 02

“ငါမင်းကို ဒီစံအိမ်မှာ ပိုင်ရှင်ရှိတယ်လို့ ဘယ်နှစ်ခါ ပြောရမှာလဲ။ ဒီစံအိမ်မှာ ပိုင်ရှင် ရှိတယ်။ ဘာလို့ ပြဿနာတွေ လာရှာနေတာလဲ”

အခြေစိုက်စခန်း၏ထိပ်ပိုင်းစီမံမှုမှ လွှတ်ထားသောသူများကလည်း စံအိမ်တံခါးရှေ့တွင် ရပ်ပြီး အဆုတ်ကွဲမတတ် အအော်ဟစ်ရှင်းပြနေရသည်။

“ညီအစ်ကိုတို့ သူတို့ ပေါက်ကရပြောတာ နားထောင်မနေနဲ့။ ငါ ဒီမှာနေတာ တစ်လကျော်ကျော်လောက် ကြာပြီ။ ဒီစံအိမ်ကို ဝင်ထွက်သွားလာတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီစံအိမ်မှာတစ်ယောက်ယောက် နေခဲ့ရင်တောင်မှ သူတို့ ဒီလောက်ကြာပြီ ပြန်မလာဘူးဆိုရင် အပြင်မှ သေနေလောက်ပြီ။ ဘာလို့ ဒီနေရာမှာ မနေနိုင်ခိုင်းတာလဲ။ သူတို့ကို ခေါ်ထုတ်လိုက် ခေါ်ထုတ်လိုက် ခေါ်ထုတ်လိုက်”

“အားလုံး အတူ ပြေးဝင်ရအောင်။ သူတို့ ငါတို့ကို မတားနိုင်ဘူး”

သဘာလွန်စွမ်းအား ရှင်များ အကြားတွင် ရောနှောဝင်ရောက်နေသော ပိုင်မိသားစုဝင်များကလည်း အဆုတ်ကွဲမတတ် ပြဿနာရှာကာ အခြေအနေကို ဆိုးရွားအောင် လုပ်သည်။

ယန်မော့တို့အဖွဲ့က စံအိမ်နယ်မြေသို့‌ မောင်းဝင်လာသောအခါ လူပေါင်းများစွာက ဦးတည်ရာတစ်ခုတည်းသို့ အုံအောသွားနေကြောင်း မြင်ရသည်။

“ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ လူတွေ အဲဒီကို သွားနေတာလဲ”

ရှုရှင်းက ကားပြတင်းပေါက် မှန်ကို ချပြီးနောက် လူအုံနေသော ဘက်ကို လှမ်းကြည့်သည်။

“မသိဘူးလေ ဒါပေမဲ့ ဦးတည်ရာဘက်ကို ကြည့်တာတော့ ငါတို့ရဲ့ စံအိမ်ဘက်နဲ့ တူတယ်”

အပျော်ဝင်ပါလိုသော ပုရှန်းဝမ်ကလည်း‌ နောက်ကျမကျန်ရစ်လိုသဖြင့် ခေါင်းထွက်ပြီး ကြည့်သည်။ သူတို့ဟာ မည်မျှ စိတ်ဝင်စားနေကြောင်းမြင်သောအခါ ယန်မော့ကလည်း စိတ်စွမ်းအားကို လွှတ်ထုတ်ပြီး စုံစမ်းပေးရသည်။ ထို့နောက် မျက်နှာက ချက်ချင်း မဲမှောင်သွားသည်။

“ဘာဖြစ်လို့လဲ”

မူချီမိုင်ကလည်း ယန်မော့၏ မျက်နှာအမူအရာက ပုံမှန် မဟုတ်ကြောင်း သိလိုက်သည်။

“ဟေး ငါတို့ ပြန်မလာတာ ကြာပြီ မဟုတ်လား။ ဆိုတော့ အချို့ယင်ကောင်တွေက မခုန်ဘဲ မနေနိုင်တော့ဘူး။ ကားကို လမ်းဘေးမှာ အရင်ရပ် ဘယ်သူ ပြဿနာရှာလဲ အရင်သွားကြည့်ရအောင်”

ယန်မော့၏ လေသံက အေးစိမ့်နေသည်။ ဒီတစ်ခေါက် ပြဿနာရှာသော သူများက သူ့ကို ဒေါသထွက်သွားစေသည်မှာ သေချာသည်။

******

All Chapters