အခန်း ၁၂၅
Vol. 13 Ch. 125
125 01
အပိုင်း (၁၂၅)
ယန်မော့က ရှုရှင်းကို သူနှင့်အတူ လိုက်မထွက်စေပေ။ အရှေ့တွင် လူအများကြီး အုံနေသည်။ အများစုက ယောက်ျားသားများဖြစ်သည်။ ထို့ကြောင့် သူမအား ကားထဲတွင်သာ နေခိုင်းလိုက်သည်။
“ဝေါင်း…”
“အူး….”
ကျားဖြူနှင့် နှင်းဝံပုလွေဖြူတို့ကလည်း သခင်ဖြစ်သူ၏ စိတ်အခြေအနေ အပြောင်းအလဲကို ခံစားမိသည်။ ထို့ကြောင့် သူတို့က ကားထဲမှ ထွက်သည်နှင့် ခန္ဓာကိုယ်ကို ချက်ချင်း ကြီးပစ်လိုက်ကာ ကြမ်းတမ်းသော အသွင်းမျိုးဖြင့် လမ်းကို ရှင်းပေးသည်။
သားရဲများ၏ ဟိန်းသံက ဆူညံနေသောလူအုပ်ကို ချက်ချင်း တိတ်သွားစေပြီး အားလုံးကလည်း လှည့်ကြည့်လာကြသည်။
လူအုပ်ထဲမှ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြည့်နေသောလူအိုကြီးကလည်း မည်သူဖြစ်ကြောင်း မြင်လိုက်သည်နှင့် အမူအရာက ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် အသင်းဝင်များကို ဦးဆောင်ကာ အစွန်းဘက်နားသို့ ခပ်မြန်မြန် ရွေ့သွားလိုက်ပြီး လုံခြုံသော နေရာရောက်မှသာ ရပ်သွားသည်။
သူတို့က အပျော်လာကြည့်ခြင်းသာ ဖြစ်သည်။ အပျော်၏ တစ်စိတ်တစ်ပိုင်း မဖြစ်လိုပါပေ။
အချို့သော ဉာဏ်ကောင်းသော လူသစ်အချို့ကလည်း ထိုလူအိုကြီး၏ လုပ်ရပ်ကို မြင်လိုက်သည်နှင့် နောက်မှ လိုက်သွားပြီး လူစုခွဲကာ ရှင်းလိုက်သည်။
ကျားဖြူနှင့် နှင်းဝံပုလွေတို့၏အရှေ့တွင် လူလေးယောက်ရပ်နေပြီး အားလုံးက ကိုယ်ပိုင် ထူးခြားသော ရုပ်ရည်နှင့် အမျိုးအမျိုးသော စိတ်နေသဘောထားများကို ပိုင်ဆိုင်ထားကြသည်။ အထူးခြားဆုံးကမူ သူတို့က အတူရပ်နေသောအခါ အရှိန်အဝါများက ရှင်းပြရန် ခက်ခဲစွာ လိုက်ဖက်ညီနေကြလေသည်။
ယန်မော့က အရှေ့ဆုံးမှ နေ၍ တစ်လှမ်းချင်းလှမ်းကာ သူတို့ကို ဦးဆောင်ခေါ်သွားသည်။ လူအုပ်က အလိုလျောက်ပင် ဖယ်ပေးရသည်။
ကျားဖြူနှင့် နှင်းဝံပုလွေတို့က အနောက်မှ အနီးကပ်လိုက်သည်။ အနားမှ လူတိုင်းကိုလည်း မကြာခဏဆိုသလို သွားဖြဲမာန်ဖီကာ ကြည့်နေသောကြောင့် လူတိုင်း သေအောင် ကြောက်ပြီး နောက်ဆုတ်ကြ၏။ ထိုသို့ဖြင့် နေရာက ပိုကျယ်သွားသည်။
စံအိမ်၏ အရှေ့တွင် ပိတ်နေသော အုပ်ချုပ်မှုဘက်မှ လူများကလည်း ယန်မော့ကို သိသည်။ သူ့ကို မြင်သည်နှင့် စိတ်အေးသွား၏။ ထို့နောက် အနားသို့ လာကာ ပြောသည်။
“မင်း နောက်ဆုံးတော့ ပြန်လာပြီးပေါ့။ မင်းသာ ပြန်မလာဘူးဆိုရင် ငါသူတို့ကို တကယ် မတားနိုင်လောက်တော့ဘူး။ ဒီစံအိမ်မှာနေတာ မကြာဘူးဆိုတော့ သူတို့က လူလွတ်နေတယ်ဆိုပြီး အသည်းအသန်ကို ဖြစ်နေတာ။ ဒါကြောင့် ပြဿနာလာရှာနေတာ။ တော်တော်လေးကို ကြာပြီ။ ဒီနေ့ကတော့ သူတို့ ဖောက်ဝင်ဖို့ လာလုပ်နေတာ”
“အာ အနှောက်အယှက်ဖြစ်သွားတာ တောင်းပန်ပါတယ်။ ငါ ဒီနေရာက ကိစ္စတွေကို အရင်ကိုင်တွယ်လိုက်မယ်။ ပြီးမှ လာရှာတော့မယ်”
“ကောင်းပြီ။ ဒါဆိုရင် မင်းဘာသာမင်းဘဲ ကိုင်တွယ်လိုက်တော့နော်။ ရတယ်မလား”
“ရတယ် ပြဿနာ မရှိဘူး”
သူတို့၏စကားပြောပုံကတဆင့် အနားတွင် အုံကြွနေသောသူများကလည်း ထိုသူများ၏ နောက်ခံကို သိသွားသည်။ သို့သော် ကိစ္စများက ထိုအခိုက်အတန့်အထိ ရောက်လာပြီ ဖြစ်သည်။ သူတို့ကသာ ထိုအခိုက်အတန့်တွင် ထွက်သွားလိုက်မည်ဆိုလျှင် အနာဂတ်တွင် ဒီအခြေစိုက်စခန်းထဲတွင် နေစရာရှိတော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့ဟာ ထိုသူကို ရန်စပြီးသား ဖြစ်သည်။ သူ့ထံမှ အကျိုးအမြတ်ကို ရအောင် မယူနိုင်လျှင် အလဟဿ ဖြစ်တော့ပေမည်။ ထိုအချက်အပြင် အာရုဏ်ဦးအသင်းကလည်း အခြေစိုက်စခန်းမှ ကောလဟာလများလောက် အင်အားကြီးချင်မှ ကြီးပေလိမ့်မည်။ သူတို့၏ အင်အားကလည်း အားမနည်းပါပေ။ ထို့ကြောင့် ထိပ်တိုက် မရင်ဆိုင်ရသေးခင် အရှုံးမပေးနိုင်ပေ။
အချို့သော သူများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တစ်ယောက်အတွေးကို တစ်ယောက် အတည်ပြုသည်။ သူတို့ထဲမှ အင်အားအကြီးဆုံး တစ်ယောက်က အရင်ထွက်လာကာ ယန်မော့နှင့် အရင်ညှိသည်။
“အိမ်မပြန်လာတာ နှစ်လကျော်ကျော်တောင် ကြာပြီ။ ငါပြန်လာတာနဲ့ လူအများကြီးက အိမ်တံခါးဝမှာဝိုင်းပြီး ငါ့ကို ဖားဖို့ကြိုနေမယ်လို့ မထင်ထားမိတာ အမှန်ပဲ။ အခုငါတို့ အားလုံး ပြန်လာပြီ။ မင်းတို့မှာ ဒီမှာ ရပ်နေသေးတုန်းပဲဆိုတော့ ဝင်လာပြီး ဧည့်သည်လုပ်ချင်လို့လား”
125 02
ပုရှန်းဝမ်၏မျက်နှာတွင် ပေါ့ပါးသောအ ပြုံးမျိုးက ရှိနေပြီး လှောင်ပြောင်သော လေသံမျိုးဖြင့် ပြောသည်။ တစ်ယောက်ယောက်ကသာသူက စိတ်အခြေအနေ ကောင်းသည်ဟု ထင်လျှင် မှားတော့ပေမည်။
သူ့ရဲ့ လက်ထဲမှာ မီးတွေ ထွက်လာတာ မမြင်ဘူးလား။
သူပြောသော စကားက ခြိမ်းခြောက်မှုသာ မဟုတ်လျှင် အားလုံးကလည်း ခေါင်းကိုသာ ဖြုတ်ပြီး ဘောလုံးအဖြစ် ကန်ခိုင်းလိုက်သင့်သည်။
“မင်းတို့အားလုံး ဒီနေ့ ဘာလို့ ဒီနေရာမှာ လာအုံနေလဲဆိုတာကို သိပြီးပြီ။ နောက်က စံအိမ်က ငါ့အိမ် အခု ငါတို့ ပြန်လာပြီ။ အိမ်ကလည်း ပိုင်ရှင်ရှိပြီးသားဆိုတော့ မထွက်သွားသင့်ဘူးလား”
ပြဿနာရှာသူများထဲမှ သူများက စတင်ကာ နောက်ဆုတ်ရန် တွေးတောနေသည့် အချိန်တွင် ယန်မော့တို့က ထွက်လာချိန်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူက အင်အားကြီးမားကြောင်း မြင်ကတည်းက အားလုံးကလည်း နောက်လှည့်ကာ ထွက်သွားချင်ကြသည်။
တစ်စုံတစ်ယောက်က ဦးဆောင်သည်နှင့် အခြားသော သူများကလည်း လိုက်ကာ ထွက်သွားကြပြီး နောက်ဆုတ်ကြသည်။ ထိုသို့ဖြင့် တစ်ဝက်ကျော်ကျော်က ရှဲသွားသည်။
ကျန်သော လူများအကြားတွင် အမှန်တကယ် ပြဿနာရှာသောသူအချို့ ရှိသည်။ ပိုက်ဆံပေးပြီး ပြဿနာလာရှာခိုင်းသောသူများလည်း ရှိသည်။ အခွင့်ကောင်း ယူချင်သူများလည်း ရှိ၏။ သို့ရာတွင် မည်သည့် တစ်ခုပင် ဖြစ်နေစေကာမူ ထိုသူများက ယခု မထွက်သွားကြသေးလျှင် နောက်ပိုင်း ထွက်ရန် မလွယ်တော့ပေ။
“ကြည့်ရတာ နှစ်လကျော်ကျော်လောက် ပြန်မလာဘဲ နေလိုက်တော့ အချို့သူတွေက ငါတို့ နာမည်တောင် မေ့သွားတဲ့ပုံပဲ။ မျက်နှာသစ်တွေတောင် အများကြီး ကျန်နေသေးတာပဲ။ ဒီတစ်ခေါက် အားလုံးရဲ့ထင်မြင်ချက်ကို ခိုင်မာအောင် လုပ်ပေးလိုက်တာ ကောင်းမယ်ထင်တယ်။ ချီမိုင်၊ ရှန်းဝမ် စတော့”
ယန်မော့၏ လေသံက တည်ငြိမ်သည်။ သူသည် လူအုပ်ထဲမှ လူများကို ကြည့်သည်။ သူတို့၏ အကြည့်များကိုလည်း မြင်၏။ နောက်ကွယ်မှ လူရှိမှန်းလည်း သိသည်။ ထို့ကြောင့် ယဉ်ကျေးမနေတော့ဘဲ မူချီမိုင်နှင့် ပုရှန်းဝမ်ကိုသာ တိုက်ရိုက်လှုပ်ရှားခိုင်းလိုက်သည်။
သူတို့ဆီက အကျိုးအမြတ်လိုချင်တယ် ဟုတ်လား။ ယူရဲလား။
သူတို့က အခြေစိုက်စခန်းအတွင်းမှ သူတို့၏ အဆင့်အတန်းကို ခိုင်မာအောင် လုပ်ပြီး ခြိမ်းခြောက်လိုလျှင် နင်းခံကျောက်တုံးအဖြစ်သာ သုံးရတော့ပေမည်။
နောက်ပိုင်း သူတို့ ဘယ်သူ့ကို အထွန့်တက်မလဲကြည့်ရမယ်”
မူချီမိုင်နှင့် ပုရှန်းဝမ်တို့ကလည်း ယန်မော့၏ အဓိပ္ပာယ်ကို နားလည်ပြီး တည်ငြိမ်စွာဖြင့် တိုက်ခိုက်သည်။ ကွက်တိကျသည်။ ရက်စက်၏။
နှစ်ဖက်အကြားမှ သဘာဝလွန်စွမ်းအား အဆင့်ကွာခြားချက်က သိသာလွန်းနေလေရာ မူချီမိုင်နှင့်ပုရှန်းဝမ်တို့၏အမြင်တွင် ကလေးကစားနေသည်နှင့်ပင် မတူပေ။ ထို့ကြောင့် သူတို့ အရှေ့မှ ကျန်သော သူများကို ခပ်အေးအေးကိုင်တွယ်လိုက်ကြသည်။ သူတို့၏ အပြုအမူက အလွန်မျှတသည်။ အလားတူ ဒဏ်ရာရအောင် လုပ်ပေးသည်။ အနည်းဆုံး လူတိုင်းက တစ်လခန့်တော့ အိပ်ယာထဲ လဲနေရမည် ဖြစ်သည်။ တစ်ရက်မှ မပိုစေရပေ။
ပြဿနာလာရှာသော ဒဏ်ရာ အပြင်းအထန်ရသွားသော သူများ : ကျေးဇူးတင်ပါတယ်။
မျှမျှတတ ဆက်ဆံပေးတာကို ကျေးဇူးတင်ရအုံးမလား။ မလွန်နဲ့လို့ ပြောချင်တယ်။
ယန်မော့က အတော်လေးကို ပြဿနာလာရှာသော သူအချို့ကို ကောက်ရွေးလိုက်ပြီး တာ့ပိုင်နှင့် အတူ အနားသို့ လျှောက်သွားသည်။
“ငါ့ကို ပြော မင်းတို့ကို ဘယ်သူက လွှတ်လိုက်တာလဲ”
သေစမ်း ဒီလောက် သူလျှိုတွေ အများကြီးမှ ဘာလို့ သူတို့ကို ရွေးတာလဲ။
သူက အရွေးချယ်ခံများလား။
သူ အရွေးချယ်ခံ မဟုတ်တာ ကောင်းမယ်ထင်တယ်။
“ပိုင်…ပိုင်မိသားစုက ငါ့ဆီ ချဉ်းကပ်လာခဲ့တာ။ နောက်ပိုင်း ဆရာလျှန်ပေ့ကလည်း ငါ့ကို ခိုးပြီး ချဉ်းကပ်လာသေးတယ်။ သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှာခိုင်းတာ”
ယန်မော့ကပင် ဒုတိယတစ်ခွန်းထပ်ပြီး မပြောရသေးခင် ရွေးချယ်ခံ အစ်ကိုကြီးက သွေးအန်နေရင်း နောက်ကွယ်မှ အားလုံးကို ဖော်လိုက်သည်။
125 03
သူဟာ ကျောရိုးမရှိသောကြောင့် မဟုတ်ပေ။ သို့သော် သူ၏ အရှေ့မှ အလွန်ကြီးများလွန်းသော ဝံပုလွေခေါင်းကြီးကို အမှန်တကယ် ကြောက်လေသည်။ သူ၏ပါးစပ်က သွေးသံရဲရဲနှင့် ဖြစ်သည်။ သူကသာ တစ်စက္ကန့်ခန့်ပိုပြီး အချိန်ဆွဲနေခဲ့မည်ဆိုလျှင် သူ၏ ခေါင်းက ပြုတ်သွားလောက်သည်။
သာ့ပိုင် : ငါ့ကို မစွပ်စွဲနဲ့။ ငါက သမ်းတာ။ သခင်မ ရှုရှင်းက ပြောတယ်။ ညစ်ပတ်တာတွေ မစားရဘူးတဲ့
သာ့ပိုင် : မင်းက ဒီလောက် ညစ်ပတ်တာ။ စားလိုက်ရင် ဗိုက်အောင့်မှာပေါ့ မစားချင်ပါဘူး
အရွေးချယ်ခံ : ကျေးဇူးတင်ပါတယ်။ ငါက ညစ်ပတ်ပါတယ်။
ယန်မော့က လက်ချောင်းများကို အသာလှုပ်နေရင်း စိတ်ထဲတွင်လည်း ထပ်ခါတလဲလဲ တွေးသည်။: ပိုင်မိသားစုနဲ့လျှန်ပေ့ သူတို့ကို အကြာကြီးလျှောက်ခုန်ခွင့် ပြုထားလိုက်တာ ဆိုတော့ ကိုင်တွယ်ဖို့အချိန်ကျပြီထင်တယ်။
******