အခန်း ၁၂၆
Vol. 13 Ch. 126
126 01
အပိုင်း (၁၂၆) ရန်စဖို့ အချိန်ကျပြီ ထင်တယ်
အာရုဏ်ဦးအဖွဲ့ကလူများက သူတို့၏ အိမ်ကို လာလုသော သူများကို လျှင်မြန်မြန်ဆန်ကာ သက်ရောက်မှု ရှိသော နည်းလမ်းမျိုးဖြင့် အချိန်မဆွဲလေဘဲ ဖြေရှင်းလိုက်ခြင်းဖြင့် ရောက်ရှိနေသောသူများစောင့်ကြည့်နေသော သူများအားလုံးကို တုန်ယင်သွားစေသည်။ ထို့နောက် တစ်ဖန်ထပ်ပြီး အာရုဏ်ဦးအသင်း၏ အင်အားကလည်း လူတိုင်းအကြား ပြောစကားများ ဖြစ်သွားခဲ့သည်။
အဝေးတွင် ပုန်းကာ ချောင်းကြည့်နေသော ပိုင်မိသားစုနှင့် လျှန်ပေ့တို့ကမူ သေအောင် ကြောက်သွားသည်။ တစ်စုံတစ်ယောက်က စိတ်စွမ်းအားပညာရှင် ဖြစ်လာသည်နှင့် ခန္ဓာကိုယ်မှ အကြားအာရုံငါးပါးလုံးက မြင့်မားစွာ အဆင့်မြင့်သွားတတ်သည်။ သူတို့ကို သစ္စာဖောက်သော သူများကပင် ထိုမျှအကျယ်ကြီး ပြောလေရာ အလွန်ဝေးသော နေရာမှ လူများကပင် အားလုံးကို ကြားလိုက်ရသည်။
သာမာန်လူတစ်ယောက်ကသာ အခြားသောသူတစ်ယောက်၏ အခွင့်ကောင်းအယူခံရလျှင် သေချာပေါက် ဒေါသထွက်ပြီး ရန်ငြိုးထားပေလိမ့်မည်။ ယခုကဲ့သို့ စွမ်းအားရှိသော သူများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
ထိုကိစ္စကြောင့် ပိုင်မိသားစုနှင့် လျှန်ပေ့တို့သည် အခြေစိုက်စခန်းမှ အင်အားစုအသစ်အုပ်လိုက်ကြီးကို ရန်စမိသွားသည်။ အခြေစိုက်စခန်းအတွင်းတွင် မတည်ငြိမ်သော အုတ်မြစ်နှင့် အင်အားစုလေးများသာ ဖြစ်ပြီး သူတို့ကို အများကြီး မခြိမ်းခြောက်နိုင်လောက်သော်လည်း ပုရွက်ဆိတ်တွင်းကလည်း ကြာလာသောအခါ မိုင်ထောင်ကျော်ကျယ်သည့် ဆည်ဖြစ်နိုင်သည်။ အင်အားစုလေးများက ပူးပေါင်းသောအခါ ကြောက်စရာ ကောင်းနိုင်၏။
အနည်းဆုံး ရေတိုအတွင်းတွင်မူ ပိုင်မိသားစုနှင့် လျှန်ပေ့တို၏ အင်အားစုအတွင်းသို့ ဝင်ရောက်လာသော လတ်ဆတ်သည့် အသားသစ်များ မရှိတော့ပေ။
ကမ္ဘာအဆုံးသတ်ကာလများတွင် တိုးတက်မှုနှင့် ဆိုးယုတ်မှုအကြား ကွာဟချက်က သိသာသည်။
ယန်မော့တို့က အခြေစိုက်စခန်းသို့ ပြန်ရောက်လာသည့်အချိန်တွင် ယခုလို ကိစ္စကြီးက ဖြစ်သွားလေရာ စိတ်အခြေအနေက အများကြီး ထိခိုက်သွားသည်။ သို့ရာတွင် ရှုရှင်းကလည်း အမြဲတစေ လျှင်မြန်စွာ ကုစားနိုင်စွမ်းရည်ရှိသော သူဖြစ်သည်။ သူမ၏ စိတ်အခြေအနေက တစ်ရေးအိပ်ပြီးသည်နှင့် ကောင်းသွားသည်။
အိပ်ယာနိုးလာပြီးနောက် မူချီမိုင်က ပုယွမ်ကျိုးကို ရုံးခန်းသို့ ခေါ်ကာ သူတို့၏ အသင်းကို ဝင်ရောက်မည့် ကိစ္စများအားလုံးကို လုပ်ဆောင်လေသည်။ ထိုအချိန်မှ စတင်ပြီး သူသည်လည်း သူတို့၏အသင်းက တရားဝင် အဖွဲ့ဝင် ဖြစ်သွားလေပြီ။ သူ၏ အခန်းကလည်း ပထမထပ်တွင် စီစဉ်ပေးခြင်း ခံရသည်။ စာရင်းပေးသည့် ကိစ္စများကို လုပ်ဆောင်ပြီးနောက် ရှုရှင်းကလည်း ထိုအခန်းကို ပစ္စည်းများဖြည့်ထားပြီးသား ဖြစ်သည်။
ယန်မော့က ပုရှန်းဝမ်ကို ခေါ်ကာ သူတို့ ယခင်က အိမ်ကူညီကာ ရှာပေးသောစီနီယာတန်းအဆင့် စီမံမှု ဌာနသို့ သွားလိုက်ပြီး သဘောတူထားသည့် လခကို ပေးလိုက်သည်။
သူတို့အတွက် ဒါဟာ အဆင့်သုံးအဆင့် ဇွန်ဘီ အမြူအတေ အနည်းငယ်သာ ဖြစ်သည်။ အခြေပြုစွမ်းအားများပါဝင်သော်လည်း မပြောပလောကပ်ပါပေ။ သို့သော် အခြားသော သူများအတွက်ကမူ ရှားပါးပြီး အဖိုးတန်သော အရာများ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ ယခုရှိနေသမျှသော စိတ်စွမ်းအားပညာရှင် အများစုကမှ အဆင့်နှစ်ဝန်းကျင် ဖြစ်သည်။ အဆင့်သုံးသို့ အရင်ဝင်ရောက်နိုင်ခြင်းကလည်း အခြားသော စိတ်စွမ်းအားပညာရှင် အများစုကို ငုံ့ကြည့်နိုင်လေသည်။
အင်အားချင်း တိုးတက်မှုမျိုးကလည်း အခြေစိုက်စခန်းအတွင်းမှ သူတို့၏ တည်နေရာကို ပို၍လုံခြုံသေချာသွားစေသည်။ ထို့ကြောင့် ယန်မော့၏ အိမ်ကို ကူညီပေးထားသည့်အနေဖြင့် အဆင့်သုံး အဆင့်အမြူအတေကို ပေးမည်ဆိုသော သဘောတူညီချက်က ငြင်းစရာအကြောင်း မရှိခဲ့ပေ။
တစ်စုံတစ်ယောက်ကသာ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို လုပ်လာခဲ့မည်ဆိုလျှင် သူတို့က မယုံကြည်လောက်ပေ။ သို့သော် ယန်မော့က ဦးဆောင်သော အာရုဏ်ဦးအသင်းအကြောင်းကိုမူ သူတို့က ကောင်းကောင်သိနေသည်။
126 02
သူတို့သည် လူမနေသော အိမ်ကို ကြည့်ထားရုံသာ ဖြစ်သည်။ အခြားသူ မသိမ်းအောင် ကြည့်ထားပေးရုံသာ လိုအပ်သည်။ အခြားသော ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုမျိုးကို မလိုအပ်ပါပေ။
သူတို့၏ လက်ချောင်းကို လှုပ်လိုက်ရုံဖြင့် အောက်မှလူများက သွားရောက် လုပ်ဆောင်မည် ဖြစ်သည်။ သို့သော် တတိယအမြူအတေကမူ သူတို့ဆီ ရောက်လာသည်။ သဘောတူညီမှုက အလွန်အမင်း ကောင်းလွန်းသည်။ အရူးမှသာ ငြင်းပေလိမ့်မည်။
“မင်းတို့နဲ့အလုပ်အတူ လုပ်ရတာ ဂုဏ်ယူစရာပါ။ နောက်ပိုင်းလိုအပ်တာ ရှိရင်လည်း ငါတို့ဆီကို လာပြီး အကူအညီတောင်းလို့ရတယ် တုံ့ဆိုင်းမနေနဲ့”
ယန်မော့ထံမှ အမြူအတေများကို ရထားသည့်အခါ ထိုစီနီယာတန်းအဆင့် ခေါင်းဆောင်များအားလုံးက ပြုံးရယ်နေကြပြီး ယခုလိုကိစ္စမျိုးကို မကြာခဏပင် ဖြစ်စေချင်နေကြသည်။
“အလုပ်အတူ လုပ်ရတာ ဂုဏ်ယူစရာပါ။ နောက်ပိုင်း ငါ လိုအပ်တာ ရှိတာနဲ့ချက်ချင်းလာပါ့မယ်”
သူတို့သည် အနာဂတ်တွင်လည်း သေချာပေါက် အပြင်ထွက်ရပေမည်။ ယန်မော့ကလည်း သူတို့ကို ယဉ်ကျေးနေလိုစိတ် မရှိပေ။ မည်သို့ပင် ဆိုစေ ဒါဟာ အကျိုးအမြတ် ဖလှယ်မှုသာ ဖြစ်သည်။ တုံ့ဆိုင်းစရာ မရှိပေ။
ညပိုင်း ညစာစားချိန်တွင် …
“မော့ကော ပိုင်မိသားစုက ငါတို့ရဲ့ အရှေ့မှာ ခုန်ပေါက်နေတာ တော်တော်လေးကို ကြာပြီ။ မကြာခဏဆိုသလို ပြဿနာရှာနေကျ တော်တော်လေးကို ရွံစရာ ကောင်းတယ်။ သူတို့ကို ဘယ်အချိန်မှများ ကိုင်တွယ်တော့မှာလဲ”
ပုရှန်းဝမ်ကလည်း ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ့ လဲနေရင်း လက်ထဲမှ ဂိမ်းခလုတ်ကို ကိုင်ကာ ကစားနေရင်းမှ လှမ်းပြောသည်။
“သူတို့က ဒီတစ်ခေါက် ငါတို့ကို တိုက်ခိုက်ရဲတယ်။ အရင်တစ်ခေါက်က ပေးထားတဲ့သင်ခန်းစာက မလုံလောက်ဘူးပဲ။ ဆိုတော့ အကြောင်းပြချက်မရှိ ပြဿနာ လာလာမရှာနေအောင် ကိုင်တွယ်မှ ဖြစ်တော့မယ်”
ပိုင်မိသားစု၏ ထပ်ခါတလဲလဲ မိုက်ရူးရဲဆန်သည့် ရန်စမှုများက ယန်မော့ကိုလည်း သူ၏ အစောပိုင်း အတွေးများက မှားယွင်းခဲ့ကြောင်း ခံစားမိလာသည်။ ထိုကဲ့သို့သောသူများကို အမြတ်ဆုံး ရင်ဆိုင်လိုက်လျှင် ပိုကောင်းပေမည်။
“ယောက်ျား ပိုင်မိသားစုကို ရင်ဆိုင်တော့မှာလား အကြံရှိပြီလား”
ရှုရှင်းတို့ အားလုံးကလည်း ယန်မော့ကို တောက်ပသော မျက်လုံးများဖြင့်ကြည့်ကြသည်။ သူ၏ စီစဉ်မှုများကို စောင့်ဆိုင်းနေသည်။