← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

128 01

အပိုင်း (၁၂၈) ပိုင်ကျန်းချူတော့ဒုက္ခရောက်ပြီ

လွန်ခဲ့သော သုံးလခန့်က C မြို့၏ အခြေစိုက်စခန်းသည် တာဝန်စင်တာ၊ ဝန်ဆောင်မှု ခန်းမ စသဖြင့် ခွဲထားပြီးသားဖြစ်သည်။ တာဝန်စင်တာ၏ ခန်းမမှ တာဝန်များကလည်း အဆင့်အမျိုးအစားခွဲခြင်းအားဖြင့် အသီးသီးသော တာဝန်များကို ပိုင်းထားပြီးသား ဖြစ်သည်။ တာဝန်အဆင့်များကလည်း နိမ့်ရာမှ မြင့်ရာသို့ အသီးသီး ဖြစ်သည်။ D, C, B, A, S အဖြစ် သတ်မှတ်ထားသည်။ S အဆင့် သတ်မှတ်ခံထားရသော တာဝန်များကလည်း နည်းပါးသည်။ ယူသောလူကလည်း အနည်းဆုံး ဖြစ်နေသည်။

ထိုကဲ့သို့သောတာဝန်ကို ပထမဦးဆုံး ကြေညာသောအခါ အကြောက်အလန့်အမဲ့ဆုံး အသင်းက ယူခဲ့ဖူးသည်။

သို့ရာတွင် သူတို့၏ မိုက်မဲမှုနှင့်ဆင်ခြင်ဉာဏ်မဲ့မှုက သေဆုံးသွားစေခဲ့သည်။ သိသာထင်ရှားလွန်းသော ဥပမာကတင် အားလုံး၏ မျက်စိရှေ့တွင် ထင်ရှားနေသည်။ ထို့ကြောင့် သာမာန် အရည်အသွေးသာ ရှိသော အသင်းများကလည်း ထိုတာဝန်ကို မယူရဲကြပေ။

တာဝန်အဆင့်များကို ပိုင်ခြားပြီးချိန်ကတည်းက S အဆင့် တာဝန်များကို ပြီးမြောက်အောင် လုပ်နိုင်သော လူများက လက်ဆုပ်စာသာ ရှိသည်။ ထို့ကြောင့် လူများက လည်း S အဆင့် တာဝန်ကို ပြီးမြောက်အောင် လုပ်သော သူတိုင်းကို အာရုံစိုက်နေကြသည်။

ပိုင်ကျန်းချူက တာဝန်ခန်းမသို့သွားသည့် ညနေပိုင်းတွင်ပင် ယန်မော့တို့ကလည်း သူဟာ S အဆင့်တာဝန်ကို ယူသွားကြောင်း သတင်းရလိုက်သည်။

အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ : ငါးစာတော့ ဟပ်ပြီ

ပိုင်မိသားစု …

ဘမ်း

“မင်းကို ဘယ်သူက S အဆင့် တာဝန်ယူခိုင်းလို့လဲ။ ဟမ် ဒါကဘယ်လောက်တောင် အန္တရာယ်များလဲ မသိဘူးလား”

လေးလံသော ပစ္စည်းက မြေပြင်ပေါ်သို့ ပြုတ်ကျသည့် အသံနှင့်အတူ ပိုင်ရှန်းတိ၏ ဒေါသတကြီး အော်သံကြီး ထွက်လာသည်။

“အဘိုး ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော် ကျွန်တော်ကိုယ်ကျွန်တော် သွားပြီး စိန်ခေါ်တာလေ။ အခြားသူတွေလုပ်နိုင်တာကို ကျွန်တော်လည်း လုပ်နိုင်တယ်။ ကျွန်တော်သာ ဒီတစ်ခေါက် အောင်မြင်သွားခဲ့ရင် ကျွန်တော်တို့ရဲ့အခြေစိုက်စခန်းထဲက ပိုင်မိသားစုရဲ့ ဂုဏ်သတင်းက သေချာပေါက် ထိုးတက်သွားမှာ”

မြေးဖြစ်သူ၏ စကားကို ကြားသောအခါ ပိုင်ရှန်းတိကလည်း တိတ်သွားသည်။ သူပြောသော စကားကလည်း မှန်ကန်သည်။ လက်ရှိ ပိုင်မိသားစု၏ အခြေစိုက်စခန်းထဲမှ အခြေအနေက ကောင်းလည်း မကောင်း ဆိုးလည်း မဆိုးသော အခြေအနေမျိုးဖြစ်သည်။ သူတို့ကသာ ရှေ့ဆက်ပြီး တိုးတက်လိုလျှင် အပြောင်းအလဲ ဖြစ်အောင် လုပ်ရတော့ပေမည်။

“အာ…မင်းဒီတစ်ခေါက် ထွက်သွားရင် ကောင်းကောင်းဂရုစိုက်ရမယ်။ တာဝန်ကို မပြီးမြောက်နိုင်လည်း ကိစ္စမရှိဘူး ။အသက်ရှင်နေဖို့က အဓိကပဲ။ မင်းရှိနေသေးသမျှ ငါတို့ရဲ့ပိုင်မိသားစုမှ အနာဂတ်ရှိတယ်”

ကောင်းကျိုး ဆိုးကျိုးကို ချိန်ဆပြီးသည်နှင့် ပိုင်ရှန်းတိကလည်း စိတ်အေးသွားသည်။ ပိုင်ကျန်းချူကလည်း အဖိုးဖြစ်သူကသူ့ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

နောက်ရက်အနည်းငယ်အတွင်းတွင် ပိုင်မိသားစုမှ လူများက အလုပ်များနေကြသည်။ တစ်ဦးတည်းသော မြေးလေး လုံခြုံစွာ ပြန်လာနိုင်ရန်အလို့ငှာ ပိုင်ရှန်းတိက ပိုက်ဆံအများကြီး သုံးကာ အင်အားကြီးမားသော လူပေါင်းများစွာကို ငှားပြီး ပိုင်ကျန်းချူနှင့်အတူ လိုက်စေသည်။

128 02

ယန်မော့ကလည်း ထိုလူများ၏ ပြင်ဆင်မှုများကို အေးစက်စွာသာ စောင့်ကြည့်နေပြီး မတားလိုက်ချေ။ ထိုလူများက မည်မျှပင် ရုန်းကန်နေစေကာမူ ပိုင်ကျန်းချူက သေချာပေါက် သေရမည် ဖြစ်သည်။

သုံးရက်ခန့် ကြာပြီးနောက် ပိုင်ကျန်းချူက လက်ရွေးစင် အသင်းနှင့်အတူ သူ၏လက်ရွေးစင် အသင်းအပြင် ငှားထားသော ဒုတိယအဆင့်စိတ်စွမ်းအား ပညာရှင်ဆယ်ယောက်နှင့်အတူ ထွက်သွားသည်။

သူတို့က ထွက်သွားပြီး တစ်နာရီသာ ကြာသေးသည်။ ယန်မော့နှင့် မူချီမိုင်ကလည်း အပြင်သို့ ရောက်သွားပြီ ဖြစ်သည်။ အာရုဏ်ဦးအသင်းမှ သူများက အပြင်သို့ထွက်ခဲသည်။ ထို့ကြောင့် လူနှစ်ယောက် ပျောက်နေလျှင်ပင် မည်သူကမှ သတိထားမိလိမ့်မည် မဟုတ်ပေ။ ယန်မော့နှင့်မူချီမိုင်တို့ ထွက်သွားသည့်ရက်တွင် တာ့ပိုင်နှင့် ကျွိမ်ဖုန်းတို့ကလည်း အပြင်သို့ ထွက်သွားကြသည်။ ဒီတစ်ခေါက် သူတို့ ခိုးပြီး ထွက်သွားကြသောကြောင့် မည်သည့် ကားကိုမှ မောင်းသွားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တာ့ပိုင်နှင့် ကျွိမ်ဖုန်းတို့ကို‌ ခေါ်သွားနိုင်ခဲ့သည်။

အကြံက အစီအစဉ်တကျ ဖြစ်သွားသည်။ ရှုရှင်းနှင့် ပုရှန်းဝမ်တို့က စခန်းတွင် နေခဲ့သည်။ ထို့နောက် ပိုင်ကျန်းချူ သေပြီဆိုသော သတင်းရောက်လာမည့်အချိန်ကိုသာ စောင့်နေခဲ့ပြီး ဝရုန်းသုန်းကားဖြစ်လာသည်နှင့် အရာအားလုံးကို အပြောင်ရှင်းရန် ဆုံးဖြတ်ထားသည်။

ပုယွမ်ကျိုးကလည်း တစ်ချိန်တည်းတွင်ပင် သူ၏ အကြံအစည်ကို စတင်ကာ အကောင်အထည် ဖော်နေသည်။ စံအိမ်ထဲတွင် အအားလပ်ဆုံးသူက ရှုရှင်းနှင့် ပုရှန်းဝမ်သာ ဖြစ်လောက်သည်။

စံအိမ်အတွင်းမှ တည်ဆောက်ပုံများကလည်း အခြေခံအားဖြင့် တူညီလေသည်။ ရှုရှင်းနှင့် ပုရှန်းဝမ်တို့က စံအိမ်များထဲတွင် ပစ္စည်းများ သိုဝှက်ရန် သင့်တော်သော နေရာများ အမှောင်ခန်းများ တည်ဆောက်ရန် သင့်တော်သော နေရာများကို အချိန်ပေးကာ ရှာဖွေထား၏။ ထို့ကြောင့် သူတို့ကသာ ပိုင်မိသားစုထံသို့သွာမည်ဆိုလျှင် မည်သည့် အရာကိုမှ မကျန်ရစ်ခဲ့စေရန် သေချာရပေမည်။

ပိုင်ကျန်းချူ၏အသင်းကလည်း လေးရက်မြောက် မနက်ပိုင်းတွင်သာ သတင်းပြန်ပို့လိုက်နိုင်သည်။ သတင်းပြန်ပို့သော သူက ပြောပြီးသည်နှင့် သတိလစ်သွားသည်။ အခြေစိုက်စခန်းကြီး တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ ပိုင်မိသားစုမှ လူများကလည်း ပိုင်ရှန်းတိအား ခပ်မြန်မြန် အကြောင်းကြားရသည်။

“အို မကောင်းတော့ဘူး မကောင်းတော့ဘူး. တစ်ခုခုဖြစ်ပြီ သခင်လေးမှာ တစ်ခုခုဖြစ်ပြီ”

“ဘာ…ဘာပြောလိုက်တယ် ပြန်ပြောစမ်း။ ကျန်းချူ ဘာဖြစ်တာလဲ”

ဧည့်ခန်းထဲတွင် ထိုင်နေသော ပိုင်ရှန်းတိက ရုတ်တရပ် ထရပ်လိုက်ပြီး တံခါးနားသို့ အလျှင်အမြန်လျှောက်သွားကာ အလျှင်စလိုမေးသည်။

“အသင်းထဲက လူတစ်ယောက်က သတင်းပြန်လာပို့တယ်။ သခင်လေး ကျန်းချူက တာဝန်သွားနေရင်း တိုက်ခိုက်ခံရတာတဲ့။ အခု…အခု သူ့ကို ကယ်ဆယ်ဖို့ လူလိုနေပြီ”

“!!!”

ပိုင်ရှန်းတိ၏ မျက်လုံးကလည်း မဲမှောင်သွားသည်။ သို့သော် အနားမှ သူများက သူ့ကို ခပ်မြန်မြန်တွဲ ထားပေးသောကြောင့်သူသည် လဲမကျသွားခဲ့ပေ။

“မြန်မြန် လူတွေ စုပြီး ချက်ချင်းကယ်ဆယ်ဖို့ လုပ်ကြ။ ဘာတွေ စောင့်နေတာလဲ မြန်မြန် လုပ်လေ”

ပိုင်ရှန်းတိက မြေပြင်ကို တောင်ဝှေ့ဖြင့် ဝုန်းကနဲ ထုလိုက်ပြီး စိုးရိမ်တကြီး အော်လေသည်။

ပိုင်မိသားစု တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ ပိုင်ရှန်းတိကလည်း လူကိုယ်တိုင်ပင် ထွက်ကာ ကယ်ချင်နေသည်။

“ပိုင်ရှန်းတိလည်း လိုက်သွားမှာလား။ ဘယ်လောက်တောင် ဝမ်းသာစရာ ကောင်းလိုက်သလဲ။ ဒီအဖိုးကြီးက တကယ် ထိတ်လန့်နေတာ”

128 03

ပုရှန်းဝမ်က ခံစားချက် အပြည့်နှင့် ပြောသည်။

“ပုံမှန်ပါပဲ သူက ပိုင်ကျန်းချူကို လူတိုင်းထက်ပိုပြီး အလေးထားတာကို ဆိုတော့ သူ့မြေးတစ်ခုခု ဖြစ်တဲ့အခါ ဘယ်လိုများ အေးအေးဆေးဆေးနေနိုင်မှာလဲ”

ရှုရှင်းကလည်း ပိုင်ရှန်းတိက မူလခန္ဓာကိုယ်ပိုင်ရှင်ကို လုပ်ခဲ့သည့် ကိစ္စများကို တွေးမိသောအခါ လှောင်လိုက်သည်။

“ငါတို့ ဒီည လှုပ်ရှားမယ် မင်းတို့ နှစ်ယောက် အသင့်ပြင်”

ပုယွမ်ကျိုးက ဝင်ပြောသည်။

“အင်း အားလုံးက အသင့်ပဲ ဒီည လှုပ်ရှားဖို့ပဲ စောင့်ရမှာ”

******

All Chapters