← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

129 01

အပိုင်း (၁၂၉) အကျိုးအမြတ်များ ခွဲခြင်း

ညအချိန် ရောက်လာသည်။ ရှုရှင်းနှင့် ပုရှန်းဝမ်တို့က ပိုင်မိသားစု စံအိမ်ထဲသို့ တိတ်တဆိတ် ဖောက်ဝင်သည်။ သူတို့က ဝင်သွားသည်နှင့် ပိုင်မိသားစုမှ ခုခံမှုများက မျှော်လင့်ထားသည်ထက်ပင် အားနည်းနေကြောင်း မြင်ရသည်။ ပိုင်ရှန်းတိက လူအများစုကို ခေါ်ကာ ပိုင်ကျန်းချူကို ကယ်ဆယ်ရန် ထွက်သွားပြီး ဆယ်ယောက်ခန့်ကိုသာ ချန်ထားရစ်ခဲ့သည်။

အစောပိုင်း လေ့ကျင့်မှုအရ ပုရှန်းဝမ်နှင့် ရှုရှင်းတို့က အိမ်ထဲသို့ ရောက်ပြီးပြီးချင်းမှာတင် စာကြည့်ခန်းသို့ အရင်သွားရမည် ဖြစ်သည်။ စာကြည့်ခန်းကလည်း သူတို့ကဲ့သို့သောလူများနှင့် အပြင်လူများနီးကပ်၍ မရသော နေရာမျိုး ဖြစ်လေသည်။

စာကြည့်ခန်းထဲတွင် သူတို့ဟာ အမှောင်ခန်းကို အောင်မြင်စွာ ရှာတွေ့ခဲ့လေသည်။ ထိုအခန်းက ပိုင်မိသားစု၏ ပိုင်ဆိုင်မှုနှင့် အခြားသာ လျှို့ဝှက်ချက်များနှင့် ပတ်သက်သော ဖိုင်များအားလုံးကို သိမ်းထားရာ နေရာလည်း ဖြစ်သည်။

ရှုရှင်းကလည်း ပိုင်မိသားစုကို စိတ်မဝင်စားနေပါပေ။ ပိုင်မိသားစုက ဖျက်ဆီးခံရမည်ဖြစ်ပြီး လျှို့ဝှက်ချက်ကလည်း အရေးမပါတော့ပါပေ။ ရှုရှင်းနှင့်ပုရှန်းဝမ်တို့က နာရီဝက်နီးပါးခန့် အချိန်ယူပြီး ပိုင်မိသားစုအိမ်ထဲတွင် ရှာဖွေပြီး ရိက္ခာအပြည့်နှင့် ပြန်လာနိုင်ခဲ့သည်။

သူတို့က အခန်းထဲသို့ ဝင်သည်နှင့် ယန်မော့နှင့် မူချီမိုင်တို့ကလည်း ပြန်ရောက်နေကြောင်း မြင်ရသည်။

“ယောက်ျား ပြန်လာပြီလား။ ငါယောက်ျားကို အရမ်းလွမ်းနေတာ။ အားလုံး ဖြေရှင်းခဲ့ရဲ့လား”

ရှုရှင်းက ယန်မော့ကို မြင်သည်နှင့် သံလိုက်ဆွဲဆောင်မှု တစ်ခု ရှိနေသကဲ့သို့ ချက်ချင်းပင် ပြေးကပ်သည်။

“အင်း ပြီးသွားပြီ မင်းတို့ အခြေအနေ ဘယ်လိုလဲ စီမံကိန်းက အောင်မြင်လား”

ယန်မော့က ရှုရှင်း၏ မျက်နှာကို အသာနမ်းလိုက်ပြီး အသာပွေ့ဖက်ကာ ပြောသည်။

“ဟီးဟီး အရမ်းကို ချောမွေ့တာပေါ့။ ပိုင်မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ပြားတစ်ချပ်တောင် မကျန်ရစေဘူးလို့ အာမခံပေးနိုင်တယ်။ ပိုင်ရှန်းတိရဲ့ မျက်နှာထက်တောင် ပြောင်နေမှာ”

ရှုရှင်းက ခပ်ဟဟရယ်လိုက်ပြီး ယခုလေးတင် သိမ်းလာခဲ့သော ပစ္စည်းများအားလုံးကို ထုတ်ပြသည်။

ရုတ်တရက် ဧည့်ခန်းထဲတွင် အမျိုးမျိုးသောအရွယ်အစားရှိသော သေတ္တာများ မီးခံသေတ္တာများက ပုံသွားသည်။

“ဝိုး တော်တော်လေးများတာပဲ။ ဘာတွေ ရှိလဲ ကြည့်ရအောင်”

အားလုံးကလည်း စိတ်ဝင်တစား ဝိုင်းကြည့်ကြသည်။ ပုရှန်းဝမ်က အရင်ဦးဆုံး သေတ္တာတစ်ခုကို ဖွင့်လိုက်သည်နှင့် အခြားသော သူများကလည်း လာကူသည်။

မည်သို့ပင်ဆိုစေ သေတ္တာများအားလုံးကို ဖွင့်ပြီးချိန်တွင် ယန်မော့တစ်ယောက်ကလွဲပြီး အားလုံးက ငေးငိုင်ကာ ရပ်နေကြသည်။

အကြောင်းပြချက်က ရိုးရှင်းသည်။ ထိုသေတ္တာများတွင် ဇွန်ဘီ သလင်းအမြူအတေများ ပြည့်နေ၍ ဖြစ်သည်။

“ဟစ်”

“ဒါ ဒါ….ဒါတွေကို ကြည့်ရုံနဲ့တင် ပိုင်မိသားစုက ဘယ်လောက်တောင် ကြွယ်ဝသလဲဆိုတာ သိနိုင်တယ်”

“ပိုင်မိသားစုက ပုံမှန်အားဖြင့် တိတ်တဆိတ်ပဲ နေနေကျ၊ ပုံမှန်အားဖြင့်လည်း အဲဒီလောက်ထိ လုပ်နိုင်မယ်လို့မထင်ရဘူး။ တကယ်တော့ သူတို့က ဟန်ဆောင်နေတာပဲ”

“ဟီးဟီး အခုတော့ အားလုံးက ငါတို့အပိုင်ဖြစ်ပြီ။ ရပ်မနေနဲ့လေ လာလာ…လာ ခွဲရအောင်”

သလင်းအမြူအတေ အမြောက်အများကို မြင်သောအခါ ရှုရှင်း၏ မျက်လုံးက တောက်ပသွားရသည်။ အားလုံးကို ခွဲကာ စတင်ကာ ရေခိုင်းသည်။ ယန်မော့ကလည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သလင်းအမြူအတေက မည်မျှရှိကြောင်း သိနိုင်သည်။ သို့သော် ရှုရှင်းက ထိုသို့ ရေတွက်ရသည်အား ပျော်ရွှင်နေပုံ ပေါက်သောကြောင့် သူမကိုသာ အလိုလိုက်လိုက်ပြီး စိတ်ကြိုက်ရွေးခွင့် ပြုထားလိုက်သည်။

129 02

သလင်းအမြူအတေများကို ရေတွက်ပြီးသောအခါ အခြေပြုစွမ်းအားမရှိသော သလင်းအမြူအတေက ၃၀၀၀၊ အခြေပြုစွမ်းအားရှိသော ပထမအဆင့် သလင်းအမြူအတေက ၅၀၊ အခြေပြုစွမ်းမရှိသည့် ဒုတိယအဆင့် သလင်းအမြူအတေက ၉၇၂ခု၊ အခြေပြုစွမ်းအားရှိသော ဒုတိယအဆင့်သလင်းအမြူအတေ ၁၂၂ခု၊ အခြေပြုစွမ်းအားမရှိသည့် တတိယအဆင့် သလင်းအမြူအတေ အခု ၁၀၀နှင့် အခြေပြုစွမ်းရှိသော တတိယအဆင့် သလင်းအမြူအတေ ၁ခု တို့ကို မြင်ရသည်။

ပုံမှန်စည်းမျဉ်းစည်းကမ်းအတိုင်း ရှုရှင်းကလည်း လူများအကြား အညီအမျှ ခွဲဝေပေးသည်။

“အရမ်းများတယ်။ ငါ မလုပ်နိုင်တော့ဘူး။ အရမ်းများလွန်းတာကလည်း မကောင်းဘူးဘဲ”

အရင်ကဆိုလျှင် သူတို့သည်လည်း အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးနေကြရလေရာ အသင်းထဲတွင် အမြူအတေကို ခွဲဝေသည့် အခြေအနေက မရှိခဲ့ပေ။ ဇွန်ဘီ အမြူအတေ၏ပိုင်ရှင်က ရိုးရှင်းစွာပင် ငြင်းခုန်မှုများ တတ်သည်။ ဇွန်ဘီကို သတ်နိုင်သော သူကသာ ပိုင်ဆိုင်တတ်သည်။

သို့သော် ပုယွမ်ကျိုးက အာရုဏ်ဦးအသင်းကို ပထမဦးဆုံးအကြိမ် ဝင်ရောက်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သလင်းအမြူအတေကို ခွဲဝေသည့် အထဲတွင်လည်း ပါဝင်နေသောအခါ သူတို့၏စည်းမျဉ်းကို သေချာ နားမလည်တော့ပေ။ သူသည်လည်း ပိုင်မိသားစု၏ကိစ္စထဲတွင် ဘာကိုမှ မကူညီခဲ့ပါပေ။ ထို့ကြောင့် သလင်းအမြူအတေ အများကြီးကို ရထားသည့်အခါ မသက်မသာ ဖြစ်သလို ခံစားရသည်။

******

All Chapters