အခန်း ၁၃၀
Vol. 13 Ch. 130
130 01
အပိုင်း (၁၃၀) အိမ်က အလုခံလိုက်ရတယ်
ယန်မော့ကလည်း ပုယွမ်ကျိုး၏ အတွေးကို နားလည်သည်။ အခြားသော ရှုထောင့်မှ ကြည့်သော် တစ်ဖက်သူက အခွင့်ကောင်းမယူတတ်သောသူမျိုး ဖြစ်ကြောင်း သိနိုင်သည်။
သို့သော် သူတို့ဟာ အနာဂတ်တွင် အသင်းဖြစ်သည်။ ထို့ကြောင့် စည်းမျဉ်းများက အစကတည်းက ချထားခြင်းအားဖြင့် နောက်ပိုင်း အကျိုးအမြတ်နှင့် ပတ်သက်ပြီး ခွဲဝေမှုတွင် ကတောက်ကဆ ဖြစ်စရာ ရှင်းမည် ဖြစ်သည်။
နောက်ဆုံးတွင် အခြားသော သူများ၏တိုက်တွန်းမှုကတဆင့် ပုယွမ်ကျိုးက သူ့ကို ပေးထားသော သလင်းအမြူအတေများကိုယူသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ကြည်လင်သော ပထမအဆင့် သလင်းအမြူအတေများအား ရှုရှင်းကို ပေးနေကြောင်း မြင်သောအခါ သူက နည်းနည်း စိတ်ရှုပ်သွားသည်။ သူသည်လည်း မေးချင်သည်။ သို့သော် မည်သို့ စမေးရမှန်းမသိပေ။
“သူတို့က ကာကွယ်ကြေးပေးတာလေ။ နင်က အသင်းက ဝင်ကာစဆိုတော့ ထားလိုက်ပါတော့။ နောက်တစ်ခေါက်ကြမှ ပေးပေါ့”
သူ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးနေမှုက သိသာထင်ရှားသည်။ ထို့ကြောင့် ရှုရှင်းကလည်း ဆိုလိုရင်းကို ပြောပြလိုက်သည်။
“ဒါဆိုရင်လည်း အခုက စလိုက်မယ်လေ”
ပုယွမ်ကျိုးက ချက်ချင်း ပြောသည်။
“…”
“နင်က လှည့်စားရလွယ်တယ်ဆိုတာ ငါ ဘာလို့ မသိတာလဲ”
ရှုရှင်းကလည်း သူမ၏နဖူးကို လက်တစ်ဖက်ဖြင့် ပွတ်နေသည်။ အခြေစိုက်စခန်းမှ ကိစ္စများအကြောင်းကို တွေးရသော် ပုယွမ်ကျိုးက ကမ်းပေးလာသော သလင်းအမြူအတေများကိုလည်း မငြင်းတော့ပေ။ မည်သို့ပင်ဆိုစေ ထိုအခြေစိုက်စခန်းကလည်း အနာဂတ်တွင် သေချာပေါက် သုံးမည် ဖြစ်သည်။ စည်းမျည်းကိုလည်း သေချာပေါက် ရှင်းပြရပေမည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူမကို သလင်းအမြူအတေ ပေးထားသည်မှာ နည်းနည်းပင် ကြာလာပြီ ဖြစ်သည်။ သူတို့၏ အရှေ့ပိုင်း ကြိုးစားအားထုတ်မှုများကြောင့် နောက်ပိုင်း လူသစ်က ဘာမှ မလုပ်ဘူးဆိုလျှင် မသက်မသာ ဖြစ်တော့ပေမည်။
“ဒါက ကာကွယ်ကြေးလို့ ပြောလို့မရဘူးဆိုပေမဲ့လည်း အဲဒီ သဘောပါပဲ။ နင်ငါ့ကို ပေးထားတဲ့ ဒီသလင်းအမြူအတေတွေ အားလုံးက အသုံးဝင်တယ် ဆိုတာကိုတော့ ငါ ပြောနိုင်တယ်။ ဘာအသုံးဝင်သလဲဆိုတယ်ဆိုတာကို အခုတော့ မပြောနိုင်သေးဘူး။ အနာဂတ်တော့ သိရမှာပေါ့”
“နောက်ပြီး နင့်မှာ စိတ်စွမ်းအား စွမ်းရည်မျိုး ရှိတာ မဟုတ်လား။ ဆိုတော့ ဒီ ကြည်လင်တဲ့ ဘာအခြေပြုစွမ်းအားမှ မပါတဲ့သလင်းအမြူအတေနဲ့ စိတ်စွမ်းအားအမြုအတေကိုပဲ စုပ်ယူလို့ ရမှာ။ ဒါပေမဲ့စိတ်စွမ်းအား သလင်းအမြူအတေကလည်း တအားကို ရှားတယ်။ ဆိုတော့ ဒီ ကြည်လင်တဲ့အမြူအတေကိုပဲ အဓိက အားကိုးပြီး အဆင့်တက်ရမှာပဲ။ ငါ့ကို ပထမအဆင့် အမြူအတေတွေပဲ ပေးလေ”
အကြမ်းဖျင်း ဆွေးနွေးပြီးသည်နှင့် ရှုရှင်းက ပုယွမ်ကျိုးအား သလင်းအမြူအတေ အလဲအလှယ်အကြောင်းကို ပြောပြလိုက်သည်။
“အို ငါ သိပြီ။ ငါ ဒီတစ်ခေါက်တော့ မင်းကို ပထမအဆင့် အခြေပြုစွမ်းအားရှိတဲ့သလင်းအမြူအတေတွေ အားလုံး မပေးသေးဘူး။ သုံးပုံ နှစ်ပုံပေးလိုက်မယ်။ နောက်ပိုင်း တတိယအဆင့်ကို တက်ပြီးမှပဲ ကျန်တာကို ပေးတော့မယ်။ အဲဒီနောက် ပထမအဆင့် သလင်းအမြူအတေက ငါ့အတွက်လည်း အသုံးမဝင်တော့ဘူးလေ”
ပုယွမ်ကျိုးက ထိုသို့ ပြောပြီးသည်နှင့် ပထမအဆင့် သလင်းအမြူအတေ သုံးပုံ နှစ်ပုံခန့်ကိုထုတ်ကာ ရှုရှင်းကလည်း ရှေ့ပြန်နောက်ပြန် တွန်းမနေတော့ဘဲ အားလုံးကို လက်ခံလိုက်သည်။
130 02
သူမက ပုယွမ်ကျိုးနှင့် အဆက်အသွယ်လုပ်ဖူးသည့် ကာလအတောအတွင်းတွင်လည်း သူ၏အကျင့်စရိုက်ကို နည်းနည်း နားလည်လာပြီ ဖြစ်သည်။ သူဟာ အပေါ်ယံတွင် အေးစက်လွန်းသည်ဟု ထင်ရသည်။ ဘာကိုမှ မလုပ်သလိုမျိုးလည်း ထင်ရသည်။ သို့သော် သူ၏ စိတ်ထဲတွင် အကြံအများကြီး ရှိသောသူမျိုးဖြစ်ပြီး ခေါင်းလည်းမာသည်။
သလင်းအမြူအတေကို ခွဲဝေပြီးနောက် အားလုံးကလည်း ကိုယ့်အခန်းကိုယ် ပြန်ကာ အလုပ်လုပ်ကြသည်။ အဆင့်တက်ရမည် ဖြစ်သည်။
ပိုင်ရှန်းတိ၏ စိုးရိမ်စိတ်များနေသောပုံစံအရ သူသည် ပိုင်ကျန်းချူကို ချက်ချင်း သွားရှာလောက်သည်။ ထို့ကြောင့် သူနှင့်အတူ လိုက်သွားသော သူများကလည်း အလျှင်စလို ထွက်သွားကြသည်။ သို့သော် တစ်ဖက်သူက သေသွားကြောင်း သိသည်နှင့် အလျှင်စလို ပြန်လာကြမည် ဖြစ်သည်။ ထို့ကြောင့် လမ်းတွင်ပင် ဆုံလောက်၏။ ထိုသို့ဖြင့် လမ်းတဝက်တွင် ဆုံသောအခါ ပိုင်ရှန်းတိကလည်း ပိုင်ကျန်းချူနှင့်အတူ သေချာပေါက် ပြန်ပြေးလာမည် ဖြစ်သည်။ အခြေစိုက်စခန်းထဲမှ သေဆုံးပြီးသည်မှာ ဆယ့်နှစ်နာရီ မကျော်သေးလျှင် ကယ်တင်နိုင်စွမ်းရည်နှင့် လူတစ်ယောက် ရှိနေလေသည်။
သို့သော် အောင်မြင်နိုင်နှုန်းက တစ်ရာရာခိုင်နှုန်းအပြည့် မသေချာပါပေ။ ထိုလူက လက်ရှိ တတိယအဆင့် သဘာဝလွန်စွမ်းအားပညာရှင် ဖြစ်သည်။ ထို့ကြောင့် ကယ်ဆယ်နိုင်စွမ်းရည်က တစ်ဆယ်ရာခိုင်နှုန်းသာ ရှိသည်။ တစ်ဆယ်ရာခိုင်နှုန်းဆိုသော အခွင့်အရေးဖြစ်နေလျှင်ပင် ပြန်လည် အသက်ရှင်နိုင်သော အခွင့်အရေးကြီး ဖြစ်နေသေးလေသည်။ အားလုံးကလည်း သေရသည်ထက် ရှင်ချင်ကြသည်။
မရေမတွက်နိုင်သော လူပေါင်းများစွာက သူ့ဆီ ပြုံအောဝင်လာသည့်အခါ လွန်ကဲလွန်းသော သူများကဆိုလျှင် ထိုလူကိုပင် ပြန်ပေးဆွဲပြီး ကိုယ်တိုင် အသုံးပြုရန် ခေါ်ထားချင်ကြသည်။ ထို့ကြောင့် ထိုလူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အလို့ငှာ အခြေစိုက်စခန်းမှ ကာကွယ်မှုကို တောင်းဆိုခဲ့သည်။
အခြေစိုက်စခန်းမှ ခေါင်းဆောင်များကလည်း ထိုကဲ့သို့သော ကိစ္စများကို လုပ်ဆောင်ရာတွင် အလွန်အမင်း တော်သည်။ ယခုအခါ သူ၏အကူအညီကို ရယူလိုလျှင် ရှင်းလင်းသော ဈေးကွက်ကြေးကို ပေးရတော့ပေမည်။ ဈေးကလည်း မြင်သည်။ သို့သော် အခွင့်အရေးကလည်း ရှိ၏။
တစ်ဆယ်ရာခိုင်နှုန်းဆိုသော အခွင့်ရေးဆိုလျှင်ပင် ပိုင်ရှန်းတိ၏ ပိုင်ကျန်းချူကို လေးစားပုံအရ ဖြစ်နိုင်ချေကို ရအောင် လောင်းကြေးထပ်မည် ဖြစ်သည်။
ထို့ကြောင့် သူဟာ တန်ကြေးကို ပေးရန် ပြန်ရောက်လာသောအခါ သူ၏အိမ်က လုယက်ခံထားရကြောင်း ရှာတွေ့သွားခဲ့လျှင် သူသည် သေချာပေါက်ကို ခံစားချက် ဆိုးရွားသွားလောက်သည်။
******