← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

131 01

အပိုင်း (၁၃၁) ပိုင်မိသားစု၏ ကျရှုံးမှု

သူတို့သည် ပိုင်ရှန်းတိ၏ တုံ့ပြန်မှုကို ခန့်မှန်းကြည့်ရန်အတွက် ကြိုးစားရန် မလိုအပ်ပေ။

နောက်တစ်နေ့မနက်ခင်း သူတို့ကပင် အိပ်ယာမထသေးခင် အခြေစိုက်စခန်းတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်နေသည်။ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ပိုင်ရှန်းတိက ပိုင်ကျန်းချူ၏ အလောင်းနှင့်အတူ အခြေစိုက်စခန်းသို့ ပြန်ရောက်လာခဲ့ကာ အထူးစွမ်ရည်ရှိသော သူ၏လက်သို့ အပ်လိုက်သည်။ ပိုင်မိသားစုကလည်း အခြေစိုက်စခန်းအတွင်း ကျော်ကြားမှုအနည်းငယ်ရှိကာ အင်းအားလည်း ရှိသောကြောင့် ထိုသူကလည်း သူ၏ အထူးစွမ်းရည်ကို ပိုင်ကျန်းချူအပေါ်သို့ တုန့်ဆိုင်းမနေဘဲ အရင်သုံးလိုက်သည်။

ရလဒ်ကမူ ပိုင်ရှန်းတိကို ပြိုလဲကျသွားစေ၏။ ပိုင်ကျန်းချူက တစ်ဆယ်ရာခိုင်နှုန်းခန့်မျိုးသော အခွင့်ရေးမျိုးနှင့်ပင် ပြန်မကောင်းလာခဲ့ချေ။ လူတစ်ယောက်ကို ကယ်ဆယ်နိုင်ခြင်းဆိုသည့် အကြောင်းအရာက ကံကောင်းမှုနှင့် သက်ဆိုင်လျှင်ပင် ဆုလာဘ်ကို ပြန်ပေးရပေမည်။

တစ်ဦးတည်းသော ဆက်ခံသူကို ဆုံးရှုံးထားရသည့် ပိုင်ရှန်းတိကလည်း အိမ်သို ပြန်ရောက်သောအခါ သူ၏မိသားစုက ပစ္စည်းများအားလုံးက ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။ အချိန်တန်ကြာအောင် ထုံးနေသော သူ၏ သွေးကြောကလည်း နောက်ဆုံးတွင် မထိန်းထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုသို့လဲကျသွားချိန်တွင် စားပွဲထောင့်စွန်းနှင့် ခေါင်းအနောက်ဖက်က ရိုက်မိသွားကာ သွေးများ ချက်ချင်း ရဲသွားခဲ့သည်။ ပစ္စည်းများ သိမ်းထားသော နေရာကလည်း အလွန်သိုဝှက်သည်။ ပိုင်ရှန်းတိက မည်သူ့ကိုမှ မဝင်ခိုင်းခဲ့ချေ။ ရလဒ်အနေဖြင့် မည်သူကမှလည်း ရှာမတွေ့ခဲ့ချေ။ အချိန်က တစ်မိနစ်ချင်းစီ ကုန်သွားသည်။ သုံးနာရီနီးပါး ကြာပြီးနောက် အထူးစွမ်းရည်ရှိသောသူကလည်း ပိုင်မိသားစု၏ စံအိမ်သို့ လာကာ ထိုင်နေရာမှ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ပိုင်ရှန်းတိကို အော်ဟစ်ပြောဆိုလေသည်။ ပိုင်မိသားစုက လူများကလည်း ထိုလူဟာ မည်သူမှန်းသိသည်။ ထို့ကြောင့် သူ့ကို ရန်မစရဲကြချေ။ ထိုအတွက်ကြောင့် နောက်ဆုံးတွင် မျက်နှာသာအပေးခံရဆုံးဟု သတ်မှတ်ထားခံရသော သူက စာကြည့်ခန်းတံခါးကို ဖွင့်ကာ တံခါးသွားခေါက်ကြည့်သည်။ သို့သော် မည်သူကမှ မဖြေခဲ့ချေ။ သို့ရာတွင် အချိန်တန်ကြာသောအခါ ပိုင်ရှန်းတိက အထဲတွင် မရှိလောက်ဟု ထင်ပြီး ထိတ်လန့်သွားကာ အခြားသော သူများကို အကူအညီ ခေါ်တောင်းပြီး အတူတကွ လိုက်ရှာကြသည်။

ပိုင်ရှန်းတိကို လျှို့ဝှက်ခန်းထဲတွင် ရှာတွေ့သောအခါ သူဟာ အသက်မရှူတော့ပေ။

“အို ကံဆိုးတာပဲ”

ဆုလာဘ်မရနိုင်တော့ကြောင်း သိရှိသွားသည့်အခါ ထိုအမျိုးသားကလည်း တံတွေးကိုသာ ထွေးပြီး ထွက်သွားခဲ့သည်။ နောက်လှည့်မကြည့်တော့ချေ။

ထိုအချိန်က စတင်လေပြီး နောက်ပိုင်း မည်သူက သူ့ထံမှ အကူအညီ တောင်းစေကာမူ ပိုက်ဆံကို အရင်ပေးရသည်။ သို့မဟုတ်ပါက ပိုင်မိသားစုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေလေသည်။

ပိုင်မိသားစုက တိုင်ပျောက်သွားသည်။ ပိုင်မိသားစုအတွက် အညံ့ခံထားသော သူများက တစ်ရက်အတွင်းတွင်ပင် လူစုကွဲကုန်၏။ ထိုသို့ဖြင့် အင်အားကြီးမားသော မိသားစုကြီးကလည်း နေ့ချင်းညချင်း ပျောက်သွားလေသည်။ လူအများစုက စိတ်ထဲတွင် သက်ပြင်းချကြသည်။ သူတို့သည်လည်း အလျှင်လိုမှုနှင့် ကပ်ဘေးကို ကောင်းကောင်းနားလည်လာကြသည်။

ပိုင်ရှန်းတိ၏မမျှော်လင့်ထားသော သေဆုံးမှုက ရှုရှင်းတို့၏ မျှော်လင့်ထားနိုင်သမျှကို ကျော်လွန်သွားသည်။ သူတို့သည် နဂိုမူလ အစီအစဉ်အရ ပိုင်ရှန်းတိအတွက် အထူးတလည် စီစဉ်ပေးထားခြင်းပင် မရှိသေးပါပေ။ သို့သော် သူဟာ ကံကောင်းသည်။ မနာကျင်ရဘဲ သေသွားသည်။

“ပိုင်မိသားစုကို ဖြေရှင်းပြီးသွားပြီဆိုတော့ အခု လျှန်ပေ့ရဲ့အလှည့်ပဲ။ ယွမ်ကျိုး မင်းဘက်က တိုးတက်မှု ဘယ်လိုရှိလဲ”

ပုရှန်းဝမ်က ခေါင်းကို လှည့်၍ ပုယွမ်ကျိုးကို ကြည့်သည်။

131 02

“တိုးတက်မှုကတော့ အဆင်ပြေတယ်။ လျှန်ပေ့ကလည်း ငါ့ကို သိပ်မကြာခင်မှာ ထပ်ပြီး ဆက်သွယ်လာလိမ့်မယ်။ သူ့ရဲ့အကျင့်စရိုက်ကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ဒီတစ်ခေါက်တော့ သူ ငါ့ကို လာဘ်ထိုးဖို့ တန်ကြေးမြင့်လိမ့်မယ်။ ငါတော့ မျှော်လင့်နေပြီ”

“ဟားဟား”

“မင်းက အဲ့လို မျက်နှာသေနဲ့ ဒီလို လေသံမျိုး သုံးပြီး ပြောတာ တကယ်ရယ်ရတယ်။ ဟားဟား ငါမင်းနဲ့စတွေ့တုန်းက မင်းကို အတော်လန်းတဲ့ ကောင်လို့ ထင်နေခဲ့တာ”

ပုရှန်းဝမ်က ဆိုဖာကို ဖြောင်းကနဲ ရိုက်ချသည်။ သူက ရယ်မောနေသည်မှာ သတိလစ်တော့မည်နှင့် တူသည်။ သို့သော် ပုယွမ်ကျိုးက သူ့ကို တစ်ချက်ပင် မကြည့်ပေ။

အချင်းချင်း သိကျွမ်းလာပြီးနောက်တွင် နေ့စဉ် အဆက်အသွယ်လုပ်သောအခါ အားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်လာသည်။ လူတိုင်းကလည်း ပုယွမ်ကျိုးကို တဖြည်းဖြည်း လက်ခံလာနိုင်၏။ ပုယွမ်ကျိုးကလည်း သူတို့၏အဖွဲ့ထဲသို့ ရောနှော ဝင်ရောက်လာနိုင်သည်။ ပိုင်မိသားစု၏ ကျရှုံးမှုက ပိုင်မိသားစု၏ မဟာမိတ်လျှန်ပေ့ကို အလွန်အမင်း စိုးရိမ်စိတ် များသွားစေသည်။ ထို့ကြောင့် ပုယွမ်ကျိုးနှင့် တွေ့ဆုံရန် ထပ်မံပြီး ချိန်းဆိုလေသည်။

ပုယွမ်ကျိုးကလည်း သူဟာ တွေ့ဆုံမည့်နေရာကို ဆုံးဖြတ်မည်ဟု ပြောချိန်တွင် လျှန်ပေ့ကလည်း သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောရန်သာ စိုးရိမ်စိတ် များနေခဲ့သည်။ တစ်ဖက်သူက သူဟာ တစ်စုံတစ်ရာလုပ်မည်ကို ကြောက်ရွံ့သောကြောင့် ထိုသို့‌ ပြောလိုက်ခြင်း ဖြစ်မည်ဟုသာ တွေးတောလိုက်ပြီး အများကြီး တွေးတောနေခြင်းမရှိဘဲ လက်ခံလိုက်သည်။

ပိုင်မိသားစု၏ လျှို့ဝှက်နောက်ခံ မရှိတော့သောအခါ သူသည်လည်း သူ၏သုတေသန ပညာရှင်ဆိုသော နောက်ခံက ဒီခြေစိုက်စခန်းအတွင်းတွင် သက်ရောက်မှု များများစားစား မရှိနိုင်ပေ။ သူရနိုင်သော အကျိုးအမြတ်ကလည်း အကန့်အသတ်နှင့် ဖြစ်သည်။

အခြေစိုက်စခန်းအတွင်းမှ အာဏာပိုင်များကလည်း သူ့ကို အပြည့်အဝ မယုံကြည်သေးပေ။ အကြောင်းမူကား သူဟာ ထိုမျှ အချိန်ကြာနေသည့်တိုင်အောင် သုတေသန ရလဒ်အစစ်အမှန်ကို မထုတ်ပေးနိုင်ခဲ့ချေ။ ထို့ကြောင့် ထိုစခန်းမှ လူများကလည်း သူ့ကို စတင်ကာ သံသယဝင်နေကြသည်။

ကံကောင်းသည်မှ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဒီအခြေစခန်းအတွင်းတွင် သူသည် ယခင်က သုတေသန ရလဒ်ကို လုယူခဲ့ဖူးသောပိုင်ရှင်က ရောက်နေကြောင်း သိလိုက်ရသည်။ သူ၏စစ်ဆေးမှုများအရ တစ်ဖက်သူသည် အခြေစိုက်စခန်းသို့ ရောက်ကာစဖြစ်သည်။ သူသည် အလွန်အားနည်းသော စွမ်းရည်မျိုးနှင့် သာမာန် စိတ်စွမ်းအားပညာရှင်သာ ဖြစ်သည်။ ထို့ကြောင့် မည်သည့် အသင်းထဲကိုမှ မဝင်ရသေးပေ။

စုံစမ်းစစ်ဆေးမှု ရလဒ်များကို အကဲဖြတ်ခြင်းအားဖြင့် သူ ဒီတစ်ခေါက် ပြင်ဆင်ထားသော အခြေအနေများကို တစ်ဖက်သူက မငြင်းဆန်လောက်ပေ။ ပုယွမ်ကျိုးကပင် ချွင်းချက် မရှိပါပေ။

******

All Chapters