အခန်း ၁၃၂
Vol. 14 Ch. 132
132 01
အပိုင်း (၁၃၂) လျှန်ပေ့အကြောင်း ပေါ်ပြီ
“ငါမင်းကို အရင်တစ်ခေါက်က ပြောတဲ့ ကိစ္စကို မင်းဘယ်လိုထင်လဲ”
“ဘာလဲ ခင်ဗျား ငါ့ရဲ့ သုတေသန ရလဒ်တွေ ခိုးသွားတဲ့ကိစ္စတောင် အပြီး မသတ်သေးဘူး။ ဒီလောက် နှစ်တွေ ကြာသွားပြီးတာတောင်မှ ခင်ဗျားကိုယ်ခင်ဗျား နာမည်ကျော် ဇီဝဗေဒပညာရှင် ပါမောက္ခကြီးဆိုပြီး ပြောရဲသေးတာလား။ ငါသာ အခြားသူကို ပြောလိုက်မယ်ဆိုရင် ခင်ဗျားကို သေအာင် ရယ်ကြလိမ့်မယ်”
“မင်း”
“ဆိုတော့ ငါက သိပ္ပံသုတေသန ရလဒ်တွေ မရတော့ရော ဘာဖြစ်လဲ။ ငါမင်းရဲ့ ရလဒ်တွေအားလုံးကို ခိုးခဲ့တာပဲလေ။ အခု ငါက ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နေတဲ့သူ။ မင်းကတော့ ဘယ်သူမှ မသိတဲ့သူ ဖြစ်နေတုန်းပဲ။ ဘယ်သူကမှ ဒီတစ်ဘဝလုံးလုံး မင်းရဲ့ နာမည်ကို သိမှာမဟုတ်ဘူး”
လျှန်ပေ့က ဒေါသထွက်လွန်းသဖြင့် စားပွဲကို ဖြောင်းကနဲ ရိုက်သည်။ လက်ချောင်းများကပင် တဆတ်ဆတ် တုန်နေပြီး ပုယွမ်ကျိုးကိုလည်း လက်ညိုးထိုးထား၏။ သို့သော် သူ ဒီနေ့လာရသည့် ရည်ရွယ်ချက်ကို တွေးမိသောအခါ ဒေါသကို ပြန်ပြီး ဖိနှိပ်လိုက်သည်။
“ပေါက်ကရ ပြောမနေနဲ့တော့။ ငါအရင်က ပြောခဲ့သလိုပဲ ငါမင်းရဲ့ အရင် သိပ္ပံ သုတေသန ပရောဂျက် ပြီးမြောက်သွားအောင် ခိုးပြီး ကူညီပေးမယ်။ ဒီတစ်ခေါက် ငါမင်းကို အရင်ကတိပေးထားတဲ့ အကျိုးအမြတ်ရဲ့ နှစ်ဆပေးမယ်။ နောက်ပြီး အခြေပြုစွမ်းအားနဲ့ ဒုတိယအဆင့် သလင်းအမြူအတေ သုံးခုကိုတောင် ပေးအုံးမယ်။ ဘယ်လိုလဲ သဘောတူမှာလား”
“မင်း မဖြေခင် သေချာစဉ်းစားတာ ကောင်းမယ်နော်။ မင်း လက်ရှိ အခြေစိုက်စခန်းထဲက အခြေအနေမျိုးနဲ့ဆိုရင် မင်းရဲ့ အနာဂတ်က သေချာပေါက် အဆင်မပြေနိုင်ဘူး။ မင်း ငါ့ရဲ့ တောင်းဆိုမှုကို လက်ခံလို့ အကျိုးအမြတ်ပဲရှိမှာ မထိခိုက်စေရဘူး”
လျှန်ပေ့က ပုယွမ်ကျိုးကို ကြည့်ပြီး တစ်ဖက်သူ၏ အဖြေကို သိချင်စိတ် ပြင်းထန်နေသည်။ သူ ကမ်းလှမ်းထားသော အခြေအနေများကလည်း သူ၏ပိုင်ဆိုင်မှုအားလုံး မဟုတ်သော်လည်း ပိုင်ဆိုင်မှု အများစုနီးပါး ကုန်သွားစေနိုင်လေသည်။
“ကောင်းပြီလေ”
ပုယွမ်ကျိုးက ခပ်ဖြည်းဖြည်းသဘောတူသည်။
“မင်းက အဲ့လောက် သိတတ်နေမှတော့ သေချာပေါက် ပြီးမြောက်သွားတဲ့အခါ ငါမင်းကို အကျိုးအမြတ်နည်းနည်း ရအောင် လုပ်ပေးမယ်. အနာဂတ်မှာ မင်းသာ ငါ့ရဲ့ နောက်ကို လိုက်မယ်ဆိုရင် ငါမင်းကို မမျှမတ မဆက်ဆံပါဘူး ဟားဟား”
လျှန်ပေ့၏ အမြင်တွင် ပုယွမ်ကျိုးက ထပ်ခါတလဲလဲ စဉ်းစားဆုံးဖြတ်ပြီးသွားလောက်ပြီဟု ထင်နေလေသည်။
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေသော လျှန်ပေ့သည်လည်း သူနှင့် ပုယွမ်ကျိုးတို့၏ စကားက စကားအစမှ အဆုံးအထိ တာဝန်ခန်းမနှင့် ဝန်ဆောင်မှုခန်းမတို့မှ လူတိုင်း ကြားသွားကြောင်းကို မသိသေးပေ။
အခြေစိုက်စခန်းသည်လည်း ဝန်ဆောင်မှုပိုင်းဆိုင်ရာ အလုပ်များအတွက် အသံဖမ်းစက်နှင့် အသံချဲ့စက်ကြီးတို့ကို ပြင်ဆင်ထားပြီးထားဖြစ်သည်။ ထို့ကြောင့် အကြောင်းကြားစရာရှိသောအခါ တစ်ခါတည်း အသံထုတ်လွှင့်နိုင်သည်။ ဆူညံနေသော လူအုပ်ကပင် သူတို့ပြောသော စကားကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
ရှုရှင်းတို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး စီစဉ်ထားခြင်း ဖြစ်သည်။
“ဘုရားရေ ငါအခု ထင်ယောင်ထင်မှား ဖြစ်နေတာလား။ ပါမောက္ခလျှန်က အခြားသူရဲ့ သိပ္ပံသုတေသန ရလဒ်ကို ခိုးတယ်ဟုတ်လား”
132 02
“သတင်းကြီးပဲ ငါ တာဝန်လုပ်ဖို့ ရောက်လာတာ။ ဒါပေမဲ့ သတင်းကြီးကို ကြားလိုက်ရတယ်”
“ဘုရားရေ ဒီလောက်ထိ မှော်ဆန်တာလား”
“ငါလည်း ဒီသတင်းကြီးကို သိချင်သွားတာပါ။ ငါ့မှာ ရှင်သန်ဖို့ အခွင့်အရေး ရှိသေးရဲ့လား”
ထိုအကြောင်းအရာကို ကြားသော သူများကပင် ချက်ချင်းဆိုသလို အုပ်အော်သောင်းနင်း ဖြစ်သွားသည်။ အခြေစိုက်စခန်းမှ အရာရှိရုံးခန်းထဲမှ သူများကလည်း သုန်မှုန်နေကြသည်။ သူတို့သည် အဆင့်မြင့်အဆင့် အစည်းဝေးပွဲကြီးကို ချက်ချင်း ထိုင်ပြီး လျှန်ပေ့ကို အမြန်ဆုံး ဖမ်းပြီး ထိန်းချုပ်ရန် လူလွှတ်လိုက်သည်။
သူတို့၏စိတ်ထဲတွင် လျှန်ပေ့က လူလိမ်အဖြစ် တံဆိပ်ကပ်ခံပြီးသွားလေပြီ။ သူသည် သိပ္ပံသုတေသန အသက်မွေးဝမ်းကြောင်းတွင် အလုပ်လုပ်ထားသည်။ သူ့ကိုသာ ချက်ချင်းမထိန်းချုပ်ထားခဲ့လျှင် အခြားသော အခြေစိုက်စခန်းသို့သွားပြီး သူတို့၏ လျှို့ဝှက်ချက်များကို ပေါက်ကြားပစ်နိုင်သည်။
ဘာကိုမှမသိသေးသော လျှန်ပေ့ကလည်း သူ့ကို အနှောက်အယှက်ပေးနေသော ကိစ္စကို ဖြေရှင်းပြီး လမ်းပေါ်သို့ ခပ်အေးအေးလျှောက်လာသည်။ သူက လမ်းပေါ်သို့ ရောက်ပြီး တစ်မိနစ်ခန့် ကြာပြီးနောက် အစောင့်အသင်းက သူ့ကို လာရောက်ဖမ်းဆီးသွားလေသည်။
“ဘာလုပ်တာလဲ။ ဘာလို့ ငါ့ကို လာဖမ်းတာလဲ။ ငါဘယ်သူလဲ သိလား။ ငါက…အင်း….”
“မဆူနဲ့။ ငါမင်းကို လာဖမ်းတယ်ဆိုကတည်းက မင်းဘယ်သူလဲ သိတာပေါ့ ပါးစပ်ပိတ်ထား”
သူ့ကို ဖမ်းသော အစောင့်များကလည်း သူက ဆူလွန်းသည်ဟု ထင်ပြီး ပါးစပ်ထဲသို့ အဝတ်စကို ထိုးထည့်ပစ်လိုက်သည်။
“ခေါ်သွားပြီးသတင်းပို့လိုက်တော့”
“ဟုတ်ကဲ့”
******