အခန်း ၁၃၃
Vol. 14 Ch. 133
133 01
အပိုင်း (၁၃၃)
လျှန်ပေ့၏မြေးမ လျှန်ယာကျွင်းသည်လည်း သိပ္ပံသုတေသန အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လုပ်သော အဖိုးကို ပိုင်ဆိုင်ထားသည့်အလျောက် သူမသည် အခြေစိုက်စခန်းအတွင်းတွင် အလွန်အမင်း အခြေအနေ ကောင်းနေလေသည်။ သူမ၏ ကိုယ်ပိုင် စိတ်ကလည်း နဂိုကတည်းက အလိုလိုက်ခံထားရသော ကလေးဆိုးကဲ့သို့ ဖြစ်နေသည်။ သူမ၏ အနားမှ သူများက သူမကို အတတ်နိုင်ဆုံး ဖားနေကြပြီး သူမ၏ အပြုအမူက ပိုပို၍ပင် ဆိုးလာကာ လူပေါင်းများစွာကို ရန်စမိထားသည်။ ထို့ကြောင့် လျှန်ပေ့က ကျသွားသည်နှင့် သူမ ယခင်က ရန်စခဲ့သော သူများကလည်း နှောင့်နှေးအချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် လှုပ်ရှားကြသည်။
ရှုရှင်းသည်လည်း ထိုဖြစ်စဉ် အတောအတွင်း မည်သို့မည်ပုံ ဖြစ်သွားကြောင်း မသိပေ။ နောက်ဆုံး တစ်ခေါက် လျှန်ယာကျွင်းကို အခြေစိုက်စခန်းအတွင်းမှ နာမည်ကျော် အနီရောင်လမ်းကြားထဲတွင် မြင်ခဲ့ရလေသည်။
အဝေးမှပင် မိတ်ကပ်ထူထူနှင့် လျှန်ယာကျွင်းကို မြင်နိုင်သည်။ သူမက တွန့်ဆုတ်သော မျက်နှာမျိုးနှင့် လမ်းပေါ်တွင် ရပ်နေသည်။ တစ်စုံတစ်ယောက်က သူမကို အကြွေးတစ်သိန်းလောက် တင်ထားသည်နှင့်ပင် တူသေးသည်။
ထိုအလင်းနီသို့ လာသော အမျိုးသားများကလည်း ပျော်ပါးပြီး အေးဆေးပေါ့ပါးချင်၍ ဖြစ်သည်။ မည်သူကမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ကို ပြုစုချင်ပုံမရသော သူမျိုးကို ရှာမနေလောက်ချေ။ ထိုကဲ့သို့သော သူမျိုးကို ရှာလျှင် အချိန်ကုန် အင်အားကုန်သည်။ သူတို့ကိုယ်သူလည်း အခြေအနေ ဆိုးရွားနိုင်သည်။
ထိုကြောင့် ရှုရှင်းက မြင်သည့် မိနစ် အနည်းငယ်အတွင်းတွင်ပင် မည်သည့် အမျိုးသားကမှ လျှန်ယာကျွင်း၏ အနားသို့ မသွားပေ။ ရှုရှင်းသည်လည်း နောက်ပိုင်းအဖြစ်အပျက်ကို ဆက်မသိတော့ပေ။ လျှန်ယာကျွင်းကို တွေ့လိုက်သည့်အတွက် အံ့ဩသွားရုံသာ ဖြစ်သည်။ ပုံမှန်အားဖြင့် တာဝန်လုပ်သောအခါ အနားတွင် ဖြတ်လျှောက်များလွန်းသည်။ ထို့ကြောင့် လမ်းပြောင်းရင်းမှ သူမကို တွေ့ခဲ့ရုံသာ ဖြစ်သည်။
လျှန်ပေ့ကို ကွပ်မျက်ခဲ့ပြီး တစ်လပင် ကြာသွားသည်။ ထိုအချိန်တွင် အခြေစိုက်စခန်းကလည်း လျှန်ပေ့နှင့် တွေ့ဆုံခဲ့သော သူကို ရှာဖွေနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူတို့သည်လည်း ဇီဝဗေဒဆိုင်ရာ မျိုးရိုးဗီဇ ပညာရပ်ကို အမှန်တကယ် နားလည်သော သူကို အမှန်တကယ် ထိန်းချုပ်လိုသည်။ ကံဆိုးသည်မှာ သူတို့သည် အခြေစိုက်စခန်း တစ်ခုလုံးကို မြေလှန်ရှာသည့်တိုင်အောင် ထိုလူကို ရှာမတွေ့ခဲ့ပေ။
လျှန်ပေနှင့်ပုယွမ်ကျိုးတို့က နာမည်ကို ထုတ်ဖော်မပြောခဲ့သည့် အချက်ကိုလည်း အမှန်တကယ် ကျေးဇူးတင်ရပေမည်။ အသံချဲ့စက်မှ အသံတစ်ခုတည်းကတဆင့် ထိုသူကို ရှာနေရခြင်းက ကောက်ရိုးပုံတွင် အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။ လူအများစုကမူ ပုယွမ်ကျိုး၏အသံကို ရင်းနှီးသည်ဟုခံစားရလျှင်ပင် သူဟာ အခြေစိုက်စခန်းထဲသို့ စဝင်လာခဲ့ချိန်ကတည်းက အာရုဏ်ဦးအသင်းကို ဝင်ရောက်ပြီး အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် လျှန်ပေ့ဖော်ပြထားသည့် မှီခိုစရာ မည်သူမှ မရှိသော သာမာန် စိတ်စွမ်းအား ပညာရှင်ဆိုသည့် အချက်နှင့် ကိုက်ညီနေခြင်း မရှိပေ။ ထို့ကြောင့်တိုက်ရိုက်ပယ်ထုတ်ပြီးသား ဖြစ်နေသည်။
ပုယွမ်ကျိုးက တာဝန်ပြီးမြောက်သွားသည်နှင့် ပြီးပြည့်စုံစွာ အနားယူသွားသည်။ သူသည် ဖင်ကို ရိုက်ကာ ဖုတ်ဖတ်ခါပြီးသည်နှင့် သူ့ကို လာရှာသော သူတစ်အုပ်ကို ချန်ထားရစ်ခဲ့သည်။ သူသည် ရှုရှင်းတို့၏အနောက်မှ လိုက်ကာ တာဝန်များ လိုက်လုပ်သည်။ အပြင်ထွက်သွားသည်။ အေးဆေးသက်သာသောဘဝတွင် နေထိုင်နေသည်။
ပုယွမ်ကျိုး၏ ထင်မြင်ချက်ကို ဆွေးနွေးပြီးနောက် ရှုရှင်းသည်လည်း စံအိမ်ထဲတွင် သူ့အတွက် သုတေသနပစ္စည်း အပြည့်အစုံရှိသော အခန်းတစ်ခန်း စီစဉ်ပေးထားလိုက်သည်။ အမျိုးမျိုးသော အဖိုးတန် သုတေသန ပစ္စည်းများနှင့် စက်များအားလုံးကို သပ်သပ်ရပ်ရပ်နှင့် ထည့်ထားလေသည်။
ပုယွမ်ကျိုးသည် ထိုပစ္စည်းများကိုမြင်သောအခါ အလွန်အမင်း ပျော်သွားလေသည်။ သိပ္ပံသုတေသနကို ချစ်မြတ်နိုးသောမည်သူကမဆို ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို မတွန်းလှန်နိုင်ပေ။ သူသည်ပင် ချွင်းချက် မရှိပေ။ သို့ရာတွင် ပုယွမ်ကျိုးက အခြားသော သူများနှင့် ခြားနားသည်။ သူသည် အလုပ်လုပ်နေသောအခါ ထမင်းမေ့ဟင်းမေ့ဆိုသော သူမျိုးထဲတွင် မပါဝင်ပေ။
အနှစ်ချုပ်ဆိုရသော် သူ၏ လုပ်ပုံ နားပုံက အချိန်ဇယား ကွက်တိကျသည်။ သူသည် မနက် ခြောက်နာရီတွင် အိပ်ယာထသည်။ မနက်စာစားချိန် နာရီဝက်နားသည်။ ညဆယ်နာရီဆိုလျှင် အိပ်ယာဝင်သည်။ သူသည် တစ်နေ့ကို ထမင်းသုံးနပ်အား အလွဲအချော် မခံချေ။ သူ၏ အလုပ်လုပ်ပုံအနားယူပုံ အချိန်ဇယားကို မြင်သော သူတိုင်းကလည်း စစ်သားဟောင်းတစ်ယောက်ကဲ့သို့ နေထိုင်သည်ဟုပင် သက်ပြင်းချကြရလောက်သည်။ သူ့အတွက် တစ်ခုတည်းသော လိုအပ်ချက်ကမူ wolf berry ထည့်စိမ်ထားသော အပူဖန်ခွက်မရှိတော့သည်သာ ဖြစ်သည်။
133 02
ရှုရှင်းက သူ၏ နေ့စဉ်နေထိုင်ပုံကို ကြည့်ပြီး သူဟာ အမှန်ပင် စစ်သားဟောင်းနှင့် တူသည်ဟု ထင်ကာ နေရာလပ် နယ်မြေထဲမှ ထိုကဲ့သို့ စစ်သားဟောင်းများ သုံးရသည်ကို သဘောကျသည့် ဖန်ခွက်တစ်ခွက်နှင့် wolf berry တစ်အိတ်ကို ထုတ်ကာ သူ့ကို သွားပေးသည်။
“ဒီမှာ ငါနင့်အတွက် အထူးခွက်ကို ရှာပေးထားတာ။ ငါ wolf berry တစ်ထုတ်လည်းပါတယ်။ ဘယ်လိုလဲ ကြိုက်လား ကြိုက်လား”
“???”
ပုယွမ်ကျိုးက ရှုရှင်း၏ လက်ထဲမှ ပစ္စည်းများကို ကြည့်သည်။ ထို့နောက် သူ၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ အတန်းလိုက် ပေါ်လာသည်။
“မင်းက ဘာလို့ ငါ့ကို ဒါကို သုံးစေချင်တာလဲ။ ဒီခွက်က ငါ့အကြိုက်မှ မဟုတ်တာ”
“အာ နင် ဒီ…ဒီပုံစံကို မကြိုက်ဘူးလား??”
“???”
“မကြိုက်ပါဘူး။ ဒါက ငါ့ရဲ့ ငယ်ရွယ်တဲ့ နှလုံးသားနဲ့ ကိုက်ညီတယ် မထင်ဘူး။ တအားကို ရင်ကျက်လွန်းတယ်။ ဒါကို ငါ့ကို နောက်အနှစ်သုံးဆယ်လောက်မှ ပေးဖို့ သိမ်းထားလိုက်ပေါ့”
ရှုရှင်း၏ မျက်နှာက နည်းနည်းဖော်ပြရခက်သွားသည်။ သူမက ပုယွမ်ကျိုး၏ ပုခုံးကို ပုတ်သည်။
“နင်ပြောတာ မှန်တယ်။ ငါသေချာ မစဉ်းစားလိုက်တယ်။ ငါပြန်ပြီး နင့်အတွက် သွားရှာပေးမယ်”
ထိုသို့ပြောပြီးသည်နှင့် သူမက မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး အခန်းထဲသို့ ဝင်ပြေးသွားပြီး ယန်မော့ ရင်ခွင်ထဲသို့ ပြေးဝင်သည်။
“ဘာဖြစ်တာလဲ ယွမ်ကျိုးကို ခွက်သွားပေးတာဆို”
ယန်မော့ကလည်း လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး အပြေးဝင်လာသော ရှုရှင်းကို ပြုတ်မကျသွားစေရန် လက်မောင်းဖြင့် လှမ်းဖမ်းကာ ထိန်းပေးလိုက်ရသည်။
“မပြောနဲ့တော့ အရမ်းရှက်တယ် မျက်နှာပူလိုက်တာ။ ငါသာ အပြေးမမြန်ရင် သေတော့မှာ”
ရှုရှင်းက ယန်မော့၏ ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်သည်။ သူမသည် မည်သူ့ကိုမှ မကြည့်ချင်တော့ပေ။
“ငါ ဘယ်တော့မှ ကြုံရာကျပန်းလျှောက်ပြီး မခန့်မှန်းတော့ဘူးလို့ ပြောမယ်။ ကံကောင်းစွာနဲ့ သူက ဘာလို့ ဒီလို စစ်သားအဟောင်းတွေ သုံးတာ သဘောကျလောက်မယ့် ခွက်မျိုး ကြိုက်မယ်လို့ ထင်လားဆိုပြီး ထပ်မမေးခဲ့တာ ကျေးဇူးတင်တယ်။ အဲဒီလိုမှ မဟုတ်ရင် ငါမရှင်းပြတတ်တော့ဘူး”
ပုယွမ်ကျိုး : တကယ်တော့ သူမေးချင်တာ အပြေးမြန်သွားလို့ ငါမေးလို့ မရလိုက်ဘူး
“ရတယ် ရတယ် ကိစ္စမရှိဘူး၊ မရှက်နဲ့ ကိစ္စသေးသေးလေးဘဲ ယွမ်ကျိုးက အများကြီး တွေးမှာ မဟုတ်ဘူး၊ သူ့ရဲ့ စိတ်က သိပ္ပံသုတေသန ပရောဂျက်ကိုပဲ အာရုံစိုက်နေတာ ဆိုတော့ သူ အခြားကိစ္စတွေကို အာရုံသိပ်မစိုက်နိုင်ပါဘူး။ ခဏနေရင် ထမင်းစားဖို့ အောက်ဆင်းသွားတဲ့အခါ သူ မေ့နေလောက်ပြီ”
ရှုရှင်း၏ စကားကတဆင့် ယန်မော့က အဖြစ်အပျက်ကို ခန့်မှန်းမိနိုင်သည်။ သူ၏ မျက်လုံးထဲတွင်လည်း အပြုံးများ ပြည့်နှက်နေသည်။ သူဟာ ရှုရှင်းကို အသာပွေ့ဖက်ကာ နှစ်သိမ့်ပေးနေလိုက်သည်။ သူ၏ မျက်လုံးထဲမှ အလိုလိုက်လိုသော စိတ်ဆန္ဒများက လျှံကျနေသည်။
******