အခန်း ၁၃၄
Vol. 14 Ch. 134
134 01
အပိုင်း (၁၃၄) တွန့်ဆုတ်ခြင်း
မျှော်လင့်ထားသည့်အတိုင်းပင် ပုယွမ်ကျိုးကလည်း ညပိုင်း ထမင်းစားချိန်တွင် ထိုအကြောင်းအရာကို ထုတ်မပြောတော့ချေ။ ရှုရှင်းကလည်း စိတ်ထဲတွင် ခိုးပြီး သက်ပြင်းချသည်။
ပိုင်မိသားစုနှင့် လျှန်ပေ့တို့ မရှိတော့သောအခါ အခြေစိုက်စခန်းတွင် သူတို့နှင့် ရန်ငြိုးရှိသူများလည်း မရှိတော့ပေ။ ရှုရှင်းတို့က တာဝန်ထွက်လုပ်ပြီး ပုယွမ်ကျိုးကို စံအိမ်တွင် တစ်ယောက်တည်း ထားရစ်ခဲ့ခြင်းအားဖြင့် သူ၏ သုတေသန လုပ်ငန်းများကို ပူပန်စရာမရှိဘဲ လုပ်နိုင်သည်။ အာရုဏ်ဦးအသင်း၏ ဂုဏ်သတင်းမျိုးကြောင့်လည်း မည်သူကမှ လာမနှောက်ယှက်တော့ပေ။
အချိန်ကြာလာသည်နှင့် အမျှ အမျိုးမျိုးသော အခြေစိုက်စခန်းများကလည်း တည်ငြိမ်လာသည်။ ဇွန်ဘီများ၏ အလုံးအရင်းနှင့် တိုက်ခိုက်မှုများအကြားတွင် ကူကယ်ရာမဲ့ပြီး အထီးမကျန်စေရန်အလို့ငှာ အနီးအနားပတ်ဝန်းကျင်မှ အခြေစိုက်စခန်းများနှင့်အတူ ဆက်သွယ်မှုများကို တည်ထောင်ရန်ကြိုးစားကြသည်။
ပူးပေါင်းသည်ဟု ဆိုသော်လည်း အခြားသော အခြေစိုက်စခန်းများ၏ အင်အားကို ကြည့်ရန် အခွင့်အရေးယူခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ လုံခြုံမှုအခြေစိုက်စခန်းများအားလုံးကို အင်အားကြီးမားမှု အားနည်းမှု စသဖြင့်အမျိုးမျိုး ရှိလေသည်။
အားနည်းသော အခြေစိုက်စခန်းကသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုလျှင် အင်အားကြီးမားသော အခြေစိုက်စခန်းထဲမှ အကူအညီ တောင်းရပေမည်။ အကာအကွယ်လိုချင်လျှင်မူ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်ပေးရပေမည်။ ထိုသို့ဖြင့် အခြေစိုက်စခန်းလေးများနှင့် အခြေစိုက်စခန်းကြီးများ ကလည်း ထိုသို့ဖြင့် အပြန်အလှန်မှီခိုသည့် ဆက်ဆံရေးမျိုး ရှိလာပြီး ချိတ်ဆက်ရင်းမှ အင်အားစု အသစ်တစ်ခု ဖြစ်လာသည်။ မြို့တော် C နှင့် မြို့တော် H တို့ကလည်း အတော်လေး လူသိများသော အခြေစိုက်စခန်းများဖြစ်သည်။ အထူးသဖြင့် ဗဟိုနယ်မြေတွင် ဖြစ်သည်။
မြို့တော် H မှ ခေါင်းဆောင်ကလည်း လွန်ခဲ့သော တစ်ရက်ခန့်က စာကို လွှတ်၍ အကြောင်းကြားလာသည်။ သူတို့သည်လည်း မြို့တော် C နှင့် ပူးပေါင်းမှုကို ဆွေးနွေးရန် လာသော သူက လမ်းတွင် ဖြစ်နေလေသည်။
ထိုအချိန်တွင် မြို့တော် C ၏ အခြေစိုက်စခန်းမှ ခေါင်းဆောင်များကလည်း သတိအပြည့် ကပ်ထားပြီး အတွင်းပိုင်းဆိုင်ရာ အရေးပေါ် အဆင့်မြင့် အစည်းအဝေးကို ထိုင်ရသည်။
“ငါတို့မှာ အင်အားနည်းနည်းရတဲ့ အချိန်မှာပဲ မြို့တော် H က လူလွှတ်ဖို့ မစောင့်နိုင်တော့ဘူးဘဲ ကြည့်ရတာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိရမယ်…”
“ဒီတစ်ခေါက်လာမယ့် H မြို့က လူတွေကို ကိုင်တွယ်ဖို့ ပြီးပြည့်စုံတဲ့ အကြံအစည်များ ရှိကြလား”
အလယ်ခေါင်တွင် ထိုင်နေသော သူက တဖြည်းဖြည်း ပြောသည်။
“အခြေစိုက်စခန်းနှစ်ခုကြားက အင်အားချင်းကွာခြားချက်ကို အမြန်ဆုံး သက်သေပြချင်ရင်တော့ အခြေစိုက်စခန်းထဲက စိတ်စွမ်းအားပညာရှင်တွေကို အချင်းချင်း ပြိုင်ခိုင်းတာပဲ။ ဒီတစ်ခေါက် H မြို့က သူတွေကလည်း သူတို့ကိုယ် သူတို့ ကျွမ်းကျင်တယ်လို့ ထင်တဲ့ သူတွေကို လွှတ်လိုက်လိမ့်မယ်။ ငါတို့ရဲ့ အခြေစိုက်စခန်းထဲက အင်အားကြီးမားတဲ့စိတ်စွမ်းအား ပညာရှင်တွေ…”
ပြောသူက စကားကို ပြီးဆုံးအောင် မပြောရသေးခင် လူတိုင်းက နားလည်နေကြပြီ ဖြစ်သည်။ အခြေစိုက်စခန်းမှ အင်အားအကြီးဆုံး စိတ်စွမ်းအားပညာရှင် အဖွဲ့က နှစ်ဖွဲ့ရှိသည်။ မိုးကြိုးအဖွဲ့နှင့် အာရုဏ်ဦးအဖွဲ့ဖြစ်သည်။
သူတို့သည်လည်း နှစ်ဖွဲ့လုံးမှ လူများကို ကမ်းလှမ်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် မည်သည့်နည်းလမ်းကို သုံးသုံး ကျရှုံးခဲ့၏။ ထိုနှစ်သင်းလုံးက အင်အားကို လုလိုစိတ်မရှိကြောင်း မြင်သောအခါ လက်လျော့လိုက်ရသည်။
“ဒီလိုဆိုရင် သူတို့နဲ့ ဆွေးနွေးဖို့ လူလွှတ်လိုက်ရအောင်။ ဘာပဲဖြစ်ဖြစ် သူတို့က အခြေစိုက်စခန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ဆိုတော့ ကူညီဖို့ သဘောတူကြမှာပါ အခြေစိုက်စခန်းက အခြေအနေကောင်းလာတဲ့အခါ သူတို့လည်း အခြေအနေ ကောင်းမှာပဲလေ”
ထိုသို့ဖြင့် သူတို့က စသဖြင့် ဆွေးနွေးကြသည်။
အစည်းအဝေးခန်းထဲမှ ထွက်ပြီးနောက် ပုံမှန်အားဖြင့် အဆင့်မြင့်သော အရာရှိများက ချွေးစေးများ ပြန်နေကြသည်။
134 02
တာဝန်အသီးသီးကို လက်ခံပြီးနောက် ယန်ရွှမ်းကောနှင့် ရွှီဖေးယွီတို့က မိုးကြိုးအသင်းနှင့် အာရုဏ်ဦးအသင်းတို့ တည်ရှိသော စံအိမ်များထံသို့ အပြေးအလွှား သွားကြသည်။ သူတို့ကသာ အရောက်နောက်ကျသွားခဲ့သော် လွဲချော်သွားမည်ကို ကြောက်နေကြသည်။
မိုးကြိုးအသင်းကလည်း တာဝန်ပြီးမြောက်ပြီး ပြန်လာကာစ ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းတွင် ရှိနေသည်။ သို့သော် အာရုဏ်ဦးအသင်းကမူ ထိုသို့မဟုတ်ချေ။ သူတို့က အပြင်ထွက်ပြီး တာဝန်လုပ်သည့် အချိန်အတိအကျလည်း မရှိနေခဲ့ချေ။ သူတို့က အခြေစိုက်စခန်းတွင် ရှိနေချိန်တွင်လည်း အပြင်သို့ ထွက်ရသည်အား သဘောမကျချေ။ ထို့ကြောင့် သူတို့ဟာ အခြေစိုက်စခန်းထဲတွင် ရှိမရှိ ဆိုသည့် အချက်ကိုသိရန် အတော်လေး ခက်လေသည်။ ထို့ကြောင့် သူတို့သည်လည်း ကံကောင်းပြီး တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံရန်သာ မျှော်လင့်နေသည်။
“ခေါင်းဆောင်ယန် ခေါင်းဆောင်ယန် ခဏနေပါအုံး ခဏနေပါအုံး”
ရွှီဖေးယွီက မီတာနှစ်ဆယ်ခန့်အကွာမှ လှမ်းအော်သည်။
ရှုရှင်းကလည်း ရွှီဖေးယွီကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာမေးသည်။
“ဟင် တစ်ယောက်ယောက် ခေါ်နေတာလား။ နင်သူ့ကို သိလား”
******