အခန်း ၁၃၅
Vol. 14 Ch. 135
135 01
အပိုင်း (၁၃၅) ဆုလာဘ်
“အာ…”
“သူက အခြေစိုက်စခန်းက အရာရှိလေ သူဘာလိုချင်လဲ ကြည့်ရအောင်”
ယန်မော့ကလည်း ရွှီဖေးယွီကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
“ခေါင်းဆောင်ယန် ခေါင်းဆောင်ယန် ဟူး…ငါ….ခေါင်းဆောင်း…ငါ…”
ရွှီဖေးယွီက အတတ်နိုင်ဆုံး ပြေးလာခြင်း ဖြစ်သည်။ သူဟာ ကားနောက်သို့ ပြေးလိုက်နေရခြင်း ဖြစ်ပြီး စကားပင် ကောင်းကောင်း မပြောနိုင်ဘဲ အသက်ပင် ရှူနေရသည်။
“နေအုံး နေအုံး ခဏနေပါအုံး စကားမပြောခင် အသက်လေး အရင်ရှူလိုက်ပါအုံး။ အလျှင်မလိုပါနဲ့။ ငါတို့ ထွက်မပြေးပါဘူး။ မဟုတ်ရင်လည်း မင်းဘာပြောနေလဲ ငါတို့ နားမလည်ဘူး”
ပုရှန်းဝမ်က တစ်ဖက်သူ၏ လေးလံသောအသက်ရှူသံကို နားထောင်ရင်း မသက်မသာဖြစ်လာသောကြောင့် ဖြတ်ပြောလိုက်သည်။
“ဟူး ဟူး..ဟူး”
ပုရှန်းဝမ်၏ စကားကြောင့် ရွှီဖေးယွီကလည်း အသက်ကို ခပ်မြန်မြန် ရှူပြီး အသက်ရှူနှုန်းကို ချိန်ညှိသည်။
“!!!”
သူဟာ အသက်ရှူ၍ အဆင်ပြေသွားသည်နှင့် ကားထဲမှ သူများက သူ့ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ပြီး ရုတ်တရပ် အသက်ရှူ ရပ်မတတ် ဖြစ်သွားသည်။
“သူက အခြေစိုက်စခန်းကဆိုတာ သေချာရဲ့လား။ ဘာလို့ သိပ်ဉာဏ်မကောင်းတဲ့ ပုံစံ ဖြစ်နေတာလဲ”
ရှုရှင်းကလည်း ယန်မော့၏လက်ကို ဆွဲရင်း ခပ်တိုးတိုး ပြောသည်။
ရွှီဖေးယွီ : ယဉ်ကျေးတာလား ငါတို့ ဒီလောက် ကပ်နေတာကို ငါကြားတယ်နော်
ရွှီဖေးယွီ : ငါပြောမယ် ငါ ကြားတယ်လို့
သူသည်လည်း ပြန်ပြောလိုသည်။ သို့သော် မပြောရဲပေ။ သူသည်လည်း စိတ်မကောင်း ဖြစ်သွားသည်။
“ခေါင်းဆောင်ယန် အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ငါ အကူအညီ တောင်းချင်လို့ပါ”
“ဘာကိစ္စများလဲ”
“H မြို့က လူတွေ လွှတ်လိုက်မဲ့ အကြောင်းကို မင်းတို့လည်း ကြားပြီးပြီလို့ထင်တယ်။ သူတို့ ဒီတစ်ခေါက်လာမဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူး။ ဒါကြောင့် အခြေစိုက်စခန်းကလည်း မင်းနဲ့ မင်းရဲ့ အသင်းဖော်တွေကို အခြေစိုက်စခန်းမှာ အချိန်တစ်ခုလောက် နေပေးဖို့ ဖိတ်ကြားချင်တာပါ။ အခြေစိုက်စခန်းက အခက်အခဲရှိရင် ကူညီပေးနိုင်အောင်လို့ပေါ့”
“အိုး ငါနားလည်ပြီ။ ငါတို့ကို အခြေစိုက်စခန်းမှာနေပြီး ခင်ဗျားတို့ရဲ့ လူမိုက်လုပ်စေချင်တာလား”
ပုရှန်းဝမ်က ချဲ့ကားလွန်းစွာ ပြောသည်။
135 02
“ဒါက အဲဒီလိုတော့ မပြောပါနဲ့”
ရွှီဖေးယွီကလည်း ရည်ရွယ်ချက်က ပေါ်သွားသည့်အတွက် မျက်နှာပူသွားသည်။
“ငါတို့ကို လူမိုက်လုပ်ခိုင်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကျိုးအမြတ်က လုံလောက်ရမယ် မဟုတ်လား”
ပုရှန်းဝမ်က တစ်ဖက်သူ၏စကားကို ဖြတ်ပြောလိုက်သည်။ သူတို့သည်လည်း ဝေ့လည်ကြောင်ပတ် မလုပ်လိုပေ။ ထို့ကြောင့် လိုရင်းကိုသာ ပြောသည်။
“ခေါင်းဆောင်ယန်”
ရွှီဖေးယွီက တိတ်ဆိတ်နေသော ယန်မော့ကို ကြည့်ပြီး အကူအညီတောင်းသည်။ ယန်မော့က တစ်ချိန်လုံး တိတ်နေသောကြောင့် ပုရှန်းဝမ်၏ စကားလုံးများက ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ပြောနေသည်ဟု ထင်လိုက်သည်။
“ဟင် ဘာလဲ မင်းက ငါ့ကို ခင်ဗျားနဲ့ပတ်သက်ပြီး ဆုလာဘ်အကြောင်း ပြောစေချင်တာလား။ ဒါမှမဟုတ် ငါတို့ကို တစ်ပြားမှ မပေးဘဲနဲ့ အလကားလိုချင်တယ်လို့ ဆိုလိုချင်တာများလား”
ယန်မော့၏လေသံက အစမှအဆုံးအထိ မပြောင်းလဲသွားပေ။ မျက်နှာတွင်မူ အပြုံးပင် ရှိနေသည်။ သို့သော် မည်သို့မည်ပုံ ဖြစ်မှန်းမသိ ရွှီဖေးယွီကမူ ကျောရိုးတောက်လျှောက် စိမ့်တက်သွားသည်။ နံဘေးမှ အကောင်ကြီးကလည်း သူ့ကို တောရိုင်းသားရဲ့ အကောင်ကြီး တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။ သူကသာ အကျိုးအမြတ်မပေးဘဲ အလကားလုပ်ခိုင်းလိုသည်ဟု ပြောလိုက်လျှင် ချက်ချင်း ခုန်ကိုက်လောက်သည်။
“မ…မဟုတ်တာ မဟုတ်တာ မဟုတ်တာ။ ငါက အဲဒီလို မဆိုလိုပါဘူး။ သေချာပေါက် ပေးမှာပေါ့”
ရွှီဖေးယွီက နဖူးမှ ချွေးများကိုသုတ်ပြီး အလျှင်စလို ရှင်းပြသည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ။ ဆုလာဘ်အကြောင်းကို အရင်ဦးဆုံး ပြောသင့်တာ မဟုတ်ဘူးလား။ အဲဒီလိုမှ မဟုတ်ရင် ငါတို့ နားလည်မှု လွဲမှာပေါ့။ လာလာ…လာ အထဲဝင်ပြီး ဆုလာဘ်အကြောင်း ဆွေးနွေး ရအောင်”
ရှုရှင်းက ပြုံးလိုက်ပြီး စံအိမ်ထဲသို့ လူများကို ဖိတ်ခေါ်သည်။
“မဟုတ်တာ မဟုတ်တာ မဟုတ်တာ။ ငါတို့ ဒီအတိုင်း အဆင်ပြေတဲ့ နေရာလေးတစ်ခုရှာပြီး ပြောလို့ ရပါတယ်”
ရွှီဖေးယွီက ခေါင်းကို လှည့်၍ သူ၏ နံဘေးမှ အလွန်မြင့်မားကာ ခိုင်မာသော စံအိမ်တံခါးကို ကြည့်လိုက်ပြီး ခေါင်းကို ခါသည်။
တံခါးက ဘယ်လိုကြည့်ကြည့် အရမ်းလုံခြုံတဲ့ပုံပဲ။
သို့သော် သူ၏ မျက်လုံးထဲတွင်မူ လူသားစားသော မကောင်းဆိုးဝါးကြီးနှင့် တူသည်။ သူသည်လည်း ထိုအိမ်ထဲသို့ဝင်ပြီး ပြန်မထွက်လာနိုင်တော့မည်ကို ကြောက်သည်။
“အာ… အဲဒီလိုလား အင်း ဒါဆိုရင်လည်း ရတယ်လေ။ အဆင်ပြေမဲ့ နေရာကို ဦးဆောင်သွားပါ”
ရှုရှင်း၏ အသံက အတော်လေးကို နောင်တရနေပုံရသောကြောင့် ရွှီဖေးယွီ၏ နှလုံးသား တောက်လျှောက် တုန်ယင်သွားကာ ထိတ်လန့်သွားသည်။ သူသည်လည်း အိမ်ထဲသို့ မဝင်သည်မှာ ဉာဏ်ပညာရှိသော ဆုံးဖြတ်ချက်ဟု သိလိုက်သည်။
ရွှီဖေးယွီကို ကျောပေးလိုက်ချိန်တွင် ရှုရှင်းက ယန်မော့ကို တောက်လျှောက် မျက်လုံး ဝေ့ပြနေသည်။
ယန်မော့ကလည်း လက်ကို ဆန့်ထုတ်ကာ ရှုရှင်း၏ နှာခေါင်းလေးကို အသာဆိတ်သည်။ သူမကို အလိုလိုက်လိုက်သည်။
မူချီမိုင်က ကားကို ပြန်မောင်းလာသည်။ ယန်မော့ ရှုရှင်းနှင့် ပုရှန်းဝမ်တို့က ရွှီဖေးယွီ၏ အနောက်မှ လိုက်ကာထိုကိစ္စ အကြောင်းကို ဆွေးနွေးကြသည်။
******