အခန်း ၁၃၆
Vol. 14 Ch. 136
136 01
အပိုင်း (၁၃၆)
“ကမ်းလှမ်းထားတဲ့ အခြေအနေထဲက ပြဿနာမရှိဘူးဆိုရင်တော့ ကောင်းကောင်းပူးပေါင်းထားနိုင်တယ်”
“ကောင်းပြီ ပျော်ရွှင်ဖွယ် ပူးပေါင်းမှုပါ”
အာရုဏ်ဦးအသင်းမှ အဖွဲ့ဝင်များ ထွက်သွားသည်အား စောင့်ကြည့်နေသော ရွှီဖေးယွီက သက်ပြင်းရှည်ကြီးကို ချသည်။ သူသည် ကုလားထိုင် အနောက်ဖက်သို့ ခွေကျသွားသည်။
အခြေအနေကို ပြန်တွေးကြည့်သောအခါ သူသည်လည်း ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်ကတည်းက ယခုလိုမျိုး နိုင်ငံရေးဘက်ပိုင်းမှ ဆယ်နှစ်ကျော်ခန့်ပင် လုပ်သက်ရှိသော လူရင်းတစ်ယောက်ဖြစ်သည်။ သူသည် အမျိုးမျိုးသော ပူးပေါင်းလုပ်ဆောင်မှုများကို ညှိနှိုင်းခဲ့ဖူးသည်။ သို့သော် ဒီနေ့ကကဲ့သို့ တစ်ဖက်သူ၏ ဦးဆောင်မှု နောက်သို့ တောက်လျှောက်လိုက်ပါနေရသည့် အခြေအနေမျိုး မရှိခဲ့ဖူးပေ။ သူသည် ကုန်လွန်ခဲ့သော နှစ်များအားလုံးကို အလကားဖြုန်းတီးခဲ့သည်ဟုပင် ခံစားရသေးသည်။
အာရုဏ်ဦးအသင်းမှ ခေါင်းဆောင်က အမှန်တကယ် တော်သည်။ သူသည်လည်း အခြေစိုက်စခန်းမှ ကမ်းလှမ်းနိုင်သော ဆုလာဘ်၏ အကန့်အသတ်ကိုပင် ကွက်တိသိပြီး ထိုအကန့်အသတ်အထိ တောင်းဆိုလိုက်ကာ ညှိနှိုင်းခွင့်ပင် မပေးခဲ့ပေ။
ကံကောင်းသည်မှာ သူ့ကို ပေးထားသော တာဝန်က ပြီးမြောက်သွားသည်။ အာရုဏ်ဦးအသင်းက သူများကလည်း ဆုလာဘ်ကို လက်ခံပြီး ကူညီပေးရန် သဘောတူကြသည်။
ထို့ကြောင့် မိုးကြိုးအသင်းဘက်တွင်လည်း အရာအားလုံး အဆင်ပြေရန် မျှော်လင့်သည်။ ဒီအခြေအနေအားဖြင့် H မြို့မှ လူများလာခဲ့သော် အကာအကွယ်ထပ်ရပေမည်။
“ဘယ်လိုလဲ ဘယ်လိုလဲ။ ငါ အခုသရုပ်ဆောင်တာ ကောင်းတယ်မလား”
စံအိမ်သို့ ပြန်ရောက်ပြီးသည်နှင့် ရှုရှင်းက ယန်မော့၏ လက်မောင်းကို ဖက်ကာ ချီးကျူးခိုင်းသည်။
“အင်း မင်းသရုပ်ဆောင်တာ အရမ်းထူးချွန်တယ်။ မင်းကို ရွှေလူသားရုပ် သေးသေးလေးနဲ့ အော်စကာဆုပေးသင့်တာ။ ဖျော်ဖြေရေးအသိုင်းအဝိုင်းကတောင် မင်းမရှိရင် ဒုက္ခရောက်တော့မှာ”
ယန်မော့က သူ၏ ဇနီးလေးကို ချီးကျူးသောအခါ အမြဲတစေ ရက်ရောသည်။ အထူးသဖြင့် ရှုရှင်းကလည်း အမျိုးမျိုးသော အင်တာနက် စကားလုံးများကို အသုံးပြုရာတွင် ကျွမ်းကျင်လေသည်။
“ဟီးဟီး ငါလည်း အဲဒီလို ထင်တယ်”
ရှုရှင်းကလည်း ယောက်ျားဖြစ်သူ၏ ချီးကျူးစကားကို နှိမ့်ချမှုမရှိဘဲပျော်ရွှင်စွာ လက်ခံလိုက်ပြီး ဂုဏ်ယူသွားသည်။
“ဒါပေမဲ့ ယောက်ျား အခြေစိုက်စခန်းက ဒီနေ့ ငါတို့ကို လူလွှတ်ပြီး ရှာမယ်ဆိုတာ ဘယ်လိုသိတာလဲ”
ရှုရှင်းက တစ်ဖက်ကို လှည့်လာပြီး မနေ့ညကတည်းက မေးချင်သော မေးခွန်းကို မေးသည်။ တစ်ညလုံး ထိန်းသိမ်းထားပြီးနောက် နောက်ဆုံးတွင် မနေနိုင်တော့ပေ။
အခြားသော သူများကလည်း ထိုအဖြေကို စိတ်ဝင်စားကြပြီး လုပ်လက်စကိုပင် ရပ်ကာ စောင့်ပြီး နားထောင်ကြသည်။
“အခြေစိုက်စခန်းမှာ ပိုင်ကျန်းချူနဲ့ ဆုံခဲ့တဲ့အချိန်ကို မှတ်မိသေးလား”
136 02
ယန်မော့က ရှုရှင်းအားမသက်ဆိုင်သော မေးခွန်းကို မေးသည်။
“ဟင် အရာအားလုံးက အဆင်ပြေနေတာကိုဘာလို့ ရုတ်တရက် သူ့နာမည်ကို ထုတ်ပြောတာလဲ ကံဆိုးလိုက်တာ”
ပိုင်ကျန်းချူ၏ နာမည်ကို ပြောသောအခါ ရှုရှင်းက ရွံရှာသွားသည်။
“သူက H မြို့က ယန်မိသားစုအကြောင်းကို ပြောသွားတယ်လေ။ ဒါက အရေးပါတဲ့ အချက်အလက်”
ယန်မော့က ရှုရှင်း၏ ဆံပင်ကို ကူကယ်ရာမဲ့သလို အသာသပ်ပေးနေရင်း ပြောသည်။
“ယန်မိသားစုရဲ့ ကိစ္စတွေကို လုပ်ဆောင်ပုံ အတိုင်းဆိုရင် H မြို့ရဲ့ သာမာန်ဘဝနဲ့ နေဖို့မဖြစ်နိုင်ဘူး။ သူတို့က H မြို့က အခြေစိုက်စခန်းရဲ့ ခေါင်းဆောင် ဒါမှမဟုတ်ရင် အထူးနေရာကို ရထားတဲ့သူ ဒါကြောင့် အဓိက အခြေအနေလောက်ကို ထိန်းချုပ်နိုင်အုံးမှာပဲ”
“ယန်မိသားစုရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ငါက သူတို့ရဲ့ ကိစ္စပုံ နည်းလမ်းကို ကောင်းကောင်းသိတာပေါ့။ H မြို့က မနေ့က စာပို့တယ်ဆိုတဲ့ အကြောင်းကို ကြားတော့ ရည်ရွယ်ချက် ကို ခန့်မှန်းမိလိုက်တယ်”
“အခြေစိုက်စခန်းက ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ အကြံအစည်တစ်ခုလုံးကို မသိလောက်ဘူး။ ဒါပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိမှန်းတော့ သိမှာ အခြေစိုက်စခန်းက စိတ်စွမ်းအား ပညာ ရှင်တွေကို အသုံးပြုဖို့ ခန့်အပ်ထားပေမဲ့လည်း အင်အားကြီးတာက ငါတို့နဲ့ ရှောင်းလုံရဲ့ အသင်းပဲ ရှိတယ်”
“H မြို့က လူတွေ ရောက်လာတဲ့အချိန်မှာ အမှားအယွင်းတွေ မရှိစေဖို့အတွက် အခြေစိုက်စခန်းက ငါတို့ကို နောက်ခံအဖြစ် တည်ရှိနေပေးဖို့ သေချာပေါက်ကို အကြောင်းကြားလိမ့်မယ် ဆိုတော့ ငါက ဒီနေ့ အပြင်ထွက်ဖို့ ပြင်ဆင်တယ်ဆိုတဲ့ ပုံစံမျိုးကို ဖန်တီးပြီး အခြေအနေကသာ အဆင်ပြေရင် ငါတို့ ချက်ချင်း ထွက်သွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်ပြရတာပေါ့”
ရှုရှင်းကလည်း အခြေအနေ တစ်ခုလုံးကို နားထောင်ပြီးနောက် မှင်သက်သွားသည်။
ဘယ်လိုဖြစ်ပြီး ဒီအချက်အလက်လေး အနည်းငယ်ကနေ ဒီလောက်ထိ တွေးနိုင်ရတာလဲ။
နောက်ပြီ အကန့်အသတ်တွေကဆင့် အခြားသူတွေ အပေါ်မှာတောင် ခန့်မှန်းချက် ထုတ်နိုင်သေးတယ် တော်လိုက်တာ။ အာ..ဒီလောက် တော်တဲ့သူက ငါ့ယောက်ျားတဲ့
ထိုသို့ တွေးလိုက်မိသောအခါ ရှုရှင်းသည်လည်း ရုတ်တရက် သူမသည် ထိုယောက်ျားဖြစ်သူ၏ ခြေသလုံးကို ကပ်တွယ်ရန် ကြိုးစားခဲ့သည်မှာ ဆုံးဖြတ်ချက် ချခဲ့သမျှထဲတွင် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်လောက်သည်။
ဟီးဟီး ဒီလောက် ထူးချွန်တဲ့ သူက သူမရဲ့ ယောက်ျားလေး ဂုဏ်ယူတယ်
“တော်လိုက်တာ ငါ မော့ကောကို အရမ်းလေးစားတာပဲ။ ငါ တစ်ဖန်ထပ်ပြီး မင်းရဲ့ အသင်းဖော်ဖြစ်ရတာ ဝမ်းသာမိသွားတယ်”
ပုယွမ်ကျိုးက မျက်နှာသေနှင့် ချီးကျူးစကား အပြည့်အဝ ထုတ်ပြောသည်။
“ဒါဆိုရင် မိုးကြိုးအသင်းကလည်း သူတို့ကို သဘောတူမယ်လို့ ထင်လား”
******