အခန်း ၁၃၇
Vol. 14 Ch. 137
137 01
အပိုင်း (၁၃၇) ယောက်ျားကို ချော့ခြင်း
“မိုးကြိုးအသင်းက လူတွေက သဘောတူမယ်လို့ ထင်လား”
ပုယွမ်ကျိုးက ခပ်အေးအေး မေးသည်။
“အင်း”
ယန်မော့ကလည်း ခပ်အေးအေး ပြန်ဖြေသည်။ လေသံကလည်း ခိုင်မာမှုအပြည့်နှင့် ဖြစ်သည်။
ရှောင်းလုံနှင့် အဆက်အသွယ် လုပ်ကြည့်ရသလောက်အရဆိုလျှင် ယန်မော့သည်လည်း တစ်ဖက်သူက အလွန်ပင်တာဝန်ယူတတ်သူမှန်း သိသည်။ ယခင်က စစ်သားလုပ်ခဲ့ဖူးသောကြောင့်လည်း ဖြစ်လောက်သည်။ ထို့ကြောင့် တရားမျှတမှုနှင့် အကျိုးအကြောင်းသိစိတ်က များနေ၏။
ကမ္ဘာအဆုံးသတ်ကာလက သူ၏နောက်ဆုံးလက်ကျန်းအသိစိတ်များကို ဖယ်ရှားလုနီးပါး ဖြစ်နေသေးသည့်တိုင်အောင် အများကြီး တုံ့ဆိုင်းပြီးနောက် သဘောတူလောက်သည်။
ဆန့်ကျင်ဘက်အနေအထားမျိုးတွင် ကြီးပြင်းလာခဲ့ခြင်းက သူတို့နှစ်ယောက်အား ဆန့်ကျင်ဘက်ဆန်သည့် စိတ်နေသဘောထားမျိုး ရှိလာစေသည်။ မည်မျှပင် ညင်သာ ဟန်ဆောင်နေစေကာမူ ကိုယ့်ကိုယ်ကိုယ် လှည့်စား၍ မရပေ။
သူသည်လည်း သူဟာ မည်ကဲ့သို့သောသူမှန်း ကောင်းကောင်းသိသည်။ သူ၏ အရိုးအကြောင်းများကပင် ခြားနားမှုကို ဖော်ပြနေသည်။ သူသည်လည်း အခြားသူ၏ သေခြင်း ရှင်ခြင်းကို ဂရုမစိုက်တတ်ချေ။ သူ၏ ကိုယ်ပိုင်ဆွေမျိုးများက သူ၏ ရှေ့တွင် သေသွားခဲ့လျှင်ပင် မည်သို့မှ ခံစားရလိမ့်မည် မဟုတ်ပေ။
ပထမနှစ် နှစ်ဆယ်အတွင်းတွင် ပုရှန်းဝမ်နှင့် မူချီမိုင်ကသာ သူ၏ နှလုံးသားထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အစစ်အမှန် ညီအစ်ကိုများအဖြစ် သတ်မှတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ရှုရှင်းက ရုတ်တရက် ပေါ်လာသည်။ ထိုသို့ဖြင့် သူ၏ထိုင်းမှိုင်းကာ အရောင်မဲ့သည့် လောကအတွင်းမှ တစ်ခုတည်းသော လင်းထိန်ရာနေရာ ဖြစ်လာသည်။ သူသည် နှလုံးသား နောက်သို့ လိုက်သည်။ ထိုအလင်းစက်လေးကို ပိုင်လာ၏။
ရှုရှင်းက သူ၏ရုပ်ရည်နှင့် ဖုံးကွယ်နိုင်သော အကျင့်စရိုက်ကြောင့် ရစ်မူးပျော်ဝင်နေကြောင်း မြင်သည့်အခါ သူ၏ပန်းတိုင်ရသမျှ အရာအားလုံးကို တတ်နိုင်သမျှ ကိုင်တွယ်အသုံးပြုလိုစိတ် ရှိသည့်အလျောက် ဒီအချိန်တွင်လည်း ချွင်းချက် မရှိခဲ့ချေ။
လူတွေက အရမ်းလောဘကြီးတယ် သူတောင်မှ ချွင်းချက် မရှိဘူး။
နေ့စဉ် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သူသည် သူ၏ အစစ်အမှန် အကျင့်စရိုက်ကို တဖြည်းဖြည်းချင်းစီ ဖွင့်ဟပြပြီး ရှုရှင်း၏ အပြုအမူနှင့် ထင်မြင်ချက်ကို စမ်းသပ်ခဲ့သည်။ ကံကောင်းသည်မှာ ရှုရှင်းကလည်း သူယခုပြထားသည့် အနေအထားမျိုးအထိ ရွံရှာမှုများ မပြသသေးပေ။ သို့မဟုတ်ပါက သူသည်လည်း အမှန်တကယ်ပင် ဘာလုပ်မိမည်မှန်း မသိလောက်ပေ။
ပုယွမ်ကျိုးက ခပ်အေးအေးမေးလိုက်ရုံသာ ဖြစ်သည်။ အဖြေကို ရပြီးနောက်လည်း ဘာကြောင့် ဟူ၍ ဆက်မေးချင်နေသည်။ သို့ရာတွင် ယန်မော့၏ မျက်နှာအမူအရာက ရုတ်တရက် လေးနက်နေသောကြောင့် ရပ်လိုက်သည်။
သိချင်နေတာနဲ့ ယှဉ်ရင် သူ့ရဲ့ အသက်က အရေးကြီးတယ်။
သူ မသိချင်တော့ဘူး။
ရှုရှင်းကလည်း မိုးကြိုးအသင်းသည် လောက၏ကံကြမ္မာသားတော် ရှိကြောင်း သိသည်။ ဒါဟာ အခြေစိုက်စခန်းအတွင်းမှ ကိစ္စကြီးဖြစ်မှန်း သိနေသည်။ ဒီလောက်ကိစ္စကြီးကို အမျိုးသားနဲ့အမျိုးသမီး ဇာတ်လိုက် မရှိလို့ ဘယ်ဖြစ်ပါ့မလဲ။
ထို့ကြောင့် သူမသည်လည်း ယန်မော့က သူတို့ သဘောတူမည် ဖြစ်ကြောင်း ပြောသည့် အချိန်တွင် မအံ့ဩခဲ့ပေ။
ယန်မော့နှင့် အရင်းနှီးဆုံးသူ ဖြစ်သည့် ရှုရှင်းသည်လည်း အနားမှသူ၏ စိတ်အခြေအနေအပြောင်းအလဲကို ချက်ချင်း သတိထားမိလိုက်သည်။
“ဘာလို့ ရုတ်တရက် မပျော်မရွှင် ဖြစ်သွားတာလဲ”
ရှုရှင်းကလည်း နည်းနည်းစိတ်ရှုပ်သွားသည်။ နားမလည်နိုင်သလိုလည်း ဖြစ်သွားသည်။
ဒါပေမဲ့…
137 02
ဘာပဲဖြစ်ဖြစ် သူမက သူမရဲ့ ယောက်ျားကို သူမကိုယ်တိုင်ရွေးချယ်ထားတာလေ။ သူက မပျော်မရွှင် ဖြစ်နေတယ်ဆိုရင် ချော့ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူမက ခင်ပွန်းဖြစ်သူကို အလိုလိုက်တဲ့ အရမ်းကို စိတ်ထားကောင်းတဲ့ ဇနီးလေးပဲလေ။
“ယောက်ျား ယောက်ျား ဘာလို့ မပျော်မရွှင် ဖြစ်သွားတာလဲ”
“အဟမ်း အင်း ငါ ရုတ်တရက် ဓာတ်ခွဲခန်းထဲမှာ လုပ်စရာရှိတာကို သတိရသွားတယ် သွားလုပ်လိုက်အုံးမယ်”
“အာ…ငါ…ငါလည်း ဒီနေ့ အစောကြီး ထထားတာ အခန်းကို ပြန်ပြီး အိပ်လိုက်အုံးမယ်”
“ငါလည်း လေ့ကျင့်လိုက်အုံးမယ်”
အခြားသော လူသုံးယောက်သည် ခွေးစာမစားချင်ကြသဖြင့် အကြောင်းပြချက်ကို ကောက်ရှာကာ ချက်ချင်း ပျောက်သွားကြသည်။
ဒီဧည့်ခန်း
သူတို့ တစ်စက္ကန့်တောင် မနေချင်ဘူး။
သူတို့သည်လည်း ထိုနေရာတွင် ဒီအတိုင်း ထိုင်ပြီး ခွေးစာကို တုံးတုံးအအစားမည့် အထီးကျန်ခွေးများ မဟုတ်တော့ချေ။ သူတို့သည်လည်း တိုးတက်လာပြီ ဖြစ်သည်။ ထို့ကြောင့် တောက်လျှောက် ကြဲချလာတော့မည့် ခွေးစာကို ရှောင်လိုက်သည်။
သူတို့ကသာ လုံလောက်အောင် အပြေးမြန်သမျှ မည်သည့် ခွေးစာကမှ အမှီလိုက်နိုင်မည် မဟုတ်ပေ။
ဧည့်ခန်းထဲတွင် မည်သူမှ မရှိတော့ပေ။ ရှုရှင်းကလည်း မသက်မသာ ဖြစ်သွားပြီ ယန်မော့ကို အလျှင်စလို ပြန်ဆွဲခေါ်သွားကာ ချိုမြိန်သော စကားလုံးများအားလုံးကို အလကားရသလို သုံးပေးလိုက်သည်။
ရှုရှင်း၏ သကြားဆမ်းထားသော ကျည်ဆန်များအောက်တွင် ယန်မော့၏ အမှောင်ထဲ ရောက်နေသော နှလုံးသားက အလင်းထဲ ပြန်ရောက်လာသည်။ သူ၏ စိတ်အခြေအနေက တဖြည်းဖြည်း ပြေလျော့လာ၏။ သူသည်လည်း ဇနီးဖြစ်သူ၏ ချိုမြိန်သော စကားလုံးများကို အတော်လေး မွေ့လျော်သည်။ ပုံမှန်အားဖြင့် ကြားရလေ့ မရှိသော စကားလုံးများ ဖြစ်လေသည်။
******