အခန်း ၁၃၈
Vol. 14 Ch. 138
138 01
အပိုင်း (၁၃၈) H မြို့မှလာခြင်း
လေးရက်ခန့် ကြာပြီးနောက် ဝေးကွာသော H မြို့မှ လူတစ်ဖွဲ့က ရောက်ရှိလာသည်။
သူတို့၏ အရှေ့မှ အခြေစိုက်စခန်းက H မြို့က အခြေစိုက်စခန်းထက် မသေးငယ်ကြောင်း မြင်ရသောအခါ အဖွဲ့ကို ဦးဆောင်လာသော သူကလည်း မျက်နှာက လေးနက် တည်ကြည်သွားသည်။
“C မြို့ရဲ့ အခြေစိုက်စခန်းက ငါတို့နဲ့ သိပ်မခြားနားတဲ့ အနေအထားမျိုးလို့တော့ မထင်ထားမိတာ အမှန်ပဲ။ အားလုံးပဲ မင်းတို့ရဲ့ ပေါက်ကရဖြစ်နေတဲ့ အတွေးတွေကို စုစည်းပြီး တက်တက်ကြွကြွ နေကြ”
စုပေါ်ကျွင်းက သူ၏အနောက်ဖက်မှ လူများကို တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်အားဖြင့် အခြေစိုက်စခန်းအတွင်းတွင် ဆရာကြီးများဟု ခေါ်နိုင်သော အထူးစွမ်းအားရှိသော သူများကို လှမ်းပြီး သတိပေးလိုက်သည်။
“ဟေး ခေါင်းဆောင်စု အဲ့လောက်ကြီး အတည်ကြီး ဖြစ်မနေပါနဲ့ အေးအေးဆေးဆေး နေပါ။ ငါတို့က သေချာပေါက် မင်းနဲ့ ပူးပေါင်းပေးမှာပေါ့။ ဒါ့အပြင် ဒီ C မြို့ရဲ့ အခြေစိုက်စခန်းက ဟန်ပြလည်းဖြစ်နိုင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ခြောက်မနေနဲ့”
လူတစ်စုသည် တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် အသင်းထဲမှ တစ်ဦးတည်းသော အမျိုးသမီး ဖန်းကျစ်လော့က အရှေ့သို့ ထွက်ကာ လေထုကို ပေါ့ပါးအောင် လုပ်ပေးသည်။
“အင်း သွားရအောင်။ ငါတို့ လမ်းတောက်လျှောက် အကြိမ်အများကြီး ပြောခဲ့ကြပြီးပြီ။ ငါတို့ ဘာဆက်လုပ်မလဲဆိုတာက မင်းတို့ရဲ့ ကိုယ်ပိုင် လုပ်နိုင်စွမ်းရည်ပေါ်ပဲ မူတည်တယ်”
သေချာယုံကြည်ရသော အခြေအနေမျိုးကို မသိရသည့်အခါ သူတို့သည်လည်း သူတို့၏ ခန့်မှန်းချက်အတိုင်း ကြိုတင်ကာ ဆွေးနွေးထားကြသည်။
အခြေစိုက်စခန်း၏ အင်အားကို အကဲခတ်ရန် ထိုနေရာတွင် အင်အားကြီးမားသော သူများ မည်မျှရှိကြောင်း သိရပေမည်။ ထို့အပြင် သူတို့၏ အမြင့်အနက်နှင့် အလယ်ပိုင်းများကိုလည်း လျစ်လျူရှု၍ မရချေ။ အမြင့်၏ အဆင့်နှင့် အလယ် အင်အားစုများကလည်း အရေးပါလေသည်။ သစ်သားစည်ပိုင်းတစ်ခုကဲ့သို့ ရေမည်မျှ ဆန့်မည်ဆိုသော အနေအထားကို ဘုတ်ပြား မည်မျှဆန့်မည်ဆိုသော အနေအထားကို အကဲခတ်၍ ရခြင်း မဟုတ်ဘဲ ဘုတ်ပြား အတိုဆုံးကို ကြည့်ရသည်။
ကံဆိုးသည်မှာ အခြေစိုက်စခန်းထဲသို့ ဝင်ပြီးသည်အထိ ထိုအခြေအနေများကို အကဲမခတ်နိုင်ခဲ့ချေ။ သို့သော် သူတို၏ စိတ်အခြေအနေအပေါ် မသက်ရောက်သွားပါပေ။
C မြို့မှ ခေါင်းဆောင်များက ဦးနှောက်သာ ရှိမည် ဆိုလျှင် သူတို့က ကြိုတင်ကာ အကြောင်းကြားထားသည့်အလျောက် အခြေစိုက်စခန်းကို ပုံမှန်ထက်ပင် ပိုပြီး လုံခြုံရေးတင်းကြပ်အောင် လုပ်ထားမည် ဖြစ်သည်။ ထိုသို့ဖြင့် ဝေဖန်မခံရလောက်အောင် ပြင်ဆင်ထားလောက်မှန်း သိနေကြပြီ ဖြစ်သည်။
“မိန်းမလှလေး ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား”
စုပေါ်ကျွင်းက အလုပ်ခုံစောင်းအနောက်ဖက်တွင် ထိုင်နေသော ကောင်မလေးကို အပြုံးမျက်နှာနှင့်အတူ ချဉ်းကပ်သွားပြီး ပြောလိုက်သည်။ သူ၏ မက်မွန်ပန်းပွင်းကဲ့သို့ မျက်ဝန်းတစ်စုံက ဆွဲဆောင်မှု ပြင်းစွာ လင်းလက် တောက်ပနေသည်။
“ဘာ…ဘာ…ဘာကူရမှာလဲ”
ထိုနေရာမှ ဝန်ထမ်းက စုပေါ်ကျွင်း၏ အပြုံးကြောင်း မျက်လုံကြိမ်းသွားသည်။ သူ့ကိုပင် မျက်လုံးချင်းဆိုင်ပြီး မကြည့်ရဲတော့ဘဲ ခေါင်းကိုပင် ငုံ့သွားသည်။
“ကျွတ် အပျက်ကောင်လို မြေခွေးအကျင့် ထလာပြန်ပြီ။ မိန်းမငယ်လေးရဲ့ နှလုံးသားကို ဖြားယောင်းဖို့ ကြိုးစားနေတာပဲ”
စုပေါ်ကျွင်းကို စောင့်နေသော နေရာနှင့် သိပ်မဝေးသော နေရာရှိ အသင်းများ အကြားမှ လူတစ်ယောက်က အထင်တသေးပြောသည်။
138 02
“ငါတို့က H မြို့က ပူပေါင်းမှုအတွက် ဆွေးနွေးဖို့လွှတ်လိုက်တဲ့ သူတွေပါ။ ငါတို့အကြောင်းကို ခေါင်းဆောင်ဆီ ဆက်သွယ်ပေးလို့ရမလား”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ငါ အခုပဲ ဆက်သွယ်ပေးပါမယ်”
ထိုဝန်ထမ်းက တစ်ဖက်သူ၏ နောက်ခံကို သိသွားပြီးသည်နှင့် အရေးပါမှုကို နားလည်လိုက်သည်။ ထို့ကြောင့် အချိန်မဆွဲရဲတော့ဘဲ အနားမှ သူကို ပြောကာ အလုပ်များလွဲထားလိုက်ပြီး အပေါ်သို့ အပြေးအလွှားတက်သွားကာ လူသွားရှာသည်။
တိုက်တိုက်ဆိုင်ဆိုင် ဝန်ဆောင်မှု ခန်းမထဲတွင် ရှိနေသော ရှုရှင်းကလည်း အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူမက နည်းနည်းအံ့ဩသွားပြီး တံတွေးမှ မြိုချ၍ နံဘေးမှ ပုရှန်းဝမ်ကို ကြည့်သည်။
“ငါ့ရဲ့ ဘဝမှာ နင့်ထက်ပိုပြီး နွဲ့တဲ့သူ ငါမြင်ဖူးသွားပြီ”
ပုရှန်းဝမ် “…”
“ဒီအခိုက်အတန့်မှာတော့ မင်းငါ့ကို ချီးကျူးတာလား။ ဆဲရေးနေတာလားဆိုတာ မသိတော့သလိုပဲ”
ပုရှန်းဝမ်က ဒေါသတကြီး ရယ်သည်။
“အို ဒီအသေးစိတ်အချက်မလက်လေးကို ဂရုစိုက်မနေပါနဲ့။ သူတို့ ဘာပြောလိုက်လဲဆိုတာ ကြားလိုက်လား။ သူတို့က Hမြို့က ညှိနှိုင်းဖို့ လွှတ်လိုက်တဲ့ သူတွေတဲ့။ ခေါင်းဆောင်ရဲ့ အကျင့်စရိုက်က ဒီလို ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး”
ရှုရှင်းကလည်း သူမဟာ သူမ၏ အစစ်အမှန်ခံစားချက်ကို ထုတ်ပြောလိုက်မိကြောင်း သိသွားသောအခါ အရှက်ပြေရယ်လိုက်ပြီး အကြောင်းအရာကို ပြောင်းရန် ကြိုးစားသည်။
လက်ရှိ အခြေအနေကို သိတဲ့သူက သူရဲကောင်းပဲ။ သူမနှင့် ပုရှန်းဝမ်ကသာ အပြင်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ယန်မော့က မပါလာပေ။ ထို့ကြောင့် ဒေါသတကြီးဖြစ်ကာ ရှက်ရွံ့ပြီး သူမကို မရိုက်နှက်ရန် အလို့ငှာ ကြောက်ရွံ့ရပေမည်။
“အင်း ငါလည်း တကယ် မမျှော်လင့်ထားဘူး။ အခု ပြီးပြီဆိုတော့ သွားရအောင်”
ပုရှန်းဝမ်ကလည်း အများကြီး တွေးမနေချေ။ သို့သော် လူအုပ်ထဲမှ ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခုကိုလည်း မြင်သည်။ သူတို့ရောက်နေသော နေရာက တိုက်တိုက်ဆိုင်ဆိုင် အကွယ်နေရာမျိုး ဖြစ်နေသည်။ ထို့ကြောင့် အရင်ပြန်ကာ ယန်မော့ကို ပြောရန် ဆုံးဖြတ်ထားသည်။
******