← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

139 01

အပိုင်း (၁၃၉)

အာရုဏ်ဦးစံအိမ်

“ငါတို့ပြန်လာပြီ။ ဘယ်လို အရသာရှိတာတွေများ ပြင်ဆင်နေတာလဲ။ ဟန်နီ အင်း မွှေးလိုက်တာ”

တံခါးဝမှ ဖိနပ်ပါးကို လဲပြီးသည်နှင့် ရှုရှင်းက မီးဖိုခန်းထဲသို့ အပြေးအလွှားဝင်သည်။

“အင်း…လောဘကြီးတဲ့ ကြောင်ပေါက်လေး ပြန်လာပြီလား။ ထမင်းစားဖို့ အချိန်ကိုက်ပဲ လက်သွားဆေး”

ယန်မော့က နောက်ဆုံးဟင်းပန်းကန်ပြားကို စားပွဲပေါ်သို့ တင်ပြီးသည်နှင့် ရှုရှင်း၏ နှာခေါင်းကို လှမ်းညှစ်လိုက်သေးသည်။

“အင်း ချက်ချင်းလာခဲ့မယ်”

ရှုရှင်းက ညစာက အဆင်သင့်ဖြစ်ကြောင်း သိသည်နှင့် မျက်လုံးက ချက်ချင်းတောက်ပသွားပြီး အပြေးအလွှားလက်သွားဆေးသည်။

အခုလေးတင် တစ်ချက်ကြည့်လိုက်ရုံနှင့်တင် သူမအကြိုက် ဟင်းများစွာကို မြင်လိုက်သည်။

အရာအားလုံးကို သူမ ယောကျ်ားဖြစ်သူက ချက်ထားမှန်းလည်း သိနိုင်သည်။ ဆိုတော့ ဒီနေ့ ကောင်းကောင်း စားရတော့မယ် ဟေး…..

ယန်မော့၏ဟင်းချက် စွမ်းရည်က အကောင်းဆုံးဖြစ်သည်။ သူသည် အဖက်ဖက်တိုင်းတွင် အစစ်အမှန် ပါရမီကြီးသောသူဟူ၍ပင် ပြော၍ ရသေးသည်။

စားသောက်ပြီးနောက် အားလုံးကို ဗိုက်ပူသွားကြသည်။ ရှုရှင်း၊ ပုရှန်းဝမ်၊ ပုယွမ်ကျိုးတို့က ဆိုဖာပေါ်တွင် မှီနေကြပြီး လက်တစ်ဖက်ဖြင့် ခါးကို ကိုင်ထားသည်။ အခြားလက်တစ်ဖက်ကို ဗိုက်ပေါ်တင်ထားသည်။

မမေးနဲ့ အကြောင်းပြချက်ကတော့ အစားအသောက်က အရမ်းအရသာရှိလို့ အများကြီး စားမိသွားတာပဲ။

“နည်းနည်းလေး အစာကြေရေနွေးကြမ်းလေး သောက်ပြီး အစာကြေအောင် လုပ်လိုက်အုံး”

မူချီမိုင်ကလည်း မီးဖိုခန်းထဲမှ အစာကြေရေနွေးကြမ်းခွက် နှစ်ခွက် သယ်လာပြီး ပုရှန်းဝမ်နှင့် ပုယွမ်ကျိုး၏ အရှေ့သို့ ချပေးသည်။

“ဟေး ချီမိုင် နင်က ဘက်လိုက်တဲ့လူလို့တောင် မထင်ထားဘူး။ ဘယ်လိုဖြစ်ပြီး နှစ်ခွက်တည်းလဲ ငါ့အတွက် မပါဘူးလား။ ဟင်… ငါတို့ရဲ့အရင်ဆက်ဆံရေးက ပလပ်စတစ်များလား”

ဆိုဖာပေါ်တွင် ကိုယ်တစ်ပိုင်းမှီနေသော ရှုရှင်းက အချဉ်ပေါက်သံမျိုးဖြင့် ပြောသည်။

“မင်းရဲ့ခွက်က လမ်းမှာလေ မင်း ခဏနေရင် သောက်ဖို့ပဲ မျှော်လင့်တယ်”

တစ်မိုးအောက်တည်းတွင် အချိန်တန်ကြာအောင် နေလာသည့်အခါ သူတို့သည်လည်း ရှုရှင်း၏ သရုပ်ဆောင်နိုင်စွမ်းရည်ကို ကောင်းကောင်းသိလာသည်။ ရှုရှင်း၏ ရုတ်တရက် ဒရမ်မာထဲသို့ နစ်ဝင်သွားမှုကိုမြင်ရသောအခါ မူချီမိုင်က မျက်နှာသေဖြင့်သာ တည်ငြိမ်စွာ ပြောလိုက်ပြီး အဓိပ္ပာယ်အပြည့်နှင့် ကြည့်သည်။

“…”

“???”

“နင် … ဘာကို ဆိုလိုတာလဲ အဲဒါ ဘာအကြည့်လဲ”

မူချီမိုင်၏ခွက်က ရှုရှင်းအား လုံးဝ ကူကယ်ရာမဲ့သွားစေသည်။ သူမသည် ရုတ်တရက် မကောင်းသော ခံစားချက် ရလိုက်ပြီးခပ်မတ်မတ်ပင် ထိုင်ကာ သူ၏ မျက်နှာမှ တစ်စုံတစ်ရာကို ဖတ်ရန် ကြိုးစားသည်။ သိပ်မကြာခင်မှာတင် ထိုအကြည့်ရဲ့ အဓိပ္ပာယ်ကို နားလည်သွားသည်။

အကြောင်းမူကာ ယန်မော့သည် သူမနှင့် မလွန်ရင်းနှီးကျွမ်းဝင်သော ပန်းကန်လုံးကြီးကို ကိုင်ပြီး လျှောက်လာနေကြောင်းမြင်လိုက်၍ ဖြစ်သည်။ ကြည့်စရာပင် မလိုအပ်ပေ။ သူမနှာခေါင်းထိပ်တွင် ချဉ်ပြီး ခါးသောအရသာကလည်း ရစ်ဝဲလာသည်။

“!!!”

139 02

ရှုရှင်း၏မျက်နှာက ရုတ်တရပ် ရှုံ့မဲ့သွားပြီး ခါးသီးသွားသည်။

တိုတောင်းတဲ့ နာကျင်မှုက ရှင်နေရတဲ့ နာကျင်မှုထက် ပိုဆိုးတယ် တိုက်ခိုက်….

ယန်မော့က ထိုပန်းကန်လုံးကို လာပေးသောအခါ သူမသည်လည်း ထိုပန်းကန်လုံးကို ကိုယ့်ဘဝကိုယ် လက်ခံလိုက်သလို လှမ်းယူလိုက်ပြီး နှာခေါင်းကို ညှစ်သည်။ ထို့နောက် တစ်လုတ်တည်း မြိုချသည်။

ဘာလို့ မငြင်းတာလဲဟုတ်လား အို….ငြင်းလို့မှ မရတာ သူမယောက်ျားက အမျိုးမျိုးသော နည်းလမ်းနဲ့ သောက်အောင် လုပ်လိမ့်မယ် ဆိုတော့ လိမ်လိမ်မာမာနဲ့ သောက်လိုက်တာ ပိုကောင်းပါတယ်။

ဆေးသောက်ပြီးနောက် ရှုရှင်းသည်လည်း ဝိဉာဉ် အထုတ်ခံလိုက်ရသလို ဖြစ်သွားသည်။ သူမက ထိုင်းမှိုင်းသော အကြည့်မျိုးနှင့်အတူ ယန်မော့၏ ပေါင်ပေါ်တွင် ခေါင်းအပ်ပြီး အိပ်လိုက်သည်။

သူမ၏ စိတ်ထဲတွင်လည်းညစာ အများကြီးမစားတော့ဟု ကျိန်ဆိုနေသည်။

ဝူး….ဒီဆေးခါးကြီးဘယ်တော့မှ မသောက်တော့ဘူး

ယန်မော့ကလည်း လက်ကို အသာဆန့်ထုတ်ပြီး သူမ၏ဗိုက်ကို အသာပွတ်ပေးကာ သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးသည်။

“မော့ကော ဒီနေ့ မရီးနဲ့ငါ အပြင်သွားတော့ H မြို့ကလူတွေနဲ့ဆုံခဲ့တယ်”

ထိုသို့ဖြင့် ပုရှန်းဝမ်က ရုတ်တရပ် ပြောသည်။

“ဟင် ဘာဖြစ်လို့လဲ သိတဲ့လူ ပါလို့လား”

ပုရှန်းဝမ်၏ အကျင့်စရိုက်ကို ကောင်းကောင်းသိသော ယန်မော့ကလည်း သူ၏ လေသံကု ပုံမှန်နှင့်ခြားနားနေကြောင်းသိလိုက်သည်။

“အင်း သိတဲ့သူ ပါတယ် ငါတို့ရဲ့ အသိအကျွမ်းဟောင်းလို့ပဲ ပြောရမလား။ မော့ကော ဘယ်သူလဲဆိုတာ ဘာလို့ မခန့်မှန်းတာလဲ”

ပုရှန်းဝမ်ပြောသော စကားက အတော်လေး အဓိပ္ပာယ်ပါသည်။

“ယန်ရှင်းချောင်၊ ယန်ကျစ်ဇယ်”

ယန်မော့က နာမည်နှစ်ခုကို ခိုင်မာစွာ ပြောသည်။

“ကျွတ် ဘာလို့ ကွက်တိကြီး ခန့်မှန်းလိုက်တာလဲ။ ငါက နည်းနည်းပါးပါး ရပ်တန့်ထားမလို့ဟာကို အာ….”

ပုရှန်းဝမ်က စိတ်ပျက်လက်ပျက် ခေါင်းခါသည်။

“ငါလည်း မမျှော်လင့်ထားဘူး။ ဒါပေမဲ့ မင်းက သိသိသာသာကို ပြောပြနေတာကိုး”

တစ်ခဏခန့် တိတ်ဆိတ်ပြီးနောက် ယန်မော့က ထိုသို့ ပြောလိုက်သည်။

“အင်း ဒီနှစ်ယောက်ကြားမှာ ခြားနားမှု ရှိလို့လား။ ဘာလို့ အထူးတလည် အာရုံစိုက်တာလဲ”

ထိုသုံးယောက်ကြားမှ ထူးဆန်းသော အမူအရာကို မြင်သောအခါ ရှုရှင်း၏ အတင်းအဖျင်း ပြောလိုစိတ်ကလည်း လှုံ့ဆော်ခံရသည်။

******

All Chapters