အခန်း ၁၄၀
Vol. 14 Ch. 140
140 01
အပိုင်း (၁၄၀) ထူးဆန်းတဲ့ အပြုအမူ
“ဟင် ပြောပြပါအုံး”
“သူတို့ နှစ်ယောက်လုံးက တရားမဝင်သားတွေ”
“…”
“နင်ဖြေလိုက်တာက မဖြေလိုက်သလိုပဲ”
ပုရှန်းဝမ်၏ပေါက်ကရ အဖြေမျိုးကြောင့် ရှုရှင်းက မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။
ပုရှန်းဝမ်က တိုက်ရိုက်အဖြေကို မပေးပေ။ ထို့အစား အချို့သော ကိစ္စများကို ရှင်းပြသည်။ ယန်ရှီးချောင်နှင့် ယန်ကျစ်ဇယ်ဆိုသော နာမည်နှင့် လူနှစ်ယောက်ကလည်း တစ်စုံတစ်ရာ မှားယွင်းနေသည်မှာ မှန်ကန်သည်။ ရှုရှင်းကလည်း သူတို့ကို ကောင်းကောင်းမသိသည့် တိုင်အောင် ယန်မိသားစုကဲ့သို့သော မိသားစုမျိုးတွင် တရားမဝင်သားများ တရားမဝင် သမီးများက ပုံမှန်ဖြစ်ကြောင်း အရေအတွက် အမြောက်အများရှိနိုင်ကြောင်း သိထားပြီးသား ဖြစ်သည်။ ယခင်က သူမနှင့် ယန်မော့ ဈေးဝယ်ထွက်သော အချိန်တွင်လည်း ယန်မော့၏ အခြားသော ညီအစ်ကိုများကို တွေ့ဖူးသည်။ သူတို့သည် ယန်မော့ကို အတော်လေးကို လေးစားပြီး အရင်စကာ နှုတ်ဆက်ကြ၏။ ယန်မော့၏ အပြုအမူကလည်း ခံစားချက်မဲ့သည် အထူးတလည် အမူအရာပင် မပြသပေ။ သူတို့ ထွက်သွားပြီးသည့်တိုင် သူမက မေးမြန်းခဲ့သည့်အတွက်ကြောင့်သာ သိရှိနေခဲ့ခြင်း ဖြစ်သည်။
“သူက ယန်ချွယ်ရဲ့ တရားမဝင်ကလေးပေါ့။ ဒါပေမဲ့ သူ့မှာက တရားမဝင်ကလေး အရမ်းများတာ။ ငါတောင်မှ မမှတ်မိဘူး”
ယန်မော့၏အဖြေကို ကြားရသည့်အခါ ရှုရှင်းသည်လည်း ယန်မိသားစု၏ ဝရုန်းသုန်းကား အခြေအနေကို ပို၍ပင် ရှင်းလင်းစွာ နားလည်ခဲ့သည်။ ထို့ကြောင့် ယခုလိုမျိုး ယန်မော့က ထိုနှစ်ယောက်၏ နာမည်ကို ကွက်တိ ထုတ်ပြောလာသောအခါ ပုရှန်းဝမ်၏ ပုံမှန်မဟုတ်သည့် အပြုအမူနှင့် ထပ်ပေါင်းထည့်လိုက်ပြီး မူချီမိုင်၏ မျက်နှာပေါ်မှ ရွံရှာနေသည့် အမူအရာကိုလည်း နားလည်လိုက်ကာ စိတ်ဝင်စားသွားခဲ့သည်။
ရှုရှင်း ကိုယ်တိုင်ကပင် အတိတ်မှ ထိုလူများအကြားတွင် မနှစ်မြို့စရာ တစ်ခုခု ရှိခဲ့ရမည်ဟု ယုံကြည်နေသည်။
“တကယ်တော့…”
ပုရှန်းဝမ်က အချိန်တန်ကြာအောင် တုန့်ဆိုင်းပြီးနောက် ထပ်မပြောနိုင်တော့ပေ။
“နင်က ဒီလိုမျိုး တုန့်ဆိုင်းနေတတ်တဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ ကိစ္စတွေက အရမ်းခက်ခဲရင်လည်း မပြောလို့ ရပါတယ်”
ရှုရှင်းသည်လည်း ပုရှန်းဝမ်အား ထိုကဲ့သို့ ကိုးရိုကားရား အနေအထားမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဒါဟာ ကိုယ်ရေးကိုယ်တာ ကိစ္စဟု ထင်လိုက်ပြီး ခပ်မြန်မြန် ဝင်ပြောလိုက်သည်။
မမျှော်လင့်ထားစွာပင် သူမ၏ စကားဆုံးပြီးနောက် ပုရှန်းဝမ်၏ မျက်နှာက ပို၍ ထူးဆန်းသွားသည်။ တစ်ခုခုတော့ မှားနေပြီ။ ထပ်ကြည့်ရအောင်…
“???”
ဘာလို့ ငါယောက်ျားနဲ့ မူချီမိုင်က ရယ်ချင်စိတ်ကို ထိန်းထားရသလို ဖြစ်နေတာလဲ။
ရှုရှင်း၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုက ပို၍ ပြင်းထန်လာသည်။
မျက်နှာချင်းဆိုင်မှ အလားတူ စိတ်ရှုပ်ထွေးနေသော မျက်နှာထားမျိုးနှင့် နောက်ထပ် ပုယွမ်ကျိုးကိုလည်း မြင်ရသည့်အခါ သူမသည် ရုတ်တရက် ဟန်ချက် ညီသလို ခံစားလိုက်ရသည်။
140 02
ဟင်… ငါတစ်ယောက်တည်း မဟုတ်တော့ဘူး။
“ဘာလို့ နင်တို့တွေ ဒီလို ခိုးကြောင်ခိုးဝှက် ဖြစ်နေတာလဲ။ ကျေးဇူးပြုပြီး ငါ့ကို ပြောကြပါအုံး”
ရှုရှင်းက စိုးရိမ်တကြီးမေးသည်။
သူမသည်လည်း အိပ်ယာမဝင်ခင် အကြောင်းအရာနောက် စကားပြောလိုက်ပြီး သိချင်စိတ်ကို မထိန်းနိုင်သည့်အခါ အိပ်မပျော်မည့် အခြေအနေကို စိုးရိမ်မိလေသည်။
“အာ…တကယ်တော့ မပြောနိုင်တာတော့ မဟုတ်ဘူး။ နည်းနည်း ရှက်စရာ ကောင်းလို့ ဘယ်က စပြောရမှန်း မသိတာ”
သူမသည်လည်း အနည်းနှင့် အများသိရှိမည် ဖြစ်သည်။ ထို့ကြောင့် ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။
“ယန်ရှီးချောင်နဲ့ ယန်ကျစ်ဇယ် ငယ်ငယ်တုန်းက ငါတို့ ဆက်ဆံရေး တော်တော်ကောင်းတာ။ သူတို့က အမြဲတမ်း လိမ္မာကြတယ်။ ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုအတွက်လည်း တိုက်ခိုက်လိုစိတ် မရှိကြဘူး။ ငါကလည်း သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ သူတို့က ဟန်ဆောင်နေခဲ့ကြတာ”
“နောက်ပိုင်းမှာ သူတို့ကို ယန်ချွယ်ရဲ့အရှေ့မှာ ကြွားချင်လာကြတယ်။ နောက်ဆုံးတော့ သူတို့က သန်းရာကျော် တန်ကြေးရှိတဲ့ ပရောဂျက်မှာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ပြမိသွားတယ်။ အမှန်တရားက ပေါ်သွားပြီးတဲ့ နောက်မှာ မော့ကောက ကလဲ့စားချေမှာကို ကြောက်တယ်လေ။ ဒါကြောင့် ငါ့ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ။ သူတို့က ငါ့ကို ထိန်းချုပ်ပြီး ငါ့ကို သုံးပြီး မော့ကောကို ခြိမ်းခြောက်မယ်ပေါ့”
ရှုရှင်းကလည်း စိတ်ဝင်တစား နားထောင်နေရင်းမှ ရုတ်တရက် တစ်ဖက်သူက စကားပြောရပ်တန့်သွားသောအခါ မော့ကြည့်လိုက်သည်။
“ဟင် နောက်ထပ် ဘာဆက်ဖြစ်လို့လဲ။ သူက နင့်ကို တိုက်ခိုက်တာလား ဒါမှမဟုတ် ပြန်ပေးဆွဲတာလား”
“မဟုတ်ဘူး….”
ပုရှန်းဝမ်၏ မျက်နှာအမူအရာက အနည်းနှင့်အများ ထူးဆန်းသည်။သူဟာ အံကြိတ်ပြီး ပြောနေပုံက အလွန်အမင်း သိသာသည်။
“သူတို့တွေ…”
******