← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

141 01

အပိုင်း (၁၄၁) ငါ့ရဲ့ ဇနီးက ထူးဆန်းတဲ့ အတွဲတွေကိုပဲ အားပေးချင်နေတာ ဘယ်လို လုပ်ရမလဲ

“သူတို့က ငါ့ကို ကော့တေးပါတီ တစ်ခုမှ ဆေးခပ်ပြီး ကင်မရာတွေ ကြိုထားထားတဲ့ အခန်းထဲသို့ ခေါ်သွားတယ်။ အဲဒီလိုနဲ့ ငါ့ရဲ့ဗီဒီယိုကို ရိုက်ချင်တယ်။ ကံကောင်းစွာနဲ့ မော့ကောက အစောပိုင်းကတည်းက တစ်ခုခုမှားနေတာကို ကြိုသိပြီး အချိန်ကိုက်ရောက်လာတယ်။ အဲဒီလိုမှ မဟုတ်ရင် ငါ့ရဲ့… ငါ့ရဲ့ အပြစ်ကင်းစင်မှုကတော့ သွားပြီ”

သူ၏နူးညံ့သောနှလုံးသားလေးကြောင့် သူသည် ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီး ထိုအမျိုးသား နှစ်ယောက်က သူ၏ အပြစ်ကင်းစင်မှုများကို ယူသွားလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုဗီဒီယိုကို မှတ်တမ်းတင် ရိုက်ကူးရန်ပင် ကြိုးစားခဲ့၏။ ပုရှန်းဝမ်သည်လည်း တွေးမိချိန်တိုင်းလိုလို အလွန်ရှက်ရသည်။

“အလွန် နုနယ်သော jpg…”

“ပါးစပ်အဟောင်းသားနှင့် အံ့ဩနေသော jpg ”

ရှုရှင်းနှင့် ပုယွမ်ကျိုးတို့၏ အမူအရာများက တောင့်ခဲသွားကြသည်။ ပုရှန်းဝမ်၏အမူအရာက မည်သည့်အတွက်ကြောင့် အကျည်းတန်နေကြောင်း နားလည်လိုက်သည်။

“နေအုံး မဟုတ်သေးပါဘူး။ သူတို့က နင့်ကို အကွက်ချ ကြံစည်ကြတယ်။ ဒါကို နင်သက်သာလာပြီးတဲ့နောက်မှာ နင်က ဘယ်လိုများ သူတို့ကို သက်တောင့်သက်သာ နေခွင့်ပြုထားတာလဲ။ သူတို့ H မြို့က လာတဲ့အချိန်မှာ ခြေပြတ်လက်ပြတ်လည်း မဟုတ်ပါဘူး။ အကောင်းအတိုင်းပါ”

ရှုရှင်း၏ဦးနှောက်က ပုရှန်းဝမ်၏ စကားကို ခပ်မြန်မြန် အစာချေလိုက်ပြီးသည်နှင့်‌ မေးခွန်းကို ထုတ်မေးသည်။

“…”

“မင်းက မေးခွန်း မေးတတ်တာပဲ။ မေးတာလည်း ကောင်းတယ်။ နောက်တစ်ခေါက်တော့ မမေးနဲ့”

ထိုအချိန်တွင် ပုရှန်းဝမ်က နာကျင်နေသော နှလုံးသားက ဓားနှင့် ထပ်ပြီး ထိုးခံရပြန်သည်ဟု ခံစားလိုက်ရသည်။

ရှုရှင်း၏မေးခွန်းကလည်း ထိုကိစ္စကို လက်မလွတ်နိုင်သည့် အကြောင်းပြချက် ဖြစ်သည်။

“သူတို့က သူတို့အတွက် လွတ်လမ်းပြင်ပြီးသားလေ။ အဲဒီအချိန်မှာ ယန်မိသားစုထဲက ငါ့ရဲ့ အင်အားက အဲဒီလောက် မကောင်းဘူး။ သူတို့ရဲ့ အဖမ်းခံရပြီးနောက်မှာ ငါက သူတို့ကို ခေါ်ထားပြီး ရှန်းဝမ် အသိပြန်ရလာမှ ကိုယ်တိုင် ကိုင်တွယ်ခိုင်းချင်ခဲ့တာ။ ဒါပေမဲ့ ငါ အပြင်ထွက်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ယန်ချွယ်က သူတို့ကို အဝေးကို ပို့လိုက်တယ်လေ”

ယန်မော့က ရှုရှင်း၏မေးခွန်းကို ဖြေပေးသည်။

“ငါက ယန်မိသားစုထဲက အာဏာအများစုကို ထိန်းချုပ်ပြီးသွားတဲ့နောက်မှာ လူလွှတ်ပြီး ရှာခိုင်းသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ နေရာအတိအကျကိုတော့ မသိရဘူး။ ငါ့အထင် ယန်ချွယ်ရဲ့အကန့်အသတ်နဲ့ ရှိနေတဲ့ ဖခင်မေတ္တာတွေအားလုံးက ဒီနှစ်ကောင်အပေါ် ရောက်နေတာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ကောင်းကောင်းဖုံးကွယ်ထားတာလေ”

ယန်မော့၏ မျက်လုံးက လှုပ်ခတ်သွားသည်။ ခံစားချက်ကို မြင်ရန်ပင် ခက်သည်။

“ငါတို့ သူတို့ကို အလွယ်တကူ လွှတ်ပေးလို့ မရဘူး။ အခု သူတို့က အခြေစိုက်စခန်းထဲ ရောက်လာပြီဆိုတော့ အရင်အကြွေးကို ရှင်းလို့ ရပြီပေါ့”

ယန်ရှီးချောင်နှင့်ယန်ကျစ်ဇယ်တို့က သူတို့၏ မျက်စိအောက်သို့ ရောက်လာသည့်အချက်ကို သတိရသွားသောအခါ ပုရှန်းဝမ်၏ စိတ်အခြေအနေက နည်းနည်း တိုးတက်သွားသည်။ သူ၏နှလုံးသားထဲတွင် ဓားကိုပင် သွေးနေပြီး ထိုနှစ်ကောင်ကို ကိုင်တွယ်ရန် စဉ်းစားနေသည်။

141 02

“အင်း H မြို့က လာတဲ့သူတွေကတော့ အချိန်တစ်ခုအတွင်း ထွက်သွားအုံးမှာ မဟုတ်ဘူး။ သူတို့ အခြေစိုက်စခန်းမှာ ခဏတော့ နေလိမ့်မယ်။ ဒီလိုတွေကို ဘယ်လို ကိုင်တွယ်ပြီး ဒေါသကို ဘယ်လို ဖောက်ထုတ်မလဲဆိုတာကို မင်းဘာသာစဉ်းစား”

ကိုယ်တိုင်ကလဲ့စားချေရမှသာ ကျေနပ်နိုင်မည် ဖြစ်သည်။ ပုရှန်းဝမ်ကလည်း အလွန်အမင်း အကြံအစည်ကြီးကာ အရင်းအမြစ် ကြွယ်ဝသည်။ ထို့ကြောင့် ယန်မော့ကလည်း ဘောင်ကို ကျော်ပြီး ဆုံးဖြတ်ချက် မချပေးတော့ပေ။

ရှုရှင်းကလည်း ထိုအချိန်ကတည်းက စကားစမပြောတော့ပေ။ မကြာခဏဆိုသလို ခေါင်းကို မော့ပြီး ပုရှန်းဝမ်၏အမူအရာကို ကြည့်လိုက်၊ ခေါင်းကို ငုံ့ပြီး ပြုံးလိုက် ဖြစ်နေသည်။

ရှုရှင်းကမူ သူမ၏ အမူအရာကို မည်သူကမှ သတိမထားမိလောက်ဟု ထင်နေသည်။ သို့သော် အားလုံးက မြင်၏။

“မရီး ဘာကြည့်တာလဲ။ ငါ့ရဲ့ မျက်နှာပေါ်က တစ်ခုခုရှိလို့လား”

ထပ်ခါတလဲလဲ အကြည့်ခံရသော သူက နောက်ဆုံးတွင် မနေနိုင်ဘဲ ထုတ်မေးလိုက်သည်။

ပုရှန်းဝမ်ကလည်း ကိုယ့်မျက်နှာကိုယ်ပင် ကိုင်ကြည့်နေသည်။

“အာ…မကြည့်ပါဘူး ငါ ဘာမှ မပြောဘူးနော် ဘာမှ မတွေးဘူး”

ရှုရှင်းက သူမဘာသာ တွေးနေသည်။

အို မဟုတ်သေးပါဘူး ရှာတွေ့သွားပြီ။

သူမသည် မျက်နှာအမူအရာကို ချက်ချင်းချိန်ညှိလိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်သည်။ ရှုရှင်း၏အမူအရာက ပုံမှန်ပြန်ဖြစ်သွားကြောင်း မြင်သောအခါ ပုရှန်းဝမ်က နည်းနည်းစိတ်ရှုပ်သွားသည်။ သို့သော် ထပ်ပြီး အစိုက်ကြည့်မခံရစေရန်အလို့ငှာ အခန်းထဲသို့ ပြန်သွားသည်။

ကျန်သော သူများကလည်း တစ်ခဏခန့် ထိုင်နေပြီးနောက် လူစုခွဲကြသည်။

အခန်းသို့ ပြန်ရောက်သည်နှင့် ရှုရှင်းက အိပ်ခန်းတံခါးကို သော့ပိတ်လိုက်ပြီး ယန်မော့၏ အနားသို့ ခိုးကြောင်ခိုးဝှက်သွားကာ လေသံတိုးတိုးနှင့်‌ မေးသည်။

“အင်း ယန်ရှီးချောင်နဲ့ ယန်ကျစ်ဇယ်တို့က အမျိုးသားတွေကို သဘောကျတာလား”

ရှုရှင်း၏မေးခွန်းကို ကြားသည်နှင့် ယန်မော့က မျက်ခုံးအသာပင့်သည်။ အခုတလော ရှင်းပေါင် ဖတ်နေသော စာအုပ်များအကြောင်းကို တွေးမိသောအခါ တစ်ဖက်သူ၏ အတွေးကို တန်းပြီး သိလိုက်သည်။

“မင်းရဲ့ အတွေးကို မလွှတ်ပေးနဲ့”

ယန်မော့က လက်ကို အသာမြှောက်၍ ရှုရှင်း၏ ခေါင်းထိပ်သို့ အသာတောက်သည်။ ထို့နောက် ပြန်လှည့်ပြီး ပို၍ပင် စိုးရိမ်စိတ်များစေသောအရာကို ပြောသည်။

“CP တွေက နာမည် မကြီးလို့ ရတယ်။ ဒါပေမဲ့ မထူးဆန်းရဘူး”

“…”

“အိုး ငါသိပြီ”

သူမ၏ လေသံထဲမှ နောင်တရသံကို ကြားရသည့်အခါ ယန်မော့က ကူကယ်ရာမဲ့သလို ခေါင်းကို ခါသည်။

141 03

သူ့ရဲ့ဇနီးလေးက အမြဲတမ်း ထူးဆန်းတဲ့ စုံတွဲတွေကို အားပေးချင်နေတာ ဘယ်လိုလုပ်ရမလဲ။

သူမသည် ယခုတလော မည်သည့် ထူးဆန်းသောအ ရာများကို ကြည့်ထားနေမှန်း မသိပေ။ သို့သော် ယခင်တစ်ရက်ကပင် ရုတ်တရက် ကျူးပါးကျဲ၏အချစ်စစ်က စွန်းဝူခုန်းဟု သိလိုက်ပြီ ဖြစ်ကြောင်း လာပြောသေးသည်။

???

သူလည်း သူမပြောသည့် စကားလုံးတိုင်းကို လုံးဝစိတ်ရှုပ်သွားရသည်။ သူကပင် ထိုအတွေးယာဉ်ကြောနောက်သို့ မလိုက်နိုင်သည်မှာ ရှားပါးသည်။

သူဟာ အချိန်တစ်ခုကြာသည့်တိုင်အောင် ဘာမှမပြောသောကြောင့် ဖြစ်လောက်သည်။ သူမကလည်း မည်သည့်အတွက်ကြောင့် ထိုအတွေးပေါက်သွားကြောင်း လာရောက်ရှင်းပြပေးသည်။

“နင်လည်း မြင်တာပဲ။ ဆရာက အဖမ်းခံရတဲ့အချိန်တိုင်းလိုလို ပါကျဲရဲ့ခေါင်းထဲကို အရင်ဆုံးဝင်လာတာက အဖွဲ့ဖျက်ဖို့၊ အဖွဲ့ဖျက်မယ်။ အထုပ်တွေသိမ်းမယ်။ နောက်ပြီးရင် ကောင်းရွာကို ပြန်မယ်။ ဒါပေမဲ့ မျောက်က လဲ့ယင်ဘုရားကျောင်းတစ်ခုမှာ ထောင်ချောက်မိသွားတဲ့အချိန်မှာ အဲဒီ ပါကျဲက ဒီမျောက်ကို ကယ်ဖို့အတွက် လူတိုင်းကို ရနိုင်သမျှ ရအောင် စုစည်းတာလေ။ နောက်ပြီး နောက်ပြီး ပါကျဲက ကောင်းရွာမှာ မျောက်နဲ့ လက်ထပ်သွားတယ်”

“???”

ယန်မော့: ဆိုတော့အနောက်ဖက်ကို ခရီးသွားခြင်းကိုလည်း ဒီလို ဘာသာ ပြန်လို့ရတာလား။ ရှုထောင့်ပေါင်းများစွာက ဒရမ်မာတွေ ကြည့်တာ များပြီ ထင်တယ်

သူသည်လည်း မူလဝတ္ထုရေးထားသူက ဒီလိုနေ့မျိုးကို မမျှော်လင့်ထားလောက်ဟု တွေးမိသည်။

ဟူချန်းအန်းကသာ သိသွားခဲ့မည် ဆိုလျှင် အခေါင်းအဖုံးကိုပင် မလာလောက်သည်။

ဘာလို့ သူ့ဇနီးက ဒီလို ကိုးရိုးကားရား စုံတွဲတွေကိုပဲ သဘောကျနေတာလဲ။

******

All Chapters