အခန်း ၁၄၂
Vol. 15 Ch. 142
142 01
အပိုင်း (၁၄၂) တိုက်ခိုက်ဖို့ အသင့်ပြင်
အခြားတစ်ဖက်တွင် စုပေါ်ကျွင်းနဲ့အဖွဲ့က C မြို့ စီနီယာခေါင်းဆောင် တစ်ယောက်၏ ရုံးခန်းထဲမှ ထွက်လာပြီးကာစ ဖြစ်သည်။ သူတို့က အခြေစိုက်စခန်းမှ ယာယီနေအိမ်ကို ကြည့်ရန် ခေါ်သွားပေးနေခြင်း ဖြစ်သည်။
“ဟေး ဟေး ဒါက H မြို့ အခြေစိုက်စခန်းက လွှတ်လိုက်တဲ့ သူတွေနဲ့ တူတယ်။ သူတို့က တော်တော်ငယ်ကြတာပဲ”
“ဟွန့် မင်းက တုံးတာလား။ သူ့ရဲ့ ငယ်ရွယ်တဲ့ ပုံပန်းသွင်ပြင်က မင်းတို့လို တုံးအတဲ့ သူတွေကို လှည့်စားဖို့လုပ်ထားတာ။ ဒါမှ သတိကို လျော့ချပြီး အခွင့်ကောင်းအရယူလို့ ဆွဲချနိုင်မှာပေါ့”
“ဝိုး ဒီလိုလည်း ရတာပဲလား။ ငါတော့ ဒီတစ်ခေါက် သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ ဆိုးယုတ်မယ်လို့တော့ မထင်ထားဘူး”
“ဒါပေမဲ့ အများကြီး မစိုးရိမ်ပါနဲ့။ ငါတို့ရဲ့ အခြေစိုက်စခန်းက မိုးကြိုးအဖွဲ့နဲ့ အာရုဏ်ဦးအဖွဲ့ကို ဆက်သွယ်ထားပြီးသား။ ငါတို့ဘက်မှာ စိတ်စွမ်းအားပညာရှင်တွေချင်း ယှဉ်ရင် ရှုံးစရာမှ မရှိတာ”
“အဲဒါလည်း အမှန်ပဲ လာ သွားပြီး တာဝန်သွားအပ်ရအောင် ငါ ဗိုက်ဆာနေပြီ”
“သွားမယ် သွားမယ် လာ”
လမ်းပေါ်မှ ဖြတ်သွားဖြတ်လာများက သူတို့ကို မြင်သောအခါ ဆွေးနွေးသွားကြသည်။ စုပေါ်ကျွင်းကလည်း အခြားသော သူများ၏အကြည့်ကို ဂရုမစိုက်ပေ။ မည်သူကမှလည်း ဖြတ်လျှောက်များ၏စကားကို ရပ်တန့်ရန် ကြိုးစားကြလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူသည်လည်း ထိုလူများ၏ ဆွေးနွေးမှုကတဆင့် သတင်းအချက်အလက် အများကြီးကို ရလိုက်သည်။ အရူးမှသာ အလကားလာပေးသော အချက်အလက်ကို မယူဘဲ ငြင်းဆန်မည် ဖြစ်သည်။
သူတို့အတွက် စီစဉ်ပေးထားသော နေရာကလည်း စံအိမ်နယ်မြေတွင် ဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်သွားပြီးသောအခါ လမ်းပေါ်တွင် လူနည်းသွားသည်။ အနားမှ ဖြတ်သွားလျှင်ပင် တစ်ချက်သာရပ်ပြီး ကြည့်ကြသည်။ ထို့နောက် အခြားသော သူများကဲ့သို့ တီးတိုး မပြောကြပါပေ။ ထိုစံအိမ်နယ်မြေဝန်းကျင်တွင်လည်း အခြားသော သူများမနေထိုင်ကြဘဲ အလွန်တိတ်ဆိတ်နေသည်။ ကြည့်ရသည်မှာ သူတို့အပေါ် သတိကို မလျော့ချထားလောက်ပေ။
စုပေါ်ကျွင်းကလည်း သူအစောပိုင်းက ကြားထားသည့် အင်အားကြီးမားသည့် အသင်းနှစ်သင်းအကြောင်းကိုသာ တွေးနေသည်။
မိုးကြိုးအသင်းနဲ့အာရုဏ်ဦးအသင်းဟုတ်လား စိတ်လှုပ်ရှားစရာပဲ။ ငါ့အထင် သူတို့က တကယ်ကို လုပ်နိုင်လောက်တယ်။ ဒါပေမဲ့ တစ်ချက်တည်းနဲ့ လဲကျသွားမယ့် စက္ကူကျားမဟုတ်ဖို့တော့ မျှော်လင့်တာပဲ။ မဟုတ်ရင်တော့ ပျော်စရာ ကောင်းတော့မှာ မဟုတ်ဘူး။
…
ဒီသုံးရက်အတွင်းတွင် အခြေစိုက်စခန်းက သူတို့အား ဒီအခြေစိုက်စခန်းတစ်ခုလုံးကို ပတ်ကြည့်နိုင်ရန်အလို့ငှာ လိုက်ပြစေသည်။ သို့သော် ကြည့်နိုင်သော နေရာများကလည်း သွားမကြည့်လျှင်ပင် အဆင်ပြေလောက်သည့် အများသိထားပြီးသား နေရာများ ဖြစ်လေသည်။
စုပေါ်ကျွင်းနှင့်အဖွဲ့က အခြေစိုက်စခန်းကို ကြည့်ရန် ခေါ်သွားခံနေရချိန်တွင်လည်း ပုံမှန်မဟုတ်သော အမူအရာမျိုး မပြသကြပေ။
နောက်တစ်နေ့ မနက်ခင်းမှသာ အခြေစိုက်စခန်း၏ထိပ်တန်းအဆင့် ခေါင်းဆောင်ရှုန်းဟုန်သာ့က သူတို့ဆီသို့ ရောက်လာကာ တွေ့ဆုံသည်။
“ငါ တောင်းပန်ပါတယ်။ ငါ ဒီနေ့မှပဲ အချိန်ရလို့ လာတွေ့နိုင်တာ”
“ရပါတယ်။ ငါတို့ သေချာပေါက် နားလည်ပါတယ်။ C မြို့ အခြေစိုက်စခန်းက သေချာပေါက် အလုပ်များနေမှာပဲ။ ခင်ဗျားတို့မှာ လက်အောက်ငယ်သားကောင်းတွေ မရှိဘူးထင်တယ်။ ဒါကြောင့် အားလုံးကို ကိုယ်တိုင် လုပ်နေရတာကိုး တကယ်ခက်ခဲမှာပဲ”
စုပေါ်ကျွင်းက ရှုံးခုံသာ့က ကမ်းပေးထားသော လက်ကို ဆန့်ထုတ်လိုက်ပြီး ပေါ့ပါးစွာ ပြန်ထိုးနှက်သည်။
နှစ်ဖက်လုံးက မှတ်ချက်များကို ရှေ့ပြန်နောက်ပြန် ဖလှယ်ကြသည်။ စုပေါ်ကျွင်းက ငယ်ရွယ်သေးပုံပေါ်သော်လည်း အားနည်းနေခြင်း မရှိပေ။
142 02
“ခေါင်းဆောင်စုက ငယ်ပြီး အလားအလာကောင်းတာပဲ”
“ငါက လူအများစုထက် ကံကောင်းလို့ပါ။ ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။ အခြေစိုက်စခန်း ခေါင်းဆောင်ရှုံး ခင်ဗျား ဒီနေ့ ရောက်လာပြီဆိုတော့ ငါတို့ နှစ်ဖက် ပူးပေါင်းမှုအတွက် ဆွေးနွေးလို့ရပြီလား”
“မင်းတို့က ရောက်ခါစလေ ရက်အနည်းငယ်လောက် အနားယူပါအုံး။ သိုင်းပြိုင်ဖို့ အလျှင်မလိုပါဘူး”
“ဒါလည်း ရတာပဲ။ မှန်ကန်တဲ့ နေ့ရက်ကို စောင့်တာက ပိုကောင်းတာပေါ့။ ငါ C မြို့ရဲ့ အခြေစိုက်စခန်းကို လိုက်ပတ်ကြည့်နေတဲ့ အတောအတွင်းမှာ အခြေစိုက်စခန်းက စိတ်စွမ်းအားပညာရှင်အများစုက နေ့တိုင်းလိုလို စိတ်အားထက်သန်မှုအပြည့် လေ့ကျင့်နေတာကို တွေ့ရတယ်။ ငါလည်း တော်တော်လေးကို ယားယံပြီး လှုပ်ရှားချင်နေတာလေ”
“အခု ခေါင်းဆောင်စုက ဒီလို ပြောလာမှတော့ ငါသာ သဘောမတူရင် လူကောင်းမဆန်ရာ ကျတော့မယ် ဆိုတော့ ဒီနေ့ပဲ လုပ်ရအောင်။ အခုပဲ လေ့ကျင့်ရေးကွင်းကို သွားရအောင်”
သူဟာ ထရပ်လိုက်ပြီးသည်နှင့် အနောက်မှ လူကို မျက်လုံး တစ်ချက် မှိတ်ပြလိုက်သည်။ တစ်ဖက်သူကလည်း ဉာဏ်ရှိစွာနှင့် တိတ်တဆိတ်ထွက်သွားပြီး မိုးကြိုးအသင်းနှင့် အာရုဏ်ဦးအသင်းမှ လူများကို သွားခေါ်သည်။
စုပေါ်ကျွင်းကလည်း မြင်သည်။ သို့သော် မတားချေ။ ထိုလုပ်ရပ်ကိုပင် ပျော်ရွှင်နေ၏။ သူသည်လည်း C မြို့ အခြေစိုက်စခန်းမှ အင်အားအကြီးဆုံး အဖွဲ့နှစ်ဖွဲ့က မည်မျှအထိ အင်အားကြီးမားကြောင်း သိချင်နေခြင်း ဖြစ်သည်။ ဒီနေ့၏ပြိုင်ပွဲကလည်း သူ၏တာဝန်ကို ပြီးမြောက်နိုင်ခြင်း ရှိမရှိအပေါ် အရေးပါလေသည်။
ရှုရှင်းက တံခါးကို ဖွင့်ပြီးသည်နှင့် လာရောက်သော သူကို မြင်ပြီးသည်နှင့် အဖြစ်အပျက်ကို နားလည်လိုက်သည်။ ထို့နောက် အနောက်ဖက်သို့ တစ်ချက်လှည့်ကာ လှမ်းအော်သည်။
“ထွက်လာတော့ ထွက်လာတော့ တိုက်ခိုက်ဖို့ အသင့်ပြင်”
******