← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

143 01

အပိုင်း (၁၄၃) ငကြောက်

ရှုရှင်းကလည်း အခြေစိုက်စခန်းမှ လူများ ရောက်လာသည်ကိုမြင်ပြီး စိတ်လှုပ်ရှားသည်မှာ အံ့ဩစရာ မရှိပေ။ သူတို့သည် H မြို့မှ လာသော သူများနှင့် ရန်ငြိုးရှိကြောင်း သိထားပြီးချိန်ကတည်းက ဒီနေ့ကို နေ့တိုင်းလိုလို မျှော်လင့် စောင့်စားနေခဲ့ခြင်း ဖြစ်သည်။ အပျော်ကြည့်လိုသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုးအပြင် အခြားသော လုပ်စရာ တစ်စုံတစ်ရာလည်း ရှိနေသည်။ ထို့ကြောင့် အပြင်ထွက်ပြီး အပန်းဖြေနိုင်သည်။

ယခုတလော အခြေစိုက်စခန်းတွင် နေရသည့် ကာလအတောအတွင်းတွင် မိစ္ဆာနည်းပြယန်၏ အမိန့်ပေးမှုအောက်တွင် နေ့တိုင်းလိုလို ရုန်းကန်ရှင်သန်ရန် ကြိုးစားပြီး လေ့ကျင့်နေရသည်။ ထို့ကြောင့် လေ့ကျင့်ပြီးတိုင်းလိုလို လက်ချောင်းများပင် မလှုပ်နိုင်တော့ပေ။

ရှုရှင်း၏ အမြင်တွင် အခုလို အပြင်သို့ ထွက်ရသည့် နေ့ရက်မျိုးက လေ့ကျင့်မှုကို ကျော်ဖြတ်ရန် မလိုအပ်သည့်အတွက် စိတ်လှုပ်ရှားနေလေသည်။

“လာပြီ”

ပထမဦးဆုံး ပြေးထွက်လာသူက ပုရှန်းဝမ် ဖြစ်သည်။ ရှုရှင်းကလည်း အရာအားလုံးကို နားလည်သည်။

ဒီကောင်က ကလဲ့စားချေရမဲ့ အခွင့်အရေးကို ရတော့ တော်တော်လေးကို မျှော်လင့်စောင့်စားနေတဲ့ပုံပဲ။

အပေါ်ယံတွင်မူ ပုံမှန်ဟုသာ ထင်ရသည်။ ပုံမှန်နှင့် မခြားနားပေ။ ပြောရမည်ဆိုလျှင် သူသည် အခုတလော လေ့ကျင့်မှုများတွင် အတက်ကြွဆုံးဖြစ်သည်။ သူဟာ ကောင်းကင်ပေါ်ကိုပင် လိမ့်တက်ပြီး မြေပြင်နှင့်လေထုအကြားတွင်ပင် ပျံသွားမတတ် ဖြစ်နေသည်။

သိသာစွာပင် သူတို့သည် တစ်ယောက်ကို တစ်ယောက် မှီခိုပြီး အတွင်းပိုင်း ပြိုင်ပွဲများကို အတူတကွတွန်းလှန်နေကျ ဖြစ်သည်။ ယခုမူ သူမတစ်ယောက်တည်းကသာ ကျန်ရစ်တော့သည်။

ထိုသို့ဆိုမှ သူမသည်လည်း ပုရှန်းဝမ်၏ ခံစားချက်ကို နားလည်နိုင်သည်။ သူသည် ဒီနေ့ကို အမျှော်လင့်ဆုံးသူ ဖြစ်လောက်သည်။

သူတို့က လေ့ကျင့်ရေးကွင်း၏ ဝင်ပေါက်ကို ရောက်ရှိသွားသောအခါ ရှောင်းလုံ၏ အသင်းနှင့် တိုးသည်။

နှစ်ဖက်လုံးက ယခင်က ပူးပေါင်းခဲ့ဖူးသည်။ ထို့ကြောင့် ဆက်ဆံရေးက အလွန် မရင်းနှီးနေသော်လည်း အလွန်မရင်းနှီးသော အနေအထားမျိုးလည်း မဟုတ်ပြန်ပေ။

“ခေါင်းဆောင်ယန် မတွေ့ရတာ ကြာပြီ”

“ခေါင်းဆောင်ရှောင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့တာပဲ အတူဝင်ရအောင်”

ရှုရှင်းက ယန်မော့၏အနောက်မှ လိုက်ပြီး တစ်ဖက်သူ၏မိတ်ဆက်သံကို ကြားကာ နှုတ်ခမ်းက တွန့်သွားသည်။

ငါပြောမယ် ရှောင်းလုံက လူကို မနှုတ်ဆက်တတ်ဘူးပဲ ဟင် မတွေ့ရတာ ကြာပြီ ဆိုတာ ဘာကို ဆိုလိုတာလဲ။ အခြေစိုက်စခန်းက ဒီလောက် ကျဉ်းကျဉ်းလေး အကြာခဏဆိုသလို မျက်နှာချင်းဆိုင် တွေ့နေကျလေ။

“ဟေး ကြည့်အုံး မိစ္ဆာလို့ ပြောမှ မိစ္ဆာရောက်လာပြီ”

ရှုန်းဟုန်သာ့နှင့် စုပေါ်ကျွင်းတို့က စကားပြောနေသည့် အချိန်တွင် တံခါးဘက်မှ လှုပ်ရှားမှုကိုလည်း အမြဲတစေ အာရုံစိုက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်မော့နှင့် ရှောင်းလုံတို့ အတူဝင်လာကြောင်း မြင်လိုက်သည်နှင့် စုပေါ်ကျွင်းကို မျက်နှာပေါ်မှ သူ၏ အပြုံးကပို၍ စစ်မှန်လာသည်။

စုပေါ်ကျွင်းကလည်း လူများ ဝင်လာမှန်းသိသည်။ ထို့ကြောင့် သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး လှမ်းကြည့်လိုက်သည်။ သူသည် ထိုနှစ်ယောက်၏ အဆင့်ကို တန်းမမြင်နိုင်‌ချေ။ ထို့ကြောင့် ဒီတစ်ခေါက် အတော်လေး ဒုက္ခများမည့် အနေအထားမျိုးတွင် ရှိသည်။

ယန်ရှီးချောင်နှင့် ယန်ကျစ်ဇယ်တို့က စုပေါ်ကျွင်း၏ အနောက်ဖက်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ ယန်မော့ ဝင်လာကြောင်း မြင်သောအခါ သူ၏ စိတ်က တစ်ခဏခန့် အကန့်လွတ်သွားသလို ခံစားလိုက်ရပြီး ထိန်းချုပ်ရန်ခက်ခဲသော ကြောက်လန့်မှုနှင့် ထိတ်လန့်မှုက ကြီးစိုးလာသည်။

143 02

ယန်မော့၏အနားသို့ တစ်ခဏခန့် ကြာအောင် ကပ်ပြီးနောက် ယန်မော့၏ နည်းလမ်းများကို အနည်းငယ် နားလည်လာသည်။ ထိုသို့ နားလည်သောကြောင့်သာ သူ့ကို အသေကြောက်သည်။

“ဟေး မင်းတို့နှစ်ကောင်က ဘာလို့ ရုတ်တရပ်ကြီး ကြောက်တဲ့ပုံစံ ဖြစ်သွားတာလဲ”

သူတို့၏ အနားမှ သူက တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်ကာ လှမ်းမေးသည်။

“မဟုတ်…အဆင်ပြေပါတယ် အဆင်ပြေပါတယ်”

ထိုနှစ်ယောက်က ရုတ်တရက် အသိဝင်သွားပုံရပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်သည်။

သူတို့၏ အပြုအမူများအားလုံးကို အတွင်းသို့ ဝင်လာသည်နှင့် စောင့်ကြည့်နေခဲ့သော ပုရှန်းဝမ်က မြင်လိုက်သည်။ သူက စိတ်ထဲတွင် ရေရွတ်နေသည်။: သူတို့က အရင်ကအတိုင်း မော့ကောကို ကြောက်တုန်းပဲ ငကြောက်တွေ။

ပုရှန်းဝမ်၏ သူတို့ဆီ ရောက်လာသော အကြည့်က တည့်တိုးဆန်လွန်းသောကြောင့် ဖြစ်လောက်သည်။ ယန်ရှီးချောင်နှင့် ယန်ကျစ်ဇယ်တို့ကလည်း အကြည့်ကို ခံစားမိမှသာ လှည့်ကြည့်လိုက်ပြီး သူ့ကို မြင်သွားသည်။ တစ်ဖက်သူက သူတို့ကို ဆိုးယုတ်စွာ ပြုံးပြနေသည်။ သူတို့သည် ရုတ်တရက် သေအောင် ကြောက်ပြီး ချွေးစေးများ ပြန်လာသည်။

သူတို့သည် မနေနိုင်ဘဲ တွေးလိုက်သည်။ : သွားပြီ လုံးဝသွားပြီ…

******

All Chapters