← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

144 01

အပိုင်း (၁၄၄) အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ ထပ်ပြောပါအုံး သူတို့ ကြိုက်တယ်

“လာ လာ… ငါ မင်းတို့ကို ငါတို့ရဲ့အခြေစိုက်စခန်းက သဘာဝလွန်စွမ်းအား အသင်းတွေထဲက အလားအလာအရှိဆုံး အငယ်ဆုံးခေါင်းဆောင်နှစ်ယောက်ကို မိတ်ဆက်ပေးမယ်။ ဒါက ခေါင်းဆောင်ယန်မော့တဲ့၊ ဒါကတော့ ခေါင်းဆောင် ရှောင်းလုံတဲ့လေ၊ အာ…ဒါက H မြို့ အခြေစိုက်စခန်းကလာတဲ့ ခေါင်းဆောင် စုပေါ်ကျွင်းတဲ့”

“ယန်ဟုတ်လား တိုက်ဆိုင်တာပဲလား။ ငါတို့မှာ မျိုးရိုးနာမည်ယန်နဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ရှိတယ်။ ဘယ်လောက်တောင် ကံကြမ္မာပါ…”

စုပေါ်ကျွင်းကလည်း နည်းနည်း ရင်းနှီးအောင် လုပ်လိုသေးသည်။ ဒီနည်းအားဖြင့် သတင်းအချက်အလက် အချို့ကို ရရှိရန် မျှော်လင့်ထားသည်။

သူ့ကို ဘာလို့ ယန်မော့ကို ရင်းနှီးချင်လဲဆိုတာကို မမေးနဲ့ မေးစရာလိုသေးလို့လား။ နံဘေးနားမှ မျက်နှာတည်တည်နဲ့ ဖြောင့်မတ်မှန်ကန်မှုအပြည့်နဲ့ လူကို တစ်ချက် ကြည့်ရုံဖြင့် သိနိုင်သည်။ သူဟာ ကမ္ဘာကပ်ဘေးကာလ မတိုင်ခင်က စစ်သားဟောင်း တစ်ယောက် ဖြစ်လောက်သည်။ သာမာန် စစ်သားပင် မဟုတ်လောက်ပေ။ ထိုသို့သော စစ်သားတစ်ယောက်ထံမှ စကားကို အစ်အောက်လိုလျှင် မဖြစ်နိုင်ပါပေ။

ဆန့်ကျင်ဘက်အနေဖြင့် အာရုဏ်ဦးအသင်းမှ ခေါင်းဆောင်ယန်၏မျက်နှာပေါ်တွင် ညင်သာသော အပြုံးက ရှိနေသည်။ သူသည် ပြုံးနေသော ကျားဖြစ်လောက်သည်။ သို့သော် လေ့ကျင့်ထားသော စစ်သားထက် သာသေးသည်။

သို့သော် သူမသိသည်မှာ မမြင်ရသော မိုင်းကို တက်နင်းမိလိုက်ခြင်း ဖြစ်သည်။ ယန်မော့၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင်ညင်သာလာသည်။ သူ၏ အကြည့်ကလည်း ယန်ရှီးချောင်နှင့် ယန်ကျစ်ဇယ်တို့ဆီ ရောက်သွားသည်။

“အိုး တိုက်ဆိုင်လိုက်တာ။ ခင်ဗျားက ဒီနှစ်ယောက်ကို ပြောတာလား”

လူတိုင်းကလည်း ယန်မော့၏ အကြည့်နောက်သို့ လိုက်ကြည့်သောအခါ မပျော်မရွှင် ဖြစ်နေပုံရသော ယန်ရှီးချောင်နှင့် ယန်ကျစ်ဇယ်ကို မြင်လိုက်သည်။

“ဟုတ်တယ် ရှီးချောင် ကျစ်ဇယ် မင်းတို့ ခေါင်းဆောင်ယန်ကို သိတာလား”

စုပေါ်ကျွင်းက မျက်ခုံံးပင့်လိုက်သည်။

“ဘာလဲ။ ငါတို့ မမြင်ရတာ တော်တော်ကြာသွားတော့ မနှုတ်ဆက်ကြတော့ဘူးလား”

ယန်မော့၏မျက်နှာပေါ်က အပြုံးက ချက်ချင်း ပျောက်သွားပြီး သူသည် ထိုနှစ်ယောက်ကို အေးစက်သော မျက်လုံးမျိုးဖြင့် ကြည့်သည်။ လူတိုင်း၏အကြည့်အောက်တွင်ပင် ယန်ရှီးချောင်နှင့်ယန်ကျစ်ဇယ်တို့ကလည်း ဒါဟာ ကမ္ဘာကပ်ဘေး ကမ္ဘာကပ်ဘေးဟု ဦးနှောက် ဆေးနေလိုက်သည်။ သူတို့သည် ကမ္ဘာအဆုံးသတ် ကာလမတိုင်ခင်ကကဲ့သို့ တစ်ဖက်သူကို ကြောက်ရန် မလိုအပ်ပေ။ ထို့ကြောင့် အံကို ကြိတ်လိုက်ပြီး သတ္တိကို စုစည်းကာ ယန်မော့၏ အရှေ့တွင် သွားရပ်သည်။

“အစ်ကို မင်းအသက်ရှင်နေသေးမယ်လို့ မမျှော်လင့်ထားဘူး။ အဖေသာသိရင် သေချာပေါက် ပျော်မှာ”

“မဖြစ်နိုင်ဘူး။ ငါ့အမေက ငါ့နောက်မှာ အခြားကလေးတွေ မွေးတယ်လို့ ငါမမှတ်မိပါလား။ ဆိုတော့ မင်းက ဘယ်သူ့ကို အစ်ကိုလို့ လာခေါ်နေတာလဲ။ ငါ အသက်ရှင်နေသေးတဲ့ ကိစ္စအတွက်ကတော့ အဖေသိရင် ပျော်လား မပျော်လား ဆိုတာထက် မင်းတို့ နှစ်ကောင်ကတော့ မပျော်ဘူးထင်တယ်”

ယန်မော့က သူတို့ကို မျက်နှာသာပင် မပေးချေ။ သူတို့နှင့်အချင်းချင်း မရင်းနှီးသည့် အကြောင်းကိုပင် တိုက်ရိုက်ပြောပြီး ရန်ငြိုးရှိသည့် အကြောင်းကိုပါ ဖော်ပြလိုက်သည်။

!!!

H မြို့မှ လာသော အခြားသော သူများကလည်း ထိုနှစ်ယောက်၏ နာမည်ကို ကြားချိန်တွင် စိတ်ထဲတွင် တအံ့တဩ အော်နေကြပြီ ဖြစ်သည်။ သူတို့ ဖရဲသီးကြီး ရတာပဲ။ ဒါက သူတို့ နားထောင့်လို့ ရတဲ့အရာလား။ ပြောပါအုံး… သူတို့ အရမ်းစိတ်လှုပ်ရှားတယ်။ သူတို့ ကြိုက်တယ်။

အားလုံးကလည်း ယန်ရှီးချောင် ယန်ကျစ်ဇယ်တို့ဟာ အခြေစိုက်စခန်းမှ ယန်မိသားစု ခေါင်းဆောင်၏သားများ ဖြစ်ကြောင်းကို သိထားသည်။ လူအများစုကမူ ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က ယန်မိသားစု၏ နောက်တက်မည့် ဆက်ခံသူက ယန်မော့ဖြစ်ကြောင်းလည်း သိသည်။ မမျှော်လင့်ထားစွာပင် သူက အသက်ရှင်နေသေးရုံသာ မကသေးလေဘဲ C မြို့ အခြေစိုက်စခန်းတွင် စဉ်းစားဆင်ခြင်၍ ရလောက်သော အင်အားနှင့် အဆင့်အတန်းကိုပါ ပိုင်ဆိုင်ထားသည်။

144 02

နှစ်ဖက်အကြားတွင် ရန်ငြိုးရှိကြောင်း ကြားသောအခါ စုပေါ်ကျွင်း၏ မျက်နှာက ပို၍ အကျည်းတန်သွားသည်။

ရှုန်းဟုန်သာ့ကမူ ထိုအခြေအနေကို သဘောကျသည်။ ရန်ငြိုးရှိတာ ကောင်းတယ်။

ရန်ငြိုးရှိမှသာ အာရုဏ်ဦးအသင်းမှ လူများကလည်း ပြိုင်ဘက်ကို လက်လွှတ်ပေးတော့မည် မဟုတ်ပေ။ ထိုအခါ အကောင်းဆုံး မကြိုးစားမည့် အခြေအနေမျိုးကို စိုးရိမ်ရန် မလိုအပ်ပေ။

ယန်မော့ကလည်း သူတို့၏ကိုယ်ရေးကိုယ်တာ အခြေအနေများကို ဒီနေရာတွင် ထုတ်ပြောရန် မစဉ်းစားထားပေ။ ထို့ကြောင့် သူ၏ အကြောင်းအရာကို ဒီနေလာရသည့်ရည်ရွယ်ချက်ဘက်သို့ ပြန်ပြောင်းလိုက်ပြီး သူတို့အတွက် စီစဉ်ပေးထားသော နေရာသို့သွားထိုင်ကာ နောက်ခံအဖြစ်သာ နေတော့သည်။ ပြိုင်ပွဲစမည့် အချိန်ကိုသာ စောင့်နေသည်။

ယန်ရှီးချောင်နှင့်ယန်ကျစ်ဇယ်တို့၏ ခံစားချက်ကို မည်သူကမှ ဂရုစိုက်မနေပေ။ အားလုံး၏ အာရုံကလည်း လာမည့် ပြိုင်ပွဲတွင်သာ ဖြစ်သည်။

ပြိုင်ပွဲက တရားဝင် စတင်ချိန်တွင် ကြီးမားသော လေ့ကျင့်ရေး ကွင်းကြီးက လူများ အုံနေပြီ ဖြစ်သည်။ အခြေစိုက်စခန်းထဲမှ သတင်းရသော လူတိုင်းကလည်း လာကြ၏။ သူတို့သည်လည်း အခြေစိုက်စခန်းနှစ်ခုအကြားမှ အင်အားကြီးများ အကြားမှ ပြိုင်ပွဲကို ကိုယ်တိုင် မြင်ချင်နေကြသည်။

******

All Chapters