← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

145 01

အပိုင်း (၁၄၅)

အခြေစိုက်စခန်းနှစ်ခုက ပြိုင်ပွဲခြောက်ပွဲ ပြိုင်မည်ဖြစ်ပြီး အခြေစိုက်စခန်း၏ ထိပ်တန်းအသင်း နှစ်သင်းဖြစ်သော အာရုဏ်ဦးအသင်းနှင့်မိုးကြိုးအသင်းတို့က ကစားသမား နှစ်ယောက်စီက ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ အားလုံးကလည်း ကြိုတင် သဘောတူပြီးသား ဖြစ်သည်။ သို့ရာတွင် မည်သို့ အစဉ်လိုက်ပေါ်မည်ဆိုသော အခြေအနေကမူ ဆွေးနွေးရန် လိုအပ်သေး၏။ ပထမတစ်ပွဲ၏ အနိုင်အရှုံးကလည်း အလားတူ အရေးကြီးလေသည်။

ပထမတစ်ပွဲ၏ အနိုင်အရှုံးကလည်း နောက်ပိုင်းကစားသမားများ၏ စိတ်အခြေအနေအပေါ် သက်ရောက်သွားမည် ဖြစ်သည်။ ထို့ကြောင့် အချက်အချာကျပြန်သည်။

H မြို့ကို ကိုယ်စားပြုပြီး လာရောက်ကတည်းကလည်း တစ်ဖက်မှ သူများကလည်း သန်မာရပေမည်။ ထို့ကြောင့် ပေါ့သေးသေးသဘောထား၍ မရပေ။ သူတို့သည်လည်း ပြိုင်ဘက်၏ အင်အားကို မသိပေ။ ထို့ကြောင့် ပထမတစ်ပွဲတွင် အကြွင်းမဲ့ အနိုင်ရရန်အလို့ငှာ ယန်မော့နှင့် ရှောင်းလုံကို အရင်သွားခိုင်ရတော့ပေမည်။

“မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်က အရင်သွားဖို့ ဆွေးနွေးမလား”

“ငါ အရင်သွားလိုက်မယ်”

ရှောင်းလုံနှင့်ယန်မော့တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သူတို့တွင် အခြားသော အကြံမရှိကြောင်း အတည်ပြုပြီးသည်နှင့် အရင်စပြောသည်။

“ကောင်းပြီလေ ဒုတိယတစ်ပွဲက …”

ထိုသို့ဖြင့် အခြေစိုက်စခန်းမှ ကိုယ်စားပြုသော တိုက်ခိုက်ရေးသမားများကလည်း ထွက်ပေါ်မည့် နေရာကို စီစဉ်ထားလိုက်သည်။ နောက်ဆုံးတွင် တစ်ပွဲချင်းစီမှ လူများကို သတ်မှတ်၍ ပြီးသွားသည်။ ပထမတစ်ပွဲမှ ခြောက်ပွဲ မြောက်အထိ အစဉ်လိုက်ကမူ ရှောင်းလုံ (မိုးကြိုး)၊ ဟန်ကျန်းပိုင် (အခြေစိုက်စခန်း)၊ ကုချွင် (အခြေစိုက်စခန်း)၊ လန်ကျင်းမင် (မိုးကြိုး)၊ ပုရှန်းဝမ် (အာရုဏ်ဦး) နှင့် မူချီမိုင် (အာရုဏ်ဦး) တို့ဖြစ်လေသည်။

ရှုန်းဟုန်သာ့လည်း ယန်မော့က ပြိုင်ပွဲအတွင်းသို့ မပါဝင်ကြောင်း မြင်သောအခါ နည်းနည်း ဒေါသထွက်သွားသည်။ ယန်မော့က အခြေစိုက်စခန်း၏ ဂုဏ်သိက္ခာကို ပေါ့သေးသေး သဘောမထားကြောင်း ယုံကြည်မှုကို အလေးမထားသည်ဟု တွေးလိုက်သည်။ သို့ရာတွင် ယန်မော့ကလည်း သူ၏အသင်းဝင် နှစ်ယောက်က သေချာပေါက် နိုင်မည်ဟု အာမခံချက် ပေးလာသော အခါမှသာ ဒေါသက လျော့သွားသည်။

ဒါဆိုရင်လည်း အာရုဏ်ဦးအသင်းက အဖွဲ့ဝင်တွေ ဘယ်လောက် အင်အားကြီးလဲ ကြည့်တာပေါ့။

ရှုရှင်းက ယန်မော့၏အင်္ကျီလက်ကို ဆွဲပြီး မျက်လုံးမှိတ်ပြသည်။: မြင်လား မြင်လား နင်သာ မသွားဘူးဆိုရင် သူတို့ ဒေါသထွက်မယ်လို့ ငါပြောတာ မှန်တယ်မလား။

ယန်မော့က ရှုရှင်း၏ ဆံပင်ကို အသာပွတ်ပေးရင်း တစ်ချက်ကြည့်သည်။: အင်းဟုတ်တယ် ရှင်းပေါင်က တကယ် ဉာဏ်ကောင်းတာပဲ။

သူ စင်ပေါ်မတက်ရသည့် အခြားအကြောင်းပြချက် သုံးခုရှိသည်။

တစ်ခုကမူ သူ၏ အင်အားက အဆင့်လေး အဆင့်မြင့်အဆင့်သို့ ရောက်နေပြီဖြစ်ရာ သူတို့နှင့် အတော်လေး ခြားနားသည်။ ထို့ကြောင့် သူသည် အစစ်အမှန်အင်အားကို မပေါ်ချင်လျှင် သရုပ်ဆောင်ပေးရုံသာ ရှိပေလိမ့်မည်။ သို့သော် သူကလည်း သရုပ်မဆောင်ချင်ပေ။

ဒုတိယအချက်ကမူ မူချီမိုင်ကလည်း အဆင့်လေးသို့ အောင်မြင်စွာ တက်သွားပြီး ဖြစ်သည်။ သူ၏အင်အားက ရှောင်းလုံနှင့်ပင် သိပ်မကွာခြားတော့ပေ။ ထို့ကြောင့် နောက်ဆုံးထိ တက်ရန် ပြဿနာမရှိပေ။ သူသည်လည်း H မြို့မှ လူများနှင့် လေ့ကျင့်၍ ရသည်။ ခဲတစ်လုံးနှင့်တင် ငှက်နှစ်ကောင်သတ်နိုင်၏။

အခြားသော အကြောင်းပြချက်ကမူ ရှုရှင်းက တစ်ယောက်တည်း ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည်။ ရှုရှင်း အဖမ်းခံရပြီးသည်မှာ အချိန်တန်ကြာသွားသည့်တိုင်အောင် ထိုအကြောင်းအရာကို တွေးမိချိန်တိုင်းလိုလို သူ၏နှလုံးသားအတွင်းမှ ထိပ်လန့်မှုနှင့် ကြောက်ရွံ့မှုများက ပျောက်ကွယ်ခဲ့ချေ။ သူနှင့် ရှုရှင်းကြားမှ အကွာအဝေးက ငါးမီတာ ကျော်သွားသည်နှင့် သူ လက်လှမ်းလိုက်ရုံနှင့် မမှီနိုင်သော‌ နေရာမျိုး ဖြစ်သွားလျှင် စိုးရိမ်စိတ် များလာတတ်သည်။ အချိန်ကြာလာသောအခါ ပို၍သာ ပြင်းထန်လာသည်။

ရှုရှင်းက နံဘေးမှ ယန်မော့ကို ကြည့်ရင်း စိတ်ထဲတွင်သာ သက်ပြင်းချသည်။

145 02

သူမသည်လည်း ယန်မော့၏ပုံမှန်မဟုတ်မှုကို ခံစားမိသည်။ သူမ ပြန်ရောက်လာပြီး ရက်အနည်းငယ်ခန့် ကြာပြီးသည်အထိ သူဟာ တစ်ညလုံးနေပြီး သူမကို စိုက်ကြည့်နေတတ်သည်။ နေ့အချိန်အတောအတွင်းတွင်လည်း သူဟာ သူမကို တောက်လျှောက် ကပ်နေတတ်၏။ ထိုအချိန်တွင် သူမကလည်း သူဟာ ကြောက်လန့်ပြီး ထိတ်လန့်နေခဲ့သည်ဟုသာ ထင်လိုက်သည်။ နောက်ပိုင်းမှသာ သူမက တမင်တကာ ထင်ယောင်ထင်မှားဖြစ်နေကြောင်း နားလည်လိုက်၏။ သူ၏လက္ခဏာများက ကြာရှည်လာသည်နှင့်အမျှ ပိုဆိုးလာသည်။

ယခင်တစ်ခေါက်က အဖြစ်အပျက်က သူ၏စိတ်ထဲမှ အရိပ်ဆိုးကြီး ဖြစ်သွားခဲ့ပုံရသည်။ သူ၏အကျင့်စရိုက်ကပင် အများကြီး ပြောင်းသွား၏။ ရှုရှင်းက သိရှိပြီးနောက် သူနှင့် ချက်ချင်း စကားသွားပြောခဲ့သည်။ ဒီနည်းအားဖြင့် သူ၏ပူပန်မှုများကို ဖြေလျော့ရင်း ထိုကိစ္စအတွင်း ကိုယ့်ကိုယ်ကိုယ် မပိတ်လှောင်ထားရန် မျှော်လင့်သည်။ နှစ်ယောက်အကြား နှလုံးသားချင်း ပွင့်ပွင့်လင်းလင်း စကားပြောခဲ့ခြင်းက တော်တော်လေး သက်ရောက်မှု ရှိခဲ့သည်။ နောက်တစ်ရက်တွင် ယန်မော့က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ဟု ထင်ရသည်။ ထိုကဲ့သို့ ပြန်ပြောင်းသွားခြင်းကြောင်း မြင်သောအခါ သူမသည် အချိန်တန်ကြာအောင် ပျော်နေခဲ့သည်။ သို့သော် တဖြည်းဖြည်း အချိန်ကြာလာသောအခါမှသာ သူဟာ သူ၏ခံစားချက် အစစ်အမှန်ကို ဖုံးကွယ်ခဲ့ခြင်းသာဖြစ်ကြောင်း သိလာသည်။ သူဟာ သူမကို ကပ်နေဆဲ ဖြစ်သည်။ သူမဟာ သူ၏မြင်ကွင်းထဲမှ ဆယ့်ငါးမိနစ် ကျော်ကျော်ခန့် ပျောက်သွားသည်နှင့် စိတ်အခြေအနေက သုန်မှုန်လာတတ်ပြီး မဲမှောင်လာသည်။ အလွန်အမင်း ကြောက်စရာ ကောင်းလေသည်။

ဒီလို ယောက်ျားမျိုးကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူကမဆို စိတ်မကောင်း ဖြစ်မိမှာပဲလေ။ ယခုလို ယန်မော့ကို မြင်ရသည့်အခါ ရှုရှင်းကလည်း အမှန်တကယ်ကို စိတ်မကောင်း ဖြစ်မိသည်။ သူမကလည်း သူ့ကို အတင်းတွန်းအားပေးကာ သူမကို မနှစ်သိမ့်ခိုင်းလိုပေ။ ထို့ကြောင့် နေ့တိုင်းလိုလိုပင် သူနှင့် တက်တက်ကြွကြွသာ ကပ်နေလိုက်ပြီး စိတ်အေးအောင် နေပေးနေရသည်။

သူမ၏အဖော်ပြုမှုကလည်း အမှန်တကယ် သက်ရောက်မှု ရှိသည်။ အနည်းဆုံး ယခုအခါ သူမသည် ပုရှန်းဝမ်၊ မူချီမိုင်တို့နှင့်အတူ ကိစ္စများလုပ်ရန် တာဝန်ခန်းမသို့ သွားနိုင်သည်။ ယန်မော့၏စိတ်ခံစားချက်ကလည်း ထင်သလောက် မလှုပ်ခတ်တော့ပေ။ ရလဒ်တွေ ရဖို့အတွက် တန်ကြေးတော့ ပေးရတာပဲ။ တန်ကြေးက သူမရဲ့ခါး။

ယခင် တစ်ညက ယန်မော့က သူမကို အိပ်ယာပေါ်တွင် တောက်လျှောက် ဖိနေသည့် အခြေအနေကို သတိရသွားသောအခါ ခါးကပင် နာလာသလို ခံစားရသည်။

မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး… ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ ဒီအတိုင်းဆိုရင် သူ အိပ်ယာထဲမှာ သေလိမ့်မယ်။

သူမ သေချာပေါက် အမောက် ထောင်ပြမှ ဖြစ်တော့မယ်။ သေချာပေါက် တွန်းလှန်ရမယ် နောက်တစ်ခေါက်ဆိုရင် ဖြောင့်မတ်မှန်ကန်မှု အပြည့်နဲ့ ငြင်းရမယ်။ ဟုတ်တယ်။ ပျားရည်ထောင်ချောက်ထဲကို မဝင်ဘူး။

ရှုရှင်းက ခိုးပြီး စိတ်ကို ဆုံးဖြတ်ချက် ချလိုက်သည်။ ယန်မော့ကလည်း သူမ၏ မျက်နှာပေါ်မှ အမူအရာ အပြောင်းအလဲတိုင်းကို မြင်ရသောအခါ သူ၏ မျက်လုံးထဲမှ အလိုလိုက်ချင်စိတ်များက လျှံကျမတတ် ဖြစ်လာသည်။

အာ…သူ့ရဲ့ ဇနီးလေးက ချစ်ဖို့ကောင်းလိုက်တာ။

လေ့ကျင့်ရေးကွင်းထဲရှိ အသံချဲ့စက်ထဲမှ အသံအကျယ်ကြီး ထွက်လာသည်။ ပထမပွဲက စတင်တော့ပေမည်။ ရှုရှင်းကလည်း ပေါက်ကရ အတွေးများကို ဖယ်ရှားပြီး ပြိုင်ပွဲကို အာရုံစိုက်ရသည်။

သူမ၏နေရာက လေ့ကျင့်ရေးကွင်းထဲမှ အကောင်းဆုံးနေရာ ဖြစ်သည်။ ထို့ကြောင်း အခြားသော သူများနှင့်အတူ ပြုံတိုးနေရန် မလိုအပ်သလို မတ်တပ်ရပ်ကြည့်နေရန်လည်း မလိုအပ်ပါချေ။ ဒီနေရာမှတဆင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ရုတ်တရက် ရှုရှင်းသည်လည်း သူမ၏ မြင်ကွင်း ညာဖက်အောက် ထောင့်ဘက်နားတွင် တစ်စုံတစ်ရာက လက်သွားသလို ခံစားရသောကြောင့် ထိုဦးတည်ရာဘက်သို့ ကြည့်သည်။

မျက်လုံးပြူးသော emoji !!!

F*ck ငါဘာမြင်လိုက်ရတာလဲ…

ယန်ရှီးချောင်နဲ့ ယန်ကျစ်ဇယ်တို့က လက်ချင်းတွဲထားတယ်။ သူတို့…သူတို့က လက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားတာ။

သူတို့က တကယ်…တကယ်ကို…

145 03

ယန်မော့ကလည်း ရှုရှင်းကို တောက်လျှောက်ကြည့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ အမူအရာနှင့် စိတ်လှုပ်ရှားသွားပုံကို မလွဲချော်ခဲ့ပေ။ သူသည်လည်း လက်တွဲထားသော လူနှစ်ယောက်ကို မြင်သည်။ ထို့နောက် ရှုရှင်းကို ပြန်ကြည့်သည်။ တစ်ဖက်သူက စိတ်လှုပ်ရှားပြီး ခိုးပြီး ပျော်နေပုံရ၏။ ထို့ကြောင့် ခေါင်းကိုက်လာသော နဖူးကိုသာ ပွတ်လိုက်တော့သည်။

သေစမ်း သူ ဒါကို လုံးဝမေ့သွားတယ်။

“ငါမင်းကို တွေ့ကရာ cp တွေကို အားမပေးနဲ့လို့ ပြောထားတယ်လေ။ ဒီလို တွေ့ကရာ cpတွေကို အားပေးတာက မင်းကိုထိခိုက်စေလိမ့်မယ်”

ယန်မော့ကလည်း လက်ကို ဆန့်ထုတ်ပြီး ရှုရှင်း၏ မျက်နှာကို ပြန်လှည့်သည်။

“မဟုတ်ဘူး မဟုတ်ဘူး။ မဟုတ်ဘူး တွေ့ကရာ cp ကို အားပေးတာက ငါ့ကို မထိခိုက်စေဘူး။ ငါ့ကို ပိုပျော်စေတာ။ ဒါက ငါ့ရဲ့ဝိဉာဉ်အစာလေ နင် နားမလည်ပါဘူး”

ပါးပေါ်မှ အသားများကို ယန်မော့က ဖြစ်ညှစ်နေသောအခါ ရှုရှင်းကလည်း နှုတ်ခမ်းဆူပြီး ပြန်ပြောသည်။

“သူတို့က ငါတို့နဲ့ ရန်ငြိုးရှိမှန်း ငါသိပါတယ်။ ငါ ဒီအတိုင်းပဲ ကြည့်တာပါ။ အခြားဘာအတွေးမှ မရှိဘူးမစိုးရိမ်နဲ့”

******

All Chapters